ပန္းေရာင္းစားေနတဲ့ ကမာၻ႔အဆင္းရဲဆုံး သမၼတႀကီးရဲ႕ ေလစားစရာေကာင္းတဲ့ စိတ္ေနစိတ္ထားႏွင့္ ဘဝခံယူခ်က္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ပန္းေရာင္းစားေနတဲ့ ကမာၻ႔အဆင္းရဲဆုံး သမၼတႀကီး ရဲ႕ ေလစားဖြယ္ ခံယူခ်က္နဲ႔ စိတ္ေနစိတ္ထား

ကမာၻ႔ ဖလားပြဲေတြမွာ ဥ႐ုေဂြးအသင္းကို ရံဖန္ရံခါ ၾကားရတတ္ပါတယ္ေနာ္။ ေတာင္အေမရိကတိုက္က ႏိုင္ငံေလးျဖစ္ၿပီး သိပ္ေတာ့စိတ္ဝင္စားစရာ မဟုတ္ပါဘူး။ဒါေပမယ့္ စိတ္ဝင္စားစရာ ေကာင္းတာက ဥ႐ုေဂြးႏိုင္ငံကို ပဲ့ကိုင္သြားတဲ့

သမၼတႀကီး Jose Mujicaပါ။႐ိုးသားလြန္းတဲ့ သမၼတႀကီးတစ္ဦးပါ။ကမာၻေက်ာ္ သတင္းဌာန ဘီဘီစီကေတာင္ The World’s ‘Poorest’ President ကမာၻ႔ အဆင္းရဲဆုံး သမၼတလို႔ေတာင္ တင္စားခဲ့တာပါ။

Jose Mujica က ဘာေတြလုပ္ခဲ့လို႔ ဆင္းရဲတာလဲ။Jose Mujica ကို ၁၉၃၅ ခုႏွစ္ ေမလ (၂ဝ) ရက္ေန႔မွာ ဥ႐ုေဂြးႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Montevideo မွာ ေမြးတာပါ။သူ႔ရဲ႕ ဖခင္က လယ္သမား ၊ ဆင္းရဲ လြန္းလို႔ လူမြဲဘြဲ႕ ခံလိုက္ရတာပါ။

မိခင္ကေတာ့ အီတလီႏိုင္ငံကေန ႏိုင္ငံေရးခိုလႈူံတစ္ေယာက္ပါ။ ဆင္းရဲလြန္းလို႔ သူ႔ရဲ႕ ဆယ္ေက်ာ္သက္ ဘဝက အလုပ္ၾကမ္း ေပါင္းစုံလုပ္ၿပီးေတာ့ ကုန္ ဆုံးခဲ့ရတယ္ ။ ၁၉၆ဝ ခုႏွစ္ေတြမွာ က်ဴးဘား ေတာ္လွန္ေရး ႐ိုက္ ခတ္မႈ ေတြေၾကာင့္

ဥ႐ုေဂြးႏိုင္ငံမွာ လက္နက္ကိုင္ တပ္ဖြဲ႕ေတြ ေပၚလာၿပီးေတာ့ အစိုးရ ဆန႔္က်င္ေရး လုပ္လာခ်ိန္မွာ Tupamaros အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့တယ္။သူတို႔အဖြဲ႕က ၿငိမ္းခ်မ္းမႈကို လိုခ်င္သူ ၊ ႏိုင္ငံကို အသစ္ျပန္လည္ ေမြးဖြားလိုသူပါ။

၁၉၇၀ ခုႏွစ္ေတြမွာ Jose Mujica ဟာ ႏိုင္ငံ ေရးသမားဘဝမွာ ေသနတ္ဒဏ္ရာ (၆) ခါရဖူးၿပီးေတာ့ (၁၄) ႏွစ္အထိ ေထာင္က်ခဲ့ ဖူးတယ္။ ၁၉၉၄ ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ ကိုယ္ စားလွယ္အျဖစ္ အေ႐ြးခံခဲ့ရတာပါ။

၁၉၉၉ ေ႐ြးေကာက္ပြဲမွာေတာ့ အထက္လႊတ္ေတာ္အမတ္ ျဖစ္လာခဲ့ပါတယ္။၂ဝဝ၅ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွာ သူဟာ ေမြးျမဴေရးနဲ႔ ေရလုပ္ငန္းဝန္ႀကီး ျဖစ္လာခဲ့တယ္။၂ဝ၁ဝ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွာ ဘ႑ာေရးဝန္ႀကီး Danilo Astori ကို ေက်ာ္ျဖတ္ၿပီးေတာ့ ဥ႐ုေဂြးႏိုင္ငံရဲ႕ (၄ဝ) ေျမာက္ သမၼတ ျဖစ္လာခဲ့ပါတယ္ေနာ္။

အေမရိကန္သမၼတ Donald Trump ဆိုရင္ အိမ္ျဖဴေတာ္မွာေနတယ္၊ ျပင္သစ္သမၼတ Emmanuel Macron ဟာ Élysée Palace မွာေနတယ္၊ ၿဗိတိန္ဘုရင္မႀကီး Queen Elizabeth II က သူ႔နန္းေတာ္ Buckingham Palace မွာပဲ စံျမန္းတယ္။

ဥ႐ုေဂြးသမၼတ Jose Mujica ဟာ ႏိုင္ငံေတာ္က စီစဥ္ေပးတဲ့ Residencia de Suarez စံအိမ္မွာ မေနဘူး။

အေႁခြအရံေတြကိုပါ ျငင္းပယ္ထားလိုက္တာ၊ ရပိုင္ခြင့္ေတြကို မယူပါဘူး။Montevideo ၿမိဳ႕ရဲ႕ ဆင္ေျခဖုံးရပ္ကြက္မွာရွိတဲ့ လယ္ေတာအိမ္မွာပဲ ေနပါတယ္။

Jose Mujica ဟာ သူ႔အတြက္နဲ႔ ႏိုင္ငံေတာ္ကို စရိတ္မတက္ေစခ်င္တဲ့ သေဘာ။ အဝတ္အစားကိုလည္း ျဖစ္သလိုပဲ ဝတ္တယ္။ ကပိုက႐ိုေနတတ္ပါတယ္။သမၼတလစာက (၁၁,၆၃၄) ေဒၚလာ ရတယ္။ သိန္း (၁၆၀) က်ပ္ပဲ ဆိုပါစို႔။ သူ႔လစာထဲက (၉၀) ရာခိုင္ႏႈန္းအထိ ဆင္းရဲတဲ့ျပည္သူေတြကို လႉပစ္ခဲ့တာပါ။

သူ႔အိမ္မွာ လယ္ကြင္းႀကီးရယ္။ ထြန္စက္အေဟာင္းႀကီးရယ္။ ေျခတစ္ဖက္ျပတ္ေနတဲ့ Manuela လို႔ေခၚတဲ့ ေခြးႀကီးရွိပါတယ္။ အိမ္ရဲ႕မလွမ္းမကမ္းမွာ အေစာင့္ခ်ထားတဲ့ ရဲသား(၂) ေယာက္ရယ္ပဲ ရွိပါတယ္။

သမၼတ Jose Mujica ဟာ ဇိမ္ခံကား မစီးပါဘူး။၁၉၈၇ ခုႏွစ္ထုတ္ ေဒၚလာ (၁,၈၀၀) တန္ Volkswagen Beetle လိပ္ခုံးကားကိုပဲ ျမတ္ျမတ္ႏိုးႏိုး စီးေနတုန္းပါေနာ္။က်န္းမာေရးမေကာင္းရင္လည္း အမ်ားျပည္သူေတြနဲ႔ ေဆးခန္းမွာပဲ ကုတယ္။ သီးသန႔္မကုဘူး။

သူ႔အတြက္နဲ႔ ႏိုင္ငံေတာ္ဘ႑ာေငြကို မထိခိုက္ေစခ်င္ဘူး။ ၂ဝ၁ဝ ခုႏွစ္ မတ္လ (၁) ရက္မွာ သမၼတျဖစ္တယ္၊၂ဝ၁၅ ခုႏွစ္ မတ္လ (၁) ရက္မွာ သမၼတရာထူးက ဆင္းသြားတယ္။သူ႔ရာထူးမွာ ပိုမေနဘူး။အခ်ိန္တန္ရင္ ဆင္းသြားတယ္ လယ္ေတာထဲက လာတဲ့လူဟာ လယ္ေတာထဲမွာပဲ ျပန္ဆင္းသြားခဲ့ပါတယ္။

စိတ္တူ ကိုယ္တူရွိတဲ့ ဇနီးသည္ Lucia Topolansky ကို ၂၀၀၅ ခုႏွစ္မွာ လက္ထပ္တယ္၊ သားသမီးမထြန္းကားဘူး။ အခုေတာ့ (၈၅)ႏွစ္ရွိၿပီျဖစ္တဲ့ သမၼတေဟာင္းႀကီးက ပန္းေရာင္းစားေနသတဲ့၊ တင္းတိမ္ ေရာင့္ရဲခ်က္ပါေနာ္။“းကြၽန္ေတာ့္ကို အဆင္းရဲဆုံး သမၼတလို႔ ေျပာၾကတယ္။

ကိုယ့္ကိုယ္ကိုယ္ဆင္းရဲတယ္လို႔ မခံစားမိပါဘူး။ ဆင္းရဲတဲ့သူဆိုတာ ကုန္က်စရိတ္ျမင့္မားတဲ့ လူေနမႈဘဝကို ကာမိဖို႔ ပိုက္ဆံေတြကို မရပ္မနား ရွာေဖြေနရတဲ့သူေတြပါ ကဲ . . . လူ႔ဘဝ တိုတို ေလးထဲမွာ ေနာက္ဆုံးေပၚ ဖက္ရွင္၊ တန္ဖိုးႀကီးတံဆိပ္ေတြေနာက္ကို လိုက္ၿပီးေတာ့ ႐ူးသြပ္ေနေတာ့မွာလား။

အက်ိဳးရွိတာေတြကို လုပ္ေနၿပီး ကုန္ဆုံးေတာ့မွာလား။ ကိုယ္တိုင္ပဲ ဆုံးျဖတ္ၾကရေအာင္ပါ။ အဓိကအခ်က္က အေရးမႀကီးတာေတြ လုပ္ေနရင္ အေရးႀကီးတာေတြ ေမ့တတ္တယ္ဆိုတဲ့ ဒႆနကို အၿမဲသတိရသင့္ပါတယ္ေနာ္။ လူ႔ဘဝတိုတိုေလးမွာ ႐ိုး႐ိုးရွင္းရွင္းေနၾကရေအာင္ပါ။credit : Kyaw Soe Aung

Unicode

ပန်းရောင်းစားနေတဲ့ ကမ္ဘာ့အဆင်းရဲဆုံး သမ္မတကြီး ရဲ့ လေစားဖွယ် ခံယူချက်နဲ့ စိတ်နေစိတ်ထား

ကမ္ဘာ့ ဖလားပွဲတွေမှာ ဥရုဂွေးအသင်းကို ရံဖန်ရံခါ ကြားရတတ်ပါတယ်နော်။ တောင်အမေရိကတိုက်က နိုင်ငံလေးဖြစ်ပြီး သိပ်တော့စိတ်ဝင်စားစရာ မဟုတ်ပါဘူး။ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာက ဥရုဂွေးနိုင်ငံကို ပဲ့ကိုင်သွားတဲ့

သမ္မတကြီး Jose Mujicaပါ။ရိုးသားလွန်းတဲ့ သမ္မတကြီးတစ်ဦးပါ။ကမ္ဘာကျော် သတင်းဌာန ဘီဘီစီကတောင် The World’s ‘Poorest’ President ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတလို့တောင် တင်စားခဲ့တာပါ။

Jose Mujica က ဘာတွေလုပ်ခဲ့လို့ ဆင်းရဲတာလဲ။Jose Mujica ကို ၁၉၃၅ ခုနှစ် မေလ (၂ဝ) ရက်နေ့မှာ ဥရုဂွေးနိုင်ငံရဲ့မြို့တော် Montevideo မှာ မွေးတာပါ။သူ့ရဲ့ ဖခင်က လယ်သမား ၊ ဆင်းရဲ လွန်းလို့ လူမွဲဘွဲ့ ခံလိုက်ရတာပါ။

မိခင်ကတော့ အီတလီနိုင်ငံကနေ နိုင်ငံရေးခိုလှုူံတစ်ယောက်ပါ။ ဆင်းရဲလွန်းလို့ သူ့ရဲ့ ဆယ်ကျော်သက် ဘဝက အလုပ်ကြမ်း ပေါင်းစုံလုပ်ပြီးတော့ ကုန် ဆုံးခဲ့ရတယ် ။ ၁၉၆ဝ ခုနှစ်တွေမှာ ကျူးဘား တော်လှန်ရေး ရိုက် ခတ်မှု တွေကြောင့်

ဥရုဂွေးနိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်လာပြီးတော့ အစိုးရ ဆန့်ကျင်ရေး လုပ်လာချိန်မှာ Tupamaros အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။သူတို့အဖွဲ့က ငြိမ်းချမ်းမှုကို လိုချင်သူ ၊ နိုင်ငံကို အသစ်ပြန်လည် မွေးဖွားလိုသူပါ။

၁၉၇၀ ခုနှစ်တွေမှာ Jose Mujica ဟာ နိုင်ငံ ရေးသမားဘဝမှာ သေနတ်ဒဏ်ရာ (၆) ခါရဖူးပြီးတော့ (၁၄) နှစ်အထိ ထောင်ကျခဲ့ ဖူးတယ်။ ၁၉၉၄ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ် စားလှယ်အဖြစ် အရွေးခံခဲ့ရတာပါ။

၁၉၉၉ ရွေးကောက်ပွဲမှာတော့ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။၂ဝဝ၅ ခုနှစ် မတ်လ (၁) ရက်နေ့မှာ သူဟာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဖြစ်လာခဲ့တယ်။၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီး Danilo Astori ကို ကျော်ဖြတ်ပြီးတော့ ဥရုဂွေးနိုင်ငံရဲ့ (၄ဝ) မြောက် သမ္မတ ဖြစ်လာခဲ့ပါတယ်နော်။

အမေရိကန်သမ္မတ Donald Trump ဆိုရင် အိမ်ဖြူတော်မှာနေတယ်၊ ပြင်သစ်သမ္မတ Emmanuel Macron ဟာ Élysée Palace မှာနေတယ်၊ ဗြိတိန်ဘုရင်မကြီး Queen Elizabeth II က သူ့နန်းတော် Buckingham Palace မှာပဲ စံမြန်းတယ်။

ဥရုဂွေးသမ္မတ Jose Mujica ဟာ နိုင်ငံတော်က စီစဉ်ပေးတဲ့ Residencia de Suarez စံအိမ်မှာ မနေဘူး။

အခြွေအရံတွေကိုပါ ငြင်းပယ်ထားလိုက်တာ၊ ရပိုင်ခွင့်တွေကို မယူပါဘူး။Montevideo မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ လယ်တောအိမ်မှာပဲ နေပါတယ်။

Jose Mujica ဟာ သူ့အတွက်နဲ့ နိုင်ငံတော်ကို စရိတ်မတက်စေချင်တဲ့ သဘော။ အဝတ်အစားကိုလည်း ဖြစ်သလိုပဲ ဝတ်တယ်။ ကပိုကရိုနေတတ်ပါတယ်။သမ္မတလစာက (၁၁,၆၃၄) ဒေါ်လာ ရတယ်။

သိန်း (၁၆၀) ကျပ်ပဲ ဆိုပါစို့။ သူ့လစာထဲက (၉၀) ရာခိုင်နှုန်းအထိ ဆင်းရဲတဲ့ပြည်သူတွေကို လှူပစ်ခဲ့တာပါ။

သူ့အိမ်မှာ လယ်ကွင်းကြီးရယ်။ ထွန်စက်အဟောင်းကြီးရယ်။ ခြေတစ်ဖက်ပြတ်နေတဲ့ Manuela လို့ခေါ်တဲ့ ခွေးကြီးရှိပါတယ်။ အိမ်ရဲ့မလှမ်းမကမ်းမှာ အစောင့်ချထားတဲ့ ရဲသား(၂) ယောက်ရယ်ပဲ ရှိပါတယ်။

သမ္မတ Jose Mujica ဟာ ဇိမ်ခံကား မစီးပါဘူး။၁၉၈၇ ခုနှစ်ထုတ် ဒေါ်လာ (၁,၈၀၀) တန် Volkswagen Beetle လိပ်ခုံးကားကိုပဲ မြတ်မြတ်နိုးနိုး စီးနေတုန်းပါနော်။ကျန်းမာရေးမကောင်းရင်လည်း အများပြည်သူတွေနဲ့ ဆေးခန်းမှာပဲ ကုတယ်။ သီးသန့်မကုဘူး။

သူ့အတွက်နဲ့ နိုင်ငံတော်ဘဏ္ဍာငွေကို မထိခိုက်စေချင်ဘူး။ ၂ဝ၁ဝ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတဖြစ်တယ်၊၂ဝ၁၅ ခုနှစ် မတ်လ (၁) ရက်မှာ သမ္မတရာထူးက ဆင်းသွားတယ်။သူ့ရာထူးမှာ ပိုမနေဘူး။အချိန်တန်ရင် ဆင်းသွားတယ် လယ်တောထဲက လာတဲ့လူဟာ လယ်တောထဲမှာပဲ ပြန်ဆင်းသွားခဲ့ပါတယ်။

စိတ်တူ ကိုယ်တူရှိတဲ့ ဇနီးသည် Lucia Topolansky ကို ၂၀၀၅ ခုနှစ်မှာ လက်ထပ်တယ်၊ သားသမီးမထွန်းကားဘူး။ အခုတော့ (၈၅)နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်းကြီးက ပန်းရောင်းစားနေသတဲ့၊ တင်းတိမ် ရောင့်ရဲချက်ပါနော်။“းကျွန်တော့်ကို အဆင်းရဲဆုံး သမ္မတလို့ ပြောကြတယ်။

ကိုယ့်ကိုယ်ကိုယ်ဆင်းရဲတယ်လို့ မခံစားမိပါဘူး။ ဆင်းရဲတဲ့သူဆိုတာ ကုန်ကျစရိတ်မြင့်မားတဲ့ လူနေမှုဘဝကို ကာမိဖို့ ပိုက်ဆံတွေကို မရပ်မနား ရှာဖွေနေရတဲ့သူတွေပါ ကဲ . . . လူ့ဘဝ တိုတို လေးထဲမှာ နောက်ဆုံးပေါ် ဖက်ရှင်၊ တန်ဖိုးကြီးတံဆိပ်တွေနောက်ကို လိုက်ပြီးတော့ ရူးသွပ်နေတော့မှာလား။

အကျိုးရှိတာတွေကို လုပ်နေပြီး ကုန်ဆုံးတော့မှာလား။ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရအောင်ပါ။ အဓိကအချက်က အရေးမကြီးတာတွေ လုပ်နေရင် အရေးကြီးတာတွေ မေ့တတ်တယ်ဆိုတဲ့ ဒဿနကို အမြဲသတိရသင့်ပါတယ်နော်။ လူ့ဘဝတိုတိုလေးမှာ ရိုးရိုးရှင်းရှင်းနေကြရအောင်ပါ။credit : Kyaw Soe Aung