Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
ဦးဇော်ဇော်အား မလေးရှားအိမ်ရှေ့မင်းသားကိုယ်တိုင် ဒါတိုဆရီဘွဲ့ချီးမြှင့်
ပရဟိတလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ဦးဇော်ဇော်အား
မလေးရှား အိမ်ရှေ့မင်းသားကိုယ်တိုင် ဒါတိုဆရီဘွဲ့ချီးမြှင့် ခဲ့ကြောင်းသိရပါတယ်နော်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ မလေးရှားနိုင်ငံရဲ့ ဒါတိုဆရီ ဘွဲ့တံဆိပ် ချီမြှင့်ခြင်းခံရ တာပါနော်။
မလေးရှားနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်တဲ့ Dato’ Sri ဒါတိုဆရီဘွဲ့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌ
ဦးဇော်ဇော်ထံသို့ ယနေ့မွန်းလွဲပိုင်းမှာ မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်
အိမ်ရှေ့စံမင်းသား Tengku Abdullah Ibni Sultan Ahmad Shah ကချီးမြှင့်ပေးအပ်ခဲ့တာဘဲဖြစ်ပါတယ်နော်။
အဆိုပါဆုဟာ လူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများစွမ်းစွမ်းတမံဆောင်ရွက် ခြင်းအတွက်
ချီးမြှင့်ခြင်းဖြစ်ပြီးတော့ (FIFA) ဖီဖာ ဒုဥက္ကဋ္ဌများ အပါအဝင် ထင်ရှားကျော်ကြားသူ အချို့လည်း ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်နော်။ Credit