Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
ကိုဗစ်လူနာ ကုသပျောက်ကင်းသွားလို့ ဆေးရုံဆင်းကာမှ လက်မခံနိုင်ဘူးဆိုတဲ့ ကျေးရွာ
ကိုဗစ်လူနာ ကုသပျောက်ကင်းလို့ ဆေးရုံဆင်းကာမှ လက်မခံနိုင်ဘူးဆိုတဲ့ ကျေးရွာတွေရှိနေတာဟာ တကယ်ကို စိတ်မကောင်းစရာပါဗျာ။
စိတ်ဒဏ်ရာတွေ ထပ်ပေးသလိုဖြစ်နေကြပါပြီ။
ကုသ ကူညီပေးနေသူတွေကို အားနာကြပါဦးလားဗျာ။သူတို့ကလည်း ပိုးတွေ့တဲ့အတွက် ကုသမှုခံယူပြီးကြပြီ။
လက်မခံနိင်ဘူးဆိုသူတွေဟာ ကိုယ်တိုင်ရဲ့မိသားစုဝင်တွေဖြစ်ခဲ့ရင်ရော အဲ့ဒိလို ပြောနိင်ကြမှာလား။
ကိုယ့်အနီးအနားမှာ ပိုးရှိရဲ့နဲ့ မသိတဲ့သူတွေ ရှိနေနိင်တာကို သတိပြုရမှာပါနော်။
ဆေးရုံဆင်းခွင့်ရသူတွေအနေနဲ့က ထင်သာမြင်သာရှိနေပြီးသားပါ။
သူတို့ဆီကနေ ထပ်မံကူးစက်မှုမဖြစ်နိင်တော့ဘူးဆိုတဲ့ အခြေအနေရောက်ပြီဖြစ်တဲ့အတွက် ကျန်းမာရေးဌါနအနေနဲ့လဲဆင်းခွင့်ပြုခဲ့ကြတာပါ။
ဒီအချိန်မှာ ဖေးမ ကူညီကြရမယ့်အစား စိတ်ဒဏ်ရာတွေ ထပ်ပေးကြရင် လူသားချင်းစာနာမှုမရှိလို့လို့ပဲ မှတ်ချက်ပြုရမှာပဲ။
ပိုးတွေ့တွေ့ချင်းတောင် စာနာစိတ်နဲ့ ကူညီပေး
ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပရဟိတသမားတွေ ကြောက်ဖို့လဲ ထားကြပါဦးဗျာ။ခက်တယ်။
မကြောက်တော့လဲ လမ်းလယ်ခေါင် ထွက် ကကြ ။
ကြောက်တော့လဲ အရိပ်တွေ့တောင် ထ ခုန်နေကြတော့ မမျှတဘူးဖြစ်နေပြီပေါ့။ကိုယ်ချင်းစာနာ တတ်ကြပါစေ။
ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့ အရှင်တေဇသိရီ