ကူမန်ထောင်
Unicode
နာမည်ကြီးနေတဲ့ အရုပ်ကလေးတွေနဲ့ပတ်သတ်ပြီး ငွေပေးပြီး ကိုယ်ဒုက္ခ ကိုယ်သေမင်းကို ခေါ်တဲ့အဖြစ်မျိုး ဖြစ်မှာစိုးလို့ စေတနာနဲ့ သတိပေးပါရစေ
ရေးရမလား မရေးရဘူးလား။ အချီချီ စဉ်းစားပြီး မနေနိုင်လို့ သမ္ဗုဒ္ဓေရွတ်တာ ခနရပ်ပြီး ရေးတင်မိပါတယ်။ ခုလို ရေးလိုက်ခြင်းသည် မည်သူကိုမျှ နောက်ယှက်လိုခြင်းမဟူတ်ပါ။ အရုပ်ရောင်းသော Online Shop များအားလည်း တိုက်ခိုက်လိုသော ဆန္ဒ မဟုတ်ပါ။
ရွှေမီးမီးခေတ် လိုခေါ်တဲ့ တရုတ် နတ်ကလေးလေး အားလည်း စော်ကား ပြောဆိုလိုချင်းမဟုတ်ပါ။ မယုံကြည်လို့မဟုတ်ပါ ယုံပါသဖြင့် သူတို့ ကျိန်စာမိမှာ ကြောက်မိပါတယ် ( ကြောက်လို့ပါ)။
ရွှေမီးမီးခေတ် ရဲ့ မယ်မယ် ခေါ် အမေ ဆရာမ အားလည်း မရိုသေလို့ တိုက်ခိုက်ခြင်းလည်းမဟူတ်ပါ။ ထိုအရာများသည် မှန်ကန်ပါသဖြင့် မေတ္တာရှေ့ထား ခွင့်လွတ်နားလည်ပေးကြပါရန်။
အခု ခေတ်စားနေတယ် အရုပ်တွေ လူနံံတူလွန်းလှသော အရုပ်တွေ မဝယ်သင့်ပါ။ ထပ်ပြောပါမယ် မဝယ်သင့်ပါ၊ မဝယ်သင့်ပါ။သင် ၏ အိမ်သို့ သင့်သေမင်းအား ငွေပေး၍ ဝယ်မိလျှင် သင့်ထက် မိုက်မဲမည့်သူ မရှိပါ။
စီးပွားရေး တက်ရန်သောလည်းကောင်း ၊ မိမိချစ်သူများ မိမိအားစွဲမက်စေရန်လည်းကောင်း ၊ မိမိကိုယ်ကျိုးအတွက် အသုံးချလို၍ ဖြစ် စေ ၊ အသက်သွင်းပြီး ပို၍
ပင်မဆောင်သင့်ပါကြောင်း၊သင့်သည်သူတို့အား အသုံးချ၍ မိမိကိုယ်ကျိုးအတွက်သုံးခဲ့လျှင် တစ်နေကျလျှင် သင့်အား သူအလိုဆန္ဒ မပြည့်ဝသည့်အတွက် ဆိုးကျိုးများ ပြန်ပေးတာခံရပေလိမ့်မည်။
အသက်မသွင်းဘဲ ငါတော့ အရုပ်လေးချစ်လိုက်တာ ဝယ်မှာဘဲဆိုသူများ ဝယ်ပါ။ ဝယ်ပြီးအထားတတ်ပါစေ။ အထားမတတ်လျှင် သင့်ထိုက်နှင့် သင်ကံ…
ကလေးရှိသော မိဘများ ဘိုဘွားများ လုံးဝမဝယ်သင့်ပါ။ လုံး၀ မဝယ်ပါရန် အသက်မပါလို့ ချစ်ဖို့ကောင်းလို့ ဝယ်သည်ဘဲဖြစ်စေ ရုပ်ရှိနေရင် နမ်ဆိုတာ လာရောက် ပူးကပ်နိုင်ပါတယ်။ ဥပမာ အပင်တွေမှာ နာနာဘာဝတွေ နေထိုင်သလို ကလေးတွေသေပြီး မကျွတ်သေးရင် နေစရာတွေလိုက်ရှာပါတယ်။
အပင်ကြီးတွေမှာ ဝါရင့်တွေအသက်ကြီး နာနာဘာဝတွေရှိရင် သူတို့ကလေးတွေ နေလို့မရပါဘူး။ အဲ့အချိန်မှာ သူတို့နေလို့ရတဲ့ အရာတွေမှာ သွားရောက်ခိုကပ် နေတတ်ပါတယ်။
အသက်မသွင်းဘဲဝယ်ထားတာပဲ ဘယ်လိုဖြစ်လို့ ဘယ်လိုကလေးတစ္စေတွေရောက်လာတာလဲ လို့တွေးမနေနဲ့ နောက်ကျသွားပြီ ကိုယ် သေမင်းကိုယ်ခေါ်ချင်ရင်တော့ ငွေ ၈သောင်းကျော် အကုန်ခံပြီးဝယ်ကြပေါ့။
အဲ့အရုပ်ကလေးတွေက သူတို့ကိုအလိုလိုက်တာ ကြိုက်ပါတယ်။ သူတို့လိုချင်တာ ရရင်ရ မရရင် သတ်ဖို့ ဝန်မလေးပါ၊ ဒုက္ခပေးဖို့ ဝန်မလေးပါ။
မိဘတွေ ဘိုးဘွားတွေကကော မိမိရင်သွေး မိမိသွေးသားထက် သက်မဲ့အရုပ်ကို ဘယ်လောက်ထိ ပိုဂရုစိုက်ပြနိုင်မလဲ။ ဂရုမစိုက်ပြနိုင်တဲ့တစ်နေ့ သူမနာလိူ့တဲ့ သင်တို့ရဲ့ ကလေးကို အရင်ဆုံး ဒုက္ခပေးပါလိမ့်မယ်။
ကူမန်ထောင်
(Kuman Thong) က ယောက်ကျားလေးကတောင်းကျိုက်နဲ့ ခလေးရုပ်လေးပါ။ ပုံတင်ပေးထားပါတယ်။ Luk Thep လို့ခေါ်တဲ့ ဒီအရုပ်ကို စခဲ့တာ 2015 အလယ်လောက်က India နွယ်ဖွား ထိုင်းလူမျိုး Mae Ning ဆိုတဲ့ အမျိုးသမီးဖြစ်တယ်။
သူကဗေဒင်ဆရာတပိုင်းလဲဖြစ်ပြီး မင်းသမီး မင်းသားတွေ အသိုင်းအဂိုင်းအပေါ် လွှမ်းမိုးတယ်။ သူကနေ Cele တေဆီရောက်သွားတယ်။
အယူအဆအရတော့ ထီပေါက်စေတယ်။ သူဌေးတေကို ငွေဝင်အောင် စောင့်ရှောက်ပေးတယ်ပေါ့. Cele တွေကို ပိုအောင်မြင်စေတယ်။ ဒါက ပုံမှန်အရုပ်အနေ နဲ့ ယူဆချက်တေတော့ မဟုတ်ဖူး. သူ့ကို အသက်သွင်းတဲ့ခလေး ဖြစ်ပီးမှသာ အဲ့လို စောင့်ရှောက်တာပါတဲ့။
ထိုင်းမှာ အရုပ်ကို သွားလေရာ ခလေးပိစိလို ချီသွားတတ်ပြီး လမ်းေးတွ့သူအချင်းချင်း ခလေး အသက်ဘယ်လောက်လဲ လို့မေးတတ်သေးတယ်။ Thai Smile နဲ့ Nok ကတော့ ခလေးတယောက်စာ လေယာဉ်ခတောင်ကောက်ပါတယ်။
ဈေးနှုန်း . ထိုင်းတရုတ်ဈေး Sen Peng Market မှာ အရုပ်ဆိုင်အများစုရှိတယ်။ နောက်တခု Ngam Won Wangနယ်တဝိုက်မှာလဲ စုံတယ်။ ဈေးကတော့ Size ပေါ်မူတည်တယ်။ 10 လက်မကနေ 22 လက်မထိ အစားစားကို ဈေး 800 ကနေ 3000 ထိရှိတယ်။
အသားလေးက လူအသားလိုအိအိလေး ဆံပင်ကလဲ လူဆံပင်ပါဘဲ မျက်လုံးလေးတေက အသက်ဝင်လွန်းလို့ ကြည့်မဝဘူး. ရောင်းတဲ့ ဆိုင်မှာဘဲ အသက်သွင်း ခိုင်းလို့ရတယ်။ဈေးကဘတ်3000 ကနေ 4500 ထိရှိတယ်။
သူ့အကျီလေးတေက တစုံကို 250 လောက်ရှိတယ် ပြီးတော့ Body Spa အရည်ရှိတယ်။ ရေချိုးပီးလိမ်းပေးရတာပေါ့။ အာ့က 450 ပြီးတော့ လက်နဲ့ ခြေထောက်တေကို လိမ်းရတဲ့ ရွှေရောင်ဝင်းနေအောင် လိမ်းတာ ရှိသေးတယ်။ သူက 350-450 လောက်ရှိတယ်။ ဖိနပ်တရံ 200-350 ထိရှိတယ်။
ဘယ်လို အသက်သွင်းလဲ အသက်သွင်းတာ ပုံမှန်အားဖြင့် ၂ မျိုးရှိတယ်။ ရိုးရိုးအသက်သွင်းတာကတော့ ထိုင်းဘုန်းကြီကျောင်းတွေမှာ ( Bkk ကျောင်းတေမလုပ်ပေးဘူး ) ။ အရုပ်ကို တရက်ထားရတယ်။ ကျောမှာ အင်းဆွဲပြီး အသက်ဝင်အောင်သွင်းပေးတယ်။
သေထားပီးသား ဝိဉာည်ကို ပြန်ခေါ်ပီး ခလေးကိုယ်ထဲ ထည့်ပေးတာပါ. သူက အသစ်ပြန်မွေးဖွားတယ်လို့ ထိုင်းတွေကခေါ်တယ်။သေပြီး ၇ ရက်မပြည့်သေးတဲ့လူကိုဘဲ ခေါ်လို့ရတယ်။ ပြန်ယူတဲ့အချိန်ကျရင် သူ့ကို လူခလေးလေးလိုဘဲ ဆက်ဆံရတယ်။ နာမည်ပေးရတယ်။
ကိုယ်သွားလေရာခေါ်သွားရတယ်။ ကိုယ့်ဆန္ဒတွေ ရည်မှန်းချက်တွေ ပြောပြရင်သူက ကူညီပေးတယ်။ အစားအသောက်တနေ့ ၃နပ် ကို ခလေးလေးလို ကျွေးရတယ်။ ညအိပ်ရင် ဖက်အိပ်ရတယ်။ဘု ရားစင်နဲ့ တဖက်တည်းမထားရဘူး။ ဘုရားစင်က ဒီဖက်နံရံဆိုသူက ဟိုဖက်နံရံပေါ့။ အဲ့လိုထားရတယ်။
သူက ကြာလေ အစွမ်းပြလေလေ ဖြစ်ပြီး ထီပေါက်စေတာ၊အလိုလိုကူညီသူတေရောက်လာစေတာ စတဲ့ မထင်မှတ်တဲ့အကူညီတွေရတယ်။ နောက်တနည်းကတော့ ဝိဉာဉ်ကူးတာလို့ခေါ်တယ်။
သေအံ့ဆဲဆဲ ခလေး ( အသက် မွေးစကနေ ၁၀ နှစ်အတွင်း ) ဆီခေါ်သွားပြီး ကျွမ်းကျင်သူ အောက်လမ်းဆရာက ခလေးဝိဉာဉ်ကိုအသက်ထွက် ချိန်မာဖမ်းထားပြီး
အရုပ်ထဲသွင်းလိုက်တာပါ။အဲ့လိုတရုပ်ရထားပြီးရင် သူကနေ အရုပ်ရေ ၅၀၀ လောက်ထိပွားလို့ရတယ်ပြောတယ်။
အဲ့အရုပ်တေကတော့ပိုဈေးကြီးပြီး ဘတ်တသောင်း အထက်ပေးရပါတယ်။ ပိုစွမ်းပြီး ပိုလဲ ကြောက်စရာကောင်းတယ်။သူ့ကို ပြန်လည်အသက်ရှင်လာတဲ့ခလေး ( Reborn doll ) လို့ခေါ်တယ်။
ဒါကြောင့် အလှထားရင်လဲ အဆင်မသင့်ရင် ဝိဉာဉ်ကူးတတ်ပါတယ်။ အကျိုးပေးသလို ခိုက်မိရင်လဲ အဖတ်တောင်ဆယ်မရ အောင်ဖြစ်တတ်တာမို့ ဆောင်မထားတာ အကောင်းဆုံးပါ။
နာမည်ပေးတာ ခလေးလို ဆက်ဆံတာမျိုး ပိုမလုပ်ရပါဘူးနော်။ မဝယ်တာတော့ အကောင်းဆုံးဘဲရှင့် ။ Mae Ning ကို AFP သတင်းကအင်တာဗျူ းထားတာပါ တင်ပေးထားတယ်နော်။
ပြောချင်တာက အရုပ်ကလေးလှတာ လှတာ ဝယ်ပေးအုန်းမှပါ။ တွေးနေသူတွေ အသက်သွင်းပြီး အသုံးချဖို့ စဉ်းစာနေသူတွေ ငွေပေးပြီး ကိုယ်ဒုက္ခ ကိုယ်သေမင်းကို ခေါ်တယ် ဖြစ်မှာစိုးလို့ စေတနာနဲ့ပါ။
အထက်မှာ ပြောထားသလို မည်သူကိုမျှ စော်ကားလိုသောဆန္ဒ မရှိပါ။ ချင့်ချိန်တတ်ကြပါစေ။ အခု ထိုင်းအစိုးရက နည်းမျိုးစုံနဲ့ပိတ်လို့ ထိုင်းမှာ အတော်လေးပျောက်ကွယ်နေပါပြီနော်။
အရုပ်လေးတွေနဲ့ ပက်သက်ပြီး ပိုပြီးသိချင်တယ် ဆိုရင်တော့ facebook မှာ တချို့ကိုယ်တွေ့ အတွေ့အကြုံတွေကို တင်ပေးထားတာရှိပါတယ်။ Google မှာလဲ Mae Naingရော အရုပ်အကြောင်း ကို ဆက်ပြီး လေ့လာနိင်ပါတယ်နော်။
စာရေးသူအနေနဲ့ကတော့ စာလဲအတော်ရှည်နေပြီ အဖြစ်အပျက်တွေကိုလဲ ရှာဖတ်ပြီးပြီ ကြောက်လဲ ကြောက်နေပြီမို့ ဒီမျှဖြင့်သာရပ်ပါပြီ။Credit မူရင်းရေးသားသူများအား လေးစားစွာဖြင့်