ကျပ်သိန်းတသောင်းခွဲအောင်ဘာလေထီကံထူးရှင်ထွက်ပေါ်လာပါပြီ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်









crd

Unicode

ကျပ်သိန်း၁၅၀၀၀ဆုကိုတာမွေမြို့နယ်မောင်လွန်းစတိုးပိုင်ရှင်မှဆွတ်ခူး

တနင်္ဂနွေနံနက်မှာထွက်ရှိသည်(၂၁)ကြိမ်မြောက်အောင်ဘာထီဆု၏အမြင့်ဆုံးဆုဖြစ်သည့်ကျပ်သိန်း၁၅၀၀၀ဆုကြီးရန်ကုန်တိုင်းဒေသကြီး

တာမွေမြို့နယ်တာမွေအဝိုင်းထိပ်မှာဖွင့်လှစ်ထားသည့်မောင်လွန်းစတိုးဆိုင်မှကိုကျော်ဇောဆိုသူဆွတ်ခူးသွားခြင်းဖြစ်ကြောင်း ထီရောင်းချသူဦးသောင်းမြင့်ကပြောသည်။

ဦးသောင်းမြင့်ကအခုပေါက်တဲ့မောင်လွန်းစတိုးကအမြဲတမ်းထိုးနေကျဆိုတော့ဆိုင်ကိုလစဉ်သွားပို့တာပါ။အထူးမင်္ဂလာစုံတွဲရယ်၊အခြားထီအစောင်တွေလည်းအများကြီးထိုးပါတယ်။

တစ်လကိုအနည်းဆုံးနှစ်သိန်းခွဲ၊ သုံးသိန်းဖိုးလောက်ထိုးပါတယ်။အရင်လတွေကတော့ဆုသေးလေးတွေပေါက်ပါတယ် ဟုပြောသည်။

ကိုကျော်ဇောပေါက်သည့်ကျပ်သိန်း၁၅၀၀၀ဆုမှာမိုးယံနှင့်မြတ်ဆုကုဋေထီဆိုင်မှအထူးမင်္ဂလာစုံတွဲ၄၁စောင်မှပေါက်ခြင်းဖြစ်ပြီး

အရင်လများကလည်းထီဆုအသေးလေးများပေါက်လေ့ရှိကြောင်း၎င်းကပြောသည်။

ယခုတပတ်အောင်ဘာလေထီမှဌ၁၁၁၉၃၇ဖြင့်ကျပ်သိန်း၁၅၀၀၀၊ကျပ်သိန်း၁၀၀၀၀ဆုကိုယ၅၃၉၃၅၄ဖြင့်ပခုက္ကူခိုင်ကျော်ဝါထီဆိုင်၏ထီလက်မှတ်လက်ကျန်များထဲကဆွတ်ခူးသွားသည်။

crd