ေအာင္လအန္ဆန္ရဲ႕ ပက္သက္ၿပီး မွတ္ခ်က္ေပးလာတဲ့ ေဒါက္တာခင္ခင္ႀကီး
Zaw Gyi
ေအာင္လအန္ဆန္ရဲ႕ ပက္သက္ၿပီး မွတ္ခ်က္ေပးလာတဲ့ နာမည္ႀကီး ေဒါက္တာရဲ႕ စာ
ေအာင္လအဆန္ဆန္
ကိုဗစ္နဲ႔ပတ္သက္ၿပီး ေရးမယ္လို႔ လုပ္ေနတာေတာ့ ၾကာပါၿပီ။
သို႔ေသာ္ မေန႔က အားလုံးခ်စ္ၾကတဲ့
ေအာင္လအန္ဆန္းရႈံးသြားေတာ့ စိတ္မေကာင္းတာနဲ႔
ဖစ္ေအာင္ေရးမွပါဆိုၿပီး စိတ္ကျဖစ္လာလို႔ ပို႔စ္တင္လိုက္ပါတယ္။
တကယ္ဆို ေအာင္လဟာ ကိုဗစ္ျဖစ္ထားတာ သိပ္မၾကာေသးပါဘူး
သူ႔ရဲ႕စိတ္ကမာလို႔သာအထဲက သူ႔ရဲ႕ ႏွလုံးအဆုတ္ ဦးေႏွာက္က
နဂိုအေနအထား ပုံမွန္အဆင့္ထိ ရွိခ်င္မွရွိပါအုံးမယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အသက္ ၃၃ ႏွစ္အ႐ြယ္ ယူကရိန္းက
ကာယဗလေလ့က်င့္သင္ၾကားေပးသူကိုဗစ္ေၾကာင့္ ေသဆုံးရတယ္ဆိုတဲ့အေၾကာင္း
စိတ္မေကာင္းစြာနဲ႔ သတင္းတင္ဘူးပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး WHO က ၫႊန္ၾကားေရးမႉး Dr. Tedros မေန႔က ေျပာတဲ့အေၾကာင္းအရာမွာလဲ
ကိုဗစ္ကူးစက္ခံရသူေတြနဲ႔ပတ္သက္လို႔ ေျပာထားပါတယ္
သူ႔ပို႔စ္မွာ လူနာေတြက သူတို႔ရဲ႕လက္ရွိခံစားေနရတဲ့အေျခအေနနဲ႔ပတ္သက္ၿပီး
ေျပာျပၾကတာမွာလဲ ဘယ္လိုခံစားေနရတယ္ဆိုတာ
ေျပာထားတာ စိတ္မေကာင္းစရာျဖစ္တဲ့ အေၾကာင္းပါပါတယ္။
အက်ဥ္းခ်ဳပ္တင္ျပရလွ်င္ လက္ရွိအခ်ိန္မွာ တစ္ခ်ိဳ႕ေတြက ကိုဗစ္ဟာ ေပါ့ေသးေသးပါလို႔
ထင္ေနၾကတာမ်ိဳးေတြရွိေနတာမို႔ ဒီလိုမထင္လိုက္ၾကပါနဲ႔။
ကိုဗစ္ခံစားေနရသူေတြထဲက တခ်ိဳ႕ဟာ
ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ေျမာက္ျမားစြာ ဆက္လက္ခံစားေနရႏိုင္ပါတယ္။
ခံစားရတဲ့ လကၡဏာေတြဟာ အခ်ိန္နဲ႔အမွ် အမ်ိဳးစုံႀကိဳးခုန္ျဖစ္ႏိုင္ပါတယ္ ခႏၶာကိုယ္ရဲ႕
မည္သည့္ေနရာမဆို ျဖစ္ႏိုင္ပါတယ္။
ပထမလူနာက အသက္ ၂၆ ႏွစ္ရွိတဲ့ ေရွ႕ေနျဖစ္ပါတယ္
သူေရာဂါပိုးကူးစက္ခံရတာ ၈ လရွိပါၿပီ ခုသူခံစားေနရတာကေတာ့ ေမာပန္းေနတယ္
စဥ္းစားေတြးေခၚမႈနဲ႔ဆိုင္တဲ့အာ႐ုံေၾကာျပသနာရင္ဆိုင္ေနရတယ္
ရင္ဘတ္ေအာင့္တယ္/နာတယ္
ႏွလုံးခုန္စီးခ်က္မမွန္ဘူး အစာေခ်စနစ္ေကာင္းစြာအလုပ္မလုပ္ဘူး ေမ့တတ္ေလ်ာ့တတ္တယ္
စသျဖင့္ခံစားေနရေၾကာင္း
စိတ္ပ်က္လက္ပ်က္ညည္းညဴသြားတာကို ေတြ႕ရပါတယ္။
ေနာက္တစ္ေယာက္ကေတာ့ လစ္ဗာပူးလ္က ကူးစက္ေဗဒ ပေရာ္ဖက္ဆာတစ္ေယာက္ပါ
သူကေတာ့ ၇ လေလာက္ ရွိပါၿပီ ဒီဗိုင္းရပ္စ္နဲ႔ တြန္းလွန္တိုက္ပြဲဝင္
တိုက္ထုတ္ေနရတာ ေကာင္းေကာင္း fit မျဖစ္ေသးပါဘူး
ေနာက္ဆုံးတစ္ေယာက္ကေတာ့ ေတာင္အာဖရိကက သူနာျပဳပါ
သူကေတာ့ ဘယ္လိုမွ အသက္ရႉလို႔မရေတာ့လို႔
ေအာက္ဆီဂ်င္ရႉရၿပီး ICU ထဲထိေရာက္ခဲ့ရပုံရပါတယ္
သူျဖစ္တာက ဇြန္လမွာဆိုေတာ့ ခုေအာက္တိုဘာဆိုေတာ့
ေလးလရွိေနပါၿပီ ခုထိေမာေမာေနဆဲပါပဲ အသက္ကို
ပင္ပင္ပန္းပန္းရႉေနရဆဲပါ သူခုထိ အသက္ရွင္ခြင့္ရတာ ICU
ကအဖြဲ႕နဲ႔ က်န္းမာေရးဝန္ထမ္းေတြ စုေပါင္းလုပ္ေဆာင္လို႔ပါပဲလို႔ ေျပာခဲ့ပါတယ္။
ကိုဗစ္ဟာ တခ်ိဳ႕ေသာသူေတြမွာ တကယ့္ကို ေနာက္ဆက္တြဲ
နာတာရွည္ဆိုးက်ိဳးမ်ားကို ေပးေစႏိုင္တာမို႔
မေပါ့ဆေစလိုပါ လူနာေတြကို စိတ္ပိုင္းဆိုင္ရာ
စိတ္ဓာတ္ေရးရာျမႇင့္တင္ဖို႔လိုသလို က်န္းမာေရးေစာင့္ေရွာက္မႈ
ရရွိေစဖို႔လဲ ႏိုင္ငံတိုင္းကလုပ္ေဆာင္ရမွာျဖစ္ပါတယ္လို႔ Dr. Tedros က ေျပာသြားပါတယ္။
ဒီေနရာမွာ အခ်ဳပ္ေျပာခ်င္တာက အရဲမကိုးပါနဲ႔
အတင့္မရဲပါနဲ႔ ကံကိုယုံ ဆူးပုံလဲ မနင္းၾကပါနဲ႔
သင္တို႔ရဲ႕အသက္ေတြက မိသားစုအတြက္ အလြန္တန္ဖိုးရွိသလို
ႏိုင္ငံအတြက္လည္း အမ်ားႀကီးတန္ဖိုးရွိပါတယ္
ႏိုင္ငံေတာ္တည္ေဆာက္ေရးမွာ လူသားအရင္းအျမစ္
ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဆိုတာက အေရးပါတဲ့ အခန္းက႑က ရွိေနပါတယ္။
ဒါ့အျပင္ သင္တို႔ကခ်စ္ေသာ သင္တို႔ကို ခ်စ္ေသာသူေတြ မ်ားစြာရွိေနတာမို႔ မိမိကိုယ္ကို
ေရာဂါမကူးစက္ေအာင္ ေနထိုင္ျခင္းသည္သာ
အေကာင္းဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈဆိုတာ
နားလည္လက္ခံၿပီး ေနာင္တခ်ိန္ေအးေအးခ်မ္းခ်မ္း ကိုယ့္မိသားစုကပ္ေဘးက လြတ္တဲ့အခ်ိန္အတိုးခ်ၿပီး ေပ်ာ္ၾကလို႔ရတာေပါ့
ေပ်ာ္႐ႊင္စရာေကာင္းတဲ့ သီတင္းကြၽတ္
အခါသမယျဖစ္ၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္
ေဒါက္တာခင္ခင္ႀကီး
Unicode
အောင်လအန်ဆန်ရဲ့ ပက်သက်ပြီး မှတ်ချက်ပေးလာတဲ့ နာမည်ကြီး ဒေါက်တာရဲ့ စာ
အောင်လအဆန်ဆန်
ကိုဗစ်နဲ့ပတ်သက်ပြီး ရေးမယ်လို့ လုပ်နေတာတော့ ကြာပါပြီ။
သို့သော် မနေ့က အားလုံးချစ်ကြတဲ့
အောင်လအန်ဆန်းရှုံးသွားတော့ စိတ်မကောင်းတာနဲ့
ဖစ်အောင်ရေးမှပါဆိုပြီး စိတ်ကဖြစ်လာလို့ ပို့စ်တင်လိုက်ပါတယ်။
တကယ်ဆို အောင်လဟာ ကိုဗစ်ဖြစ်ထားတာ သိပ်မကြာသေးပါဘူး
သူ့ရဲ့စိတ်ကမာလို့သာအထဲက သူ့ရဲ့ နှလုံးအဆုတ် ဦးနှောက်က
နဂိုအနေအထား ပုံမှန်အဆင့်ထိ ရှိချင်မှရှိပါအုံးမယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက် ၃၃ နှစ်အရွယ် ယူကရိန်းက
ကာယဗလလေ့ကျင့်သင်ကြားပေးသူကိုဗစ်ကြောင့် သေဆုံးရတယ်ဆိုတဲ့အကြောင်း
စိတ်မကောင်းစွာနဲ့ သတင်းတင်ဘူးပါတယ်။
ဒါနဲ့ပတ်သက်ပြီး WHO က ညွှန်ကြားရေးမှူး Dr. Tedros မနေ့က ပြောတဲ့အကြောင်းအရာမှာလဲ
ကိုဗစ်ကူးစက်ခံရသူတွေနဲ့ပတ်သက်လို့ ပြောထားပါတယ်
သူ့ပို့စ်မှာ လူနာတွေက သူတို့ရဲ့လက်ရှိခံစားနေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး
ပြောပြကြတာမှာလဲ ဘယ်လိုခံစားနေရတယ်ဆိုတာ
ပြောထားတာ စိတ်မကောင်းစရာဖြစ်တဲ့ အကြောင်းပါပါတယ်။
အကျဉ်းချုပ်တင်ပြရလျှင် လက်ရှိအချိန်မှာ တစ်ချို့တွေက ကိုဗစ်ဟာ ပေါ့သေးသေးပါလို့
ထင်နေကြတာမျိုးတွေရှိနေတာမို့ ဒီလိုမထင်လိုက်ကြပါနဲ့။
ကိုဗစ်ခံစားနေရသူတွေထဲက တချို့ဟာ
နောက်ဆက်တွဲဆိုးကျိုးတွေ မြောက်မြားစွာ ဆက်လက်ခံစားနေရနိုင်ပါတယ်။
ခံစားရတဲ့ လက္ခဏာတွေဟာ အချိန်နဲ့အမျှ အမျိုးစုံကြိုးခုန်ဖြစ်နိုင်ပါတယ် ခန္ဓာကိုယ်ရဲ့
မည်သည့်နေရာမဆို ဖြစ်နိုင်ပါတယ်။
ပထမလူနာက အသက် ၂၆ နှစ်ရှိတဲ့ ရှေ့နေဖြစ်ပါတယ်
သူရောဂါပိုးကူးစက်ခံရတာ ၈ လရှိပါပြီ ခုသူခံစားနေရတာကတော့ မောပန်းနေတယ်
စဉ်းစားတွေးခေါ်မှုနဲ့ဆိုင်တဲ့အာရုံကြောပြသနာရင်ဆိုင်နေရတယ်
ရင်ဘတ်အောင့်တယ်/နာတယ်
နှလုံးခုန်စီးချက်မမှန်ဘူး အစာချေစနစ်ကောင်းစွာအလုပ်မလုပ်ဘူး မေ့တတ်လျော့တတ်တယ်
စသဖြင့်ခံစားနေရကြောင်း
စိတ်ပျက်လက်ပျက်ညည်းညူသွားတာကို တွေ့ရပါတယ်။
နောက်တစ်ယောက်ကတော့ လစ်ဗာပူးလ်က ကူးစက်ဗေဒ ပရော်ဖက်ဆာတစ်ယောက်ပါ
သူကတော့ ၇ လလောက် ရှိပါပြီ ဒီဗိုင်းရပ်စ်နဲ့ တွန်းလှန်တိုက်ပွဲဝင်
တိုက်ထုတ်နေရတာ ကောင်းကောင်း fit မဖြစ်သေးပါဘူး
နောက်ဆုံးတစ်ယောက်ကတော့ တောင်အာဖရိကက သူနာပြုပါ
သူကတော့ ဘယ်လိုမှ အသက်ရှူလို့မရတော့လို့
အောက်ဆီဂျင်ရှူရပြီး ICU ထဲထိရောက်ခဲ့ရပုံရပါတယ်
သူဖြစ်တာက ဇွန်လမှာဆိုတော့ ခုအောက်တိုဘာဆိုတော့
လေးလရှိနေပါပြီ ခုထိမောမောနေဆဲပါပဲ အသက်ကို
ပင်ပင်ပန်းပန်းရှူနေရဆဲပါ သူခုထိ အသက်ရှင်ခွင့်ရတာ ICU
ကအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းလုပ်ဆောင်လို့ပါပဲလို့ ပြောခဲ့ပါတယ်။
ကိုဗစ်ဟာ တချို့သောသူတွေမှာ တကယ့်ကို နောက်ဆက်တွဲ
နာတာရှည်ဆိုးကျိုးများကို ပေးစေနိုင်တာမို့
မပေါ့ဆစေလိုပါ လူနာတွေကို စိတ်ပိုင်းဆိုင်ရာ
စိတ်ဓာတ်ရေးရာမြှင့်တင်ဖို့လိုသလို ကျန်းမာရေးစောင့်ရှောက်မှု
ရရှိစေဖို့လဲ နိုင်ငံတိုင်းကလုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ Dr. Tedros က ပြောသွားပါတယ်။
ဒီနေရာမှာ အချုပ်ပြောချင်တာက အရဲမကိုးပါနဲ့
အတင့်မရဲပါနဲ့ ကံကိုယုံ ဆူးပုံလဲ မနင်းကြပါနဲ့
သင်တို့ရဲ့အသက်တွေက မိသားစုအတွက် အလွန်တန်ဖိုးရှိသလို
နိုင်ငံအတွက်လည်း အများကြီးတန်ဖိုးရှိပါတယ်
နိုင်ငံတော်တည်ဆောက်ရေးမှာ လူသားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာက အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေပါတယ်။
ဒါ့အပြင် သင်တို့ကချစ်သော သင်တို့ကို ချစ်သောသူတွေ များစွာရှိနေတာမို့ မိမိကိုယ်ကို
ရောဂါမကူးစက်အောင် နေထိုင်ခြင်းသည်သာ
အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆိုတာ
နားလည်လက်ခံပြီး နောင်တချိန်အေးအေးချမ်းချမ်း ကိုယ့်မိသားစုကပ်ဘေးက လွတ်တဲ့အချိန်အတိုးချပြီး ပျော်ကြလို့ရတာပေါ့
ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်
အခါသမယဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်
ဒေါက်တာခင်ခင်ကြီး