လူ ၁၀၀ လွ်င္ အေယာက္ ၈၀ ခန႔္ သက္သာေပ်ာက္ကင္း ေနေၾကာင္း ေန႔စဥ္ ေသြးရည္ၾကည္ လိုအပ္မႈရွိေနေၾကာင္း

Zaw Gyi

ကိုဗစ္ကို ေသြးရည္ျဖင့္ေပါင္းစပ္ကုသမႈတြင္ လူ ၁၀၀ လွ်င္ အေယာက္ ၈၀ ခန႔္ သက္သာေပ်ာက္ကင္း ေနၿပီး ေန႔စဥ္ ေသြးရည္ၾကည္ လိုအပ္မႈရွိေန

ကိုဗစ္ေရာဂါ ျပင္းထန္သူမ်ားအား ေသြးရည္ၾကည္အပါအဝင္ အျခားေဆးဝါးမ်ားျဖင့္

ေပါင္းစပ္ကုသ ေပးလ်က္ ရွိရာလူ တစ္ရာလွ်င္ အေယာက္ ၈၀ ခန႔္ သက္သာေပ်ာက္ကင္းေနၿပီး

ေသြးရည္ၾကည္ မ်ားမွာလည္း ေန႔စဥ္ လိုအပ္ခ်က္ရွိေနေၾကာင္း ေသြးရည္ၾကည္ ႏွင့္

ကိုဗစ္ကုသရး အႀကံေပးအဖြဲ႕ ဥကၠ႒ ပါေမာကၡ ေဒါက္ရဲျမက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါပိုးကူးစက္ခံရသူမ်ား၏ ၈ဝရာခိုင္ႏႈန္းမွာ ေဆးဝါးကုသမႈေပးစရာမလိုဘဲ

သက္မွတ္ရက္အတြင္း ျပန္ေကာင္းသြားၾကေသာ္လည္း က်န္ ၂ဝရာခိုင္းႏႈန္းမွာ ေဆးဝါးကုသမႈ လိုအပ္ သည့္အျပင္

အဆိုပါ၂ဝရာခိုင္ႏႈန္းအနက္မွ ၅ ရာခိုင္ႏႈန္း ႏွင့္ ၁၀ ရာခိုင္ ႏႈန္းၾကားရွိသူမ်ားမွာ ေရာဂါ ျပင္းထန္မႈရွိေသာေၾကာင့္ ေသြးရည္အပါအဝင္ ေနာက္ဆုံးေပၚ ေဆးဝါးမ်ားျဖင့္ ေပါင္းစပ္ကုသေပးေနရ ေၾကာင္း သိရသည္။

”ေသြးရည္ၾကည္ေပးလို႔ ေပ်ာက္သြားတယ္လို႔ေတာ့ မဟုတ္ဘူး။ အကုန္လုံး စုေပါင္းၿပီးေတာ့လုပ္ရတာ ။ ေအာက္ဆီဂ်င္ေပးရတယ္။ ေသြးရည္ၾကည္ေပးရတယ္။ ၿပီးရင္ Remdesivir ဆိုတဲ့ေဆးေပးရတယ္။ ေသြးမခဲတဲ့ ေဆးေတြ ထိုးရတယ္။

ၿပီးရင္ သူ႔ရဲ႕ အေျခ ခံေရာဂါေတြပါ အကုန္ကုရတယ္။ ေသြးတိုး လည္း ကုရတယ္။ ဆီးခ်ိဳလည္း ကုရတယ္။ အထူးသျဖင့္ Remdesivir ဆိုတဲ့ေဆးေပးလိုက္ရင္ ဆီးခ်ိဳ ေတြက သုံး၊ ေလး၊ ငါး ရာအထိ တက္တယ္။ အဲ့ဒါေတြ အသည္းအသန္ လိုက္ကုရတယ္။

အဲ့အထဲ ထဲမွာမွ ၁၀၀ မွာဆို ၈ဝေလာက္က မဆိုးဘူး။ သက္သာ လာတယ္။ ၿပီးခဲ့တဲ့တစ္ပတ္မွာဆို ၈ဝထဲမွာ တစ္ဝက္ေလာက္ကေတာ့ အိမ္ျပန္သြားၿပီး ။

တစ္ဝက္ေလာက္ကေတာ့ ေဆး႐ုံမွာ အျခားေရာဂါအခံ ေတြ ထပ္ကုေနရတာရွိတာေပါ့ေနာ္၊ အခု ေသြးရည္ၾကည္အလႉရွင္ မ်ားမ်ားေတာ့ လိုအပ္ပါတယ္ ” ဟု ေဒါက္တာ ရဲျမက ေျပာသည္။

ေသြးရည္ၾကည္ကို ကိုဗစ္ေရာဂါပိုးကူးစက္ခံရၿပီး ျပန္လည္ေပ်ာက္ကင္းလာသည့္ သူမ်ားအနက္ အသက္ ၁၈ ႏွင့္ ၆ဝၾကား၊ ကိုယ္ခႏၶာ သက္မွတ္ေပါင္ခ်ိန္ျပည့္ဝသည့္သူမ်ား လႉဒါန္းႏိုင္ၿပီး ထြက္ရွိ သည့္ Anty Body ထြက္ရွိမႈ အေပၚမူတည္၍ သုံးႀကိမ္အထိ လႉဒါန္းႏိုင္ေၾကာင္း သိရသည္။

”ပထမ တစ္ခါတုန္းက ၄၀၀ စီစီလႉတယ္။ အခုလ ရရက္မွာ ဒုတိယအႀကိမ္ ထပ္လႉမယ္။ အခုဒုတိယ ေခါက္က အဆင္ေျပတယ္ဆိုရင္ ၆ဝဝစီစီေလာက္ လႉမယ္လို႔ စီစဥ္ထားတယ္။

ေန႔စဥ္ အဟာရျပည့္ဝ တဲ့ အစားအေသာက္ေသြး စားၿပီးေတာ့ မ်ားမ်ား လႉႏိုင္ေအာင္ ျပင္ဆင္ထားတယ္” ဟု ေအာက္တို ဘာလ ရရက္က ပထမအႀကိမ္ ေသြးၾကည္လႉဒါန္းထားသည့္ သ႐ုပ္ေဆာင္ သီရိရွင္းသန႔္က ေျပာသည္။

လက္ရွိတြင္ ေသြးရည္ၾကည္ထုတ္ယူသည့္စက္မ်ားရွိေနၿပီျဖစ္ေသာေၾကာင့္ လႉဒါန္းသူမ်ားအေနျဖင့္ ၂ ပတ္မွ ၄ပတ္အတြင္း ေနာက္တစ္ႀကိမ္ထပ္မံလႉဒါန္းႏိုင္သည့္ အျပင္

ယခင္က အလႉရွင္တစ္ဦး အေနျဖင့္ တစ္ႀကိမ္လႉဒါန္းလွ်င္ လူနာ တစ္ဦးအတြက္သာ ေပးႏိုင္ခဲ့ေသာ္လည္း ယခုအခါ စက္မ်ား ျဖင့္ ေသြးၾကည္ရည္ မ်ားမ်ား ထုတ္ယူႏိုင္ေသာေၾကာင့္ တစ္ႀကိမ္လႉလွ်င္ လူနာ ၂ ဦး မွ ၃ဦး အထိ ေပးႏိုင္ေၾကာင္း သိရသည္။

”ကြၽန္ေတာ္တို႔က အခု စက္နဲ႔ေသြးရည္ၾကည္ကိုယူတာေပါ့။ စက္ကေန႔ ေသြးရည္ကို စစ္ထုတ္လိုက္ၿပီး စက္ကေန ေသြးရည္ၾကည္ကိုယူထားတယ္။ ေသြးရည္ဥေတြကို ကိုယ္ႏၶာထဲ ျပန္သြင္းေပးတယ္။ ဆက္ တိုက္သြားေနတာေကပါ့ေနာ္။

အဲ့လိုဆက္တိုက္သြားေနၿပီးေတာ့ မွ ေသြးရည္ၾကည္ကို ၄၀၀ စီစီကေန ၆၀၀ စီစီ ေလာက္ ယူလိုက္တယ္ေပါ့ေနာ္။ အဲ့ေတာ့ သူက ေသြးအားနည္းသြားတယ္ဆိုတာ မရွိဘူးဗ်။

ႏွစ္ပတ္ကေန ၄ပတ္ေနရင္ ျပန္လႉလို႔ ရတယ္။ ေစာေစာ ပိုင္းတုန္းကေတာ့ ေသြးၾကည္စုပ္ ဖို႔အတြက္ ကို စက္မရွိေသးေတာ့ ေသြးတစ္အိပ္ထုတ္လိုက္လို႔ရွိရင္ အဲ့ဒီကေန ေသြးရည္ၾကည္ကို ဖယ္ယူလိုက္ တယ္ဆိုရင္

ေသြးအလႉရွင္တစ္ေယာက္ကေန လူနာတစ္ေယာက္ကိုပဲေပးလို႔ရတယ္ ” ဟု ေဒါက္တာ ရဲျမက ေျပာသည္။

လက္ရွိတြင္ေသြး ရည္ၾကည္မ်ားကို ေန႔စဥ္ လူနာ ၆ ဦးမွ ၁၀ ဦးၾကားေပးေနၿပီး ေတာင္ဥကၠလာပ၊ ေဝဘာဂီ၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ႏွင့္ ေဖာင္ႀကီး ကိုဗစ္ကုသေရး ဌာနတို႔တြင္ ေသြးရည္ၾကည္ မ်ားေပး၍ ကုသေပးေနသည္။

ျမန္မာႏိုင္ငံတြင္ ႏိုဝင္ဘာလ ၁ရက္ထိ ကိုဗစ္ေရာဂါကူးစက္ခံရၿပီးျပန္လည္သက္သာလာသူ ၃၄၁၈၉ ဦးအထိရွိေနေသာ္လည္း ေသြးရည္ၾကည္လႉဒါန္းမႈမ်ားမွာ အေရအတြက္နည္းေနေသာေၾကာင့္ ေန႔စဥ္ ေသြးရည္ၾကည္လိုအပ္ခ်က္မ်ား ရွိေနေၾကာင္း သိရသည္။

Credit – Pyimyanmarnews

မိုင္းေစာလြင္
(ဓာတ္ပုံ- သီရိရွင္းသန႔္ FB)

Unicode

ကိုဗစ်ကို သွေးရည်ဖြင့်ပေါင်းစပ်ကုသမှုတွင် လူ ၁၀၀ လျှင် အယောက် ၈၀ ခန့် သက်သာပျောက်ကင်း နေပြီး နေ့စဉ် သွေးရည်ကြည် လိုအပ်မှုရှိနေ

ကိုဗစ်ရောဂါ ပြင်းထန်သူများအား သွေးရည်ကြည်အပါအဝင် အခြားဆေးဝါးများဖြင့် ပေါင်းစပ်ကုသ ပေးလျက် ရှိရာလူ တစ်ရာလျှင် အယောက် ၈၀ ခန့် သက်သာပျောက်ကင်းနေပြီး

သွေးရည်ကြည် များမှာလည်း နေ့စဉ် လိုအပ်ချက်ရှိနေကြောင်း သွေးရည်ကြည် နှင့် ကိုဗစ်ကုသရး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်ရဲမြက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူများ၏ ၈ဝရာခိုင်နှုန်းမှာ ဆေးဝါးကုသမှုပေးစရာမလိုဘဲ သက်မှတ်ရက်အတွင်း ပြန်ကောင်းသွားကြသော်လည်း ကျန် ၂ဝရာခိုင်းနှုန်းမှာ ဆေးဝါးကုသမှု လိုအပ် သည့်အပြင်

အဆိုပါ၂ဝရာခိုင်နှုန်းအနက်မှ ၅ ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင် နှုန်းကြားရှိသူများမှာ ရောဂါ ပြင်းထန်မှုရှိသောကြောင့် သွေးရည်အပါအဝင် နောက်ဆုံးပေါ် ဆေးဝါးများဖြင့် ပေါင်းစပ်ကုသပေးနေရ ကြောင်း သိရသည်။

”သွေးရည်ကြည်ပေးလို့ ပျောက်သွားတယ်လို့တော့ မဟုတ်ဘူး။ အကုန်လုံး စုပေါင်းပြီးတော့လုပ်ရတာ ။ အောက်ဆီဂျင်ပေးရတယ်။ သွေးရည်ကြည်ပေးရတယ်။ ပြီးရင် Remdesivir ဆိုတဲ့ဆေးပေးရတယ်။ သွေးမခဲတဲ့ ဆေးတွေ ထိုးရတယ်။

ပြီးရင် သူ့ရဲ့ အခြေ ခံရောဂါတွေပါ အကုန်ကုရတယ်။ သွေးတိုး လည်း ကုရတယ်။ ဆီးချိုလည်း ကုရတယ်။ အထူးသဖြင့် Remdesivir ဆိုတဲ့ဆေးပေးလိုက်ရင် ဆီးချို တွေက သုံး၊ လေး၊ ငါး ရာအထိ တက်တယ်။ အဲ့ဒါတွေ အသည်းအသန် လိုက်ကုရတယ်။

အဲ့အထဲ ထဲမှာမှ ၁၀၀ မှာဆို ၈ဝလောက်က မဆိုးဘူး။ သက်သာ လာတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာဆို ၈ဝထဲမှာ တစ်ဝက်လောက်ကတော့ အိမ်ပြန်သွားပြီး ။

တစ်ဝက်လောက်ကတော့ ဆေးရုံမှာ အခြားရောဂါအခံ တွေ ထပ်ကုနေရတာရှိတာပေါ့နော်၊ အခု သွေးရည်ကြည်အလှူရှင် များများတော့ လိုအပ်ပါတယ် ” ဟု ဒေါက်တာ ရဲမြက ပြောသည်။

သွေးရည်ကြည်ကို ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းလာသည့် သူများအနက် အသက် ၁၈ နှင့် ၆ဝကြား၊ ကိုယ်ခန္ဓာ သက်မှတ်ပေါင်ချိန်ပြည့်ဝသည့်သူများ လှူဒါန်းနိုင်ပြီး ထွက်ရှိ သည့် Anty Body ထွက်ရှိမှု အပေါ်မူတည်၍ သုံးကြိမ်အထိ လှူဒါန်းနိုင်ကြောင်း သိရသည်။

”ပထမ တစ်ခါတုန်းက ၄၀၀ စီစီလှူတယ်။ အခုလ ရရက်မှာ ဒုတိယအကြိမ် ထပ်လှူမယ်။ အခုဒုတိယ ခေါက်က အဆင်ပြေတယ်ဆိုရင် ၆ဝဝစီစီလောက် လှူမယ်လို့ စီစဉ်ထားတယ်။

နေ့စဉ် အဟာရပြည့်ဝ တဲ့ အစားအသောက်သွေး စားပြီးတော့ များများ လှူနိုင်အောင် ပြင်ဆင်ထားတယ်” ဟု အောက်တို ဘာလ ရရက်က ပထမအကြိမ် သွေးကြည်လှူဒါန်းထားသည့် သရုပ်ဆောင် သီရိရှင်းသန့်ကပြောသည်။

လက်ရှိတွင် သွေးရည်ကြည်ထုတ်ယူသည့်စက်များရှိနေပြီဖြစ်သောကြောင့် လှူဒါန်းသူများအနေဖြင့် ၂ ပတ်မှ ၄ပတ်အတွင်း နောက်တစ်ကြိမ်ထပ်မံလှူဒါန်းနိုင်သည့် အပြင်

ယခင်က အလှူရှင်တစ်ဦး အနေဖြင့် တစ်ကြိမ်လှူဒါန်းလျှင် လူနာ တစ်ဦးအတွက်သာ ပေးနိုင်ခဲ့သော်လည်း ယခုအခါ စက်များ ဖြင့် သွေးကြည်ရည် များများ ထုတ်ယူနိုင်သောကြောင့် တစ်ကြိမ်လှူလျှင် လူနာ ၂ ဦး မှ ၃ဦး အထိ ပေးနိုင်ကြောင်း သိရသည်။

”ကျွန်တော်တို့က အခု စက်နဲ့သွေးရည်ကြည်ကိုယူတာပေါ့။ စက်ကနေ့ သွေးရည်ကို စစ်ထုတ်လိုက်ပြီး စက်ကနေ သွေးရည်ကြည်ကိုယူထားတယ်။ သွေးရည်ဥတွေကို ကိုယ်န္ဓာထဲ ပြန်သွင်းပေးတယ်။ ဆက် တိုက်သွားနေတာကေပါ့နော်။

အဲ့လိုဆက်တိုက်သွားနေပြီးတော့ မှ သွေးရည်ကြည်ကို ၄၀၀ စီစီကနေ ၆၀၀ စီစီ လောက် ယူလိုက်တယ်ပေါ့နော်။ အဲ့တော့ သူက သွေးအားနည်းသွားတယ်ဆိုတာ မရှိဘူးဗျ။

နှစ်ပတ်ကနေ ၄ပတ်နေရင် ပြန်လှူလို့ ရတယ်။ စောစော ပိုင်းတုန်းကတော့ သွေးကြည်စုပ် ဖို့အတွက် ကို စက်မရှိသေးတော့ သွေးတစ်အိပ်ထုတ်လိုက်လို့ရှိရင် အဲ့ဒီကနေ သွေးရည်ကြည်ကို ဖယ်ယူလိုက် တယ်ဆိုရင်

သွေးအလှူရှင်တစ်ယောက်ကနေ လူနာတစ်ယောက်ကိုပဲပေးလို့ရတယ် ” ဟု ဒေါက်တာ ရဲမြက ပြောသည်။

လက်ရှိတွင်သွေး ရည်ကြည်များကို နေ့စဉ် လူနာ ၆ ဦးမှ ၁၀ ဦးကြားပေးနေပြီး တောင်ဥက္ကလာပ၊ ဝေဘာဂီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် ဖောင်ကြီး ကိုဗစ်ကုသရေး ဌာနတို့တွင် သွေးရည်ကြည် များပေး၍ ကုသပေးနေသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁ရက်ထိ ကိုဗစ်ရောဂါကူးစက်ခံရပြီးပြန်လည်သက်သာလာသူ ၃၄၁၈၉ ဦးအထိရှိနေသော်လည်း သွေးရည်ကြည်လှူဒါန်းမှုများမှာ အရေအတွက်နည်းနေသောကြောင့် နေ့စဉ် သွေးရည်ကြည်လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

Credit – Pyimyanmar

မိုင်းစောလွင်
(ဓာတ်ပုံ- သီရိရှင်းသန့် FB)