တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕မွာ တံခါးပိတ္ခ်ဳပ္ေႏွာင္ခံထားရတဲ့ ျမန္မာမေလး (၃၉) ဦးကို ကယ္တင္ႏိုင္ခဲ့
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
တ႐ုတ္ႏိုင္ငံေ႐ႊလီၿမိဳ႕မွာ တံခါးပိတ္ခ်ဳပ္ေႏွာင္ခံထားရတဲ့ ျမန္မာမေလး (၃၉) ဦးကို ကယ္တင္ႏိုင္ခဲ့
တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕နယ္၊ ဂ်ယ္လယ္ရပ္ရွိ စက္႐ုံတစ္႐ုံတြင္ အလုပ္ရွင္က တံခါးပိတ္ခ်ဳပ္ေႏွာင္ထားသည့္ ျမန္မာႏိုင္ငံသား အလုပ္သမ ၃၉ ဦးကို ေဒသခံရဲတပ္ဖြဲ႕ႏွင့္
ဆက္သြယ္ေဆာင္႐ြက္ကာ ေအာက္တိုဘာ ၂၇ ရက္ညပိုင္းက လြတ္ေျမာက္ေအာင္ ကူညီႏိုင္ခဲ့ေၾကာင္း ေ႐ႊလီၿမိဳ႕အေျခစိုက္ မိုးမခေဖာင္ေဒးရွင္းထံမွ သိရပါတယ္။
ေ႐ႊလီၿမိဳ႕နယ္၊ ဂ်ယ္လယ္ရပ္၊ မေနာကြင္းအနီးရွိ နားၾကပ္စက္႐ုံတြင္ အလုပ္ထြက္ခ်င္သည့္ အလုပ္သမ ၃၉ ဦးအား အလုပ္ရွင္က အလုပ္ထြက္ခြင့္မျပဳဘဲ ေအာက္တိုဘာ ၂၆ ရက္တြင္
အခန္းတြင္း တံခါးပိတ္ေလွာင္ကာ ထမင္းမေကြၽး၊ ေရျဖတ္၊ မီးျဖတ္ထားသျဖင့္ ကယ္တင္ေပးရန္ အြန္လိုင္းေပၚတင္သည့္အျပင္ ဆက္သြယ္၍ အကူအညီေတာင္းခံလာသျဖင့္
ဂ်ယ္လယ္ရဲတပ္ဖြဲ႕ႏွင့္ ဆက္သြယ္ေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာ ၂၇ ရက္ ညေန ၅နာရီခန႔္တြင္ အားလုံးလြတ္ေျမာက္လာျခင္းျဖစ္သည္ဟု ၎က ေျပာပါတယ္။
“၆ ေယာက္ကေတာ့လာေျပာတယ္။ အိမ္ျပန္မယ္ဆိုလို႔ လူကုန္တားနဲ႔ဆက္သြယ္ၿပီး
မနက္ဖန္ မနက္ ၁၀ နာရီမွာ အလယ္ေပါက္ကေန ပို႔ေဆာင္ေပးမယ္လို႔ ေျပာထာတယ္။
က်န္တဲ့သူေတြလည္း ထပ္ေျပာမယ္ေျပာတယ္။
တခ်ိဳ႕ကလည္း အလုပ္ထပ္ရွာလုပ္မယ္ေျပာၾကတယ္” ဟု မိုးမခေဖာင္ေဒးရွင္းမွ ေဒၚမိုးမခက ေျပာပါတယ္။
အလုပ္သမမ်ား အားလုံး အလုပ္ထြက္မည္ေျပာသျဖင့္ လူစားမရမွာစိုးရိမ္ၿပီး စက္႐ုံပိုင္ရွင္က ယခုကဲ့သို႔ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ေျဖရွင္းခ်က္အရ ေအာက္တိုဘာ ၂၇ ရက္
ညေန ၅နာရီခန႔္ တြင္ လြတ္ေျမာက္လာၾကၿပီး အလုပ္သမား႐ုံးတြင္ ေခတၱတည္းခိုေနထိုင္ေနၾကေၾကာင္း ၎ကေျပာပါတယ္။
“သူတို႔က ေနထိုင္ခြင့္ေတြရွိပါတယ္။ အလုပ္ရွင္နဲ႔စကားမေပါက္ရာကေန အခုလိုျဖစ္တာ။ အခုေတာ့ အလုပ္သမား႐ုံးက အကုန္ျပန္ေခၚထားပါၿပီ။ အဲဒီအထဲက ၁၃ ေယာက္ ကေတာ့ ျမန္မာျပည္ ျပန္မယ္ေျပာတယ္။ လိုက္ပို႔ဖို႔ရွိပါ့မယ္။
က်န္သူေတြကေတာ့ ဒီမွာပဲ ထပ္အလုပ္လုပ္ၾကမယ္ေျပာတယ္” ဟု အဆိုပါကိစၥအား မိုးမခေဖာင္ေဒးရွင္းျဖင့္ ပူးေပါင္းကာ ခ်ိတ္ဆက္ကူညီခဲ့သည့္ ေဒၚနန္းနန္းက ေျပာသည္။
မူဆယ္အေျခစိုက္ လူကုန္တားရဲတပ္ဖြဲ႕မွ ရဲမႉး မင္းႏိုင္ကလည္း ျပန္လာမည့္သူမ်ားအား ေအာက္တိုဘာ ၂၉ ရက္ တြင္ မူဆယ္နယ္စပ္ဂိတ္အလယ္ေပါက္၌ ေစာင့္ႀကိဳေနမည္ျဖစ္ၿပီး
ျပန္လည္ေရာက္ရွိလာသူမ်ား အား လိုအပ္သည္မ်ား ေမးျမန္းကူညီသြားမွာ ျဖစ္တယ္လိူ႔ ေျပာၾကားခဲ့ပါတယ္။
Unicode
တရုတ်နိုင်ငံရွှေလီမြို့မှာ တံခါးပိတ်ချုပ်နှောင်ခံထားရတဲ့ မြန်မာမလေး (၃၉) ဦးကို ကယ်တင်နိုင်ခဲ့
တရုတ်နိုင်ငံ၊ ရွှေလီမြို့နယ်၊ ဂျယ်လယ်ရပ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်ရှင်က တံခါးပိတ်ချုပ်နှောင်ထားသည့် မြန်မာနိုင်ငံသား အလုပ်သမ ၃၉ ဦးကို ဒေသခံရဲတပ်ဖွဲ့နှင့်
ဆက်သွယ်ဆောင်ရွက်ကာ အောက်တိုဘာ ၂၇ ရက်ညပိုင်းက လွတ်မြောက်အောင် ကူညီနိုင်ခဲ့ကြောင်း ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်းထံမှ သိရပါတယ်။
ရွှေလီမြို့နယ်၊ ဂျယ်လယ်ရပ်၊ မနောကွင်းအနီးရှိ နားကြပ်စက်ရုံတွင် အလုပ်ထွက်ချင်သည့် အလုပ်သမ ၃၉ ဦးအား အလုပ်ရှင်က အလုပ်ထွက်ခွင့်မပြုဘဲ အောက်တိုဘာ ၂၆ ရက်တွင်
အခန်းတွင်း တံခါးပိတ်လှောင်ကာ ထမင်းမကျွေး၊ ရေဖြတ်၊ မီးဖြတ်ထားသဖြင့် ကယ်တင်ပေးရန် အွန်လိုင်းပေါ်တင်သည့်အပြင် ဆက်သွယ်၍ အကူအညီတောင်းခံလာသဖြင့်
ဂျယ်လယ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၇ ရက် ညနေ ၅နာရီခန့်တွင် အားလုံးလွတ်မြောက်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောပါတယ်။
“၆ ယောက်ကတော့လာပြောတယ်။ အိမ်ပြန်မယ်ဆိုလို့ လူကုန်တားနဲ့ဆက်သွယ်ပြီး မနက်ဖန် မနက် ၁၀ နာရီမှာ အလယ်ပေါက်ကနေ ပို့ဆောင်ပေးမယ်လို့ ပြောထာတယ်။
ကျန်တဲ့သူတွေလည်း ထပ်ပြောမယ်ပြောတယ်။ တချို့ကလည်း အလုပ်ထပ်ရှာလုပ်မယ်ပြောကြတယ်” ဟု မိုးမခဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ပြောပါတယ်။
အလုပ်သမများ အားလုံး အလုပ်ထွက်မည်ပြောသဖြင့် လူစားမရမှာစိုးရိမ်ပြီး စက်ရုံပိုင်ရှင်က ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ဖြေရှင်းချက်အရ အောက်တိုဘာ ၂၇ ရက်
ညနေ ၅နာရီခန့် တွင် လွတ်မြောက်လာကြပြီး အလုပ်သမားရုံးတွင် ခေတ္တတည်းခိုနေထိုင်နေကြကြောင်း ၎င်းကပြောပါတယ်။
“သူတို့က နေထိုင်ခွင့်တွေရှိပါတယ်။ အလုပ်ရှင်နဲ့စကားမပေါက်ရာကနေ အခုလိုဖြစ်တာ။ အခုတော့ အလုပ်သမားရုံးက အကုန်ပြန်ခေါ်ထားပါပြီ။ အဲဒီအထဲက ၁၃ ယောက် ကတော့ မြန်မာပြည် ပြန်မယ်ပြောတယ်။ လိုက်ပို့ဖို့ရှိပါ့မယ်။
ကျန်သူတွေကတော့ ဒီမှာပဲ ထပ်အလုပ်လုပ်ကြမယ်ပြောတယ်” ဟု အဆိုပါကိစ္စအား မိုးမခဖောင်ဒေးရှင်းဖြင့် ပူးပေါင်းကာ ချိတ်ဆက်ကူညီခဲ့သည့် ဒေါ်နန်းနန်းက ပြောသည်။
မူဆယ်အခြေစိုက် လူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူး မင်းနိုင်ကလည်း ပြန်လာမည့်သူများအား အောက်တိုဘာ ၂၉ ရက် တွင် မူဆယ်နယ်စပ်ဂိတ်အလယ်ပေါက်၌ စောင့်ကြိုနေမည်ဖြစ်ပြီး
ပြန်လည်ရောက်ရှိလာသူများ အား လိုအပ်သည်များ မေးမြန်းကူညီသွားမှာ ဖြစ်တယ်လိူ့ ပြောကြားခဲ့ပါတယ်။