သစ္ပင္ေတြၾကားထဲက ပၪၥလက္ဆန္ဆန္ မီးေတြထြန္းထားတဲ့ႀကိဳးတံတားေလး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အခုဆို ကပ္ေရာဂါကာလျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ခရီးသြားခြင့္ေတြပိတ္ပင္ထားပါတယ္။

ဒီေတာ့ ခရီးထြက္ခ်င္တဲ့သူေတြအတြက္ေတာ့ အြန္လိုင္းကေနပဲ ေနရာအသစ္အဆန္းေလးေတြကို စိတ္ကူးနဲ႔မွန္းၿပီး သြားရပါတယ္။

အင္ဒိုနီးရွားလူမ်ိဳး ဓာတ္ပံုဆရာတစ္ဦးျဖစ္တဲ့ Warman Wardhani ကေတာ့ အခုအခါ အဝါေရာင္မီးလံုးေလးေတြနဲ႔ ဆင္ယင္ထားတဲ့ တံတားတစ္ခုရဲ႕

ဓာတ္ပံုေတြမွ်ေဝခဲ့တာကို boredpanda ကတဆင့္သိရပါတယ္။

instagram/warmanwardhan
ေတြ႔ျမင္ရတဲ့ေနရာေလးဟာ အင္ဒိုနီးရွားက ေမွာ္ဆန္တဲ့ tourist attraction ေလးတစ္ခုျဖစ္ပါတယ္။ Orchid Forest Cikole လို႔ အမည္ရပါတယ္။

ဒီေတာအုပ္ထဲမွာေတာ့ သစ္ခြမ်ိဳးစိတ္ေပါင္း ၂ေသာင္းေက်ာ္ရွိပါတယ္။ အားကစားကြင္းရွိသလို ၾကိဳးတံတားတစ္ခုလို႔ေခၚၾကတဲ့ သစ္သားတံတားတစ္ခုလည္း ရွိပါတယ္။

အဲ့ဒီတံတားေပၚမွာေတာ့ မီးေတြအမ်ားၾကီးဆင္ထားတဲ့အတြက္ ညအခ်ိန္ေရာက္လာရင္ ေတာ္ေတာ္ေလးလွပါတယ္။

instagram/warmanwardhan
ဒီ Orchid Forest Cikole ကိုေတာ့ အင္ဒိုနီးရွားအေနာက္ဂ်ာဗာရဲ႕ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ Lembang ၿမိဳ႕ထဲမွာရွိပါတယ္။

အဲ့ဒီမွာေတာ့ အေပၚမွာေျပာထားသလိုပဲ အင္ဒိုနီးရွားတစ္ႏို္င္ငံလံုးက သစ္ခြမ်ိဳးစိတ္ေတြကို ေတြ႔ရႏိုင္ပါတယ္။

ၾကိဳးတံတားေပၚကေနလည္း သစ္ေတာရဲ႕သဘာဝအလွအပရႈခင္းေတြကို ၾကည့္ႏိုင္ပါတယ္။


instagram/warmanwardhan
ၾကိဳးတံတားေတြကိုေတာ့ သစ္ပင္တစ္ပင္နဲ႔တစ္ပင္ ဆက္ထားၿပီး ၾကားထဲမွာ နားေနၿပီးထိုင္လို႔ရတဲ့ ေနရာကြက္လပ္ေလးေတြကိုလည္း လုပ္ေပးထားပါတယ္။

သဘာဝပတ္ဝန္းက်င္ကို ခ်စ္ျမတ္ႏိုးသူေတြအတြက္ကေတာ့ သြားသင့္တဲ့ေနရာေလးတစ္ခုပါ။ ေန႔ဘက္မွာေတာ့ သစ္ခြပန္းၾကည့္၊ ညဘက္မွာေတာ့ ၾကည္ႏူးစရာေကာင္းတဲ့ မီးလံုးေလးေတြေအာက္မွာ ၾကည္လင္ေအးခ်မ္းမႈကို ခံစားႏိုင္ပါေသးတယ္။

သစ္ေတာအုပ္က ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၇၀၀မီတာနားမွာရွိပါတယ္။ ဒီေတာ့ ေတာင္ၾကားေတြဆီကလာတဲ့ အေအးဓာတ္နဲ႔ ျမဴခိုးေတြေၾကာင့္ Orchid Forest Cikole ေနရာေလးဟာ အိ္ပ္မက္ဆန္တဲ့ေနရာေလးတစ္ခု ျဖစ္လို႔ေနပါေတာ့တယ္

instagram/warmanwardhan

instagram/warmanwardhan
ShweMom

Unicode

အခုဆို ကပ်ရောဂါကာလဖြစ်တဲ့အတွက် နိုင်ငံတော်တော်များများက ခရီးသွားခွင့်တွေပိတ်ပင်ထားပါတယ်။

ဒီတော့ ခရီးထွက်ချင်တဲ့သူတွေအတွက်တော့ အွန်လိုင်းကနေပဲ နေရာအသစ်အဆန်းလေးတွေကို စိတ်ကူးနဲ့မှန်းပြီး သွားရပါတယ်။

အင်ဒိုနီးရှားလူမျိုး ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Warman Wardhani ကတော့ အခုအခါ အဝါရောင်မီးလုံးလေးတွေနဲ့ ဆင်ယင်ထားတဲ့ တံတားတစ်ခုရဲ့

ဓာတ်ပုံတွေမျှဝေခဲ့တာကို boredpanda ကတဆင့်သိရပါတယ်။

instagram/warmanwardhan
တွေ့မြင်ရတဲ့နေရာလေးဟာ အင်ဒိုနီးရှားက မှော်ဆန်တဲ့ tourist attraction လေးတစ်ခုဖြစ်ပါတယ်။ Orchid Forest Cikole လို့ အမည်ရပါတယ်။

ဒီတောအုပ်ထဲမှာတော့ သစ်ခွမျိုးစိတ်ပေါင်း ၂သောင်းကျော်ရှိပါတယ်။ အားကစားကွင်းရှိသလို ကြိုးတံတားတစ်ခုလို့ခေါ်ကြတဲ့ သစ်သားတံတားတစ်ခုလည်း ရှိပါတယ်။

အဲ့ဒီတံတားပေါ်မှာတော့ မီးတွေအများကြီးဆင်ထားတဲ့အတွက် ညအချိန်ရောက်လာရင် တော်တော်လေးလှပါတယ်။

instagram/warmanwardhan
ဒီ Orchid Forest Cikole ကိုတော့ အင်ဒိုနီးရှားအနောက်ဂျာဗာရဲ့မြို့တစ်မြို့ဖြစ်တဲ့ Lembang မြို့ထဲမှာရှိပါတယ်။

အဲ့ဒီမှာတော့ အပေါ်မှာပြောထားသလိုပဲ အင်ဒိုနီးရှားတစ်နိုင်ငံလုံးက သစ်ခွမျိုးစိတ်တွေကို တွေ့ရနိုင်ပါတယ်။

ကြိုးတံတားပေါ်ကနေလည်း သစ်တောရဲ့သဘာဝအလှအပရှုခင်းတွေကို ကြည့်နိုင်ပါတယ်။


instagram/warmanwardhan
ကြိုးတံတားတွေကိုတော့ သစ်ပင်တစ်ပင်နဲ့တစ်ပင် ဆက်ထားပြီး ကြားထဲမှာ နားနေပြီးထိုင်လို့ရတဲ့ နေရာကွက်လပ်လေးတွေကိုလည်း လုပ်ပေးထားပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေအတွက်ကတော့ သွားသင့်တဲ့နေရာလေးတစ်ခုပါ။ နေ့ဘက်မှာတော့ သစ်ခွပန်းကြည့်၊ ညဘက်မှာတော့ ကြည်နူးစရာကောင်းတဲ့ မီးလုံးလေးတွေအောက်မှာ ကြည်လင်အေးချမ်းမှုကို ခံစားနိုင်ပါသေးတယ်။

သစ်တောအုပ်က ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၀၀မီတာနားမှာရှိပါတယ်။ ဒီတော့ တောင်ကြားတွေဆီကလာတဲ့ အအေးဓာတ်နဲ့ မြူခိုးတွေကြောင့် Orchid Forest Cikole နေရာလေးဟာ အိပ်မက်ဆန်တဲ့နေရာလေးတစ်ခု ဖြစ်လို့နေပါတော့တယ်

instagram/warmanwardhan

instagram/warmanwardhan
ShweMom