တႏွစ္သားအ႐ြယ္ ဧရာဝတီ လင္းပိုင္မေလး ဘက္ထရီေရွာ့တိုက္ဖမ္းဆီးမႈေၾကာင့္ ေသဆုံး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

တႏွစ္သားအ႐ြယ္ ဧရာဝတီ လင္းပိုင္မေလး ဘက္ထရီေရွာ့တိုက္ဖမ္းဆီးမႈေၾကာင့္ ေသဆုံး

၂၉-၁၀-၂၀၂၀ ရက္ေန႔ နံနက္ပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ သူေဌးကုန္းေက်း႐ြာေန ေရလုပ္သား ဦးေက်ာ္ဆန္းမွ ၎တို႔႐ြာ၏ ေျမာက္ဘက္ ကိုင္းေတာအနီးတြင္

လင္းပိုင္ငယ္တစ္ေကာင္ ေသဆုံးေၾကာင္း လင္းပိုင္ကို ဆယ္ယူၿပီး ကုန္းေပၚသို႔ သယ္ယူထားေၾကာင္း ကို အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနသို႔ သတင္းေပးပို႔ခဲ့ပါသည္။

ထိုမွတစ္ဆင့္ သတင္းေပးပို႔မႈအရ မတၱရာၿမိဳ႕နယ္ ငါးလုပ္ငန္းဦးစီးဌာနအဖြဲ႕ ၊ ေနျပည္ေတာ္ငါးလုပ္ငန္းဦးစီးဌာနမွ ဒုဦးစီးမႉး ဦးေဇာ္မန္း ဦးေဆာင္ေသာ

အဖြဲ႕ႏွင့္အတူ အမွတ္(၁) ေရေၾကာင္းရဲ ကြပ္ကဲမႈအဖြဲ႕ခြဲ၊ ေဒသခံ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးအဖြဲ႕တို႔ မွ စစ္ေဆး မွတ္တမ္းရယူခဲ့ျခင္းျဖစ္ပါသည္။

လင္းပိုင္ေသ၏ အခ်က္အလက္မ်ား – (အထီး/အမ) အမ၊ ခႏၶာကိုယ္အလ်ား ၄ ေပ၊ ၅ လက္မ၊ ခႏၶာကိုယ္လုံးပတ္ – ၂ ေပ၊ ၁၀ လက္မ၊ အၿမီး႐ြက္(၂)ခုအစြန္းအၾကား ၁ ေပ၊ ၂ လက္မ၊ ေရွ႕ေရယက္အလ်ား ၃ေပ ၆ လက္မ၊ ခန္႔မွန္းအသက္ ၁ႏွစ္ေက်ာ္ခန္႔ သြားမေပါက္ေသး

ေသဆုံးရသည့္အေၾကာင္းအရင္း – ေနျပည္ေတာ္ ငါးလုပ္ငန္းဦစီးဌာနမွ ဒုဦးစီးမႉး ဦးေဇာ္မန္းႏွင့္ ေဒသခံ ေရလုပ္သားဦးေက်ာ္ဆန္း ေျပာျပခ်က္အရ ဧရာဝတီလင္းပိုင္မ်ားသည္ ဧရာဝတီျမစ္အတြင္း ငါးမ်ားရွိရာ ေခ်ာင္း႐ိုး၊

လိုက္လံအစာရွာေဖြ စားေသာက္သည့္ အေလ့အထရွိျခင္းေၾကာင့္ တရားမဝင္ ဘကၳရီေရွာ့တိုက္ ငါးဖမ္းဆီးမႈႏွင့္ ရင္ဆိုင္ေတြ႕၍ ဧရာဝတီလင္းပိုင္ငယ္ ေသဆုံးျခင္း ျဖစ္သည္ဟု သိရွိရပါသည္။

ေဆာင္႐ြက္ထားရွိမႈ – ဧရာဝတီလင္းပိုင္ေသအား မွတ္တမ္းထားရွိႏိုင္ေရး ဝက္လက္ၿမိဳ႕နယ္ အင္ေဒါင္းေက်း႐ြာႏွင့္ ႐ြာသစ္ေက်း႐ြာ ၾကား ေတာင္ေျခရင္းတြင္ အမွတ္အသားျပဳလုပ္၍ ျမဳပ္ႏွံထားရွိေၾကာင္းသိရွိရပါသည္။

Unicode

တနှစ်သားအရွယ် ဧရာဝတီ လင်းပိုင်မလေး ဘက်ထရီရှော့တိုက်ဖမ်းဆီးမှုကြောင့် သေဆုံး

၂၉-၁၀-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာနေ ရေလုပ်သား ဦးကျော်ဆန်းမှ ၎င်းတို့ရွာ၏ မြောက်ဘက် ကိုင်းတောအနီးတွင်

လင်းပိုင်ငယ်တစ်ကောင် သေဆုံးကြောင်း လင်းပိုင်ကို ဆယ်ယူပြီး ကုန်းပေါ်သို့ သယ်ယူထားကြောင်း ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ခဲ့ပါသည်။

ထိုမှတစ်ဆင့် သတင်းပေးပို့မှုအရ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့ ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်း ဦးဆောင်သော

အဖွဲ့နှင့်အတူ အမှတ်(၁) ရေကြောင်းရဲ ကွပ်ကဲမှုအဖွဲ့ခွဲ၊ ဒေသခံ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တို့ မှ စစ်ဆေး မှတ်တမ်းရယူခဲ့ခြင်းဖြစ်ပါသည်။

လင်းပိုင်သေ၏ အချက်အလက်များ – (အထီး/အမ) အမ၊ ခန္ဓာကိုယ်အလျား ၄ ပေ၊ ၅ လက်မ၊ ခန္ဓာကိုယ်လုံးပတ် – ၂ ပေ၊ ၁၀ လက်မ၊ အမြီးရွက်(၂)ခုအစွန်းအကြား ၁ ပေ၊ ၂ လက်မ၊ ရှေ့ရေယက်အလျား ၃ပေ ၆ လက်မ၊ ခန့်မှန်းအသက် ၁နှစ်ကျော်ခန့် သွားမပေါက်သေး

သေဆုံးရသည့်အကြောင်းအရင်း – နေပြည်တော် ငါးလုပ်ငန်းဦစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်းနှင့် ဒေသခံ ရေလုပ်သားဦးကျော်ဆန်း ပြောပြချက်အရ ဧရာဝတီလင်းပိုင်များသည် ဧရာဝတီမြစ်အတွင်း ငါးများရှိရာ ချောင်းရိုး၊

လိုက်လံအစာရှာဖွေ စားသောက်သည့် အလေ့အထရှိခြင်းကြောင့် တရားမဝင် ဘက္ထရီရှော့တိုက် ငါးဖမ်းဆီးမှုနှင့် ရင်ဆိုင်တွေ့၍ ဧရာဝတီလင်းပိုင်ငယ် သေဆုံးခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

ဆောင်ရွက်ထားရှိမှု – ဧရာဝတီလင်းပိုင်သေအား မှတ်တမ်းထားရှိနိုင်ရေး ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနှင့် ရွာသစ်ကျေးရွာ ကြား တောင်ခြေရင်းတွင် အမှတ်အသားပြုလုပ်၍ မြုပ်နှံထားရှိကြောင်းသိရှိရပါသည်။