တေးရေးတေးဆို အရိုးကလည်း ဆောင်းဦးလှိုင်ကို ပြောပြီ မနူးမနပ်လေးတွေကိုဖုတ်နေတဲ့ သူခိုးကြီးတဲ့
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ခပ်တည်တည်နဲ့
Unicode
အသက်သာကြီးလာတယ် သောက်ကျင့်မပျောက်ဘူးဆိုတာသိပ်မှန်တာ
ကော်ပီသီချင်းဒဲ့ကြီးတွေ သုံးပုဒ်တပုဒ်ပေါင်း ဖြတ်ညှပ်ကပ်လုပ်ပြီး ခပ်တည်တည်နဲ့ own tuneပါဆိုပြီး ပရိတ်သတ်ကိုလိမ်စားတယ်
မနူးမနပ်ချာတိတ်တွေရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ကောင်းပြီဆိုရင် သူပဲအခွေထုတ်ပေးတော့မလိုနဲ့အယုံသွင်းပြီး ဗြောင်ခိုးတယ်
( သက်သေပြလို့ရတဲ့လူတွေ ကျုပ်ကိုယ်တိုင်အပါအဝင် အခုထိရှိတယ်)
သွားပြောတဲ့လူတွေကို အတွေးတူသွားတာပါဆိုပြီးသောက်ရှက်မရှိဗြောင်လိမ်တယ်
(မယုံတဲ့လူသွားပတ်သက်ကြည့် ခင်ဗျားရှိစုမဲ့စု အနုပညာလေးတွေ ချက်ချင်းအခိုးမခံရရင်
ကြိုက်သလိုလာပြော မွေးရာပါကို အခိုးသန်တဲ့ဟာမျိုး တထိုင်ထဲခိုးနိုင်တယ် နေ့တောင်မကူးဘူး)
နာမည်ကြီးလာတဲ့လူတိုင်းကို အသုံးချဖို့တသက်လုံး လုပ်တယ်
သူ့အကျိုးရှိမယ်ဆို ဘယ်သူ့ခြေသလုံး ဝဲစွဲနေပစေ ကုန်းရက်ဖို့ဝန်မလေးဘူး(အခုမှရီးတီးယားတားလာလုပ်နေတာ
အရင်ခေတ်က ဆင်ဆာဘုတ်ကဘဲတွေနဲ့ ဘယ်လိုဆိုတာ မနေ့တနေ့ကမှမွေးတဲ့လူတွေမသိဘူး)
နာမယ်မခံပဲ ဖော်လံဖားခဲ့လို့ ဘယ်နေရာမှာ ဘယ်လိုဟာတွေရပြီးပြန်ရောင်းစားသွားတာကအစ ပြန်ဖော်လို့ရတယ် အခြေခံလူတန်းစားတွေ ငေးကြည့်နေခဲ့ရတဲ့ ဟာမျိုးတွေ
အဘအဘ ခေါ်ပြီးလျောက်လိုက် ရောင်းစားလိုက်လုပ်သွားတာ အများကြီး
(အတိအကျလိုက်ဖော်ရင် လန့်တောင်သေသွားဦးမယ်)
ရှည်ပါတယ် နောက်ဆုံးတခုပဲ ပြောပြမယ်
ကိုယ်တွေနဲ့အတူတူ မရုန်းကန်နိုင် မနေနိုင် (တခြားသူတွေလို အခြေအနေအရ သွားရတာမဟုတ်ဘူးနော်)
ပဲ ဆတ်စလူးထပြီး တခြားတိုင်းပြည်သွားချင်တော့ (ထွက်ပြေးတာလဲဖြစ်ချင်ဖြစ်မှာ )
ဟိုနိုင်ငံကြီးက သူလုပ်ခဲ့ပတ်သက်ခဲ့တာတွေအရ ဗီဇာမပေးဘူး
အဲ့တော့ ဘာလုပ်လဲသိလား
လူမှုရေးအဖွဲ့စည်းကြီး တခုကို အတင်းသွားပတ်သက်တယ်
အဲ့ဒီအဖွဲ့စည်းကြီးရဲ့ နာမည်ကောင်းကျောထောက်နောက်ခံကို ယူပြီးမှ ဗီဇာ
သွားလျှောက်ပြီးလစ်သွားတာ(ကြားထဲမှာ ဇာတ်ရှုပ်တွေ အများကြီးရှိသေးတာ)
ပြီးတော့ ဟိုးအဝေးကြီးကနေမှ (ထောက်ပံ့ကြေးယူလို့ကောင်းအောင်) ဟိုအော်ဒီအော်လုပ်နေတာကိုပဲ ဒီကမသိတဲ့သူတွေခမျာ အဟုတ်တွေမှတ်နေကြရပြန်ရော
ဆိုတော့ကာ
ခင်ဗျားတို့ သိပ်ယုံကြည်လို့ ” ပြောင်းဖူးကိုင် ” ချင်ရင် ” ပြောင်းဖူးကိုင် ” နေကြ
ကျုပ်ကတော့ ” ပြောင်းဖူးကိုင် ” လို့ “အကြောင်းမထူးနိုင် ” တာကောင်းကောင်းသိတဲ့အပြင်
အခန့်မသင့်ရင် ကိုယ့်ဖန်တီးမှုလေးတွေ ထပ်အခိုးမခံကြရပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါရဲ့
မပြောဘူးဆိုပြီးကြည့်နေတာကြာပြီ
အခုဟာက မသိတဲ့လူတွေကို လာမှိုင်းတိုက်နေတာ
မသိတဲ့လူတွေကို အယုံသွင်းပြီး လူပါးလာပြန်ဝ နေလို့
ကြုံတဲ့လူပြောလိုက်စမ်းပါ အဲ့လူကို
အဝေးကြီးကဟိုအော် ဒီအော်လုပ်မနေနဲ့
မျက်နှာချင်းဆိုင် ပြောချင်ရင်ပြန်လာ ခဲ့ လို့တေးရေးတေးဆို အရိုးက ပြောပြီ Credit