မင္းကြန္း ပုထိုးေတာ္ႀကီး တည္ေဆာက္ခဲ့ၾကစဥ္က ေႏွာင္းလူတို႔ မသိ့ခဲ့ၾကရေသာ ျပႆနာမ်ား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ျမန္မာ့ခရီးသြား ေဒသတစ္ခုျဖစ္ေသာ မင္းကြန္း ေဒသကို ျပည္တြင္း ျပည္ပ ဘုရားဖူးေလ့လာေရး မိဘျပည္သူမ်ားသြားေရာက္ပါက မင္းကြန္းပုထိုး ေတာ္ႀကီး ကိုအေဝးမွပင္ စတင္ျမင္ေတြ႕ ၾကရပါမည္။

ပုထိုးေတာ္ႀကီးအား အနီးကပ္ ျမင္လိုက္ ရလွ်င္ ထုထည္အလြန္ႀကီးမား သျဖင့္ လူတိုင္း လိုလို အံ့ဩမွင္သက္သြား ၾကေစသလို ပေဟဠိဆန္လြန္းၿပီး ပုံမွန္ျမင္ဖူးေနၾက မဟုတ္ေသာ အံ့ဖြယ္အုတ္ ဗိမာန္ႀကီး အျဖစ္ ခံစား ေနၾကရပါသည္။

ေရွးက ငလ်င္ဒဏ္ အႀကီးက်ယ္ ခံလိုက္ ရသျဖင့္ ဧရာမ အက္ေၾကာင္းႀကီးမ်ားႏွင့္ အျပင္ပန္း သ႑ာန္မွာ ေရွးေၾကးမုံ ျပင္ပမာ ထင္ဟပ္ေပၚလြင္ လွပါသည္။

ဤမွ်ႀကီးမားေသာ ပုထိုးေတာ္ႀကီးကို လြန္ခဲ့ေသာ ႏွစ္ေပါင္း (၂၀၀)ေက်ာ္ ကုန္းေဘာင္ေခာတ္ဘုရင္ ဘိုးေတာ္ဘုရား က တည္ထားခဲ့ပါသည္။

မင္းကြန္း ပုထိုးေတာ္ႀကီးတည္ရန္ အမရပူရ ပဌမ ၿမိဳ႕တည္ ဘိုးေတာ္ ဘုရားသည္ (၁၁၅၂) ခုႏွစ္ ၊နတ္ေတာ္လဆန္း (၁၅) ရက္ေန႔ (၁၇၉၀)ခုႏွစ္တြင္ မင္းကြန္းသို႔ ထြက္ေတာ္မူခဲ့ၿပီး

(၄၉)ရက္အၾကာ (၁၁၅၂)ခု ၊ တပို႔တြဲလ ဆန္း(၅) ရက္ ၊တနဂၤေႏြေန႔၊ ခရစ္ႏွစ္ (၁၇၉၀) ခုႏွစ္တြင္ ပုထိုးေတာ္ႀကီးအား ေ႐ႊအုတ္ စခင္းခဲ့သည္ဟု ကုန္းေဘာင္ဆက္ မဟာရာဇဝင္ႀကီးတြင္ ေရးသားေဖာ္ျပ ထားရွိခဲ့ပါသည္။

ဘိုးေတာ္ဘုရားသည္ ယခင္ဘုရင္ အဆက္ဆက္ တို႔ တည္ထားခဲ့ဖူးေသာ ကုသိုလ္မ်ားႏွင့္မတူ ပုထိုးေတာ္ႀကီး ၊ ေရကန္ႀကီး ၊ ေခါင္းေလာင္းႀကီးႏွင့္ျခေသၤ့ႀကီး စေသာ ႀကီးေလးႀကီး ဒါယကာ ျဖစ္လိုခဲ့ပါသည္။

ယခုမင္းကြန္း ပုထိုးေတာ္ႀကီး တည္ေနရာသည္

ဘုရားေလာင္း ၾကက္မင္းျဖစ္ခဲ့စဥ္ အခါက က်က္စားရာ ေအာင္ေျမ ေနရာျဖစ္ခဲ့ဖူးပါသည္။

တနလာသၤားျဖစ္ေသာ ဘိုးေတာ္ဘုရားသည္ သူ၏စိတ္ကူး အလႈအား လက္ေတြ႕ အေကာင္အထည္ေဖၚရန္ ေဗဒင္ကိန္းခန္းအရ အသင့္ေတာ္ဆုံး ေနရာျဖစ္ေသာ မင္းကြန္း ေနရာကို ေ႐ြးခ်ယ္ပါေလေတာ့သည္။

ယခင္ မင္းကြန္းဟူေသာဘအမည္သည္ မင္းေကာင္႐ြာ ျဖစ္ၿပီး အင္းဝေခတ္တြင္ မင္းေခါင္ဟူေသာ ဘုရင္၏ အမည္ႏွင့္ ဆင္တူေနေလရာ “မင္း႐ြာ” ဟု ေျပာင္းခဲ့ရပါ သည္။

ဘိုးေတာ္ဘုရား လက္ထက္တြင္ ဘိုးေတာ္ဘုရား ယာယီစံနန္းျဖင့္ ကြန္းခို စံျမန္းေတာ္မူခဲ့ျပန္ေလရာ မင္းကြန္းဟု ေခၚတြင္ေတာ္မူေစခဲ့ ျပန္ပါေလသည္။

ေတာင္ေပၚေခ်ာင္းမွ ဝဒၵ ေခါင္းေလာင္းတြင္ “မင္းကြန္း၊ မင္း႐ြာ၊ မင္းေကာင္ သညာသုံးထပ္ရွိေသာ႐ြာ” ဟုေရးထိုးထားသည္ကို ယေန႔တိုင္ ေတြ႕ျမင္ၾကရ ပါသည္။

သို႔ေသာ္ ဘုရားႀကီးၿပီးေအာင္ မတည္ႏိုင္ခဲ့ၾကသျဖင့္ မည္သို႔ ျဖစ္လာမည္ကို မသိႏိုင္ခဲ့ၾကသလို ပုထိုးေတာ္ႀကီးႏွင့္

ပတ္သက္ေသာ မွတ္တမ္း မွတ္ရာမ်ားသည္လည္း တစ္ခုႏွင့္တစ္ခု ကြဲလြဲေနပါသျဖင့္ မွတ္တမ္းအခ်ိဳ႕ကို ေကာက္ႏႈတ္ၿပီး ပုထိုးေတာ္အနီးရွိ ပုံေတာ္ေစတီကို (၃၄) ဆခန္႔ ခ်ဲ႕ၾကည့္ၿပီးသကာက ၊

အၾကမ္းဖ်ဥ္း ပုံေပၚလာႏိုင္ၾကေစရန္လအတြက္ ပုံေတာ္ဘုရားႏွင့္ စာရင္းကို ေဖာ္ျပေပးလိုက္ ရပါသည္။

ေ႐ႊတိုက္ေတာ္ မူလစာရင္းမွ ပုရပိုက္မူအရ မင္းကြန္း ပုထိုးေတာ္ႀကီး၏ တည္ေဆာက္ခဲ့ရန္ လ်ာထားခဲ့ ေသာ စနစ္ေတာ္မ်ားမွာ

၁။ ေစတီေတာ္အခ်င္း – (၂၉၃) ေတာင္ (၂)မိုက္ (၄) သစ္။ တာ (၄၁၆)ေတာင္ (၂) မိုက္ (၄) သစ္။

၂။ အတြင္းေစတီေတာ္ဖိႏွပ္ – (၁၅၃) ေတာင္ (၂)မိုက္ (၄) သစ္။ တာ (၂၁၆)ေတာင္ (၂) မိုက္ (၄) သစ္။

၃။ ပထမအာလိန္အျမင့္ – (၂) ေတာင္၊ အခ်င္း (၂၉၃) ေတာင္ (၂)မိုက္ (၄) သစ္။

၄။ ဒုတိယအာလိန္အျမင့္ – (၂) ေတာင္၊ အခ်င္း (၂၆၅) ေတာင္ (၂)မိုက္ (၄) သစ္။

၅။ တတိယအာလိန္အျမင့္ – (၂) ေတာင္၊ အခ်င္း (၂၂၇) ေတာင္ (၂)မိုက္ (၄) သစ္။

၆။ စတုတၳအာလိန္အျမင့္ – (၂) ေတာင္၊ အခ်င္း (၂၀၉) ေတာင္ (၂)မိုက္ (၄) သစ္။

၇။ ပၪၥမအာလိန္အျမင့္ – (၂) ေတာင္၊ အခ်င္း (၁၀၈) ေတာင္ (၂)မိုက္ (၄) သစ္။

၈။ ဖယုံတုံးအျမင့္ – (၃) ေတာင္၊ (၁)မိုက္ (၄) သစ္ အခ်င္း (၁၅၃) ေတာင္ (၂)မိုက္ (၄) သစ္။

၉။ ကလပ္ခုံ လွဲစည္းကြင္းအျမင့္ (၅)ေတာင္။ အခ်င္း (၁၅၃) ေတာင္။

၁၀။ ကုလားေက်ာင္းအျမင့္ (၃၆)ေတာင္။ အခ်င္း(၁၅၀) ေတာင္။

၁၁။ ပထမပစၥယာအျမင့္ (၉)ေတာင္။ အခ်င္း (၁၃၂) ေတာင္။

၁၂။ ၎အထက္အခ်င္း (၁၃၁) ေတာင္။

၁၃။ ဒုတိယပစၥယာအျမင့္ (၈)ေတာင္။ အခ်င္း (၁၁၈) ေတာင္။

၁၄။ ၎အထက္အခ်င္း (၁၁၆) ေတာင္။

၁၅။ တတိယပစၥယာအျမင့္ (၆)ေတာင္။ အခ်င္း (၁၀၈) ေတာင္။

၁၆။ ၎အထက္အခ်င္း (၁၀၇) ေတာင္။

၁၇။ ကြမ္းေတာင္အျမင့္ (၁၀၀)ေတာင္။ အခ်င္း (၁၀၀) ေတာင္။

၁၈။ ၎အထက္အခ်င္း (၅၀) ေတာင္။

၁၉။ ေစတီပစၥယာအျမင့္ (၄)ေတာင္။ အခ်င္း (၅၀) ေတာင္။

၂၀။ ၎အထက္အခ်င္း (၄၉) ေတာင္။

၂၁။ ပထမေၾကးဝန္းအျမင့္ (၁)ေတာင္ ၊ (၁) မိုက္ အခ်င္း (၄၈) ေတာင္။

၂၂။ ဒုတိယေၾကးဝန္းအျမင့္ (၁)ေတာင္ ၊ အခ်င္ ေတာင္။

၂၃။ တတိယေၾကးဝန္းအျမင့္ (၁)ေတာင္ ၊ အခ်င္း (၄၆) ေတာင္။

၂၄။ ေခါင္းေလာင္းနာအျမင့္ (၂၄)ေတာင္ ၊ အခ်င္း (၄၈) ေတာင္။

၂၅။ ပထမေဖာင္းဝန္းအျမင့္ (၃)ေတာင္ ၊ အခ်င္း (၃၅)ေတာင္။

၂၆။ ဒုတိယေဖာင္းဝန္းမွ နဝမေဖာင္းဝန္းအထိ အျမင့္ (၂၂)ေတာင္ ၊ အခ်င္း (၁၅) ေတာင္။

၂၇။ ၾကာေအာက္အျမင့္ (၁၅) ေတာင္အခ်င္း (၁၄) ေတာင္။

၂၈။ ၾကာအထက္အျမင့္ (၁၀) ေတာင္ ။ အခ်င္း (၁၃) ေတာင္။

၂၉။ ၾကာစုအျမင့္ (၅) ေတာင္ ၊ အခ်င္း (၁၂) ေတာင္။

၃၀။ ခယားသီးအျမင့္ (၁၁) ေတာင္။ သတ္မွတ္ထား ေၾကာင္း သမိုင္း အေထာက္အထားတို႔အရ သိရွိရပါသည္။

ဤ စနစ္ေတာ္အရ ပုထိုးေတာ္ႀကီး ၿပီးစီးခဲ့လွ်င္ အျမင့္မွာ (၂၅၂) ေတာင္ (၂) မိုက္ (၄) သစ္ ရွိမည္ ျဖစ္ပါသည္။

စစ္ကိုင္းၿမိဳ႕နယ္ျဖစ္စဥ္ မွတ္တမ္းတြင္ –

ေသလကၡရ သမၺႏၶ ဒီပနီတြင္ ဖိနပ္အဝန္းေတာ္ အေတာင္ (၁၂၈၀)၊ တစ္မ်က္ႏွာ လွ်င္ ေပ(၄၈၀)၊ ပစၥယံမွာ (၄၅၀) စတုရန္း ေပ ၊ ေစတီအခ်င္းမွာ (၂၃၀) စတုရန္းေပ ဟုေဖာ္ျပထား သျဖင့္ ကမာၻ႔အႀကီးဆုံး ဧရာမပုထိုးႀကီး ျဖစ္လာမည္မွာ အေသအခ်ာပင္ ျဖစ္ပါမည္။

ျမန္မာ့ စြယ္စုံက်မ္းတြင္လည္း ဘုရားၿပီးပါက ေပ (၅၀၀) မွ်ရွိမည္ဟု ေဖာ္ျပထားရွိခဲ့ျပန္ပါသည္။

ပုထိုးေတာ္ႀကီး တည္ထားရာတြင္ ဌာပနာတိုက္ (၂၁) တိုက္ ထည့္သြင္း ထားရွိခဲ့ပါသည္။

အလယ္ ဌာပနာတိုက္မႀကီးကို ေၾကးသလြဲမည္း အခ်ိန္ (၄၁၄၈၃၄) ျဖင့္ စတုရန္း (၁၀) ေတာင္၊ အေစာက္ (၇) ေတာင္ အထူ (၁) အ႐ြယ္ျဖင့္ ျပဳလုပ္ထားခဲ့ပါသည္။

အလယ္ တိုက္၏ အေရွ႕ဘက္တြင္ အခ်င္း (၃) ေတာင္ (၂)မိုက္ ၊ အေစာက္ (၄) ေတာင္ အ႐ြယ္ ရွိေသာေၾကးစင္တိုက္ (၂) တိုက္ကို “သ-သံ-ပူ-က” အကၡရာ (၄) လုံးျဖင့္ ေရးသားထားရွိခဲ့ပါသည္။

၎မွာ နတ္သိၾကားမင္း ကူညီသည္ဟူေသာ ပါဠိစာပိုဒ္ တစ္ခုကို အတိုခ်ဳံ႕ထားျခင္း ျဖစ္ပါသည္။

အဓိပၸါယ္မွာ –

” နတ္အေပါင္းတို႔ကို အစိုးရေသာ ငါသိၾကားမင္း သည္ သတၱဝါတို႔ အစီးပြားကို ရွာေတာ္မူေသာ ျမတ္စြာဘုရားအား မင္းတရားႀကီး ၾကည္ညိဳႏွစ္သက္ျခင္းငွာ ေၾကးအုတ္တို႔ျဖင့္ ပူေဇာ္ျခင္းျပဳ၏”

ဟူ၍ပင္ ျဖစ္ပါသည္။

၎အလယ္တိုက္မကို ၿခံရံ၍ တစ္တိုက္လွ်င္ အခ်င္း (၃) ေတာင္ (၂) မိုက္ ၊ အေစာက္(၇)ေတာင္ အထူ (၁)မိုက္ ၊ ကို ေၾကးခ်ိန္ပိႆာ (၁၂၂၆၀၃) ပိႆာ ၊ (၇၀) သား ရွိ ဌာပနာတိုက္တို႔ ရွိၾကပါသည္။

အေရွ႕ဘက္တြင္ ဌာပနာ တိုက္ (၅) တိုက္ ၊ အေနာက္ ဘက္တြင္ ဌာပနာတိုက္ (၅) တိုက္ ၊ ေတာင္ဘက္တြင္ ဌာပနာတိုက္(၅) တိုက္၊ေျမာက္ဘက္ တြင္ ဌာပနာတိုက္ (၅) တိုက္ စီကိုတည္ေဆာက္ ထားရွိခဲ့ပါသည္။

ဌာပနာတိုက္ (၂၁) တိုက္၏ ေၾကးသလြဲ ပိႆာခ်ိန္ စုစုေပါင္းမွာ – (၂၈၆၆၉၀၈) ေက်ာ္ ျဖစ္ပါသည္။

(၁၁၅၈) ခုႏွစ္ ၊ တေပါင္းျပည့္ေန႔၊ (၁၇၉၇)ခုႏွစ္ မတ္လတြင္ ထိုဌာပနာတိုက္မ်ား အတြင္းသို႔ ႏွစ္က်ိတ္ရွစ္ဆူ ဆင္းတုမ်ားကို ေ႐ႊ႐ုပ္တု (၂)ဆူ ၊ ေငြ႐ုပ္တု (၂)ဆူ ၊ ဖူးေမွ်ာ္ေနေသာ ေ႐ႊေငြ႐ုပ္ (၄)႐ုပ္စီႏွင့္ ၊ ပြင့္ေတာ္မူၿပီးေသာ သစ္ပင္ တို႔ကို လည္း ေ႐ႊေငြတို႔ျဖင့္ ထုလုပ္ထားခဲ့ပါသည္။

ထို႔အျပင္ ဗုဒၶဝင္ခန္းမ်ားႏွင့္ ေအာင္ျခင္း(၈)ပါး တို႔ကိုလည္း ေ႐ႊ႐ုပ္ ေငြ႐ုပ္ မ်ားျဖင့္ ထုလုပ္ကာ ဌာပနာထားရွိ ခဲ့ျပန္ပါသည္။

ျမတ္စြာဘုရား ဝါဆိုစဥ္က တရားေဟာၾကားခဲ့ေသာ ႐ုပ္တု အပါအဝင္ ေ႐ႊ၊ ေငြ၊ ျမ၊ပယင္း၊ ျမင္းသီလာ၊ ပၪၥေလာဟာ၊ ဖန္၊ အႏၲကူေက်ာက္၊ နီလာ၊ ေက်ာက္သလင္း၊ ေက်ာက္စိမ္း၊

ေၾကး၊ သလြဲျဖဴ၊ ဒကၡိဏသာခါ၊ ဆင္စြယ္၊ ကရမက္၊ နံ႔သာ၊ ကံ့ကူေက်ာက္ျဖဴ၊ ေက်ာက္ညိဳ၊ ေက်ာက္ဝါဆင္းတုမ်ား အပါအဝင္ ဆင္းတုေတာ္ စုစုေပါင္း (၄၄၁၉၅) ဆူ ၊ ေစတီေပါင္း (၂၉၁၀)၊

ေက်ာင္း၊ ဇရပ္၊ သားေတာ္၊ သမီးေတာ္၊ မႉးႀကီးမတ္ရာပုံမ်ားစြာတို႔ကိုလည္း ထည့္သြင္း ဌာပနာ ခဲ့ျပန္ပါသည္။

စာဆိုေတာ္ ဒုတိယ နဝေဒးႀကီးက သူ၏ ဝိလာသိနီ ေမာ္ကြန္းတြင္- မင္းကြန္းသေျပ ၊ မည္တြင္ ေစလ်က္၊ ဆယ့္ႏွစ္ေခြၿပိဳင္၊ ေနာဒတ္အိုင္သို႔ ၊ ငါးဆိုင္ေတာင္စပ္၊ တည္ရာရပ္ တြင္၊

သင္းက်စ္ပတၱျမား၊ စြယ္ေတာ္ပြားကို ၊ မွံထားစုပုံ၊ ထူပါ႐ုံဟု၊ နတ္ဘုံ နိမ့္ျမင့္၊ ေတာင္ႀကီးသင့္သို႔ ၊ ဆင့္ဆင့္ပတ္ၿခံ ၊ အာလိန္ခံျဖင့္၊ ဒိသံမၸတိ၊ မင္းႀကီး လက္ၿပိဳင္၊ ေ႐ႊအုပ္ကိုင္၍၊

ကိုယ္တိုင္ေတာ္ေန၊ သို႔ ျဖစ္ေထြကို၊ ေအာက္ေျမအ ထဲ၊ ငရဲနဂါး၊ မိုးဖ်ားျဗဟၼာ ၊ သူရာဝွန္လႈိက္၊ က်ိဳက္က်ိဳက္မြန္နည္၊ သိစိမ့္ ရည္ သည္၊ ေဆာက္တည္ေ႐ႊႏွလုံး စြဲတည္း။ ဟုစပ္ဆို ေရးသား ထားခဲ့ျပန္ပါသည္။

ထိုေမာ္ကြန္း တစ္ေနရာတြင္လည္း –
“သိၾကားတံဆိပ္၊ ေ႐ႊလိပ္ခရာ၊ ျဖစ္႐ုံကာမွ်၊ စုလႅာသီတိ၊ သဟာႆိထက္၊ မုနိစူဠာ၊ ေစတီသာကို၊ ဣႏၵာဗိုလ္႐ူ၊ သဘင္ျပဳသို႔၊ အကုေဋနတ္၊ ေလာကဓာတ္၌၊ ပတ္ ပတ္ရစ္ၿခံ၊ ပြဲႀကီးခံ၍ ၊

သ သံ ပု က ၊ စာမအေက်ာ္၊ ေလးလုံးေပၚသား ၊ ထို ေရာမခါႏွစ္ ၊ ဓိပၸါယ္ျဖစ္မူ”ဟု စပ္ဆိုထားခဲ့ ျပန္ပါသည္။

ဌာပနာ စာရင္းမ်ားကို ကုန္းေဘာင္ မဟာရာဇဝင္ ေတာ္ႀကီးထဲတြင္ ပိုမိုသိရွိႏိုင္ရန္ ေဖာ္ျပထားရွိပါသည္။ ထိုအျပင္ ပုထိုးေတာ္ႀကီး၏ အဝေလးမ်က္ႏွာတို႔၌ အုတ္တိုက္တစ္ထပ္၊ သဲတိုက္တစ္ထပ္ ျဖင့္ အုတ္တိုက္ခုႏွစ္ထပ္၊ သဲတိုက္ ခုႏွစ္ထပ္ကို ျပဳလုပ္ထားရွိ ခဲ့ျပန္ပါသည္။

ပုထိုးေတာ္ တည္ေဆာက္ေရး အတြက္ အသင့္ေလ်ာ္ဆုံးႏွင့္ အႏၲရယ္ကင္းရွင္း ေစေရးအတြက္ အဝန္း (၄၄) ေပရွိေသာ အလည္မ႑ိဳင္ကို စ၍ ထူေထာင္ေစခဲ့ ပါသည္။ ထိုမ႑ိဳင္ကို ခ်ိန္မ်ဥ္းထား၍ စတင္ တည္ေဆာက္ျခင္းအား ေဆာင္႐ြက္ခဲ့ၾကပါသည္။

ပုထိုးေတာ္ႀကီး ခိုင္မာေတာင့္တင္းေအာင္ အရစ္လိုက္ ေျမာင္းေဖာ္ၿပီး ေၾကးမိုးႀကိဳး၊ သံကြင္းႀကီးမ်ားျဖင့္ ရစ္ပတ္ျမဳပ္ႏွံခဲ့ၾကပါသည္။ ထိုမွ တဆင့္ အတြင္းမွစ၍ အုတ္စီနည္း(သို႔) ျငမ္းေပ်ာက္ စနစ္ျဖင့္ အုတ္စတင္ စီခဲ့ၾကပါသည္။

ဘုရား တည္ေဆာက္ေရး ကာလတြင္၊ ပုထိုးေတာ္ ႀကီး၌ အမ်ားျပည္သူ ဖူးေမွ်ာ္ႏိုင္ေစရန္ သံပိႆာခ်ိန္ (၁၁၃၆၈) ျဖင့္ နန္းေတာ္ကြၽန္း႐ြာတြင္ ေရွးယခင္မင္း တစ္ပါးမွ် မသြန္းလုပ္ မပူေဇာ္ခဲ့ဖူးေသာ သံဆင္းတုေတာ္ တစ္ဆူအား သြန္းလုပ္ ေစခဲ့ျပန္ပါသည္။

ထိုဆင္းတုေတာ္သည္ အျခားမဟုတ္ ယေန႔ မႏၲေလးေတာင္ေျခရွိ စႏၵာမုနိဘုရားႀကီးပင္ ျဖစ္ပါေလေတာ့သည္။

ပုထိုးေတာ္ႀကီး ႏွင့္တၿပိဳင္နက္ အၿပီးသတ္ ေရစက္ခ် ႏိုင္ေရးအတြက္ အျခားႀကီး ေလးႀကီးအနက္မွ ျခေသၤ့ႀကီး ၊ ေရကန္ႀကီး ၊ေခါင္းေလာင္းႀကီး တို႔ကို လည္း တၿပိဳင္တည္း တည္ေဆာက္ခဲ့ၾကပါသည္။

ဘိုးေတာ္ဘုရားသည္ မင္းကြန္းႏွင့္ နန္းေတာ္ကြၽန္း႐ြာတို႔တြင္ ယာယီ နန္းေဆာက္ကာ ကိုယ္တိုင္ၾကပ္မွတ္ခဲ့ပါသည္။

မင္းကြန္း၏ ေတာင္ဘက္ (၆) မိုင္အကြာ ၾကက္ေထာင့္ အရပ္တြင္လည္း ေပ(၄၂၀) အက်ယ္၊ အနက္ (၃၁) ေပ၊ (၈) လက္မ နက္ေသာ ေရကန္ေတာ္ႀကီးကို တူးေဖၚေစခဲ့ ျပန္ပါသည္။

ဤမွ် ေဝးကြာေသာ ေနရာတြင္ တူးေဖၚရျခင္းမွာ အျခားမဟုတ္ ၊ ၾကက္ေထာင့္သည္ တနလၤာ၊ ကန္သည္ တနလၤာ ျဖစ္ပါသည္။

တည္ေဆာက္ေသာ ကာလၾကာျမင့္လာသည္ႏွင့္အမွ် ဤ စီမံကိန္းကာလအတြင္း ျပႆနာႀကီးမ်ား အမ်ိဳးစုံ ႀကဳံေတြ႕ခဲ့ရျပန္ပါသည္။

ဘိုးေတာ္ဘုရား၏ ဆင္ျဖဴတစ္ေကာင္ ေသေလသျဖင့္ ဆင္ျဖဴမရွိလွ်င္ ရန္သူလာတိုက္ခိုက္ႏိုင္သည္ဟု ဘိုးေတာ္ဘုရားက ခံစားရျပန္ပါသည္။

ထို႔ေၾကာင့္ ဆင္ျဖဴေသသည္ဟု မည္သူမွ် မေျပာရ ဆင္ျဖဴေပ်ာက္ သည္ဟုသာ ေျပာၾက ရပါသည္။

ဆင္ျဖဳေတာ္ ေသသည္ကို စိတ္မေကာင္းျဖစ္လြန္းသျဖင့္ ပုထိုးေတာ္ႀကီး ၏ အေနာက္ေျမာက္ေထာင့္ တြင္ဆင္ေသကို ျမႇပ္ႏွံေစခဲ့ ပါေလသည္။

ပုဏၰားမ်ား အႀကံျပဳခ်က္ အရ အသက္(၁၂၀)တိုင္ ရွည္ေစေရး အတြက္ ထိုပုထိုး ေတာ္ႀကီး၌ ဆီမီး (၁၂၀) အျခားလႉဖြယ္ (၁၂၀) တို႔ကို လႉဒါန္းခဲ့ ျပန္ပါေလသည္။

သိပ္မၾကာ လိုက္ပါေခ် ။ ဘိုးေတာ္ဘုရား ယာယီနန္းစံေနစဥ္ တြင္ ရွင္လြန္းမယ္မိဖုရား နတ္ျပည္စံေလျပန္သျဖင့္ ရွင္လြန္းမယ္ကို မခြဲႏိုင္ကာ လခ်ီ၍ထားၿပီး အမရပူရတြင္ သၿဂိဳလ္ရန္ စီစဥ္ရျပန္ပါေလသည္။

လူေသကိုၿမိဳ႕ထဲ ျပန္မသြင္းရန္ မႉးမတ္မ်ားအႀကံျပဳရာမွ ဆင္ျဖဴျမႇပ္ရာအနီးတြင္ မိဖုရားအား ျမႇပ္ျပန္ပါေလသည္။

တည္ေဆာက္ေရးသည္ အလြန္ႀကီးမားလွသလို အခ်ိန္လည္း ယူလွသျဖင့္ တိုင္းျပည္အရပ္ရပ္မွ လူထုမွာလုပ္အားေပးၾကရပါသည္။

ဘိလပ္ေျမေဖာ္စပ္ရန္ ဝါပင္မ်ား စိုက္ပ်ိဳးျခင္း ၊ အုံတုံပင္မ်ား မ်ားစြာအသုံးျပဳရျခင္း၊ သစ္ပင္မ်ားစြာခုတ္၍ အုတ္ဖုတ္ေပးရျခင္းတို႔ကို ႏွစ္ကာလ ၾကာရွည္စြာ လုပ္လာၾကရေသာ္ လြန္စြာပင္ပန္း လာၾကရပါသည္။

ေငြေၾကးမရသျဖင့္ စီးပြားေရးလည္း ထိ့ခိုက္ လာၾကပါသည္။ မေက်ႏွပ္မႈမ်ားလည္း ျဖစ္ေပၚလာၾကပါသည္။ ေနာက္ဆုံး ကမာၻ႔အႀကီးဆုံး ပုထိုးေတာ္ ႀကီး ျဖစ္ခြင့္ႏွင့္လႊဲသြားေလရန္ ဘိုးေတာ္ဘုရား ႀကဳံေတြ႕ လာရပါေလေတာ့သည္။

“ၾကက္ေထာင့္ ေၾကာင္ဝပ္၊ ဝါကြၽတ္မွ ထ ၊ ႀကီးေလးႀကီး အၿပီး မသတ္၊ မုဆိုး သုည ကပ္” ဟူေသာ တေဘာင္ တစ္ခု ေပၚထြက္ လာပါ ေလေတာ့သည္။

အဓိပၸါယ္မွာ ၾကက္ေထာင့္ ကန္ကို ဝါကြၽတ္မွ ထဆိုရာတြင္ (ေၾကာင္ထေသာလ- ျပာသိုလ) မွာမွ စတူး သည္ဟု ဆိုလိုပါသည္။

ႀကီးေလးႀကီးကို အၿပီးမသတ္ႏွင့္ အၿပီးသတ္လွ်င္ မုဆိုးဖို ေခၚ ကုန္းေဘာင္မင္းဆက္ ပ်က္သုန္းမည္ ဟု အဓိပၸါယ္ ရပါသည္။

အာဏာရွင္ ပေဒသရဇ္ မွန္လွ်င္ အတိတ္၊ တေဘာင္၊ စနည္း၊ ေဗဒင္ ယၾတာ တို႔ကို အစြမ္းကုန္ ယုံၾကည္ကာ မိမိ၏ ရာထူး အာဏာ လက္လႊတ္ ရမည့္ အေရးကို

ေသေဘး သဖြယ္ အလြန္ေၾကာက္႐ြံ႕ထိပ္လန္႔ တတ္ၾကၿပီး မိမိ့ကိုယ့္ကိုကိုယ္ မိမိ့ ကာကြယ္ရန္ မည္သည့္ကိစၥမဆို လုပ္ရဲၾကပါသည္။

ကန္ႀကီး ၊ ျခေသၤ့ႀကီး ေခါင္းေလာင္းႀကီး၊ တို႔ၿပီးသြား ခဲ့ပါေလၿပီ ၊ အကယ္၍ ပုထိုးေတာ္ ႀကီးၿပီးသြားခဲ့ပါလွ်င္ မင္းဆက္ပ်က္သုန္းမည္ကို ေၾကာက္႐ြံ႕ သြားေသာ ဘိုးေတာ္ ဘုရားသည္

ႏွစ္ (၂၀) ခန္႔ အခ်ိန္ယူတည္လာခဲ့ေသာ ပုထိုးေတာ္ စီမံကိန္းကို (၁၈၁၂) ခုႏွစ္တြင္ ခ်က္ခ်င္းရပ္ရန္ သံဓိဌာန္ ခ်လိုက္ရပါေလေတာ့သည္။ ၎ေနာက္ ပုထိုးေတာ္ႀကီး အစား ပုံေတာ္ဘုရားအား အၿပီး သတ္တည္ခဲ့ၿပီး ၊

စႏၵာမုနိဆင္းတုေတာ္ကို အမရပူရရွိ မဟာစႏၵာမုနိသို႔ (အမရပူရအဝင္ ဓာတ္ဆီဆိုင္အနီး)ျပန္သယ္ခဲ့ပါသည္။ ထိုဆင္းတုေတာ္ကို မင္းတုန္းမင္းမွ ယခုမႏၲေလးၿမိဳ႕သို႔ ျပန္လည္ေျပာင္းေ႐ႊ႕ သယ္ယူ ခဲ့ျပန္ပါသည္။

အမွန္တကယ္ေတာ့ ဘိုးေတာ္ဘုရားသည္ ပုထိုးေတာ္ႀကီးအား တည္ေဆာက္ရာတြင္ အမွားမ်ားစြာ ျပဳလုပ္ခဲ့ပါသည္။

၁။ ဘုရား၊ ေက်ာင္း၊ ကန္ လႉသည္ဟူေသာ အစဥ္အလာအရ ဘုရားမၿပီးခင္ ကန္လႉခဲ့ပါသည္။

၂။ ဆင္ျဖဴႏွင့္မိဖုရားတို႔ကို ဘုရားတည္ေဆာက္ရာ ေျမတြင္ ျမႇပ္ႏွံခဲ့ပါသည္။

၃။ ဘုရားမၿပီးခင္ မဟာရန္တံတိုင္းအား ခတ္ခဲ့ပါသည္။

၄။ အဂ်ၤင္နီယာရႈေထာင့္အရ Foundation ေကာင္းစြာ မျပဳလုပ္ခဲ့ပါ။

၅။ ပုဂံ ဘုရားမ်ားကဲ့သို႔ လႈိင္ပတ္လမ္းမ်ားျဖင့္ တည္ေဆာက္ထားေသာ ‘အဟ’ (Space) မထားရွိဘဲ ထုျပည့္ (Solid) ဘုရားအျဖစ္သာ တည္ေဆာက္ထားေသာ ဘုရား ျဖစ္ေနပါသည္။

၆။ အေလးခ်ိန္ (weight) ေလွ်ာ့ခ်ကာ ငလ်င္အတြက္ ႀကိဳတင္ တြက္ဆထားေသာ တည္ေဆာက္ေရး (Structure) ႏွင့္နည္းပညာေကာင္း မရွိခဲ့ျခင္း။

၇။ ပုဂံဘုရားမ်ားကဲ့သို႔ ငလ်င္အတြက္ လိုက္ေလ်ာ ညီေထြေသာ အုတ္စီပညာ ႏွင့္ေထာင့္ခ်ဳပ္ ေက်ာက္ (Corner Stones) မ်ား မထားရွိခဲ့ျခင္း၊

အစရွိေသာ အမွားမ်ားစြာတို႔ျဖင့္ “စၾကာေရခ် ငလ်င္ဒဏ္ ခံလိုက္ရအၿပီး ဧရာမ အက္ေၾကာင္း ႀကီးမ်ား ေပၚလာပါေလ ေတာ့သည္မွာ ယေန႔တိုင္ပင္ ျဖစ္ပါေလေတာ့သည္။

ထို႔ေၾကာင့္ ပုထိုးေတာ္ႀကီးသည္ ထိုေခတ္ ထိုအခါက ဧကရဇ္၏ ဘုန္းတန္ခိုး၊ ဇာတိမာန္၊ အယူသည္းမႈတို႔ ေရာေထြးေနေသာ ေရွးေၾကးမုံျပင္ ပုံရိပ္တစ္ခု အျဖစ္ႏွင့္ အၿပီးမသတ္ႏိုင္သည့္ အေျခေနျဖင့္သာ ထာဝရ ေက်ႏွပ္ ေနရပါေတာ့မည္။

အခုခရီးမသြား ျဖစ္ေသးေသာ္လည္း ဘုရားသမိုင္းေလးေတြ အျခားဗဟုသုတေလးေတြေတာ့ ေလ့လာထားလို႔ ရတာေပါ့ဗ်ာ…

အလုပ္အားတဲ့အခါၾကေတာ့လဲ ကြၽန္ေတာ္တို႔နဲ႔ အတူတူ ဘုရားဖူးရင္း အပန္းေျဖ ခရီးေတြ သြားၾကတာေပါ့ေနာ္

Credit….မူရင္းေရးသား တင္ျပသူ

Ref :
– သမိုင္းဝင္ မင္းကြန္း
– ျမန္မာ့ေျမဖုတ္ စဥ့္ထည္
– ကုန္းေဘာင္ေခတ္ မဟာရာဇဝင္ေတာ္ႀကီး

Unicode

မြန်မာ့ခရီးသွား ဒေသတစ်ခုဖြစ်သော မင်းကွန်း ဒေသကို ပြည်တွင်း ပြည်ပ ဘုရားဖူးလေ့လာရေး မိဘပြည်သူများသွားရောက်ပါက မင်းကွန်းပုထိုး တော်ကြီး ကိုအဝေးမှပင် စတင်မြင်တွေ့ ကြရပါမည်။

ပုထိုးတော်ကြီးအား အနီးကပ် မြင်လိုက် ရလျှင် ထုထည်အလွန်ကြီးမား သဖြင့် လူတိုင်း လိုလို အံ့ဩမှင်သက်သွား ကြစေသလို ပဟေဠိဆန်လွန်းပြီး ပုံမှန်မြင်ဖူးနေကြ မဟုတ်သော အံ့ဖွယ်အုတ် ဗိမာန်ကြီး အဖြစ် ခံစား နေကြရပါသည်။

ရှေးက ငလျင်ဒဏ် အကြီးကျယ် ခံလိုက် ရသဖြင့် ဧရာမ အက်ကြောင်းကြီးများနှင့် အပြင်ပန်း သဏ္ဍာန်မှာ ရှေးကြေးမုံ ပြင်ပမာ ထင်ဟပ်ပေါ်လွင် လှပါသည်။

ဤမျှကြီးမားသော ပုထိုးတော်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း (၂၀၀)ကျော် ကုန်းဘောင်ခောတ်ဘုရင် ဘိုးတော်ဘုရား က တည်ထားခဲ့ပါသည်။

မင်းကွန်း ပုထိုးတော်ကြီးတည်ရန် အမရပူရ ပဌမ မြို့တည် ဘိုးတော် ဘုရားသည် (၁၁၅၂) ခုနှစ် ၊နတ်တော်လဆန်း (၁၅) ရက်နေ့ (၁၇၉၀)ခုနှစ်တွင် မင်းကွန်းသို့ ထွက်တော်မူခဲ့ပြီး

(၄၉)ရက်အကြာ (၁၁၅၂)ခု ၊ တပို့တွဲလ ဆန်း(၅) ရက် ၊တနင်္ဂနွေနေ့၊ ခရစ်နှစ် (၁၇၉၀) ခုနှစ်တွင် ပုထိုးတော်ကြီးအား ရွှေအုတ် စခင်းခဲ့သည်ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် ရေးသားဖော်ပြ ထားရှိခဲ့ပါသည်။

ဘိုးတော်ဘုရားသည် ယခင်ဘုရင် အဆက်ဆက် တို့ တည်ထားခဲ့ဖူးသော ကုသိုလ်များနှင့်မတူ ပုထိုးတော်ကြီး ၊ ရေကန်ကြီး ၊ ခေါင်းလောင်းကြီးနှင့်ခြင်္သေ့ကြီး စသော ကြီးလေးကြီး ဒါယကာ ဖြစ်လိုခဲ့ပါသည်။

ယခုမင်းကွန်း ပုထိုးတော်ကြီး တည်နေရာသည် ဘုရားလောင်း ကြက်မင်းဖြစ်ခဲ့စဉ် အခါက ကျက်စားရာ အောင်မြေ နေရာဖြစ်ခဲ့ဖူးပါသည်။

တနလာင်္သားဖြစ်သော ဘိုးတော်ဘုရားသည် သူ၏စိတ်ကူး အလှုအား လက်တွေ့ အကောင်အထည်ဖေါ်ရန် ဗေဒင်ကိန်းခန်းအရ အသင့်တော်ဆုံး နေရာဖြစ်သော မင်းကွန်း နေရာကို ရွေးချယ်ပါလေတော့သည်။

ယခင် မင်းကွန်းဟူသောဘအမည်သည် မင်းကောင်ရွာ ဖြစ်ပြီး အင်းဝခေတ်တွင် မင်းခေါင်ဟူသော ဘုရင်၏ အမည်နှင့် ဆင်တူနေလေရာ “မင်းရွာ” ဟု ပြောင်းခဲ့ရပါ သည်။

ဘိုးတော်ဘုရား လက်ထက်တွင် ဘိုးတော်ဘုရား ယာယီစံနန်းဖြင့် ကွန်းခို စံမြန်းတော်မူခဲ့ပြန်လေရာ မင်းကွန်းဟု ခေါ်တွင်တော်မူစေခဲ့ ပြန်ပါလေသည်။

တောင်ပေါ်ချောင်းမှ ဝဒ္ဒ ခေါင်းလောင်းတွင် “မင်းကွန်း၊ မင်းရွာ၊ မင်းကောင် သညာသုံးထပ်ရှိသောရွာ” ဟုရေးထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်ကြရ ပါသည်။

သို့သော် ဘုရားကြီးပြီးအောင် မတည်နိုင်ခဲ့ကြသဖြင့် မည်သို့ ဖြစ်လာမည်ကို မသိနိုင်ခဲ့ကြသလို ပုထိုးတော်ကြီးနှင့်

ပတ်သက်သော မှတ်တမ်း မှတ်ရာများသည်လည်း တစ်ခုနှင့်တစ်ခု ကွဲလွဲနေပါသဖြင့် မှတ်တမ်းအချို့ကို ကောက်နှုတ်ပြီး ပုထိုးတော်အနီးရှိ ပုံတော်စေတီကို (၃၄) ဆခန့် ချဲ့ကြည့်ပြီးသကာက ၊

အကြမ်းဖျဉ်း ပုံပေါ်လာနိုင်ကြစေရန်လအတွက် ပုံတော်ဘုရားနှင့် စာရင်းကို ဖော်ပြပေးလိုက် ရပါသည်။

ရွှေတိုက်တော် မူလစာရင်းမှ ပုရပိုက်မူအရ မင်းကွန်း ပုထိုးတော်ကြီး၏ တည်ဆောက်ခဲ့ရန် လျာထားခဲ့ သော စနစ်တော်များမှာ

၁။ စေတီတော်အချင်း – (၂၉၃) တောင် (၂)မိုက် (၄) သစ်။ တာ (၄၁၆)တောင် (၂) မိုက် (၄) သစ်။

၂။ အတွင်းစေတီတော်ဖိနှပ် – (၁၅၃) တောင် (၂)မိုက် (၄) သစ်။ တာ (၂၁၆)တောင် (၂) မိုက် (၄) သစ်။

၃။ ပထမအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၉၃) တောင် (၂)မိုက် (၄) သစ်။

၄။ ဒုတိယအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၆၅) တောင် (၂)မိုက် (၄) သစ်။

၅။ တတိယအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၂၇) တောင် (၂)မိုက် (၄) သစ်။

၆။ စတုတ္ထအာလိန်အမြင့် – (၂) တောင်၊ အချင်း (၂၀၉) တောင် (၂)မိုက် (၄) သစ်။

၇။ ပဉ္စမအာလိန်အမြင့် – (၂) တောင်၊ အချင်း (၁၀၈) တောင် (၂)မိုက် (၄) သစ်။

၈။ ဖယုံတုံးအမြင့် – (၃) တောင်၊ (၁)မိုက် (၄) သစ် အချင်း (၁၅၃) တောင် (၂)မိုက် (၄) သစ်။

၉။ ကလပ်ခုံ လှဲစည်းကွင်းအမြင့် (၅)တောင်။ အချင်း (၁၅၃) တောင်။

၁၀။ ကုလားကျောင်းအမြင့် (၃၆)တောင်။ အချင်း(၁၅၀) တောင်။

၁၁။ ပထမပစ္စယာအမြင့် (၉)တောင်။ အချင်း (၁၃၂) တောင်။

၁၂။ ၎င်းအထက်အချင်း (၁၃၁) တောင်။

၁၃။ ဒုတိယပစ္စယာအမြင့် (၈)တောင်။ အချင်း (၁၁၈) တောင်။

၁၄။ ၎င်းအထက်အချင်း (၁၁၆) တောင်။

၁၅။ တတိယပစ္စယာအမြင့် (၆)တောင်။ အချင်း (၁၀၈) တောင်။

၁၆။ ၎င်းအထက်အချင်း (၁၀၇) တောင်။

၁၇။ ကွမ်းတောင်အမြင့် (၁၀၀)တောင်။ အချင်း (၁၀၀) တောင်။

၁၈။ ၎င်းအထက်အချင်း (၅၀) တောင်။

၁၉။ စေတီပစ္စယာအမြင့် (၄)တောင်။ အချင်း (၅၀) တောင်။

၂၀။ ၎င်းအထက်အချင်း (၄၉) တောင်။

၂၁။ ပထမကြေးဝန်းအမြင့် (၁)တောင် ၊ (၁) မိုက် အချင်း (၄၈) တောင်။

၂၂။ ဒုတိယကြေးဝန်းအမြင့် (၁)တောင် ၊ အချင် တောင်။

၂၃။ တတိယကြေးဝန်းအမြင့် (၁)တောင် ၊ အချင်း (၄၆) တောင်။

၂၄။ ခေါင်းလောင်းနာအမြင့် (၂၄)တောင် ၊ အချင်း (၄၈) တောင်။

၂၅။ ပထမဖောင်းဝန်းအမြင့် (၃)တောင် ၊ အချင်း (၃၅)တောင်။

၂၆။ ဒုတိယဖောင်းဝန်းမှ နဝမဖောင်းဝန်းအထိ အမြင့် (၂၂)တောင် ၊ အချင်း (၁၅) တောင်။

၂၇။ ကြာအောက်အမြင့် (၁၅) တောင်အချင်း (၁၄) တောင်။

၂၈။ ကြာအထက်အမြင့် (၁၀) တောင် ။ အချင်း (၁၃) တောင်။

၂၉။ ကြာစုအမြင့် (၅) တောင် ၊ အချင်း (၁၂) တောင်။

၃၀။ ခယားသီးအမြင့် (၁၁) တောင်။ သတ်မှတ်ထား ကြောင်း သမိုင်း အထောက်အထားတို့အရ သိရှိရပါသည်။

ဤ စနစ်တော်အရ ပုထိုးတော်ကြီး ပြီးစီးခဲ့လျှင် အမြင့်မှာ (၂၅၂) တောင် (၂) မိုက် (၄) သစ် ရှိမည် ဖြစ်ပါသည်။ စစ်ကိုင်းမြို့နယ်ဖြစ်စဉ် မှတ်တမ်းတွင် –

သေလက္ခရ သမ္ဗန္ဓ ဒီပနီတွင် ဖိနပ်အဝန်းတော် အတောင် (၁၂၈၀)၊ တစ်မျက်နှာ လျှင် ပေ(၄၈၀)၊ ပစ္စယံမှာ (၄၅၀) စတုရန်း ပေ ၊ စေတီအချင်းမှာ (၂၃၀) စတုရန်းပေ ဟုဖော်ပြထား သဖြင့် ကမ္ဘာ့အကြီးဆုံး ဧရာမပုထိုးကြီး ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်ပါမည်။

မြန်မာ့ စွယ်စုံကျမ်းတွင်လည်း ဘုရားပြီးပါက ပေ (၅၀၀) မျှရှိမည်ဟု ဖော်ပြထားရှိခဲ့ပြန်ပါသည်။

ပုထိုးတော်ကြီး တည်ထားရာတွင် ဌာပနာတိုက် (၂၁) တိုက် ထည့်သွင်း ထားရှိခဲ့ပါသည်။

အလယ် ဌာပနာတိုက်မကြီးကို ကြေးသလွဲမည်း အချိန် (၄၁၄၈၃၄) ဖြင့် စတုရန်း (၁၀) တောင်၊ အစောက် (၇) တောင် အထူ (၁) အရွယ်ဖြင့် ပြုလုပ်ထားခဲ့ပါသည်။

အလယ် တိုက်၏ အရှေ့ဘက်တွင် အချင်း (၃) တောင် (၂)မိုက် ၊ အစောက် (၄) တောင် အရွယ် ရှိသောကြေးစင်တိုက် (၂) တိုက်ကို “သ-သံ-ပူ-က” အက္ခရာ (၄) လုံးဖြင့် ရေးသားထားရှိခဲ့ပါသည်။

၎င်းမှာ နတ်သိကြားမင်း ကူညီသည်ဟူသော ပါဠိစာပိုဒ် တစ်ခုကို အတိုချုံ့ထားခြင်း ဖြစ်ပါသည်။

အဓိပ္ပါယ်မှာ –

” နတ်အပေါင်းတို့ကို အစိုးရသော ငါသိကြားမင်း သည် သတ္တဝါတို့ အစီးပွားကို ရှာတော်မူသော မြတ်စွာဘုရားအား မင်းတရားကြီး ကြည်ညိုနှစ်သက်ခြင်းငှာ ကြေးအုတ်တို့ဖြင့် ပူဇော်ခြင်းပြု၏”

ဟူ၍ပင် ဖြစ်ပါသည်။

၎င်းအလယ်တိုက်မကို ခြံရံ၍ တစ်တိုက်လျှင် အချင်း (၃) တောင် (၂) မိုက် ၊ အစောက်(၇)တောင် အထူ (၁)မိုက် ၊ ကို ကြေးချိန်ပိဿာ (၁၂၂၆၀၃) ပိဿာ ၊ (၇၀) သား ရှိ ဌာပနာတိုက်တို့ ရှိကြပါသည်။

အရှေ့ဘက်တွင် ဌာပနာ တိုက် (၅) တိုက် ၊ အနောက် ဘက်တွင် ဌာပနာတိုက် (၅) တိုက် ၊ တောင်ဘက်တွင် ဌာပနာတိုက်(၅) တိုက်၊မြောက်ဘက် တွင် ဌာပနာတိုက် (၅) တိုက် စီကိုတည်ဆောက် ထားရှိခဲ့ပါသည်။

ဌာပနာတိုက် (၂၁) တိုက်၏ ကြေးသလွဲ ပိဿာချိန် စုစုပေါင်းမှာ – (၂၈၆၆၉၀၈) ကျော် ဖြစ်ပါသည်။

(၁၁၅၈) ခုနှစ် ၊ တပေါင်းပြည့်နေ့၊ (၁၇၉၇)ခုနှစ် မတ်လတွင် ထိုဌာပနာတိုက်များ အတွင်းသို့ နှစ်ကျိတ်ရှစ်ဆူ ဆင်းတုများကို ရွှေရုပ်တု (၂)ဆူ ၊ ငွေရုပ်တု (၂)ဆူ ၊ ဖူးမျှော်နေသော ရွှေငွေရုပ် (၄)ရုပ်စီနှင့် ၊ ပွင့်တော်မူပြီးသော သစ်ပင် တို့ကို လည်း ရွှေငွေတို့ဖြင့် ထုလုပ်ထားခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဝင်ခန်းများနှင့် အောင်ခြင်း(၈)ပါး တို့ကိုလည်း ရွှေရုပ် ငွေရုပ် များဖြင့် ထုလုပ်ကာ ဌာပနာထားရှိ ခဲ့ပြန်ပါသည်။

မြတ်စွာဘုရား ဝါဆိုစဉ်က တရားဟောကြားခဲ့သော ရုပ်တု အပါအဝင် ရွှေ၊ ငွေ၊ မြ၊ပယင်း၊ မြင်းသီလာ၊ ပဉ္စလောဟာ၊ ဖန်၊ အန္တကူကျောက်၊ နီလာ၊ ကျောက်သလင်း၊ ကျောက်စိမ်း၊

ကြေး၊ သလွဲဖြူ၊ ဒက္ခိဏသာခါ၊ ဆင်စွယ်၊ ကရမက်၊ နံ့သာ၊ ကံ့ကူကျောက်ဖြူ၊ ကျောက်ညို၊ ကျောက်ဝါဆင်းတုများ အပါအဝင် ဆင်းတုတော် စုစုပေါင်း (၄၄၁၉၅) ဆူ ၊ စေတီပေါင်း (၂၉၁၀)၊

ကျောင်း၊ ဇရပ်၊ သားတော်၊ သမီးတော်၊ မှူးကြီးမတ်ရာပုံများစွာတို့ကိုလည်း ထည့်သွင်း ဌာပနာ ခဲ့ပြန်ပါသည်။

စာဆိုတော် ဒုတိယ နဝဒေးကြီးက သူ၏ ဝိလာသိနီ မော်ကွန်းတွင်- မင်းကွန်းသပြေ ၊ မည်တွင် စေလျက်၊ ဆယ့်နှစ်ခွေပြိုင်၊ နောဒတ်အိုင်သို့ ၊ ငါးဆိုင်တောင်စပ်၊ တည်ရာရပ် တွင်၊

သင်းကျစ်ပတ္တမြား၊ စွယ်တော်ပွားကို ၊ မှံထားစုပုံ၊ ထူပါရုံဟု၊ နတ်ဘုံ နိမ့်မြင့်၊ တောင်ကြီးသင့်သို့ ၊ ဆင့်ဆင့်ပတ်ခြံ ၊ အာလိန်ခံဖြင့်၊ ဒိသံမ္ပတိ၊ မင်းကြီး လက်ပြိုင်၊ ရွှေအုပ်ကိုင်၍၊

ကိုယ်တိုင်တော်နေ၊ သို့ ဖြစ်ထွေကို၊ အောက်မြေအ ထဲ၊ ငရဲနဂါး၊ မိုးဖျားဗြဟ္မာ ၊ သူရာဝှန်လှိုက်၊ ကျိုက်ကျိုက်မွန်နည်၊ သိစိမ့် ရည် သည်၊ ဆောက်တည်ရွှေနှလုံး စွဲတည်း။ ဟုစပ်ဆို ရေးသား ထားခဲ့ပြန်ပါသည်။

ထိုမော်ကွန်း တစ်နေရာတွင်လည်း –
“သိကြားတံဆိပ်၊ ရွှေလိပ်ခရာ၊ ဖြစ်ရုံကာမျှ၊ စုလ္လာသီတိ၊ သဟာဿိထက်၊ မုနိစူဠာ၊ စေတီသာကို၊ ဣန္ဒာဗိုလ်ရူ၊ သဘင်ပြုသို့၊ အကုဋေနတ်၊ လောကဓာတ်၌၊ ပတ် ပတ်ရစ်ခြံ၊ ပွဲကြီးခံ၍ ၊

သ သံ ပု က ၊ စာမအကျော်၊ လေးလုံးပေါ်သား ၊ ထို ရောမခါနှစ် ၊ ဓိပ္ပါယ်ဖြစ်မူ”ဟု စပ်ဆိုထားခဲ့ ပြန်ပါသည်။

ဌာပနာ စာရင်းများကို ကုန်းဘောင် မဟာရာဇဝင် တော်ကြီးထဲတွင် ပိုမိုသိရှိနိုင်ရန် ဖော်ပြထားရှိပါသည်။ ထိုအပြင် ပုထိုးတော်ကြီး၏ အဝလေးမျက်နှာတို့၌ အုတ်တိုက်တစ်ထပ်၊ သဲတိုက်တစ်ထပ် ဖြင့် အုတ်တိုက်ခုနှစ်ထပ်၊ သဲတိုက် ခုနှစ်ထပ်ကို ပြုလုပ်ထားရှိ ခဲ့ပြန်ပါသည်။

ပုထိုးတော် တည်ဆောက်ရေး အတွက် အသင့်လျော်ဆုံးနှင့် အန္တရယ်ကင်းရှင်း စေရေးအတွက် အဝန်း (၄၄) ပေရှိသော အလည်မဏ္ဍိုင်ကို စ၍ ထူထောင်စေခဲ့ ပါသည်။ ထိုမဏ္ဍိုင်ကို ချိန်မျဉ်းထား၍ စတင် တည်ဆောက်ခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။

ပုထိုးတော်ကြီး ခိုင်မာတောင့်တင်းအောင် အရစ်လိုက် မြောင်းဖော်ပြီး ကြေးမိုးကြိုး၊ သံကွင်းကြီးများဖြင့် ရစ်ပတ်မြုပ်နှံခဲ့ကြပါသည်။ ထိုမှ တဆင့် အတွင်းမှစ၍ အုတ်စီနည်း(သို့) ငြမ်းပျောက် စနစ်ဖြင့် အုတ်စတင် စီခဲ့ကြပါသည်။

ဘုရား တည်ဆောက်ရေး ကာလတွင်၊ ပုထိုးတော် ကြီး၌ အများပြည်သူ ဖူးမျှော်နိုင်စေရန် သံပိဿာချိန် (၁၁၃၆၈) ဖြင့် နန်းတော်ကျွန်းရွာတွင် ရှေးယခင်မင်း တစ်ပါးမျှ မသွန်းလုပ် မပူဇော်ခဲ့ဖူးသော သံဆင်းတုတော် တစ်ဆူအား သွန်းလုပ် စေခဲ့ပြန်ပါသည်။

ထိုဆင်းတုတော်သည် အခြားမဟုတ် ယနေ့ မန္တလေးတောင်ခြေရှိ စန္ဒာမုနိဘုရားကြီးပင် ဖြစ်ပါလေတော့သည်။

ပုထိုးတော်ကြီး နှင့်တပြိုင်နက် အပြီးသတ် ရေစက်ချ နိုင်ရေးအတွက် အခြားကြီး လေးကြီးအနက်မှ ခြင်္သေ့ကြီး ၊ ရေကန်ကြီး ၊ခေါင်းလောင်းကြီး တို့ကို လည်း တပြိုင်တည်း တည်ဆောက်ခဲ့ကြပါသည်။

ဘိုးတော်ဘုရားသည် မင်းကွန်းနှင့် နန်းတော်ကျွန်းရွာတို့တွင် ယာယီ နန်းဆောက်ကာ ကိုယ်တိုင်ကြပ်မှတ်ခဲ့ပါသည်။

မင်းကွန်း၏ တောင်ဘက် (၆) မိုင်အကွာ ကြက်ထောင့် အရပ်တွင်လည်း ပေ(၄၂၀) အကျယ်၊ အနက် (၃၁) ပေ၊ (၈) လက်မ နက်သော ရေကန်တော်ကြီးကို တူးဖေါ်စေခဲ့ ပြန်ပါသည်။

ဤမျှ ဝေးကွာသော နေရာတွင် တူးဖေါ်ရခြင်းမှာ အခြားမဟုတ် ၊ ကြက်ထောင့်သည် တနင်္လာ၊ ကန်သည် တနင်္လာ ဖြစ်ပါသည်။

တည်ဆောက်သော ကာလကြာမြင့်လာသည်နှင့်အမျှ ဤ စီမံကိန်းကာလအတွင်း ပြဿနာကြီးများ အမျိုးစုံ ကြုံတွေ့ခဲ့ရပြန်ပါသည်။

ဘိုးတော်ဘုရား၏ ဆင်ဖြူတစ်ကောင် သေလေသဖြင့် ဆင်ဖြူမရှိလျှင် ရန်သူလာတိုက်ခိုက်နိုင်သည်ဟု ဘိုးတော်ဘုရားက ခံစားရပြန်ပါသည်။

ထို့ကြောင့် ဆင်ဖြူသေသည်ဟု မည်သူမျှ မပြောရ ဆင်ဖြူပျောက် သည်ဟုသာ ပြောကြ ရပါသည်။

ဆင်ဖြုတော် သေသည်ကို စိတ်မကောင်းဖြစ်လွန်းသဖြင့် ပုထိုးတော်ကြီး ၏ အနောက်မြောက်ထောင့် တွင်ဆင်သေကို မြှပ်နှံစေခဲ့ ပါလေသည်။

ပုဏ္ဏားများ အကြံပြုချက် အရ အသက်(၁၂၀)တိုင် ရှည်စေရေး အတွက် ထိုပုထိုး တော်ကြီး၌ ဆီမီး (၁၂၀) အခြားလှူဖွယ် (၁၂၀) တို့ကို လှူဒါန်းခဲ့ ပြန်ပါလေသည်။

သိပ်မကြာ လိုက်ပါချေ ။ ဘိုးတော်ဘုရား ယာယီနန်းစံနေစဉ် တွင် ရှင်လွန်းမယ်မိဖုရား နတ်ပြည်စံလေပြန်သဖြင့် ရှင်လွန်းမယ်ကို မခွဲနိုင်ကာ လချီ၍ထားပြီး အမရပူရတွင် သဂြိုလ်ရန် စီစဉ်ရပြန်ပါလေသည်။

လူသေကိုမြို့ထဲ ပြန်မသွင်းရန် မှူးမတ်များအကြံပြုရာမှ ဆင်ဖြူမြှပ်ရာအနီးတွင် မိဖုရားအား မြှပ်ပြန်ပါလေသည်။

တည်ဆောက်ရေးသည် အလွန်ကြီးမားလှသလို အချိန်လည်း ယူလှသဖြင့် တိုင်းပြည်အရပ်ရပ်မှ လူထုမှာလုပ်အားပေးကြရပါသည်။

ဘိလပ်မြေဖော်စပ်ရန် ဝါပင်များ စိုက်ပျိုးခြင်း ၊ အုံတုံပင်များ များစွာအသုံးပြုရခြင်း၊ သစ်ပင်များစွာခုတ်၍ အုတ်ဖုတ်ပေးရခြင်းတို့ကို နှစ်ကာလ ကြာရှည်စွာ လုပ်လာကြရသော် လွန်စွာပင်ပန်း လာကြရပါသည်။

ငွေကြေးမရသဖြင့် စီးပွားရေးလည်း ထိ့ခိုက် လာကြပါသည်။ မကျေနှပ်မှုများလည်း ဖြစ်ပေါ်လာကြပါသည်။ နောက်ဆုံး ကမ္ဘာ့အကြီးဆုံး ပုထိုးတော် ကြီး ဖြစ်ခွင့်နှင့်လွှဲသွားလေရန် ဘိုးတော်ဘုရား ကြုံတွေ့ လာရပါလေတော့သည်။

“ကြက်ထောင့် ကြောင်ဝပ်၊ ဝါကျွတ်မှ ထ ၊ ကြီးလေးကြီး အပြီး မသတ်၊ မုဆိုး သုည ကပ်” ဟူသော တဘောင် တစ်ခု ပေါ်ထွက် လာပါ လေတော့သည်။

အဓိပ္ပါယ်မှာ ကြက်ထောင့် ကန်ကို ဝါကျွတ်မှ ထဆိုရာတွင် (ကြောင်ထသောလ- ပြာသိုလ) မှာမှ စတူး သည်ဟု ဆိုလိုပါသည်။

ကြီးလေးကြီးကို အပြီးမသတ်နှင့် အပြီးသတ်လျှင် မုဆိုးဖို ခေါ် ကုန်းဘောင်မင်းဆက် ပျက်သုန်းမည် ဟု အဓိပ္ပါယ် ရပါသည်။

အာဏာရှင် ပဒေသရဇ် မှန်လျှင် အတိတ်၊ တဘောင်၊ စနည်း၊ ဗေဒင် ယတြာ တို့ကို အစွမ်းကုန် ယုံကြည်ကာ မိမိ၏ ရာထူး အာဏာ လက်လွှတ် ရမည့် အရေးကို

သေဘေး သဖွယ် အလွန်ကြောက်ရွံ့ထိပ်လန့် တတ်ကြပြီး မိမိ့ကိုယ့်ကိုကိုယ် မိမိ့ ကာကွယ်ရန် မည်သည့်ကိစ္စမဆို လုပ်ရဲကြပါသည်။

ကန်ကြီး ၊ ခြင်္သေ့ကြီး ခေါင်းလောင်းကြီး၊ တို့ပြီးသွား ခဲ့ပါလေပြီ ၊ အကယ်၍ ပုထိုးတော် ကြီးပြီးသွားခဲ့ပါလျှင် မင်းဆက်ပျက်သုန်းမည်ကို ကြောက်ရွံ့ သွားသော ဘိုးတော် ဘုရားသည်

နှစ် (၂၀) ခန့် အချိန်ယူတည်လာခဲ့သော ပုထိုးတော် စီမံကိန်းကို (၁၈၁၂) ခုနှစ်တွင် ချက်ချင်းရပ်ရန် သံဓိဌာန် ချလိုက်ရပါလေတော့သည်။ ၎င်းနောက် ပုထိုးတော်ကြီး အစား ပုံတော်ဘုရားအား အပြီး သတ်တည်ခဲ့ပြီး ၊

စန္ဒာမုနိဆင်းတုတော်ကို အမရပူရရှိ မဟာစန္ဒာမုနိသို့ (အမရပူရအဝင် ဓာတ်ဆီဆိုင်အနီး)ပြန်သယ်ခဲ့ပါသည်။ ထိုဆင်းတုတော်ကို မင်းတုန်းမင်းမှ ယခုမန္တလေးမြို့သို့ ပြန်လည်ပြောင်းရွှေ့ သယ်ယူ ခဲ့ပြန်ပါသည်။

အမှန်တကယ်တော့ ဘိုးတော်ဘုရားသည် ပုထိုးတော်ကြီးအား တည်ဆောက်ရာတွင် အမှားများစွာ ပြုလုပ်ခဲ့ပါသည်။

၁။ ဘုရား၊ ကျောင်း၊ ကန် လှူသည်ဟူသော အစဉ်အလာအရ ဘုရားမပြီးခင် ကန်လှူခဲ့ပါသည်။

၂။ ဆင်ဖြူနှင့်မိဖုရားတို့ကို ဘုရားတည်ဆောက်ရာ မြေတွင် မြှပ်နှံခဲ့ပါသည်။

၃။ ဘုရားမပြီးခင် မဟာရန်တံတိုင်းအား ခတ်ခဲ့ပါသည်။

၄။ အင်္ဂျင်နီယာရှုထောင့်အရ Foundation ကောင်းစွာ မပြုလုပ်ခဲ့ပါ။

၅။ ပုဂံ ဘုရားများကဲ့သို့ လှိုင်ပတ်လမ်းများဖြင့် တည်ဆောက်ထားသော ‘အဟ’ (Space) မထားရှိဘဲ ထုပြည့် (Solid) ဘုရားအဖြစ်သာ တည်ဆောက်ထားသော ဘုရား ဖြစ်နေပါသည်။

၆။ အလေးချိန် (weight) လျှော့ချကာ ငလျင်အတွက် ကြိုတင် တွက်ဆထားသော တည်ဆောက်ရေး (Structure) နှင့်နည်းပညာကောင်း မရှိခဲ့ခြင်း။

၇။ ပုဂံဘုရားများကဲ့သို့ ငလျင်အတွက် လိုက်လျော ညီထွေသော အုတ်စီပညာ နှင့်ထောင့်ချုပ် ကျောက် (Corner Stones) များ မထားရှိခဲ့ခြင်း၊

အစရှိသော အမှားများစွာတို့ဖြင့် “စကြာရေချ ငလျင်ဒဏ် ခံလိုက်ရအပြီး ဧရာမ အက်ကြောင်း ကြီးများ ပေါ်လာပါလေ တော့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါလေတော့သည်။

ထို့ကြောင့် ပုထိုးတော်ကြီးသည် ထိုခေတ် ထိုအခါက ဧကရဇ်၏ ဘုန်းတန်ခိုး၊ ဇာတိမာန်၊ အယူသည်းမှုတို့ ရောထွေးနေသော ရှေးကြေးမုံပြင် ပုံရိပ်တစ်ခု အဖြစ်နှင့် အပြီးမသတ်နိုင်သည့် အခြေနေဖြင့်သာ ထာဝရ ကျေနှပ် နေရပါတော့မည်။

အခုခရီးမသွား ဖြစ်သေးသော်လည်း ဘုရားသမိုင်းလေးတွေ အခြားဗဟုသုတလေးတွေတော့ လေ့လာထားလို့ ရတာပေါ့ဗျာ…

အလုပ်အားတဲ့အခါကြတော့လဲ ကျွန်တော်တို့နဲ့ အတူတူ ဘုရားဖူးရင်း အပန်းဖြေ ခရီးတွေ သွားကြတာပေါ့နော်

Credit….မူရင်းရေးသား တင်ပြသူ

Ref :
– သမိုင်းဝင် မင်းကွန်း
– မြန်မာ့မြေဖုတ် စဥ့်ထည်
– ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး