Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
မြန်မာနိုင်ငံထဲမှာတည်ရှိပြီး ရာဇဝတ်မှုလုံးဝမရှိပဲ အေးချမ်းသာယာလှတဲ့ ကရင်ရွာကလေး
လူတိုင်း ခရီးသွားကြပါတယ်နော်။ ဒါပေမယ့်လည်း ဒီနေရာကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ
။မြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ၊
တည်ငြိမ်အေးချမ်းတဲ့ ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာ အမှန်ပါဘဲနော်။
ပိုပြီးထူးခြားတဲ့ အချက်တွေကတော့ အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ, မခတ်ထားတာပါဘူး။ သူခိုး/ဓားပြဆိုတာလည်း မရှိပါဘူး။
ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင်ဆိုပြီး ခံယူထားကြတာပါ
။နောက်ပြီးရွာအတွင်း စီးပွားရေးလုပ်ခွင့် မရှိတာပါပဲ။
ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ၊ စီးပွားရေးကိုတော့ ရွာအပြင်မှာပဲ ထွက်ပြီး စီးပွား ရှာကြပါတယ်တဲ့။
မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့။ဒီရွာရဲ့ အထူးနာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်းပါပဲတဲ့။
ကရင်လူမျိုးတွေ၊ မျိုးနွယ်ပေါင်းစုံ စုဝေးနေထိုင်တဲ့ ရွာလေး တစ် ရွာလည်း ဖြစ်ပါတယ်။
ဒီရွာကို တည်စက ထမင်းမစား ရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့တည်ခဲ့ရတယ်လို့ အိမ်ရှင် အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ်။
ရွာအတွင်းက လူတွေဟာလည်း ရိုးသား ဖြူစင်ကြပါတယ်။
တစ် ယောက်ကို တစ်ယောက် ကူညီရိုင်းပင်းရင်း မိမိရွာကို ထိန်သိမ်းစောင့်ရှောက် နေကြတာပါ။
အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧက အနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးဟာ
ကရင်ပြည်နယ် ဘားအံမြို့အနီး ဇွဲကပင်တောင်ခမှာ
တည်ရှိတဲ့ မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်နော်။လေးစားစွာဖြင့် ခရက်ဒစ် ; Min Naing Nyo