ေျမက်င္းတူးရာမွ ရဟႏၲာ ႐ုပ္ထုေတာ္ (၃) ဆူေတြ႕ရွိ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ေျမက်င္းတူးရာမွ ရဟႏၲာ ႐ုပ္ထုေတာ္ (၃) ဆူေတြ႕ရွိ
သစ္ပင္စိုက္ရန္ ေျမက်င္းတူးရာမွ ရဟႏၲာ ႐ုပ္ထုေတာ္ (၃) ဆူေတြ႕ရွိ
မႏၲေလးတိုင္းေဒသႀကီး၊မလႈိင္ၿမိဳ႕နယ္ ၊
ကမာၻးျဖဴေက်း႐ြာအုပ္စု ၊ ကြင္းအမွတ္ (၂ဝ၈)၊ မိတၳီလာ ျမင္းၿခံသြား
ေမာ္ေတာ္ ကားလမ္းမေဘး မိုင္တိုင္ ၂၃ မိုင္ရွိ နယူးဖို႔ စက္သုံးဆီ အေရာင္းဆိုင္
ေျမာက္ဖက္ ဦးျမင့္ႀကိဳင္၏ ေျမကြက္ တြင္
ယေန႔ နံနက္ ၉ နာရီ အခ်ိန္ ခန႔္ က သစ္ပင္ စိုက္ရန္ ေျမက်င္းတူးရာမွ
ရဟႏၲာ ႐ုပ္ထု ေတာ္ (၃) ဆူေတြ႕ရွိ ေၾကာင္း သိရ သည္ ။
အဆိုပါ ရဟႏၲာသုံးဆူမွာ စက်င္ေက်ာက္ျဖင့္ ထုလုပ္ထားသည့္
မတ္တပ္ရပ္ ႐ုပ္ထုေတာ္ျဖစ္ၿပီး ဉာဏ္ေတာ္ အျမင့္မွာ လက္မ(၃ဝ) ခန႔္ ရွိသည္ ။
႐ုပ္တုေတာ္၏ ေအာက္ ေျခ တြင္အရွင္ေကာ႑ည ၊ အရွင္ ေမာဂၢလာန္ ၊
အရွင္ေရဝတ ဟူ၍ ဘြဲ႕အမည္စာတန္းထိုးထားၿပီး သပိတ္ ပိုက္ထားသည့္
မတ္တပ္ရပ္ ရဟႏၲာ ပုံေတာ္မ်ားျဖစ္သည္ ။
“ ဒီေန႔မနက္ (၇) နာရီေလာက္ ကစၿပီးၿခံပတ္ပတ္လည္ကို စႏၵကူးပင္ ႏွင့္ တ႐ုပ္စကားပင္မ်ားကို က်င္းတူး ၿပီး သစ္ပင္စိုက္ ေနတာပါ ၊
နံနက္ ၉ နာရီအခ်ိန္ခန႔္ေလာက္မွာၿခံအဝင္ေပါက္ေဘး စႏၵကူးပင္စိုက္ရန္ ေျမ က်င္း တူးရန္ျပဳ လုပ္ေနစဥ္
စက်င္ေက်ာက္ တုံး(႐ုပ္ပြားေတာ္ေက်ာကုန္း) အနည္း ငယ္ေပၚေနသျဖင့္ တူးေဖၚရာမွ ရဟႏၲာ႐ုပ္ထု ေတြ႕ ရွိရၿပီး ဆက္လက္ တူးေဖၚခဲ့ရာ သပိတ္ပိုက္ထားသည့္
မတ္တပ္ရပ္ ရဟႏၲာ ပုံ ေတာ္ (၃)ဆူကို ေတြ႕ ရွိခဲ့ျခင္းျဖစ္ သည္ဟု ” ၿခံပိုင္ရွင္ ဦးျမင့္ႀကိဳင္က ေျပာျပ ၍သိရသည္ ။
အဆိုပါသတင္းကိုၾကားသိရၿပီး လူအမ်ားလာေရာက္ဖူးေမွ်ာ္ ၾကသျဖင့္
အမ်ားျပည္သူဖူးေမွ်ာ္ ၾကည္ညိဳႏိုင္ရန္ ယာယီ မ႑ပ္ေဆာက္လုပ္
ပူေဇာ္ ထားမည္ျဖစ္ေၾကာင္းသိရသည္ ။
ေအာင္ေဌး(မလႈိင္)
Credit
Unicode
မြေကျင်းတူးရာမှ ရဟန္တာ ရုပ်ထုတော် (၃) ဆူတွေ့ရှိ
သစ်ပင်စိုက်ရန် မြေကျင်းတူးရာမှ ရဟန္တာ ရုပ်ထုတော် (၃) ဆူတွေ့ရှိ
မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် ၊ ကမ္ဘားဖြူကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၂ဝ၈)၊ မိတ္ထီလာ မြင်းခြံသွား
မော်တော် ကားလမ်းမဘေး မိုင်တိုင် ၂၃ မိုင်ရှိ နယူးဖို့ စက်သုံးဆီ အရောင်းဆိုင်
မြောက်ဖက် ဦးမြင့်ကြိုင်၏ မြေကွက် တွင်
ယနေ့ နံနက် ၉ နာရီ အချိန် ခန့် က သစ်ပင် စိုက်ရန် မြေကျင်းတူးရာမှ
ရဟန္တာ ရုပ်ထု တော် (၃) ဆူတွေ့ရှိ ကြောင်း သိရ သည် ။
အဆိုပါ ရဟန္တာသုံးဆူမှာ စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့်
မတ်တပ်ရပ် ရုပ်ထုတော်ဖြစ်ပြီး ဉာဏ်တော် အမြင့်မှာ လက်မ(၃ဝ) ခန့် ရှိသည် ။
ရုပ်တုတော်၏ အောက် ခြေ တွင်အရှင်ကောဏ္ဍည ၊ အရှင် မောဂ္ဂလာန် ၊
အရှင်ရေဝတ ဟူ၍ ဘွဲ့အမည်စာတန်းထိုးထားပြီး သပိတ် ပိုက်ထားသည့်
မတ်တပ်ရပ် ရဟန္တာ ပုံတော်များဖြစ်သည် ။
“ ဒီနေ့မနက် (၇) နာရီလောက် ကစပြီးခြံပတ်ပတ်လည်ကို စန္ဒကူးပင် နှင့် တရုပ်စကားပင်များကို ကျင်းတူး ပြီး သစ်ပင်စိုက် နေတာပါ ၊
နံနက် ၉ နာရီအချိန်ခန့်လောက်မှာခြံအဝင်ပေါက်ဘေး စန္ဒကူးပင်စိုက်ရန် မြေ ကျင်း တူးရန်ပြု လုပ်နေစဉ်
စကျင်ကျောက် တုံး(ရုပ်ပွားတော်ကျောကုန်း) အနည်း ငယ်ပေါ်နေသဖြင့် တူးဖေါ်ရာမှ ရဟန္တာရုပ်ထု တွေ့ ရှိရပြီး ဆက်လက် တူးဖေါ်ခဲ့ရာ သပိတ်ပိုက်ထားသည့်
မတ်တပ်ရပ် ရဟန္တာ ပုံ တော် (၃)ဆူကို တွေ့ ရှိခဲ့ခြင်းဖြစ် သည်ဟု ” ခြံပိုင်ရှင် ဦးမြင့်ကြိုင်က ပြောပြ ၍သိရသည် ။
အဆိုပါသတင်းကိုကြားသိရပြီး လူအများလာရောက်ဖူးမျှော် ကြသဖြင့်
အများပြည်သူဖူးမျှော် ကြည်ညိုနိုင်ရန် ယာယီ မဏ္ဍပ်ဆောက်လုပ်
ပူဇော် ထားမည်ဖြစ်ကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)
Credit