အႀကိမ္ေပါင္း ၁ေထာင္ေက်ာ္ေသြးလႉၿပီး အသက္(၂)သန္းေက်ာ္ကို ကယ္တင္ခဲ့တဲ့သူ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အႀကိမ္ေပါင္း ၁ေထာင္ေက်ာ္ေသြးလႉၿပီး အသက္(၂)သန္းေက်ာ္ကို ကယ္တင္ခဲ့တဲ့သူ

ပုံမွန္အားျဖင့္ လူတေယာက္ဟာ ၁ႏွစ္ကို ၃ႀကိမ္ ဒါမွမဟုတ္ ၄ႀကိမ္ပဲ ေသြးလႉလို႔ရတယ္ဆိုတာ အားလုံးသိၿပီးသားပါ။

ဒါဆိုရင္ ဒီလူဟာ ဘာျဖစ္လို႔ ဒီေလာက္အႀကိမ္ေပါင္းမ်ားစြာ ေသြးလႉႏိုင္ရတာလဲ၊သူ႔ရဲ႕ေသြးကေရာဘာေၾကာင့္ လူေပါင္းသန္းနဲ႔ခ်ီတဲ့အသက္ကို ကယ္တင္ႏိုင္တာလဲ လို႔ေတြးမိပါလိမ့္မယ္ေနာ္။

ဒီတခါေတာ့ ဒီလို ထူးထူးျခားျခား လူတေယာက္အေၾကာင္းကို ဗဟုသု တ အေနနဲ႔ ေဝမွ်ေပးလိုက္ပါတယ္။သူ႔နာမည္ အျပည့္ အစုံ ကေတာ့

James Christopher Harrison ျဖစ္ေပမယ့္ သူ႔ရဲ႕ထူးျခားတဲ့ အရည္ အခ်င္းတခုေၾကာင့္ သူ႔ကို ေ႐ႊေရာင္ လက္ေမာင္းနဲ႔လူ Man with the Golden Arm လို႔တင္စားေခၚေဝၚၾကတာပါ။

ၾသစေၾတးလ် ႏိုင္ငံသား တေယာက္ ျဖစ္တဲ့သူ႔ကို ၁၉၃၆ ခုႏွစ္ ဒီဇင္ဘာလမွာ ၂၇ ရက္ေန႔မွာ ေမြးဖြားခဲ့တာပါ။

သူအသက္ ၁၄ ႏွစ္မွာ ရင္ဘတ္ပိုင္းဆိုင္ရာ အႀကီးစား ခြဲစိတ္မႈတခု ျပဳလုပ္ခဲ့ရပါတယ္။

အဲဒီတုန္းက ေသြးလိုအပ္ခ်က္ေၾကာင့္ ေသြး ၁၃ ပုလင္းအ ထိ အသုံးျပဳခဲ့ရ ပါတယ္။

ေသြးဟာ သူ႔ရဲ႕အသက္ကိုကယ္ဆယ္ခဲ့တယ္လို႔ နားလည္ခဲ့ၿပီးေတာ့ ေသြးရဲ႕ အေရး ပါပုံကို သေဘာေပါက္ခဲ့တာပါ။

အဲဒီေနာက္ေတာ့ သူ႔ဘဝတေလွ်ာက္လုံး ေသြးလႉျခင္းျပဳ လုပ္သြားမယ္လို႔ ကတိေပးခဲ့ၿပီးေတာ့ အသက္ ၁၈ႏွစ္က ေနစတင္လို႔ ေသြးလႉခဲ့ပါေတာ့တယ္။

၁၉၅၄ ခုႏွစ္မွာ ပထမဆုံး အႀကိမ္ ေသြးလႉခဲ့ပါတယ္ ။ ဒီမွာတင္ ဆရာဝန္ေတြဟာ ထူးျခားခ်က္ တခုကိုေတြ႕ခဲ့တာပါ။

အဲဒါကေတာ့Harrison ရဲ႕ေသြးထဲမွာRh disease ဆိုတဲ့ေရာဂါကို တိုက္ထုတ္ေပးႏိုင္တဲ့ anti-D antibodies ေတြ ျမင့္မားစြာပါရွိေနတာပါ။

Rh ေရာဂါဟာ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာျဖစ္ေလ့ရွိၿပီးေတာ့ မိခင္ရဲ႕ေသြးထဲက အင္တီေဘာ္ဒီ ေတြဟာ ကေလးရဲ႕ေသြးကို ဆန႔္က်င္တဲ့အခါ ျဖစ္တတ္တဲ့ေရာဂါပါ။

အသက္ေသဆုံးတဲ့အထိ အႏၲရာယ္ရွိတဲ့ေရာဂါမ်ိဳးပါ။ၾသစေၾတးလ်က ကိုယ္ဝန္ေဆာင္မိခင္စုစုေပါင္းရဲ႕ ၁၇% ခန႔္ဟာဒီအႏၲရာယ္ကို ရင္ဆိုင္ႀကဳံေတြ႕ရေလ့ရွိတာပါ။

ဒီလိုထူးျခားမႈမ်ိဳးပါရွိတဲ့အတြက္Harrisonရဲ႕ေသြးရည္ၾကည္ဟာ ကေလးေပါင္းမ်ားစြာရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္ေနာ္။

ႏွစ္ေပါင္း ၆၀ ေက်ာ္ ေသြးလႉခဲ့ၿပီး ၾသစေၾတးလ်က

ကေလးငယ္ေပါင္း ၂.၄ သန္းေက်ာ္ ကို သူ႔ရဲ႕ေသြး နဲ႔ ကယ္တင္ႏိုင္ခဲ့တာပါ။ ဒီအထဲမွာ သူရဲ႕ သမီးျဖစ္သူလည္း ပါဝင္ခဲ့ ပါတယ္။

ဒါေၾကာင့္ သူ႔ကို ႏိုင္ငံ့သူရဲေကာင္းတေယာက္အျဖစ္ပါ အသိအမွတ္ျပဳၾကပါတယ္။

သူရဲ႕ေသြးရည္ၾကည္ကိုပဲ ယူတာျဖစ္တဲ့အတြက္ ပုံမွန္ ေသြးလႉသူေတြလို ေသြးအမ်ားႀကီးယူဖို႔ မလိုအပ္ပါဘူးတဲ့။

ဒါေၾကာင့္ ၂ပတ္ကို ၁ခါ ေလာက္ေသြးလႉႏိုင္တာပါ။

ဒီလို မျပတ္တမ္းလႉခဲ့ရာ ၂၀၁၁ ခုႏွစ္ ေမလမွာေတာ့ ေသြးလႉတဲ့အႀကိမ္ေပါင္း ၁၀၀၀ ျပည့္ခဲ့တာပါ။

ေဆးပညာရွင္ေတြကေတာ့ Harrison မွာ ဘာေၾကာင့္ ဒီလို ရွားပါးတဲ့ ေသြးမ်ိဳး ရွိေနရသလဲဆိုတာ

တိတိ က်က် မေျပာႏိုင္ၾကေပမယ့္ သူအသက္၁၄ႏွစ္က ခြဲစိတ္မႈမွာ ေသြး သြင္းရင္း အခုလို ရွားပါးတဲ့ ေသြးေျပာင္းလဲခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကတာပါ။

Harrison ဟာ ၾသစေၾတးလ်တင္မ ကပဲ အျခားႏိုင္ငံတကာပရဟိတ အဖြဲ႕အစည္း ေတြနဲ႔ ဆက္သြယ္ကာ သူ႔ရဲ႕ေသြးကို လႉဒါန္းခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ေမလ ၁၁ ရက္ေန႔မွာေတာ့ Harrison ဟာ သူ႔ရဲ႕ အႀကိမ္ ၁၁၇၃ႀကိမ္ေျမာက္ ေသြးလႉခဲ့ၿပီးေတာ့ ဒါဟာ ေနာက္ဆုံးအႀကိမ္လည္းျဖစ္ပါတယ္။

တကယ္ဆိုရင္ သူ႔အေနနဲ႔ သူ႔ရဲ႕ေသြးကို ဆက္လႉခ်င္ေနဆဲျဖစ္ေပမယ့္ ၾသစေၾတးလ်ရဲ႕ စည္းမ်ဥ္းသတ္မွတ္ခ်က္အရ အသက္ ၈၁ႏွစ္ျပည့္သြားၿပီ ျဖစ္တဲ့ အတြက္ ေသြးလႉခြင့္ မရွိေတာ့ ပါဘူး။

ေသြးလႉျခင္းျဖင့္ အသက္ေပါင္း ၂ သန္း ေက်ာ္ ကို ကယ္ တင္ ႏိုင္ ခဲ့ တဲ့ Harrison ဟာ ဆုတံဆိပ္ေပါင္းမ်ားစြာကိုလည္း ခ်ီးျမႇင့္ခံခဲ့ရပါတယ္ေနာ္။

ယခု ဆိုရင္ေတာ့ သူ႔ရဲ႕အသက္ဟာ ၈၃ႏွစ္ရွိသြားပါၿပီ။

လူသန္းေပါင္းမ်ားစြာမွာ ၁ေယာက္ ျပဳလုပ္ဖို႔ ခက္တဲ့ ထူးထူးျခားျခား အလုပ္ကို လုပ္ခဲ့ၿပီး ဒါကို သူ႔ဘဝတေလွ်ာက္လုံး အၿမဲအမွတ္ရေနမွာပါ။

Unicode

အကြိမ်ပေါင်း ၁ထောင်ကျော်သွေးလှူပြီး အသက်(၂)သန်းကျော်ကို ကယ်တင်ခဲ့တဲ့သူ

ပုံမှန်အားဖြင့် လူတယောက်ဟာ ၁နှစ်ကို ၃ကြိမ် ဒါမှမဟုတ် ၄ကြိမ်ပဲ သွေးလှူလို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။

ဒါဆိုရင် ဒီလူဟာ ဘာဖြစ်လို့ ဒီလောက်အကြိမ်ပေါင်းများစွာ သွေးလှူနိုင်ရတာလဲ၊သူ့ရဲ့သွေးကရောဘာကြောင့် လူပေါင်းသန်းနဲ့ချီတဲ့အသက်ကို ကယ်တင်နိုင်တာလဲ လို့တွေးမိပါလိမ့်မယ်နော်။

ဒီတခါတော့ ဒီလို ထူးထူးခြားခြား လူတယောက်အကြောင်းကို ဗဟုသု တ အနေနဲ့ ဝေမျှပေးလိုက်ပါတယ်။သူ့နာမည် အပြည့် အစုံ ကတော့

James Christopher Harrison ဖြစ်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ အရည် အချင်းတခုကြောင့် သူ့ကို ရွှေရောင် လက်မောင်းနဲ့လူ Man with the Golden Arm လို့တင်စားခေါ်ဝေါ်ကြတာပါ။

သြစတြေးလျ နိုင်ငံသား တယောက် ဖြစ်တဲ့သူ့ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလမှာ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

သူအသက် ၁၄ နှစ်မှာ ရင်ဘတ်ပိုင်းဆိုင်ရာ အကြီးစား ခွဲစိတ်မှုတခု ပြုလုပ်ခဲ့ရပါတယ်။

အဲဒီတုန်းက သွေးလိုအပ်ချက်ကြောင့် သွေး ၁၃ ပုလင်းအ ထိ အသုံးပြုခဲ့ရ ပါတယ်။

သွေးဟာ သူ့ရဲ့အသက်ကိုကယ်ဆယ်ခဲ့တယ်လို့ နားလည်ခဲ့ပြီးတော့ သွေးရဲ့ အရေး ပါပုံကို သဘောပေါက်ခဲ့တာပါ။

အဲဒီနောက်တော့ သူ့ဘဝတလျှောက်လုံး သွေးလှူခြင်းပြု လုပ်သွားမယ်လို့ ကတိပေးခဲ့ပြီးတော့ အသက် ၁၈နှစ်က နေစတင်လို့ သွေးလှူခဲ့ပါတော့တယ်။

၁၉၅၄ ခုနှစ်မှာ ပထမဆုံး အကြိမ် သွေးလှူခဲ့ပါတယ် ။ ဒီမှာတင် ဆရာဝန်တွေဟာ ထူးခြားချက် တခုကိုတွေ့ခဲ့တာပါ။

အဲဒါကတော့Harrison ရဲ့သွေးထဲမှာRh disease ဆိုတဲ့ရောဂါကို တိုက်ထုတ်ပေးနိုင်တဲ့ anti-D antibodies တွေ မြင့်မားစွာပါရှိနေတာပါ။

Rh ရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာဖြစ်လေ့ရှိပြီးတော့ မိခင်ရဲ့သွေးထဲက အင်တီဘော်ဒီ တွေဟာ ကလေးရဲ့သွေးကို ဆန့်ကျင်တဲ့အခါ ဖြစ်တတ်တဲ့ရောဂါပါ။

အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတဲ့ရောဂါမျိုးပါ။သြစတြေးလျက ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်းရဲ့ ၁၇% ခန့်ဟာဒီအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိတာပါ။

ဒီလိုထူးခြားမှုမျိုးပါရှိတဲ့အတွက်Harrisonရဲ့သွေးရည်ကြည်ဟာ ကလေးပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်နော်။

နှစ်ပေါင်း ၆၀ ကျော် သွေးလှူခဲ့ပြီး သြစတြေးလျက

ကလေးငယ်ပေါင်း ၂.၄ သန်းကျော် ကို သူ့ရဲ့သွေး နဲ့ ကယ်တင်နိုင်ခဲ့တာပါ။ ဒီအထဲမှာ သူရဲ့ သမီးဖြစ်သူလည်း ပါဝင်ခဲ့ ပါတယ်။

ဒါကြောင့် သူ့ကို နိုင်ငံ့သူရဲကောင်းတယောက်အဖြစ်ပါ အသိအမှတ်ပြုကြပါတယ်။

သူရဲ့သွေးရည်ကြည်ကိုပဲ ယူတာဖြစ်တဲ့အတွက် ပုံမှန် သွေးလှူသူတွေလို သွေးအများကြီးယူဖို့ မလိုအပ်ပါဘူးတဲ့။

ဒါကြောင့် ၂ပတ်ကို ၁ခါ လောက်သွေးလှူနိုင်တာပါ။

ဒီလို မပြတ်တမ်းလှူခဲ့ရာ ၂၀၁၁ ခုနှစ် မေလမှာတော့ သွေးလှူတဲ့အကြိမ်ပေါင်း ၁၀၀၀ ပြည့်ခဲ့တာပါ။

ဆေးပညာရှင်တွေကတော့ Harrison မှာ ဘာကြောင့် ဒီလို ရှားပါးတဲ့ သွေးမျိုး ရှိနေရသလဲဆိုတာ

တိတိ ကျကျ မပြောနိုင်ကြပေမယ့် သူအသက်၁၄နှစ်က ခွဲစိတ်မှုမှာ သွေး သွင်းရင်း အခုလို ရှားပါးတဲ့ သွေးပြောင်းလဲခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

Harrison ဟာ သြစတြေးလျတင်မ ကပဲ အခြားနိုင်ငံတကာပရဟိတ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ကာ သူ့ရဲ့သွေးကို လှူဒါန်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မေလ ၁၁ ရက်နေ့မှာတော့ Harrison ဟာ သူ့ရဲ့ အကြိမ် ၁၁၇၃ကြိမ်မြောက် သွေးလှူခဲ့ပြီးတော့ ဒါဟာ နောက်ဆုံးအကြိမ်လည်းဖြစ်ပါတယ်။

တကယ်ဆိုရင် သူ့အနေနဲ့ သူ့ရဲ့သွေးကို ဆက်လှူချင်နေဆဲဖြစ်ပေမယ့် သြစတြေးလျရဲ့ စည်းမျဉ်းသတ်မှတ်ချက်အရ အသက် ၈၁နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အတွက် သွေးလှူခွင့် မရှိတော့ ပါဘူး။

သွေးလှူခြင်းဖြင့် အသက်ပေါင်း ၂ သန်း ကျော် ကို ကယ် တင် နိုင် ခဲ့ တဲ့ Harrison ဟာ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်နော်။

ယခု ဆိုရင်တော့ သူ့ရဲ့အသက်ဟာ ၈၃နှစ်ရှိသွားပါပြီ။

လူသန်းပေါင်းများစွာမှာ ၁ယောက် ပြုလုပ်ဖို့ ခက်တဲ့ ထူးထူးခြားခြား အလုပ်ကို လုပ်ခဲ့ပြီး ဒါကို သူ့ဘဝတလျှောက်လုံး အမြဲအမှတ်ရနေမှာပါ။