အနံ႔ျပန္ ရတာက ကိုဗစ္ေပ်ာက္သြားတာလား၊အနံ႔ေပ်ာက္တာ နဲ႔ ကိုဗစ္ျဖစ္ေနၿပီလား
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အနံ႔ျပန္ ရတာက ကိုဗစ္ေပ်ာက္သြားတာလား၊အနံ႔ေပ်ာက္တာ နဲ႔ ကိုဗစ္ျဖစ္ေနၿပီလား
ကိုဗစ္ေၾကာင့္ အနံ႔ေပ်ာက္ျခင္းသည္ ႏွာေခါင္းပိ တ္ျခင္းေၾကာင့္ အနံ႔မရႉႏိုင္ျခင္း မဟုတ္ပါ၊ အနံ႔ခံေသာ အာ႐ုံခံစနစ္၏ ျပသနာတစ္ခု ျဖစ္ပါသည္။
ကိုဗစ္တြင္ ႏွာေခါင္းပိတ္ျခင္း ႏွာေဆးျခင္းသည္ အျဖစ္နည္းပါသည္။
ကိုဗစ္ေၾကာင့္ အနံ႔မရပါက လုံးဝအနံ႔မရျခင္းျဖစ္ႏိုင္သလို အနံ႔ခပ္ေပ်ာ့ေပ်ာ့မ်ားကိုသာ မရေတာ့ျခင္းလည္း ျဖစ္ႏိုင္ပါသည္။
ေလ့လာမႈမ်ားအရ မိန္းကေလးမ်ားတြင္ အနံေပ်ာက္ျခင္း ပိုျဖစ္သည္ကိုေတြ႕ရပါသည္။ အနံ႔ခံမရျခင္းအျပင္ အရသာခံ မရျခင္းပါ တြဲဖက္ျဖစ္ေပၚတတ္ပါသည္။
ကိုဗစ္ေရာဂါေၾကာင့္ အနံမရျခင္းသည္ အမ်ားအားျဖင့္ မည္သည့္ကနဦးလကၡဏာမွ်မျပဘဲ ႐ုတ္တရ က္ျဖစ္ေပၚလာတတ္ပါသည္။
တခ်ိဳ႕တြင္ ေခ်ာင္းေျခာက္စတင္ဆိုးၿပီးမွ အနံ႔ေပ်ာက္သြားတတ္ပါသည္။
အနံ႔ေပ်ာက္ျခင္းသည္ ကနဦးေရာဂါလကၡဏာတစ္ခုအျဖစ္ လာတတ္သကဲ့သို႔ ဖ်ားနာေနသူမ်ားတြ င္လည္း စဖ်ားၿပီး ၄-၅ ရက္အတြင္း အနံ႔ေပ်ာက္သြားတတ္ပါသည္။
အနံ႔ေပ်ာက္မေပ်ာက္စမ္းသပ္တဲ့အခါ ေန႔စဥ္သုံးေနက် ပစၥည္းမ်ားျဖင့္ မိမိကိုယ္ကို စမ္းၾကည့္၍ရပါသည္။
ႏိုင္ငံျခားတြင္ peanut butter, wasabi, coffee, vanilla extract စသည့္ပစၥည္းမ်ားျဖင့္ စမ္းသပ္ခိုင္းပါသည္။
ျမန္မာႏိုင္ငံအတြက္ သနပ္ခါး၊ သံပရာသီး၊ ပင္စိမ္း၊ စံပယ္ပန္း၊ ေကာ္ဖီမူန႔္ အစရွိေသာ လူကိုအႏၲရာယ္မေပးႏိုင္တဲ့ လြယ္လင့္တကူရႏိုင္ေသာ ေန႔စဥ္သုံးပစၥည္းမ်ားျဖင့္စမ္းသပ္ရႉၾကည့္ႏိုင္ပါသည္။
ပစၥည္းႏွင့္အနံ႔အမ်ိဳးအစားသည္ အဓိကမဟုတ္ပါ၊ အနံ႔ရမရကိုသာ အဓိကထားၿပီး စမ္းသပ္ၾကည့္ရပါမည္။
အကယ္၍ စိတ္မခ်ပါက လူႏွစ္ေယာက္ႏိူင္းယွဥ္စမ္းသည့္အခါ ပိုးကူးစက္မူနည္းေစရန္ ပစၥည္းမ်ား ေရာမသုံးမိေစရန္လည္း သတိ ထားေပးပါ။
အနံ႔ေပ်ာက္ၿပီး ၃-၄ ရက္ခန႔္အၾကာ အနံျပန္ရလာျခင္းသည္ ေရာဂါအရွင္းေပ်ာက္သြားျခင္းမဟုတ္ပါ။
ေရာဂါလကၡဏာတခု မရွိေတာ့ျခင္းသာ ျဖစ္ပါသည္။ ေရာဂါလကၡဏာမျပခင္ ၂ ရက္မွစတင္ကာ ျပသအၿပီး ၁၀ ရက္အတြင္း ကိုဗစ္ပိုးမ်ားပြါးလာၿပီး အျပင္ကိုထြက္လာပါသည္။
ထို႔ေၾကာင့္ အနံ႔ျပန္ရသည့္တိုင္ ပိုးမ်ားဆက္ထုတ္ေနႏိုင္ပါသည္။
ကိုဗစ္ေရာဂါျဖစ္ေနသူအပါအဝင္၊ ေရာဂါလကၡဏာမျပခင္ ၂ ရက္က ထိေတြ႕ခဲ့သူ အတူေနမိသားစုဝင္ အားလုံး ၁၄ ရက္ သီးသ န႔္ေနေပးရန္ လိုအပ္ပါသည္။
အနံ႔ေပ်ာက္ပါက ကိုဗစ္ပိုးစစ္ေဆးရန္ တခုထဲမဟုတ္ဘဲ၊ အျခားေရာဂါမ်ားရွိမရွိ အဆုတ္ေကာင္းမေကာင္း ေအာက္ဆီဂ်င္ပုံမွန္ရွိမရွိ ေဆးကုသဖို႔လိုမလို စသည္တို႔ကို ဆရာဝန္ႏွင့္ တိုင္ပင္ျပသၾကည့္ရန္ လိုအပ္ပါသည္။
အနံ႔ေပ်ာက္ျခင္းသည္ ယာယီသာျဖစ္ေပၚတတ္ၿပီး၊ ကုသမႈမေပးလွ်င္လည္း ျပန္ေကာင္းလာတတ္ပါသည္။ ေဆးၿမီးတိုမ်ားေၾကာင့္ ေပ်ာက္ကင္းသြားသလို ထင္တတ္ၾကပါသည္၊ သတိထားၿပီး သုံးစြဲၾကပါ။
အမ်ားစုမွာ ၁ ပတ္ေက်ာ္လွ်င္ ျပန္ေကာင္းလာတတ္ပါသည္။ တခ်ိဳ႕တြင္ ခ်က္ခ် င္းမေပ်ာက္ပါ၊ ၄ ပတ္ေက်ာ္အထိ အမ်ားဆုံးၾကာႏိုင္ပါတယ္။
ကိုဗစ္အျပင္ အျခားဗိုင္းရပ္စ္ပိုးမ်ား ႏွာေခါင္းအတြင္းပိုင္းေယာင္ယမ္းျခင္း ႏွာေခါင္းတြင္းအသားပိုထြက္ျခင္း ဓာတ္မတည့္ျခင္းမ်ားျဖစ္ေပၚပါက အနံ႔ေပ်ာက္ျခင္း ျဖစ္ေပၚေစႏိုင္ပါတယ္။ သို႔ေသာ္လည္း အျခားဗိုင္းရပ္စ္မ်ားထက္ ကိုဗစ္မွာ ပိုအျဖစ္မ်ားသည္ကို ေတြ႕ရွိ ရပါသည္။
အနံ႔ေပ်ာက္ျခင္းသည္ ကိုဗစ္ပိုးရွိသူ လူတိုင္းတြင္ မျဖစ္ေပၚပါ။
အနံ႔မေပ်ာက္ အရသာမပ်က္ပဲ ဖ်ားျခင္း ေခ်ာင္းဆိုးျခင္း အစရွိသည့္ အျခား လကၡဏာမ်ားႏွင့္ ျပလာလွ်င္လည္း ကိုဗစ္ျဖစ္ႏိုင္ပါေသးသည္။
Unicode
အနံ့ပြန် ရတာက ကိုဗစ်ပျောက်သွားတာလား၊အနံ့ပျောက်တာ နဲ့ ကိုဗစ်ဖြစ်နေပြီလား
ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်းသည် နှာခေါင်းပိ တ်ခြင်းကြောင့် အနံ့မရှူနိုင်ခြင်း မဟုတ်ပါ၊ အနံ့ခံသော အာရုံခံစနစ်၏ ပြသနာတစ်ခု ဖြစ်ပါသည်။
ကိုဗစ်တွင် နှာခေါင်းပိတ်ခြင်း နှာဆေးခြင်းသည် အဖြစ်နည်းပါသည်။
ကိုဗစ်ကြောင့် အနံ့မရပါက လုံးဝအနံ့မရခြင်းဖြစ်နိုင်သလို အနံ့ခပ်ပျော့ပျော့များကိုသာ မရတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။
လေ့လာမှုများအရ မိန်းကလေးများတွင် အနံပျောက်ခြင်း ပိုဖြစ်သည်ကိုတွေ့ရပါသည်။ အနံ့ခံမရခြင်းအပြင် အရသာခံ မရခြင်းပါ တွဲဖက်ဖြစ်ပေါ်တတ်ပါသည်။
ကိုဗစ်ရောဂါကြောင့် အနံမရခြင်းသည် အများအားဖြင့် မည်သည့်ကနဦးလက္ခဏာမျှမပြဘဲ ရုတ်တရ က်ဖြစ်ပေါ်လာတတ်ပါသည်။
တချို့တွင် ချောင်းခြောက်စတင်ဆိုးပြီးမှ အနံ့ပျောက်သွားတတ်ပါသည်။

အနံ့ပျောက်ခြင်းသည် ကနဦးရောဂါလက္ခဏာတစ်ခုအဖြစ် လာတတ်သကဲ့သို့ ဖျားနာနေသူများတွ င်လည်း စဖျားပြီး ၄-၅ ရက်အတွင်း အနံ့ပျောက်သွားတတ်ပါသည်။
အနံ့ပျောက်မပျောက်စမ်းသပ်တဲ့အခါ နေ့စဉ်သုံးနေကျ ပစ္စည်းများဖြင့် မိမိကိုယ်ကို စမ်းကြည့်၍ရပါသည်။
နိုင်ငံခြားတွင် peanut butter, wasabi, coffee, vanilla extract စသည့်ပစ္စည်းများဖြင့် စမ်းသပ်ခိုင်းပါသည်။
မြန်မာနိုင်ငံအတွက် သနပ်ခါး၊ သံပရာသီး၊ ပင်စိမ်း၊ စံပယ်ပန်း၊ ကော်ဖီမူန့် အစရှိသော လူကိုအန္တရာယ်မပေးနိုင်တဲ့ လွယ်လင့်တကူရနိုင်သော နေ့စဉ်သုံးပစ္စည်းများဖြင့်စမ်းသပ်ရှူကြည့်နိုင်ပါသည်။
ပစ္စည်းနှင့်အနံ့အမျိုးအစားသည် အဓိကမဟုတ်ပါ၊ အနံ့ရမရကိုသာ အဓိကထားပြီး စမ်းသပ်ကြည့်ရပါမည်။
အကယ်၍ စိတ်မချပါက လူနှစ်ယောက်နိူင်းယှဉ်စမ်းသည့်အခါ ပိုးကူးစက်မူနည်းစေရန် ပစ္စည်းများ ရောမသုံးမိစေရန်လည်း သတိ ထားပေးပါ။
အနံ့ပျောက်ပြီး ၃-၄ ရက်ခန့်အကြာ အနံပြန်ရလာခြင်းသည် ရောဂါအရှင်းပျောက်သွားခြင်းမဟုတ်ပါ။
ရောဂါလက္ခဏာတခု မရှိတော့ခြင်းသာ ဖြစ်ပါသည်။ ရောဂါလက္ခဏာမပြခင် ၂ ရက်မှစတင်ကာ ပြသအပြီး ၁၀ ရက်အတွင်း ကိုဗစ်ပိုးများပွါးလာပြီး အပြင်ကိုထွက်လာပါသည်။
ထို့ကြောင့် အနံ့ပြန်ရသည့်တိုင် ပိုးများဆက်ထုတ်နေနိုင်ပါသည်။
ကိုဗစ်ရောဂါဖြစ်နေသူအပါအဝင်၊ ရောဂါလက္ခဏာမပြခင် ၂ ရက်က ထိတွေ့ခဲ့သူ အတူနေမိသားစုဝင် အားလုံး ၁၄ ရက် သီးသ န့်နေပေးရန် လိုအပ်ပါသည်။
အနံ့ပျောက်ပါက ကိုဗစ်ပိုးစစ်ဆေးရန် တခုထဲမဟုတ်ဘဲ၊ အခြားရောဂါများရှိမရှိ အဆုတ်ကောင်းမကောင်း အောက်ဆီဂျင်ပုံမှန်ရှိမရှိ ဆေးကုသဖို့လိုမလို စသည်တို့ကို ဆရာဝန်နှင့် တိုင်ပင်ပြသကြည့်ရန် လိုအပ်ပါသည်။
အနံ့ပျောက်ခြင်းသည် ယာယီသာဖြစ်ပေါ်တတ်ပြီး၊ ကုသမှုမပေးလျှင်လည်း ပြန်ကောင်းလာတတ်ပါသည်။ ဆေးမြီးတိုများကြောင့် ပျောက်ကင်းသွားသလို ထင်တတ်ကြပါသည်၊ သတိထားပြီး သုံးစွဲကြပါ။
အများစုမှာ ၁ ပတ်ကျော်လျှင် ပြန်ကောင်းလာတတ်ပါသည်။ တချို့တွင် ချက်ချ င်းမပျောက်ပါ၊ ၄ ပတ်ကျော်အထိ အများဆုံးကြာနိုင်ပါတယ်။
ကိုဗစ်အပြင် အခြားဗိုင်းရပ်စ်ပိုးများ နှာခေါင်းအတွင်းပိုင်းယောင်ယမ်းခြင်း နှာခေါင်းတွင်းအသားပိုထွက်ခြင်း ဓာတ်မတည့်ခြင်းများဖြစ်ပေါ်ပါက အနံ့ပျောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့သော်လည်း အခြားဗိုင်းရပ်စ်များထက် ကိုဗစ်မှာ ပိုအဖြစ်များသည်ကို တွေ့ရှိ ရပါသည်။
အနံ့ပျောက်ခြင်းသည် ကိုဗစ်ပိုးရှိသူ လူတိုင်းတွင် မဖြစ်ပေါ်ပါ။
အနံ့မပျောက် အရသာမပျက်ပဲ ဖျားခြင်း ချောင်းဆိုးခြင်း အစရှိသည့် အခြား လက္ခဏာများနှင့် ပြလာလျှင်လည်း ကိုဗစ်ဖြစ်နိုင်ပါသေးသည်။