ခံတြင္းမွအနံ႔ဆိုးေတြ ျမန္ျမန္ေပ်ာက္ခ်င္သူတိုင္း လိုက္နာသင့္တဲ့ အခ်က္ (၃) ခ်က္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ခံတြင္းမွအနံ႔ဆိုးေတြ ျမန္ျမန္ေပ်ာက္ခ်င္သူတိုင္း လိုက္နာသင့္တဲ့ အခ်က္ (၃) ခ်က္
ခံတြင္းနံ႔ဆိုးတာ၊ လူၾကားထဲ စကားေျပာလိုက္တာနဲ႔ ပါးစပ္က အနံ႔ဆိုးေတြ ဆက္တိုက္ထြက္ေနတာမ်ိဳးက အရွက္စရာေကာင္းပါတယ္။
သတင္းေကာင္းကေတာ့ ဒါေတြကို သင္အလြယ္တကူေလး ေျဖရွင္းႏိုင္ပါတယ္။
အေမရိကန္သြားဖက္ဆိုင္ရာအဖြဲ႕အစည္းရဲ႕ ဆရာဝန္ ေဒါက္တာ အက္ဒါ ကိုပါ (Ada Cooper) အႀကံေပးထားတဲ့ခံတြင္းနံ႔အျမန္ဆိုးေတြ ျမန္ျမန္ဆန္ဆန္ေပ်ာက္ခ်င္သူတိုင္း လိုက္နာသင့္တဲ့အခ်က္ (၃) ခ်က္ကို ျပန္လည္ေဝမွ်ေပးခ်င္ပါတယ္။
၁။ ပါးစပ္ပလုတ္က်င္း႐ုံနဲ႔ မလုံေလာက္ပါဘူး
တခ်ိဳ႕ေတြက သြားမတိုက္ဘဲ ပါးစပ္ကိုတစ္ေန႔ (၄) ႀကိမ္ေလာက္ ပလုတ္က်င္းတဲ့ေဆးရည္နဲ႔ ေဆးတတ္ၾကပါတယ္။မလုံေလာက္ပါဘူး။
သြားပြတ္တံနဲ႔ သြားမတိုက္၊ သြားၾကားထဲက အစာေတြကိုမရွင္းထုတ္ဘူးဆိုရင္ အနံ႔ဆိုးေတြ ထြက္လာမွာပါပဲ။
ညအိပ္ယာမဝင္ခင္ သြားမတိုက္ဘဲေနမယ္ဆိုရင္လည္း စားထားတဲ့အစာအႂကြင္းအက်န္ေတြက တစ္ညလုံးသြားၾကားထဲညႇပ္ေနၿပီးခံတြင္းနံ႔ဆိုးေစႏိုင္ပါတယ္လို႔ ေဒါက္တာကိုပါက ေထာက္ျပထားပါတယ္။
၂။ လွ်ာကိုလည္း တိုက္ပါ
ဘက္တီးရီးယားေလးေတြဟာ လွ်ာမွာလည္းကပ္တြယ္ေနၿပီး အနံ႔ဆိုးေတြထြက္ႏိုင္လို႔ လွ်ာကိုပါသြားပြတ္တံနဲ႔ တိုက္ေပးဖို႔လိုပါတယ္။
၃။ ေရမ်ားမ်ားေသာက္ပါ
ေရဓာတ္ျပည့္ဝတာက ကိုယ္ခႏၶာအတြက္သာမက ခံတြင္းနံ႔ဆိုးျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။
သင့္အာေခါင္နဲ႔ ပါးစပ္ကေျခာက္ေနမယ္ဆိုတံတြင္းဂလင္းထြက္တာနည္းလို႔ျဖစ္ၿပီး ဘက္တီးရီးယားနဲ႔ အစာအႂကြင္းအက်န္ေတြက
ပါးစပ္ထဲအခ်ိန္ၾကာျမင့္စြာ ပိုေနႏိုင္ၾကကာ အနံ႔ဆိုးထြက္လာေစပါတယ္။
သြားပိုးစားတဲ့သူ၊ သြားျပႆနာရွိတဲ့သူမ်ိဳးဆိုရင္ေတာ့ ဒီအခ်က္ (၃) ခုထဲနဲ႔မလုံေလာက္ပါဘူး။ သြားဆရာဝန္ေတြနဲ႔ မၾကာခဏေတြ႕ၿပီး ကုသမႈခံယူသင့္ပါတယ္။
Unicode
ခံတွင်းမှအနံ့ဆိုးတွေ မြန်မြန်ပျောက်ချင်သူတိုင်း လိုက်နာသင့်တဲ့ အချက် (၃) ချက်
ခံတွင်းနံ့ဆိုးတာ၊ လူကြားထဲ စကားပြောလိုက်တာနဲ့ ပါးစပ်က အနံ့ဆိုးတွေ ဆက်တိုက်ထွက်နေတာမျိုးက အရှက်စရာကောင်းပါ
တယ်။သတင်းကောင်းကတော့ ဒါတွေကို သင်အလွယ်တကူလေး ဖြေရှင်းနိုင်ပါတယ်။ ရိုးရာလေးပရိသတ်တွေအတွက်
အမေရိကန်သွားဖက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဆရာဝန် ဒေါက်တာ အက်ဒါ ကိုပါ (Ada Cooper) အကြံပေးထားတဲ့ခံတွင်းနံ့အမြန်ဆိုးတွေ
မြန်မြန်ဆန်ဆန်ပျောက်ချင်သူတိုင်း လိုက်နာသင့်တဲ့အချက် (၃) ချက်ကို ပြန်လည်ဝေမျှပေးချင်ပါတယ်။
၁။ ပါးစပ်ပလုတ်ကျင်းရုံနဲ့ မလုံလောက်ပါဘူး
တချို့တွေက သွားမတိုက်ဘဲ ပါးစပ်ကိုတစ်နေ့ (၄) ကြိမ်လောက် ပလုတ်ကျင်းတဲ့ဆေးရည်နဲ့ ဆေးတတ်ကြပါတယ်။မလုံလောက်ပါဘူး။
သွားပွတ်တံနဲ့ သွားမတိုက်၊ သွားကြားထဲက အစာတွေကိုမရှင်းထုတ်ဘူးဆိုရင် အနံ့ဆိုးတွေ ထွက်လာမှာပါပဲ။
ညအိပ်ယာမဝင်ခင် သွားမတိုက်ဘဲနေမယ်ဆိုရင်လည်း စားထားတဲ့အစာအကြွင်းအကျန်တွေက တစ်ညလုံးသွားကြားထဲညှပ်နေပြီးခံတွင်းနံ့ဆိုးစေနိုင်ပါတယ်လို့ ဒေါက်တာကိုပါက ထောက်ပြထားပါတယ်။
၂။ လျှာကိုလည်း တိုက်ပါ
ဘက်တီးရီးယားလေးတွေဟာ လျှာမှာလည်းကပ်တွယ်နေပြီး အနံ့ဆိုးတွေထွက်နိုင်လို့ လျှာကိုပါသွားပွတ်တံနဲ့ တိုက်ပေးဖို့လိုပါတယ်။
၃။ ရေများများသောက်ပါ
ရေဓာတ်ပြည့်ဝတာက ကိုယ်ခန္ဓာအတွက်သာမက ခံတွင်းနံ့ဆိုးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
သင့်အာခေါင်နဲ့ ပါးစပ်ကခြောက်နေမယ်ဆိုတံတွင်းဂလင်းထွက်တာနည်းလို့ဖြစ်ပြီး ဘက်တီးရီးယားနဲ့ အစာအကြွင်းအကျန်တွေက
ပါးစပ်ထဲအချိန်ကြာမြင့်စွာ ပိုနေနိုင်ကြကာ အနံ့ဆိုးထွက်လာစေပါတယ်။
သွားပိုးစားတဲ့သူ၊ သွားပြဿနာရှိတဲ့သူမျိုးဆိုရင်တော့ ဒီအချက် (၃) ခုထဲနဲ့မလုံလောက်ပါဘူး။ သွားဆရာဝန်တွေနဲ့ မကြာခဏတွေ့ပြီး ကုသမှုခံယူသင့်ပါတယ်။