ကိုဗစ္ကာလအတြင္းမွာ အျမင္ဆန္းေစတဲ့ ဂီတေဖ်ာ္ေျဖတင္ဆက္မႈ ပုံစံအသစ္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ကိုဗစ္ကာလအတြင္းမွာ အျမင္ဆန္းေစတဲ့ ဂီတေဖ်ာ္ေျဖတင္ဆက္မႈ ပုံစံအသစ္
လူအေယာက္ ၁၀၀ ခန႔္ရွိေသာ ဂီတေဖ်ာ္ေျဖပြဲတစ္ခုမွာ အျမင္ဆန္းေစတဲ့ပုံရိပ္တစ္ခု ေတြ႕ျမင္ခဲ့ၾကရတာဘဲ ျဖစါပါတယ္။
ကိုဗစ္ကာလအတြင္းမွာ ေရာဂါကာကြယ္ေရးႏွင့္ ဂီတေဖ်ာ္ေျဖေရးအတြက္ကို ဂီတပညာရွင္မ်ားေရာ
ပရိသတ္မ်ားအပါ ေဘာလုံးပုံသ႑ာန္ရွိ ပလတ္စတစ္ေလအိတ္ႀကီးထဲဝင္ေနၿပီးေတာ့
ေဖ်ာ္ေျဖၾကည့္ရႈရတဲ့ ဂီတပြဲတစ္ခု အေမရိကန္မွာက်င္းပသြားခဲ့တာ ဘဲျဖစ္ပါတယ္။
အဆိုပါဂီတပြဲကေတာ့ The Flaming Lips ဂီတအဖြဲ႕မွက
သူတို႔ရဲ႕ သီခ်င္းအယ္လ္ဘမ္အသစ္ American Head သီခ်င္းေခြ မိတ္ဆက္ပြဲျဖစ္ပါတယ္ေနာ္။
လူအေယာက္ ၃၅၀၀ ခန႔္ဆံ့သာ အိုကလာဟိုမာစီးတီးၿမိဳ႕ရွိ ဂ႐ိုင္တီရီယန္ခန္းမမွာ
ျပဳလုပ္က်င္းပၿပီးေတာ့ လူမ်ားခပ္ခြာခြာေနရန္အစီအမံႏွင့္
ကိုက္ညီေအာင္လည္း လူအေယာက္တစ္ရာသာ ကန႔္သတ္ထားတာ ျဖစ္ပါတယ္။ေဖ်ာ္ေျဖပြဲအၿပီးမွာ ေက်နပ္အားရေသာအေၾကာင္းႏွင့္
၂၀၁၉ မွာ ဒီလိုပုံစံမ်ိဳးေဖ်ာ္ေျဖပြဲက်င္းပဖို႔ စိတ္ကူးခဲ့ဖူးတယ္လို႔ အဖြဲ႕ေခါင္းေဆာင္တစ္ဦးက ေျပာထားတာပါ။
ဒါေပမယ့္ လည္း အဲ့အခ်ိန္ သူစိတ္ကူးထားတာက စင္ေပၚမွာ သူတစ္ေယာက္တည္းပဲ ပလတ္စတစ္ေလအိတ္ႀကီးထဲမွာ ေနေနမယ္။
က်န္တဲ့အဖြဲ႕သားမ်ားနဲ႔ ပရိသတ္ေတြအားလုံးက ပုံမွန္ပဲ။
ဒါေပမယ့္လည္း ဒီႏွစ္အေစာပိုင္းမွာ အားလုံးမေမွ်ာ္လင့္ထားတဲ့ ကပ္ေရာဂါႀကီးေၾကာင့္ဘဲ အားလုံးဆိုင္းငံ့သြားရသလို အားလုံးလည္းေျပာင္းလဲသြားတာပါ။
အဲ့တြက္ေၾကာင့္လည္း ပြဲက အခုလိုေတြ႕ျမင္ရတဲ့ပုံစံမ်ိဳးျဖစ္သြားရတယ္လို႔ေျပာ ထား ပါတယ္။လာအားေပးတဲ့ပရိသတ္ေတြလည္း
ေဘးပတ္ဝန္းက်င္ကလူေတြကိုအေႏွာက္အယွက္မျဖစ္ဘဲနဲ႔အားရပါးရ ေအာ္ဟစ္ခုန္က ျပဳလုပ္ႏိုင္တာကိုၾကည့္ၿပီးေတာ့ သေဘာက်လို႔ ဒီလိုပုံစံမ်ိဳးနဲ႔ေဖ်ာ္ေျဖခဲ့တာ
၂၀၀၄ ခုႏွစ္ကတည္းက စတင္ခဲ့တယ္လို႔လည္း ဆိုပါတယ္ေနာ္။
Unicode
ကိုဗစ်ကာလအတွင်းမှာ အမြင်ဆန်းစေတဲ့ ဂီတဖျော်ဖြေတင်ဆက်မှု ပုံစံအသစ်
လူအယောက် ၁၀၀ ခန့်ရှိသော ဂီတဖျော်ဖြေပွဲတစ်ခုမှာ အမြင်ဆန်းစေတဲ့ပုံရိပ်တစ်ခု တွေ့မြင်ခဲ့ကြရတာဘဲ ဖြစါပါတယ်။
ကိုဗစ်ကာလအတွင်းမှာ ရောဂါကာကွယ်ရေးနှင့် ဂီတဖျော်ဖြေရေးအတွက်ကို ဂီတပညာရှင်များရော
ပရိသတ်များအပါ ဘောလုံးပုံသဏ္ဍာန်ရှိ ပလတ်စတစ်လေအိတ်ကြီးထဲဝင်နေပြီးတော့
ဖျော်ဖြေကြည့်ရှုရတဲ့ ဂီတပွဲတစ်ခု အမေရိကန်မှာကျင်းပသွားခဲ့တာ ဘဲဖြစ်ပါတယ်။
အဆိုပါဂီတပွဲကတော့ The Flaming Lips ဂီတအဖွဲ့မှက
သူတို့ရဲ့ သီချင်းအယ်လ်ဘမ်အသစ် American Head သီချင်းခွေ မိတ်ဆက်ပွဲဖြစ်ပါတယ်နော်။
လူအယောက် ၃၅၀၀ ခန့်ဆံ့သာ အိုကလာဟိုမာစီးတီးမြို့ရှိ ဂရိုင်တီရီယန်ခန်းမမှာ
ပြုလုပ်ကျင်းပပြီးတော့ လူများခပ်ခွာခွာနေရန်အစီအမံနှင့်
ကိုက်ညီအောင်လည်း လူအယောက်တစ်ရာသာ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ဖျော်ဖြေပွဲအပြီးမှာ ကျေနပ်အားရသောအကြောင်းနှင့်
၂၀၁၉ မှာ ဒီလိုပုံစံမျိုးဖျော်ဖြေပွဲကျင်းပဖို့ စိတ်ကူးခဲ့ဖူးတယ်လို့ အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောထားတာပါ။
ဒါပေမယ့် လည်း အဲ့အချိန် သူစိတ်ကူးထားတာက စင်ပေါ်မှာ သူတစ်ယောက်တည်းပဲ ပလတ်စတစ်လေအိတ်ကြီးထဲမှာ နေနေမယ်။
ကျန်တဲ့အဖွဲ့သားများနဲ့ ပရိသတ်တွေအားလုံးက ပုံမှန်ပဲ။
ဒါပေမယ့်လည်း ဒီနှစ်အစောပိုင်းမှာ အားလုံးမမျှော်လင့်ထားတဲ့ ကပ်ရောဂါကြီးကြောင့်ဘဲ အားလုံးဆိုင်းငံ့သွားရသလို အားလုံးလည်းပြောင်းလဲသွားတာပါ။
အဲ့တွက်ကြောင့်လည်း ပွဲက အခုလိုတွေ့မြင်ရတဲ့ပုံစံမျိုးဖြစ်သွားရတယ်လို့ပြော ထား ပါတယ်။လာအားပေးတဲ့ပရိသတ်တွေလည်း
ဘေးပတ်ဝန်းကျင်ကလူတွေကိုအနှောက်အယှက်မဖြစ်ဘဲနဲ့အားရပါးရ အော်ဟစ်ခုန်က ပြုလုပ်နိုင်တာကိုကြည့်ပြီးတော့ သဘောကျလို့ ဒီလိုပုံစံမျိုးနဲ့ဖျော်ဖြေခဲ့တာ
၂၀၀၄ ခုနှစ်ကတည်းက စတင်ခဲ့တယ်လို့လည်း ဆိုပါတယ်နော်။