ကြၽန္ေတာ္တို႔မွီခဲ့တယ္(တိုက္ဆိုင္လို႔ ကူးယူလာတာ)
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
က်ေနာ္တို႔မွီခဲ့တယ္.
{တိုက္ဆိုင္လို႔ ကူးယူလာတာ}
ပိုက္ဆံအေႂကြ ဆယ္ျပား၊တစ္မတ္နဲ႔ အရသာရွိတဲ့မုန႔္ကို
စိတ္ခ်လက္ခ်စားလို႔ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္….
လက္ဘက္ရည္တစ္ခြက္၊ေခါက္ဆြဲေၾကာ္တစ္ပြဲဆိုတာ
ေနမေကာင္းတဲ့အခါမွစားရတဲ့အလြန္အရသာရွိတဲ့အစားအစာျဖစ္တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
အယုတ္ အလတ္ အျမတ္မေ႐ြး ေကြၽးတဲ့ စတုဒိသာကို ဘာေရာဂါမွ
မေၾကာက္ရဘဲ အလုအယက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
မိုးရာသီ မိုးေရထဲမွာ ဘယ္ကားအႏၲရာယ္မွမရွိဘဲ
ရပ္ကြက္ထဲကလမ္းေပၚမွာလြတ္လြတ္လပ္လပ္ ေဘာလုံးကန္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္….
ဘာအေၾကာင္းေၾကာင့္ေနမေကာင္းျဖစ္ခဲ့ျဖစ္ခဲ့ ကိုးပါးေဆးကို
ကြမ္း႐ြက္ျပဳတ္ရည္နဲ႔ေသာက္႐ုံနဲ႔ေပ်ာက္တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
ကိုယ္ပိုင္ကားမေျပာနဲ႔ စက္ဘီးေတာင္လူတိုင္းမစီးႏိုင္အေျခအေနမွာ
သူငယ္ခ်င္းေတြနဲ႔ေက်ာင္းတက္ ေက်ာင္းဆင္း လမ္းေလွ်ာက္ရင္း
ေပ်ာ္႐ႊင္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
ေက်ာင္းထမင္းခ်ိဳင့္ထဲမွာ ပဲျပဳတ္သုတ္ ဒါမွမဟုတ္
ဘဲဥျပဳတ္တစ္လုံးပါ႐ုံနဲ႔မိဘကိုမညိဳျငင္တဲ့ေခတ္ကိုမွီခဲဘူးတယ္….
ေႏြရာသီေက်ာင္းပိတ္ရက္မွာ ညစဥ္ညတိုင္း လမ္းေပၚထြက္ၿပီး
ကစားနည္းမ်ိဳးစုံကိုေပ်ာ္႐ႊင္စြာကစားခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္….
တစ္ေဆြလုံးတစ္မ်ိဳးလုံးမွာမွ တစ္လုံးထဲရွိတဲ့အမ်ိဳးအိမ္ကTVကို
ေဆြမ်ိဳးတစ္သိုက္ စုၿပီးၾကည့္ခဲ့ရတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
ဘုရားပြဲမွာကတဲ့ဇာတ္ကို က်ား/မ မေ႐ြး မိုးအလင္းၾကည့္ၿပီး(အိပ္ၿပီး)
မနက္မိုးစင္စင္လင္းမွထျပန္လည္း ဘာအေၾကာင္းႀကီးငယ္မွ မျဖစ္ခဲ့တဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
ေသြးသားမေတာ္စပ္ၾကေပမယ့္ ျဖဴစင္တဲ့ခင္မင္ျခင္းေတြနဲ႔
ေမာင္ႏွမရင္းပမာ ဆက္ဆံျခင္းေတြရွိတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္..
ႀကီးသူကို႐ိုေသ ႐ြယ္တူကိုေလးစား ငယ္သူကိုသနားရမယ္ဆိုတဲ့
ျမတ္ႏိုးစရာလူ႔က်င့္ဝတ္ေတြ ထြန္းကားတဲ့ေခတ္ကိုမွီခဲ့ဘူးတယ္…
လိုတာေလးေတြထပ္ျဖည့္ခဲ့ၾကပါဦး …Credit
Unicode
ကျနော်တို့မှီခဲ့တယ်.
{တိုက်ဆိုင်လို့ ကူးယူလာတာ}
ပိုက်ဆံအကြွေ ဆယ်ပြား၊တစ်မတ်နဲ့ အရသာရှိတဲ့မုန့်ကို
စိတ်ချလက်ချစားလို့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….
လက်ဘက်ရည်တစ်ခွက်၊ခေါက်ဆွဲကြော်တစ်ပွဲဆိုတာ
နေမကောင်းတဲ့အခါမှစားရတဲ့အလွန်အရသာရှိတဲ့အစားအစာဖြစ်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
အယုတ် အလတ် အမြတ်မရွေး ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ
မကြောက်ရဘဲ အလုအယက် ပျော်ပျော်ရွှင်ရွှင် စားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
မိုးရာသီ မိုးရေထဲမှာ ဘယ်ကားအန္တရာယ်မှမရှိဘဲ
ရပ်ကွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ် ဘောလုံးကန်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….
ဘာအကြောင်းကြောင့်နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို
ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
ကိုယ်ပိုင်ကားမပြောနဲ့ စက်ဘီးတောင်လူတိုင်းမစီးနိုင်အခြေအနေမှာ
သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း
ပျော်ရွှင်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ် ဒါမှမဟုတ်
ဘဲဥပြုတ်တစ်လုံးပါရုံနဲ့မိဘကိုမညိုငြင်တဲ့ခေတ်ကိုမှီခဲဘူးတယ်….
နွေရာသီကျောင်းပိတ်ရက်မှာ ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး
ကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်….
တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို
ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
ဘုရားပွဲမှာကတဲ့ဇာတ်ကို ကျား/မ မရွေး မိုးအလင်းကြည့်ပြီး(အိပ်ပြီး)
မနက်မိုးစင်စင်လင်းမှထပြန်လည်း ဘာအကြောင်းကြီးငယ်မှ မဖြစ်ခဲ့တဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
သွေးသားမတော်စပ်ကြပေမယ့် ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့
မောင်နှမရင်းပမာ ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်..
ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားရမယ်ဆိုတဲ့
မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်…
လိုတာလေးတွေထပ်ဖြည့်ခဲ့ကြပါဦး …Credit