ကိုဗစ်စင်တာတွေမှာ နေ့ရောညပါတာဝန်တွေထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်တိုင်ဂစ်တာတီး သီချင်းဆိုပြပြီး အမောပြေစေခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

















Source: U Zaw Zaw ‘s fb

Unicode

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အဆိုရော၊ သရုပ်ဆောင်ပါ ပြောစရာမလိုအောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က နှစ်ပေါင်း (၂၀) ကျော်ကြာ အောင်မြင်ခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုအရှိန်အဝါ လုံးဝကျဆင်းမသွားပဲ

အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေလျက်ရှိတဲ့ လက်ချိုးရေလို့ရတဲ့

အနုပညာရှင်စာရင်းမှာ ပါဝင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး ။ စိုင်းစိုင်းက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း တစ်ကိုယ်တည်း

လူပျိုကြီးအဖြစ် အေးချမ်းစွာ နေထိုင်နေလျက်ရှိပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိပိုင်ဆိုင်ထားသလို ပရိသတ်တွေ လိုအပ်ချိန်မှာလည်း ရှေ့ဆုံးကနေ အမြဲအသင့်ရှိနေပေးတဲ့

စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခါမှာလည်း လေးစားစရာ အပြုအမူလေးတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီ။

စိုင်းစိုင်းခမ်းလှိုင်က ဦးဇော်ဇော်ရဲ့ ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ နေ့ရောညပါတာဝန်တွေထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်တိုင်ဂစ်တာတီး

သီချင်းဆိုပြပြီး အမောပြေစေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးအတွက် အလှူငွေတွေများစွာကိုလည်း ကျပ်သိန်းပေါင်းရာနဲ့ချီပြီး

လှူဒါန်းခဲ့သလို ရှေ့တန်းကနေ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း

စိတ်ဓာတ်ခွန်အားပေးနေလျက်ရှိပါတယ်။

စိုင်းစိုင်းပေးတဲ့ ခွန်အားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အမောပြမှာ အသေအချာပါပဲနော်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: U Zaw Zaw ‘s fb