
Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်










Unicode

ဦးဇော်ဇော်က မန္တလေးမှာ ကိုဗစ်ကုသရေးစင်တာကြီး တခု တည်ဆောက်ပေးနေပြန်ပြီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဦးဆောင်မှုဖြင့်

ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့တွင် HDU နှင့် Oxygen Therapy

ကုတင်(၁၀၀) ပါဝင်သည့် ကုတင်(၃၀၀)ဆံ့ ကိုဗစ် ရောဂါကုသရေးဌာန (ချမ်းမြသာစည်)၊

ဧရာဝတီစင်တာကို စတင်တည်ဆောက်လျက်ရှိပါသည်။

ဧရာဝတီစင်တာ တည်ဆောက်ရေးအတွက် ပြည်ပမှမှာယူတင်သွင်းခဲ့သော Tent များ၊

ဆေးရုံသုံးကုတင်နှင့် ဆက်စပ်ပစ္စည်းများလည်း ရောက်ရှိနေပြီဖြစ်ပြီး

ကိုဗစ် ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်မည့် Test & Care စင်တာတစ်ခုလည်း ပါဝင်မည် ဖြစ်ပါသည်။