ေက်ာင္းစာအုပ္ထဲမွာ မသင္ခဲ့ရတဲ့ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၂၀၀) ခန႔္က ျမန္မာျပည္သမိုင္း

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

လတ္တေလာ ထိုင္းႏိုင္ငံတြင္ ဝန္ႀကီးခ်ဳပ္ (အာဏာသိမ္းယူထားေသာ စစ္အစိုးရ) ႏုတ္ထြက္ေပးေရး ၊ ဒီမိုကေရစီအေရး ၊ ဘုရင္စံနစ္ ျပဳျပင္ေျပာင္းလဲေရး ဆႏၵျပေနၾကတယ္ ။

သူ႔ႏိုင္ငံ သူ႔အေရးထက္ ကိုယ့္ျပႆနာက စိုးရိမ္စရာေတြမို႔ သိပ္စိတ္မဝင္စားေပမဲ့ ” ဘုရင္သည္ ဥပေဒေအာက္တြင္ ရွိရမည္ ” ဆိုေသာစကားကို စိတ္ဝင္စားသည္ ။

တနည္းအားျဖင့္ သက္ဦးဆံပိုင္ ဘုရင္မွသည္ စည္းမ်ဥ္းခံဘုရင္ constitutional monarchy ကို အလိုရွိေနၾကၿပီလို႔ နားလည္လိုက္တယ္ ။

ျမန္မာ့သမိုင္းတြင္ ဒီလို constitutional monarchy အလွည့္အေျပာင္းလုပ္ဖို႔ ႀကိဳးစားခဲ့ၾကဖူးတယ္ ။ နန္းတြင္းက ကင္းဝန္မင္းႀကီး ဦးေကာင္း ဟာ အဂၤလန္နဲ႔ ဥေရာပကို ပညာေတာ္သင္သြားတဲ့ ျမန္မာလူငယ္အဖြဲ႕ကို ဦးေဆာင္ခဲ့တယ္ ။

အဂၤလိပ္တို႔ရဲ႕ ေရတပ္အင္အားနဲ႔ အဂၤလန္ရဲ႕ constitutional monarchy ကို သေဘာက်ခဲ့တယ္ ။ ျမန္မာ့ထီးနန္းကိုလည္း အဲဒီလို ျပဳျပင္ေျပာင္းလဲေစခ်င္တယ္ ။

တည့္တည့္ေျပာရရင္ ဘုရင္တစ္ဦးရဲ႕ ပါဝါ ကို အမတ္အဖြဲ႕ (ပါလီမန္) ရဲ႕ပါဝါ နဲ႔ ေဝမွ်လို႔ ထိန္းခ်ဳပ္ခ်င္တယ္ ။

မင္းတုန္းမင္းရဲ႕ မိဖုရား ဆင္ျဖဴမရွင္ကလည္း သမီးေတာ္ သုံးပါးသာရွိၿပီး သားမရွိလို႔ ဘုရင့္မယ္ေတာ္ ျဖစ္ခြင့္မရလို႔ ႀကံရာမရ ျဖစ္ေနတယ္ ။

ထက္ျမက္တဲ့မင္းသားမ်ားကို တင္ရင္ သူတို႔ႀကိဳးကိုင္လို႔မရလို႔ ႏုံႏုံအအ ေအးတဲ့ သီေပါမင္းသားကို သူ႔သမီးနဲ႔ေပးစားလို႔ဘုရင္တင္ရင္ နန္းတြင္းမွာ ပါဝါရႏိုင္မယ္ ။

ဦးေကာင္းရဲ႕ ရည္မွန္းခ်က္ constitutional monarchy အေကာင္ထည္ေဖာ္ႏိုင္မယ္ ။ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ။

၁၈၇၈ မင္းတုန္းမင္း နာမက်န္းျဖစ္ၿပီးအိပ္ယာထဲ လဲေနစဥ္မွာ ေျမာက္ဥယ်ာဥ္ ေဆြးေႏြးပြဲ (ကက္ဘိနက္စည္းေဝး) လွ်ိဳ႕ဝွက္ထိုင္တယ္ ။

သီေပါမင္းသားကို နန္းတင္မယ္ ကန္႔ကြက္တဲ့သူ ဒီေနရာမွာ ေခါင္း ထားခဲ့ရမယ္ ။ ျပတ္သားတယ္ ။ မဲမခြဲပါ ။

အစြမ္းထက္တဲ့မင္းသားအပါး ၄၀ ေက်ာ္ သမီးေတာ္ အပါး ၄၀ ဥာဏ္စင္ၿပီးေခၚတယ္ ။ ဖမ္းၿပီး အဆုံးစီရင္လိုက္တယ္ ။

၁၈၇၈ ေအာက္တိုဘာ မင္းတုန္းမင္းနတ္႐ြာစံၿပီး သီေပါမင္းနန္းတယ္။ constitutional monarchy အေကာင္ထည္ေဖာ္ၾကေပါ့ ။

သိပ္မၾကာဘူး ၇ ႏွစ္ၾကာၿပီးေနာက္ ၁၈၈၅ အဂၤလိပ္ မႏၲေလးနန္းေတာ္ကို သိမ္းၿပီး တစ္ႏိုင္ငံလုံး ကိုလိုနီျပဳခဲ့တယ္ ။

အဂၤလိပ္တို႔ကို ျပန္မတိုက္ဖို႔ ဦးေကာင္း တိုက္တြန္းတယ္ ။ စစ္အင္အားကို သူသိေနတယ္ ။ စုဖုရားလတ္ ေဒါသထြက္ၿပီး သနပ္ခါး ၊ ေက်ာက္ျပင္ ၊ ထမီေတြ ပို႔လိုက္တယ္ ။ သူရဲေဘာေၾကာင္တဲ့ ဖိုးဖိုးေကာင္းအတြက္တဲ့ ။

ဦးေကာင္း လိမ္ထုတ္ မင္းဆက္ျပဳတ္ စကားေပၚလာတယ္ ။ ဘယ္သူ႔ေၾကာင့္ ထီးနန္းေပ်ာက္ရပါတယ္ဆိုတာ ျငင္းေနလို႔အက်ိဳးမရွိပါ ။

ဘယ္ဘုရင္ တက္တက္ အဂၤလိပ္က ဘယ္လိုမဆို သိမ္းဖို႔ plan ရွိၿပီးသားပါ ။

၁၈၈၅ မွာ ဘုရင္နဲ႔မိဖုရားကို အိႏၵိယပို႔ေဆာင္ေတာ့ ဒီဇင္ဘာလမွာ ပင္လယ္ကိုေရာက္တယ္ ။ အရွင္ႏွစ္းပါးဟာ အခုမွ ပင္လယ္ကို ျမင္ဖူးပါသတဲ့ အရပ္ကတို႔ ။

ဝါးလုံးေခါင္းထဲမွာ လသာခဲ့တဲ့ ဘုန္းတန္ခိုးအာႏုေဘာ္တို႔ေၾကာင့္ စသည္ျဖင့္ ဘုန္းေတာ္ဘြဲ႕ေတြ တမ္းတေနဦးမလား ။

အမွန္ေတာ့ ဒုတိယ အဂၤလိပ္ ျမန္မာစစ္ပြဲၿပီးကတည္းက သေဘာေပါက္သင့္တာ ။ ဒုစစ္ၿပီးေတာ့ ၁၈၅၂ စက္တင္ဘာမွာ ရန္ကုန္ city plan ဆြဲေနပါၿပီ ။ ဒီဇိုင္းဆြဲသူက lieutenant Fraser ပါ ။

အထက္ျမန္မာမွာ ျမန္မာမင္းအုပ္ခ်ဳပ္ၿပီး ေအာက္ျမန္မာမွာ အဂၤလိပ္ အုပ္ခ်ဳပ္တယ္ ။ ေရနီၿမိဳ႕က နယ္စပ္မ်ဥ္းေပါ့ ။ ကဲ ေတြးဆၾကည့္ မိတ္ေဆြတို႔ ။

one country two kingdoms ။ သာမန္လူေတြ ဘယ္မွာ ေနခ်င္လဲ ။ အထက္လား ေအာက္လား ။

ပထမ တစ္ႏွစ္ ႏွစ္ႏွစ္မွာေတာ့ ျမန္မာေတြ အထက္တက္ၾကတယ္ ။ မ်က္ႏွာျဖဴ အဂၤလိပ္ေတြ ခပ္စိမ္းစိမ္းေပါ့ ။

ေနာက္ေတာ့ အစုလိုက္ အၿပဳံလိုက္ ေအာက္ျပည္သို႔ ဆင္းလာပါေတာ့တယ္ ။ ဘာေၾကာင့္လဲ ။

၁၈၇၇ မွာ အဂၤလိပ္က ရန္ကုန္ ျပည္ ရထားလမ္းေဖာက္တယ္ ။ ရထားတခါမွ မျမင္ဖူးးသူေတြ ေတြ႕ခ်င္ရင္ဆင္းလာရမယ္ ။ ေတြးၾကည့္စမ္းဗ်ာ ။ ေ႐ႊတိဂုံ ဘုရားဖူးမယ္ ။ ရထားႀကီးစီးၿပီး ျပည္ ေ႐ႊဆံေတာ္ဖူးမယ္ ။

ေ႐ႊတိဂုံကုန္းေတာ္မွ ဆူးေလေစတီအထိ ၇ ေပအခ်င္းမကတဲ့ ေရဆင္းပိုက္ႀကီးတည္ေဆာက္တယ္ ။ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (အလံျပဘုရားလမ္း) တည္ေဆာက္ေတာ့ အဲဒီေရဆင္းပိုက္ႀကီးကို ပိတ္လိုက္တယ္ ။ သိမ္ျဖဴမွာ ေရလ်ံေတာ့တာေပါ့ ။

၁၈၆၀ ေနာက္ပိုင္း mission school ေတြ အစိုးရေက်ာင္းေတြေရာက္လာၿပီ ။ ႐ိုးရာ ဘုန္းႀကီးေက်ာင္း ပညာေရးမွ ေခတ္သစ္ပညာေရး ျဗန္းကနဲ ေျပာင္းလဲလာတာ ဘယ္သူမသင္ခ်င္ပဲ ရွိမလဲဗ်ာ ။

ကိုလိုနီေခတ္မွသည္ ၁၉၇၀ ထိ mission school က ၇ တန္းေအာင္ဟာ အစိုးရတကၠသိုလ္ဘြဲ႕ရနဲ႔ ညီတယ္ ဆိုတဲ့ စကား နားခါးေပမဲ့ မွန္ေနတယ္ ။

ရန္ကုန္တကၠသိုလ္ရဲ႕ မူလအစက Cushion school , ထိုမွ ၁၉၀၄ american baptist mission college ကစခဲ့ရတာပါ ။

အဲဒီအခ်ိန္က ရန္ကုန္တကၠသိုလ္ရဲ႕ အဆင့္တန္း အားလုံးသိမွာပါ ။ (ယေန႔သတင္း ရန္ကုန္တကၠသိုလ္ ကမာၻ႔အဆင့္ ၇၁၁၆ ၊ အာဆီယံအဆင့္ ၃၂၁ source : Webometric)

ပညာရပ္ဆိုင္ရာမွာလည္း အဂၤလိပ္အရာရွိေတြ ပုဂံေက်ာက္စာေတြကို ေမးျမန္းေတာ့ ေျဖႏိုင္သူတစ္ေယာက္မွမရွိခဲ့ဘူး ။

လန္ဒန္ Dulwich , Oxford တကၠသိုလ္က အေရွ႕တိုင္းဘာသာကြၽမ္းက်င္သူ C . O Blagden က ဝွက္စာေဖာ္သလို ေဖာ္ထုတ္ႏိုင္ခဲ့တယ္ ။

သူက ေရွးမြန္စာ မေလးဘာသာ ကြၽမ္းက်င္သူျဖစ္တယ္ ။ C . O Blagden က ဗမာေတြကို ေရွးပ်ဴ ၊ မြန္ ၊ ဗမာစာ ဖတ္နည္း သင္ေပးခဲ့တယ္ ။

ပုံ – C . O Blagden

၁၈၅၇ မင္းတုန္းမင္း မႏၲေလးနန္းေတာ္ေဆာက္ေနစဥ္ ရန္ကုန္ဆိပ္ကမ္းမွာ ႏိုင္ငံတကာသြား ကုန္တင္ ခရီးသည္တင္ သ‌ေဘၤာေတြ ေျပးဆြဲေနၿပီ ။

ဘဏ္တိုက္ႀကီးေတြ ကုန္တိုက္ႀကီေတြ ေရာက္လာၿပီ ။ ျမန္မာေတြ brandy ကို ပိုခံတြင္းေတြ႕ၾကသတဲ့ ။

ထူးျခားမႈတစ္ခုက ေျမေအာက္မွာ တည္ေဆာက္ထားတဲ့ water supply ေရသုံးပိုက္ ၊ အေရးေပၚမီးသတ္ပိုက္ ၊ မိလႅာပိုက္ေတြ ေဆာက္တယ္ ။

မိလႅာပိုက္ေတြကို မႈတ္စက္ hydropneumatic system နဲ႔ကန္ကိုပို႔ treatment စစ္ထုတ္သန္႔စင္ၿပီး ျမစ္ထဲ ပို႔တဲ့စံနစ္ ၁၈၈၇ မွာ ေဆာက္ၿပီးၿပီ ။

ဘာဆန္းလို႔လဲ ေမးရင္ လြပ္လပ္ေရးရၿပီး အစိုးရအဆက္ဆက္ သာေကတ ၊ သုဝဏၰ ၊ ေတာင္ ေျမာက္ဥကၠလာ ၊ ဒဂုံ ၿမိဳသစ္မ်ား အဲဒီလို infrastructure မ်ိဳး မလုပ္ႏိုင္ပါ ။

အထူးသျဖင့္ ၂၄ နာရီေရစီးေနတဲ့ မီးသတ္ပိုက္ မတည္ေဆာက္ႏိုင္ခဲ့ပါ ။

၁၉၀၇ ခုႏွစ္ ရန္ကုန္မွာ လမ္းေဘးလွ်ပ္စစ္မီးတိုင္ေတြ ထြန္းေနၿပီ ။ ၁၈၉၁ မွာ အေမရိကန္ျပည္ေထာင္စု သမၼတ အိမ္ျဖဴေတာ္မွာ လွ်ပ္စစ္မီးထြန္းတယ္ ဆိုေတာ့ကာ ျမန္မာေတြရဲ႕ လူေနမႈအဆင့္ကို မွန္းဆႏိုင္ပါတယ္ ။

၁၉၆၀ မတိုင္ခင္အထိ ျမန္မာဟာ ကမာၻမွာ ဆန္စပါးအမ်ားဆုံး တင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံျဖစ္ခဲ့တယ္ ။ ေနာက္ပိုင္း ထိုင္း နဲ႔ ဗီယက္နမ္ ျဖစ္သြားတယ္ ။

ေဖ့စဘြတ္မွာ ျမန္မာေတြရဲ႕ ေ႐ႊေခတ္ post ေတြ ဖတ္လိုက္ရတယ္ ။ ဒီ debate အေျဖထုတ္ဖို႔ မရည္႐ြယ္ပါဘူး ။

ပါတ္ဝန္းက်င္ ထိုင္းႏိုင္ငံက ကိုယ့္ထက္ အေျခခံအေဆာက္အအုံ လူေနမႈစံနစ္ infrastructure ၁၀ ဆ ေလာက္သာေနခ်ိန္မွာ တခ်ိန္က ေ႐ႊထီးေဆာင္းခဲ့တဲ့ အတိတ္ကို သာယာခ်င္စိတ္ အလွ်င္းမရွိပါ ။

သို႔ေသာ္ သမိုင္း ျဖစ္ရပ္မွန္သည္ လိမ္လည္လို႔မရပါ ။ ထိမ္ခ်န္လို႔ မရပါ ။ ေနာင္လာေနာက္သား တစ္ေယာက္ေယာက္ သမိုင္းစာမ်က္ႏွာကို ဖတ္ၾကည့္လာတဲ့အခါ ဒီလိုျဖစ္ခဲ့တယ္ဆိုတာ သိေစခ်င္တာပါ ။ (AungThein Thein)

ကိုးကား – နန္းမႈနန္းရာ (ျမေကတု)
A history of Rangoon by R B PEARN ဘာသာျပန္ ကိုကိုေလး ရန္ကုန္သမိုင္း
ရတနာပုံ နိဒါန္း နဲ႔ နိဂုံး (ဒဂုံ ခင္ခင္ေလး)

Unicode

လတ်တလော ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် (အာဏာသိမ်းယူထားသော စစ်အစိုးရ) နုတ်ထွက်ပေးရေး ၊ ဒီမိုကရေစီအရေး ၊ ဘုရင်စံနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြနေကြတယ် ။

သူ့နိုင်ငံ သူ့အရေးထက် ကိုယ့်ပြဿနာက စိုးရိမ်စရာတွေမို့ သိပ်စိတ်မဝင်စားပေမဲ့ ” ဘုရင်သည် ဥပဒေအောက်တွင် ရှိရမည် ” ဆိုသောစကားကို စိတ်ဝင်စားသည် ။

တနည်းအားဖြင့် သက်ဦးဆံပိုင် ဘုရင်မှသည် စည်းမျဥ်းခံဘုရင် constitutional monarchy ကို အလိုရှိနေကြပြီလို့ နားလည်လိုက်တယ် ။

မြန်မာ့သမိုင်းတွင် ဒီလို constitutional monarchy အလှည့်အပြောင်းလုပ်ဖို့ ကြိုးစားခဲ့ကြဖူးတယ် ။ နန်းတွင်းက ကင်းဝန်မင်းကြီး ဦးကောင်း ဟာ အင်္ဂလန်နဲ့ ဥရောပကို ပညာတော်သင်သွားတဲ့ မြန်မာလူငယ်အဖွဲ့ကို ဦးဆောင်ခဲ့တယ် ။

အင်္ဂလိပ်တို့ရဲ့ ရေတပ်အင်အားနဲ့ အင်္ဂလန်ရဲ့ constitutional monarchy ကို သဘောကျခဲ့တယ် ။ မြန်မာ့ထီးနန်းကိုလည်း အဲဒီလို ပြုပြင်ပြောင်းလဲစေချင်တယ် ။

တည့်တည့်ပြောရရင် ဘုရင်တစ်ဦးရဲ့ ပါဝါ ကို အမတ်အဖွဲ့ (ပါလီမန်) ရဲ့ပါဝါ နဲ့ ဝေမျှလို့ ထိန်းချုပ်ချင်တယ် ။

မင်းတုန်းမင်းရဲ့ မိဖုရား ဆင်ဖြူမရှင်ကလည်း သမီးတော် သုံးပါးသာရှိပြီး သားမရှိလို့ ဘုရင့်မယ်တော် ဖြစ်ခွင့်မရလို့ ကြံရာမရ ဖြစ်နေတယ် ။

ထက်မြက်တဲ့မင်းသားများကို တင်ရင် သူတို့ကြိုးကိုင်လို့မရလို့ နုံနုံအအ အေးတဲ့ သီပေါမင်းသားကို သူ့သမီးနဲ့ပေးစားလို့ဘုရင်တင်ရင် နန်းတွင်းမှာ ပါဝါရနိုင်မယ် ။

ဦးကောင်းရဲ့ ရည်မှန်းချက် constitutional monarchy အကောင်ထည်ဖော်နိုင်မယ် ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ။

၁၈၇၈ မင်းတုန်းမင်း နာမကျန်းဖြစ်ပြီးအိပ်ယာထဲ လဲနေစဥ်မှာ မြောက်ဥယျာဥ် ဆွေးနွေးပွဲ (ကက်ဘိနက်စည်းဝေး) လျှို့ဝှက်ထိုင်တယ် ။

သီပေါမင်းသားကို နန်းတင်မယ် ကန့်ကွက်တဲ့သူ ဒီနေရာမှာ ခေါင်း ထားခဲ့ရမယ် ။ ပြတ်သားတယ် ။ မဲမခွဲပါ ။

အစွမ်းထက်တဲ့မင်းသားအပါး ၄၀ ကျော် သမီးတော် အပါး ၄၀ ဥာဏ်စင်ပြီးခေါ်တယ် ။ ဖမ်းပြီး အဆုံးစီရင်လိုက်တယ် ။

၁၈၇၈ အောက်တိုဘာ မင်းတုန်းမင်းနတ်ရွာစံပြီး သီပေါမင်းနန်းတယ်။ constitutional monarchy အကောင်ထည်ဖော်ကြပေါ့ ။

သိပ်မကြာဘူး ၇ နှစ်ကြာပြီးနောက် ၁၈၈၅ အင်္ဂလိပ် မန္တလေးနန်းတော်ကို သိမ်းပြီး တစ်နိုင်ငံလုံး ကိုလိုနီပြုခဲ့တယ် ။

အင်္ဂလိပ်တို့ကို ပြန်မတိုက်ဖို့ ဦးကောင်း တိုက်တွန်းတယ် ။ စစ်အင်အားကို သူသိနေတယ် ။ စုဖုရားလတ် ဒေါသထွက်ပြီး သနပ်ခါး ၊ ကျောက်ပြင် ၊ ထမီတွေ ပို့လိုက်တယ် ။ သူရဲဘောကြောင်တဲ့ ဖိုးဖိုးကောင်းအတွက်တဲ့ ။

ဦးကောင်း လိမ်ထုတ် မင်းဆက်ပြုတ် စကားပေါ်လာတယ် ။ ဘယ်သူ့ကြောင့် ထီးနန်းပျောက်ရပါတယ်ဆိုတာ ငြင်းနေလို့အကျိုးမရှိပါ ။

ဘယ်ဘုရင် တက်တက် အင်္ဂလိပ်က ဘယ်လိုမဆို သိမ်းဖို့ plan ရှိပြီးသားပါ ။

၁၈၈၅ မှာ ဘုရင်နဲ့မိဖုရားကို အိန္ဒိယပို့ဆောင်တော့ ဒီဇင်ဘာလမှာ ပင်လယ်ကိုရောက်တယ် ။ အရှင်နှစ်းပါးဟာ အခုမှ ပင်လယ်ကို မြင်ဖူးပါသတဲ့ အရပ်ကတို့ ။

ဝါးလုံးခေါင်းထဲမှာ လသာခဲ့တဲ့ ဘုန်းတန်ခိုးအာနုဘော်တို့ကြောင့် စသည်ဖြင့် ဘုန်းတော်ဘွဲ့တွေ တမ်းတနေဦးမလား ။

အမှန်တော့ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲပြီးကတည်းက သဘောပေါက်သင့်တာ ။ ဒုစစ်ပြီးတော့ ၁၈၅၂ စက်တင်ဘာမှာ ရန်ကုန် city plan ဆွဲနေပါပြီ ။ ဒီဇိုင်းဆွဲသူက lieutenant Fraser ပါ ။

အထက်မြန်မာမှာ မြန်မာမင်းအုပ်ချုပ်ပြီး အောက်မြန်မာမှာ အင်္ဂလိပ် အုပ်ချုပ်တယ် ။ ရေနီမြို့က နယ်စပ်မျဥ်းပေါ့ ။ ကဲ တွေးဆကြည့် မိတ်ဆွေတို့ ။

one country two kingdoms ။ သာမန်လူတွေ ဘယ်မှာ နေချင်လဲ ။ အထက်လား အောက်လား ။

ပထမ တစ်နှစ် နှစ်နှစ်မှာတော့ မြန်မာတွေ အထက်တက်ကြတယ် ။ မျက်နှာဖြူ အင်္ဂလိပ်တွေ ခပ်စိမ်းစိမ်းပေါ့ ။

နောက်တော့ အစုလိုက် အပြုံလိုက် အောက်ပြည်သို့ ဆင်းလာပါတော့တယ် ။ ဘာကြောင့်လဲ ။

၁၈၇၇ မှာ အင်္ဂလိပ်က ရန်ကုန် ပြည် ရထားလမ်းဖောက်တယ် ။ ရထားတခါမှ မမြင်ဖူးးသူတွေ တွေ့ချင်ရင်ဆင်းလာရမယ် ။ တွေးကြည့်စမ်းဗျာ ။ ရွှေတိဂုံ ဘုရားဖူးမယ် ။ ရထားကြီးစီးပြီး ပြည် ရွှေဆံတော်ဖူးမယ် ။

ရွှေတိဂုံကုန်းတော်မှ ဆူးလေစေတီအထိ ၇ ပေအချင်းမကတဲ့ ရေဆင်းပိုက်ကြီးတည်ဆောက်တယ် ။ ကာကွယ်ရေးဦးစီးချုပ်ရုံး (အလံပြဘုရားလမ်း) တည်ဆောက်တော့ အဲဒီရေဆင်းပိုက်ကြီးကို ပိတ်လိုက်တယ် ။ သိမ်ဖြူမှာ ရေလျံတော့တာပေါ့ ။

၁၈၆၀ နောက်ပိုင်း mission school တွေ အစိုးရကျောင်းတွေရောက်လာပြီ ။ ရိုးရာ ဘုန်းကြီးကျောင်း ပညာရေးမှ ခေတ်သစ်ပညာရေး ဗြန်းကနဲ ပြောင်းလဲလာတာ ဘယ်သူမသင်ချင်ပဲ ရှိမလဲဗျာ ။

ကိုလိုနီခေတ်မှသည် ၁၉၇၀ ထိ mission school က ၇ တန်းအောင်ဟာ အစိုးရတက္ကသိုလ်ဘွဲ့ရနဲ့ ညီတယ် ဆိုတဲ့ စကား နားခါးပေမဲ့ မှန်နေတယ် ။

ရန်ကုန်တက္ကသိုလ်ရဲ့ မူလအစက Cushion school , ထိုမှ ၁၉၀၄ american baptist mission college ကစခဲ့ရတာပါ ။

အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်တန်း အားလုံးသိမှာပါ ။ (ယနေ့သတင်း ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့် ၇၁၁၆ ၊ အာဆီယံအဆင့် ၃၂၁ source : Webometric)

ပညာရပ်ဆိုင်ရာမှာလည်း အင်္ဂလိပ်အရာရှိတွေ ပုဂံကျောက်စာတွေကို မေးမြန်းတော့ ဖြေနိုင်သူတစ်ယောက်မှမရှိခဲ့ဘူး ။

လန်ဒန် Dulwich , Oxford တက္ကသိုလ်က အရှေ့တိုင်းဘာသာကျွမ်းကျင်သူ C . O Blagden က ဝှက်စာဖော်သလို ဖော်ထုတ်နိုင်ခဲ့တယ် ။

သူက ရှေးမွန်စာ မလေးဘာသာ ကျွမ်းကျင်သူဖြစ်တယ် ။ C . O Blagden က ဗမာတွေကို ရှေးပျူ ၊ မွန် ၊ ဗမာစာ ဖတ်နည်း သင်ပေးခဲ့တယ် ။

ပုံ – C . O Blagden

၁၈၅၇ မင်းတုန်းမင်း မန္တလေးနန်းတော်ဆောက်နေစဥ် ရန်ကုန်ဆိပ်ကမ်းမှာ နိုင်ငံတကာသွား ကုန်တင် ခရီးသည်တင် သ‌ေင်္ဘာတွေ ပြေးဆွဲနေပြီ ။

ဘဏ်တိုက်ကြီးတွေ ကုန်တိုက်ကြီတွေ ရောက်လာပြီ ။ မြန်မာတွေ brandy ကို ပိုခံတွင်းတွေ့ကြသတဲ့ ။

ထူးခြားမှုတစ်ခုက မြေအောက်မှာ တည်ဆောက်ထားတဲ့ water supply ရေသုံးပိုက် ၊ အရေးပေါ်မီးသတ်ပိုက် ၊ မိလ္လာပိုက်တွေ ဆောက်တယ် ။

မိလ္လာပိုက်တွေကို မှုတ်စက် hydropneumatic system နဲ့ကန်ကိုပို့ treatment စစ်ထုတ်သန့်စင်ပြီး မြစ်ထဲ ပို့တဲ့စံနစ် ၁၈၈၇ မှာ ဆောက်ပြီးပြီ ။

ဘာဆန်းလို့လဲ မေးရင် လွပ်လပ်ရေးရပြီး အစိုးရအဆက်ဆက် သာကေတ ၊ သုဝဏ္ဏ ၊ တောင် မြောက်ဥက္ကလာ ၊ ဒဂုံ မြိုသစ်များ အဲဒီလို infrastructure မျိုး မလုပ်နိုင်ပါ ။

အထူးသဖြင့် ၂၄ နာရီရေစီးနေတဲ့ မီးသတ်ပိုက် မတည်ဆောက်နိုင်ခဲ့ပါ ။

၁၉၀၇ ခုနှစ် ရန်ကုန်မှာ လမ်းဘေးလျှပ်စစ်မီးတိုင်တွေ ထွန်းနေပြီ ။ ၁၈၉၁ မှာ အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်မှာ လျှပ်စစ်မီးထွန်းတယ် ဆိုတော့ကာ မြန်မာတွေရဲ့ လူနေမှုအဆင့်ကို မှန်းဆနိုင်ပါတယ် ။

၁၉၆၀ မတိုင်ခင်အထိ မြန်မာဟာ ကမ္ဘာမှာ ဆန်စပါးအများဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်ခဲ့တယ် ။ နောက်ပိုင်း ထိုင်း နဲ့ ဗီယက်နမ် ဖြစ်သွားတယ် ။

ဖေ့စဘွတ်မှာ မြန်မာတွေရဲ့ ရွှေခေတ် post တွေ ဖတ်လိုက်ရတယ် ။ ဒီ debate အဖြေထုတ်ဖို့ မရည်ရွယ်ပါဘူး ။

ပါတ်ဝန်းကျင် ထိုင်းနိုင်ငံက ကိုယ့်ထက် အခြေခံအဆောက်အအုံ လူနေမှုစံနစ် infrastructure ၁၀ ဆ လောက်သာနေချိန်မှာ တချိန်က ရွှေထီးဆောင်းခဲ့တဲ့ အတိတ်ကို သာယာချင်စိတ် အလျှင်းမရှိပါ ။

သို့သော် သမိုင်း ဖြစ်ရပ်မှန်သည် လိမ်လည်လို့မရပါ ။ ထိမ်ချန်လို့ မရပါ ။ နောင်လာနောက်သား တစ်ယောက်ယောက် သမိုင်းစာမျက်နှာကို ဖတ်ကြည့်လာတဲ့အခါ ဒီလိုဖြစ်ခဲ့တယ်ဆိုတာ သိစေချင်တာပါ ။ (AungThein Thein)

ကိုးကား – နန်းမှုနန်းရာ (မြကေတု)
A history of Rangoon by R B PEARN ဘာသာပြန် ကိုကိုလေး ရန်ကုန်သမိုင်း
ရတနာပုံ နိဒါန်း နဲ့ နိဂုံး (ဒဂုံ ခင်ခင်လေး)