လေးဘက်နာရှိနေခဲ့ရင် လုံးဝရှောင်ရမဲ့ အစားအသောက်မျာ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အနီရောင်အသားများ
ဆီကြော်စာများ
အရက်
လမ်းဘေးအစားအစာများ
News City Guide
Crd;
Unicode
လေးဘက်နာရောဂါဆိုတာ Streptococcus လို့ခေါ်တဲ့ ဘက်တီရီးယားပိုးကြောင့် ဖြစ်ရတဲ့ရောဂါ ဖြစ်ပါတယ်။
ကလေးအသက် ၆နှစ်ကနေ ၁၅နှစ်အတွင်းမှာ ၎င်းပိုးကြောင့် လည်ချောင်း ခဏခဏ နာခြင်းကနေ ဆက်ပြီး လေးဘက်နာရောဂါ ဖြစ်နိုင်ပါတယ်။
ဒီရောဂါကြောင့် အဓိက ထိခိုက်နိုင်တဲ့ အင်္ဂါတွေကတော့ အဆစ်နဲ့ နှလုံး ဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေကတော့ ကိုယ်လက် ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ အဖျားတက်ခြင်းနဲ့ နှာခေါင်းသွေးယိုခြင်း တို့ဖြစ်ပါတယ်။
လေးဘက်နာ ရောဂါ ရှိမရှိကို ASO test ( Antistreptolysin O ) စစ်ခြင်းနဲ့ သိနိုင်ပါတယ်။ လူတစ်ယောက်မှာ Normal ASO test range ဟာ ၂၀၀ ဖြစ်ပါတယ်။
အဲ့ဒီထက်များနေရင်တော့ ရောဂါရှိတယ်လို့ ဆိုနိုင်ပါတယ်။
လေးဘက်နာရောဂါဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောရောဂါ ဖြစ်သည့် အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ ရှိပါတယ်။
ရုတ်တရက် ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ လေးဘက်နာ အတွက် အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေးတွေနဲ့ ကုသတတ်သလို
ရောဂါ ပြန်ဖြစ်ခြင်းကနေ ကာကွယ်ဖို့ရန်လည်း antibiotics ဆေးအနည်းငယ်ကို နှစ်ရှည် သောက်ရတတ်ပါတယ်။
အဲ့လို မသောက်ဘူးဆိုရင်တော့ ပြန်ဖြစ်တတ်တဲ့ ရောဂါမျိုးပဲ ဖြစ်ပါတယ်။
လေးဘက်နာရှိသူတွေအနေနဲ့ လုံးဝ ရှောင်ကြည်ရမဲ့ အစားအသောက်တွေကတော့. . ..
အနီရောင်အသားများ
အနီရောင်အသားတွေမှာ အဆစ်ရောင်ခြင်းကို ပိုဆိုးစေတဲ့၊ ပြည့်ဝဆီပါဝင်တာကြောင့် လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
သကြားနဲ့ ဂျုံ
သကြားနဲ့ ဂျုံပါဝင်တဲ့ အစားအစာတွေ (ဥပမာ- သရေစာမုန့်များ၊ ပေါင်မုန့်၊ ပါစတာ) စတဲ့ အစားအသောက်တွေဟာ ကိုယ်အလေးချိန်ကိုတိုးစေပြီး အရိုးအပေါ် ဖိအားပိုများစေလို့ အရိုးရောင်ခြင်းကို တိုးစေတာကြောင့် မစားသင့်ပါဘူး။
ဆီကြော်စာများ
ဆီကြော်အစားအသောက်တွေဟာလည်း အဆီတွေကိုတိုးစေတာကြောင့် အရိုးအပေါ်ဖိအားတိုးစေပြီး လေးဘက်နာကို ပိုဆိုးစေနိုင်ပါတယ်။
ဂလူတန်ပါဝင်သော အစားအစာများ
ဂလူတန်ပါဝင်တဲ့ အစားအစာတွေ( ဥပမာ- အာလူး၊ ပြောင်း၊ ဂျုံ၊ ဘာလီ စတဲ့ ကောက်ပဲသီးနှံတွေဟာလည်း လေးဘက်နာကို ပိုဆိုးစေနိုင်ပါတယ်။
အရက်
အရက် အလွန်အကျူးသောက်သုံးခြင်းဟ, လေးဘက်နာရောဂါကို ပိုဆိုးစေနိုင်တယ်။
လမ်းဘေးအစားအစာများ
ဥပမာ – သရက်သီးသုပ်၊ ရှောက်သီး၊ ဝက်သားဒုတ်ထိုး၊ ယင်နားစာများ စတာတွေဟာ သင့်ရဲ့ လေးဘက်နာ ဝေဒနာကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။
အဲ့တာဆို လေးဘက်နာရောဂါသည်တွေအနေနဲ့ ဘာတွေစားရမလဲ ?
Omega 3 ပါဝင်တဲ့ အစားအစာတွေ (ဥပမာ – ငါးကထွက်တဲ့အဆီ၊ ငါးမြင်းဗိုက်အသားအဆီ၊ ငါးကြီးဆီ)
ဗီတာမင်ဒီကြွယ်ဝသော အစားအစာတွေ ( ဥပမာ – အဝါရောင်အသီးအနှံ မုန်လာဥဝါ၊ ရွှေဖရုံသီး၊ သရက်သီး၊ သင်္ဘောသီး )
နံနံပင်၊ နနွင်း၊ ဂျင်း၊ နာနတ်သီး၊ လက်ဖက်စိမ်း၊ ချဉ်သော ချယ်ရီသီးနဲ့ သလဲသီး၊ မုန်လာဖြူ၊ ငရုတ်ကောင်း) စတာတွေ စားလို့ရပါတယ်။
News City Guide
Crd;