ဘာေၾကာင့္ ဆြစ္ဇာလန္ႏိုင္ငံဟာ အရမ္းခ်မ္းသာရတာလဲ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဥေရာပတိုက္ အလယ္ပိုင္းမွာ တည္ရွိတဲ့ ဆြစ္ဇာလန္ဟာ ေအးခ်မ္းၿပီး ခ်မ္းသာတဲ့ ႏိုင္ငံတႏိုင္ငံ ဆိုတာ အားလုံးသိၾကၿပီျဖစ္မွာပါ။

ပညာေရး၊ နည္းပညာ တိုးတက္မႈ ၊ ရာဇဝတ္မႈနည္းပါးမႈ စတဲ့က႑ေပါင္းစုံမွာ ထိပ္တန္းက ရပ္တည္ေနတဲ့ ဆြစ္ဇာလန္ႏိုင္ငံဟာ ႏွစ္စဥ္ ထုတ္ျပန္တဲ့ ကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံေတြ စာရင္းမွာလည္း ၁ ကေန ၁၀ အတြင္း အၿမဲဝင္ေနေလ့ရွိပါတယ္။

၂၀၂၀ ခုႏွစ္ ကမာၻ႔ေငြေၾကးအဖြဲ႕အစည္းရဲ႕ စာရင္းအရ ဆြစ္ဇာလန္ႏိုင္ငံသား တဦးခ်င္းစီရဲ႕ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၆၇၅၅၈ ျဖစ္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ တင္ဖို႔ေျပာထားတဲ့ သုတဇုန္မိတ္ေဆြေတြအတြက္ အခ်က္အလက္တခ်ိဳ႕ကို ရွာေဖြေဝမွ်လိုက္ပါတယ္။

လုံၿခဳံစိတ္ခ်ရမႈ နဲ႔ စီးပြားေရးတည္ၿငိမ္မႈေၾကာင့္ ကမာၻ႔ႏိုင္ငံအသီးသီးက စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈ အပ္ႏွံမႈေတြအတြက္ ဆြစ္ဇာလန္ကိုပဲ ေ႐ြးခ်ယ္ၾကသလို

ေအးခ်မ္းသာယာတာေၾကာင့္ ကမာၻ႔အဖြဲ႕အစည္းအသီးသီးကလည္း သူတို႔ရဲ႕ ႐ုံးခ်ဳပ္ေတြကို ဆြစ္ဇာလန္မွာပဲ ထားေလ့ရွိၾကပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ ေက်ာ္က အျခားႏိုင္ငံေတြနဲ႔ယွဥ္ရင္ ဖြံ႕ၿဖိဳးမႈအားနည္းၿပီး ဆင္းရဲခဲ့တဲ့ ဆြစ္ဇာလန္ႏိုင္ငံဟာ ယေန႔အခ်ိန္မွာ ဘာေၾကာင့္ ေအးခ်မ္းၿပီး စီးပြားေရးေကာင္းမြန္ တည္ၿငိမ္တဲ့ ႏိုင္ငံ ျဖစ္ေနရပါသလဲ။

ဆြစ္ႏိုင္ငံဟာ တြင္းထြက္သယံဇာတ အနည္းငယ္သာ ထြက္ပါတယ္။ႏိုင္ငံရဲ႕ အဓိက စီးပြားေရးလုပ္ငန္းေတြကေတာ့ စက္မႈပစၥည္း ၊ ဓာတုပစၥည္း ၊ နာရီ ၊ ခ်ည္မွ်င္ႏွင့္ အထည္ ၊ ေဆးဝါး ၊ ဘဏ္ နဲ႔ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ား ၊ ခရီးသြားလာေရးလုပ္ငန္းေတြ ျဖစ္ပါတယ္။

ႏိုင္ငံရဲ႕စီးပြားေရးက႑ကို ခြဲျခမ္းလိုက္မယ္ဆိုပါက စိုက္ပ်ိဳးေရးက ဝ.၇% ၊ စက္မႈလုပ္ငန္းက ၂၅.၆% နဲ႔ က်န္ ၇၃.၇% ကေတာ့ ဝန္ေဆာင္မႈလုပ္ငန္းေတြကေန ဝင္ေငြရရွိခဲ့တာျဖစ္ပါတယ္။

သဘာ၀ သယံဇာတ အနည္းငယ္သာထြက္ေပမယ့္ ဆြစ္ဇာလန္ကို ခ်မ္းသာေစတဲ့ အဓိက အခ်က္တခ်ိဳ႕ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ဘဏ္လုပ္ငန္း

ေငြဟူသည္ ဆြစ္ဇာလန္ဘဏ္တြင္ သြင္းမထားမခ်င္း မည္သည့္အခါမွ စိတ္ခ်မ္းသာမႈမေပး ဆိုတဲ့ ဂ်ာမန္ စကားပုံပင္ရွိသလို ဆြစ္ဘဏ္ေတြဟာ လုံၿခဳံစိတ္ခ်ရမႈအရွိဆုံးဘဏ္ေတြအျဖစ္ ကမာၻမွာ နာမည္ႀကီးလွပါတယ္။

တကယ္ေတာ့ အျခားဥေရာပႏိုင္ငံေတြနဲ႔ ယွဥ္ရင္ ဆြစ္ဘဏ္ေတြဟာ အလြန္ေနာက္က်ၿပီးမွ ေပၚေပါက္လာခဲ့တာပါ။

ပထမကမာၻစစ္အၿပီးမွာေတာ့ ဆြစ္ဘဏ္ေတြဟာ လွ်င္ျမန္စြာႀကီးထြားလာခဲ့ပါတယ္။ အဓိက ကေတာ့ သူ႔ရဲ႕တည္ေနရာေၾကာင့္ပါ။

ဆြစ္ဇာလန္ဟာ ျပင္သစ္ ၊ ဂ်ာမနီ ၊ အီတလီ ၊ ၾသစႀတီးယား နဲ႔ လက္ခ်င္းစတိန္း ႏိုင္ငံေတြၾကားမွာ တည္ရွိၿပီး တႏိုင္ငံလုံးကို ဆြစ္ကုန္းျပင္ျမင့္ ၊ အဲလ္ပ္ေတာင္တန္း နဲ႔ ဂ်ဴရာေတာင္တန္းေတြက ဝန္းရံထားပါတယ္။

ဒီလိုဝန္းရံထားၿပီး သြားရလာရခက္တာအျပင္ ၾကားေနႏိုင္ငံအျဖစ္ေနခဲ့တာေၾကာင့္ ကမာၻစစ္ေတြမွာ ကမာၻအႏွံ႔က ႏိုင္ငံေတြ အနည္းနဲ႔ အမ်ားထိခိုက္ခဲ့ေပမယ့္ ဆြစ္ဇာလန္ကေတာ့ လုံးလုံးလ်ားလ်ား ထိခိုက္ခဲ့ျခင္း မရွိခဲ့ပါဘူး။

အျခားႏိုင္ငံေတြ စီးပြားေရးအၾကပ္အတည္းျဖစ္ေနခ်ိန္မွာ ထိခိုက္မႈမရွိခဲ့တဲ့ ဆြစ္ဇာလန္ရဲ႕ ဘဏ္လုပ္ငန္းဟာ အလွ်င္အျမန္တိုးတက္လာခဲ့ပါတယ္။

တျခားႏိုင္ငံက ဘဏ္ေတြနဲ႔ ဆြစ္ဇာလန္ဘဏ္ေတြ မတူညီတဲ့အခ်က္ကေတာ့ ေငြအပ္သူေတြရဲ႕ နာမည္ကို လ်ိဳ႕ဝွက္ေပးထားတာ ျဖစ္ပါတယ္။

တႏိုင္ငံလုံးမွာ ရွိတဲ့ဘဏ္ႀကီးဘဏ္ငယ္အားလုံးဟာ လာအပ္သူေတြရဲ႕ နာမည္ ေငြစာရင္းေတြကို လ်ိဳ႕ဝွက္ေပးတဲ့ေနရာမွာ နာမည္ႀကီးပါတယ္။

ဒါေၾကာင့္လည္း ကမာၻအႏွံ႔က ေငြကို နည္းလမ္းမ်ိဳးစုံနဲ႔ ရွာထားၾကသူေပါင္းစုံဟာ သူတို႔ရဲ႕ေငြေတြကို ဆြစ္ဇာလန္ဘဏ္ေတြမွာပဲ အပ္ေလ့ရွိၾကပါတယ္။

တခ်ိဳ႕ကေတာ့ ကမာၻစစ္အတြင္းက ဂ်ာမန္အရာရွိေပါင္း ၁၀၀ေက်ာ္ရဲ႕ ေငြသန္းေထာင္နဲ႔ခ်ီၿပီး ဆြစ္ဇာလန္ဘဏ္ေတြမွာ အပ္ထားခဲ့ရာကေန အက်ိဳးအျမတ္ေပါင္းမ်ားစြာ ရရွိခဲ့တယ္ လို႔ဆိုၾကပါတယ္။

လက္ရွိအခ်ိန္ထိလည္း ႏိုင္ငံတကာက ပုဂၢိဳလ္အခ်ိဳ႕ဟာ တရားမဝင္နည္းမ်ိဳးစုံနဲ႔ ရွာထားတဲ့ေငြေတြကို ဆြစ္ဇာလန္ဘဏ္ေတြမွာ အပ္ထားၾကဆဲလို႔ သိရပါတယ္။

ဆြစ္ဇာလန္ဘဏ္ေတြဟာ လာေရာက္အပ္ႏွံတဲ့ေငြေတြကို စေတာ့မ်ား ၊ စာခ်ဳပ္မ်ားဝယ္ျခင္း ၊ အလားအလာေကာင္းေသာ

စီးပြားေရးလုပ္ငန္းမ်ားတြင္ ထည့္ဝင္ျခင္း ၊ ေငြတိုးေခ်းျခင္း ၊ ေကာ္ပိုေရးရွင္းႀကီးမ်ားတြင္ အက်ိဳးအျမတ္မ်ားဝယ္ယူျခင္း စသည္တို႔ျဖင့္ ပိုမိုတိုးပြားေအာင္ လုပ္ေလ့ရွိပါတယ္။

ဆြစ္ရဲ႕ေငြေၾကးစနစ္ျဖစ္တဲ့ ဆြစ္ဖရန႔္ဟာ အခိုင္မာဆုံးေသာ ေငြေၾကးစနစ္ေတြထဲမွာ ပါဝင္ေနၿပီး လြန္ခဲ့ေသာ ဆယ္စုႏွစ္ေပါင္းမ်ားစြာမွ ယေန႔အခ်ိန္ထိ ေဖာင္းပြမႈမ်ား မရွိခဲ့ပါေခ်။ (၁ ဆြစ္ဖရန႔္ ဟာ အေမရိကန္ေဒၚလာ ၁.၀၉ နဲ႔ ညီမွ်ပါတယ္)

လက္ရွိအခ်ိန္အထိလည္း ဘဏ္ နဲ႔ ေငြေၾကးဆိုင္ရာလုပ္ငန္းေတြဟာ ဆြစ္ဇာလန္စီးပြားေရးရဲ႕ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ေနတုန္းပါပဲ။

ဒါေပမယ့္ ဟိုးတခ်ိန္ကလိုေတာ့ ဘဏ္လုပ္ငန္းေပၚမွာခ်ည္း အားထားေနရတာမ်ိဳးမဟုတ္ေတာ့ပဲ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းဟာ ဆြစ္ဇာလန္ GDP ရဲ႕ ၁၀% ေက်ာ္ေက်ာ္ပဲ ပါဝင္ပါေတာ့တယ္။

ဆြစ္ဇာလန္ရဲ႕ အႀကီးဆုံး ဘဏ္ႀကီး ၃ ခုကေတာ့ UBS ၊ Credit Suisse နဲ႔ Raiffeisen ဘဏ္ေတြျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္စာရင္း အရ ဆြစ္ဇာလန္ဟာ ဘဏ္လုပ္ငန္းကေန စုစုေပါင္း ဆြစ္ဖရန႔္ ၈၀ ဘီလ်ံခန႔္ရရွိခဲ့ၿပီး ႏိုင္ငံသားေပါင္း ၄သိန္းခန႔္ကို လစာေကာင္းေကာင္းနဲ႔ အလုပ္ခန႔္ထားႏိုင္ခဲ့တယ္ လို႔ သိရပါတယ္။

တန္ဖိုးႀကီး ထုတ္ကုန္မ်ား ထုတ္လုပ္ျခင္း

ဆြစ္ဇာလန္လို႔ ဆိုလိုက္တာနဲ႔ အမ်ားစုသိၾကတာက ဆြစ္ဇာလုပ္ လုပ္နာရီေတြပါ။ ႐ိုးလက္ ၊ အိုမီဂါ ၊ PATEK PHILIPPE စတဲ့ ဆြစ္ဇာလုပ္တန္ဖိုးႀကီး နာရီမ်ားစြာဟာ ယေန႔တိုင္ နာမည္ႀကီးေနဆဲျဖစ္ပါတယ္။

နာရီေတြအျပင္ ေက်ာက္မ်က္ ၊ လည္သာ နဲ႔ လူအသုံးအေဆာင္ပစၥည္း အစရွိတာေတြကို အၾကမ္းထည္ေတြကေန တန္ဖိုးႀကီးပစၥည္းေတြအျဖစ္ ပုံေဖာ္ဒီဇိုင္းထုတ္ကာ ေရာင္းခ်ေလ့ရွိပါတယ္။

ၾကားေန ဘက္မလိုက္ဝါဒ

ဆြစ္ဇာလန္ ႏိုင္ငံဟာ ပထမ ကမာၻစစ္မွာေရာ ၊ ဒုတိယ ကမာၻစစ္မွာပါ မပါဝင္ပဲ ၾကားေနႏိုင္ငံအျဖစ္သာ ရပ္တည္ခဲ့ပါတယ္။

အျခားဥေရာပႏိုင္ငံေတြ စစ္ပြဲျပင္ဆင္မႈအတြက္ အၿပိဳင္အဆိုင္ ေငြေၾကးအေျမာက္အမ်ားသုံးေနခ်ိန္မွာ ဆြစ္ဇာလန္ကေတာ့ စီးပြားေရးတခုတည္းကိုသာ လုပ္ခဲ့ပါတယ္။

ပတ္လည္မွာ ဝန္႐ိုးတန္းႏိုင္ငံေတြဟာ စစ္ဒဏ္ေၾကာင့္ ျပင္းထန္စြာ ထိခိုက္ပ်က္စီးမႈေတြျဖစ္ခဲ့ေပမယ့္ ဆြစ္ဇာလန္ကေတာ့ ပကတိအတိုင္းရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း စစ္အတြင္းမွာ တိုးတက္လာတဲ့ ဥေရာပရဲ႕ တခုတည္းေသာႏိုင္ငံျဖစ္ခဲ့ပါတယ္။ ယေန႔ ဆြစ္ဇာလန္ႏိုင္ငံကို ခ်မ္းသာေစတဲ့ ႏိုင္ငံအျဖစ္ ရပ္တည္ေနေစျခင္းေတြထဲမွာ ဒီအခ်က္ကလည္း အဓိက ေနရာက ပါဝင္ေနပါတယ္။

ႏိုင္ငံေရးတည္ၿငိမ္မႈ

ဆြစ္ဇာလန္ဟာ ကမာၻ႔စစ္ပြဲေတြမွာ မပါဝင္သလို ျပည္တြင္းစစ္ ေနာက္ဆုံးျဖစ္ခဲ့တာကလည္း ၁၈၄၇ ခုႏွစ္ကတည္းကပါ။ အဲဒီအခ်ိန္ကတည္းက စလို႔ဆြစ္ဇာလန္ဟာ တည္ၿငိမ္တဲ့ႏိုင္ငံေရးကို ပိုင္ဆိုင္ခဲ့ပါတယ္။

ဘယ္ေလာက္ေတာင္ တည္ၿငိမ္သလဲ ဆိုရင္ လက္ရွိက်င့္သုံးေနတဲ့ ႏိုင္ငံေရးစနစ္ နဲ႔ စည္းမ်ဥ္း ဥပေဒေတြကို ၁၈၄၈ ခုႏွစ္ကတည္းက စလို႔ ခ်မွတ္က်င့္သုံးခဲ့တာျဖစ္ပါတယ္။

ဗဟိုထိန္းခ်ဳပ္မႈမရွိျခင္း

ဆြစ္ဇာလန္ႏိုင္ငံဟာ ဖက္ဒရယ္ႏိုင္ငံျဖစ္ၿပီး ျပည္နယ္ေပါင္း ၂၆ ခု နဲ႔ ဖြဲ႕စည္းထားပါတယ္။ ႏိုင္ငံရဲ႕အာဏာကို လူတဦး အဖြဲ႕အစည္းတဦးတည္းကေန ခ်ဳပ္ကိုင္ထားျခင္း မရွိပါဘူး။

ႏိုင္ငံေတာ္ အုပ္ခ်ဳပ္ေရးအတြက္ ဖက္ဒရယ္ေကာင္စီဝင္လူႀကီး ၇ ဦးကို ျပည္သူေတြက ေ႐ြးခ်ယ္ရပါတယ္။

တေယာက္ကို သမၼတအျဖစ္ ခန႔္အပ္ထားေပမယ့္ သူဟာ အျခားအဖြဲ႕ဝင္လူႀကီးေတြထက္ အာဏာပိုမရွိပါဘူး။ ဆုံးျဖတ္ခ်က္ေတြကို ညႇိႏႈိင္းၿပီး ဆုံးျဖတ္ခ်မွတ္ရပါတယ္။

ဒါဟာ အျခားကမာၻ႔ႏိုင္ငံအားလုံးနီးပါးနဲ႔ မတူညီတဲ့အခ်က္ျဖစ္ပါတယ္။

ျပည္နယ္အလိုက္ သင့္ေတာ္တဲ့ဥပေဒမ်ားရွိျခင္း

ဆြစ္ဇာလန္မွာ canton လို႔ေခၚတဲ့ ျပည္နယ္ေပါင္း ၂၆ ခုပါဝင္ပါတယ္။ ျပည္နယ္ေတြအားလုံးကို တေျပးညီ စည္းကမ္း ဥပေဒေတြနဲ႔ အုပ္ခ်ဳပ္ျခင္း မဟုတ္ပဲ သူ႔ေဒသနဲ႔သူ ကိုက္ညီမယ့္ စည္းမ်ဥ္းေတြကို ခ်မွတ္ထားေလ့ရွိပါတယ္။

ဥပမာအားျဖင့္ Jura ေဒသမွာ ေနမယ္ဆိုရင္ ဝင္ေငြရဲ႕ အခြန္ ၁၄% ကို ေဆာင္ရမွာျဖစ္ေပမယ့္ Zug ေဒသမွာေနတဲ့သူေတြကေတာ့ ၄% ပဲေဆာင္ရမွာျဖစ္ပါတယ္။

ဂ်ီနီဗာမွာ ဆိုင္ဖြင့္မယ္ဆိုရင္ေတာ့ ၆နာရီမွာ ပိတ္ရမွာျဖစ္ၿပီး ဇူးရစ္မွာဆိုရင္ေတာ့ ပိတ္ခ်င္တဲ့အခ်ိန္မွ ပိတ္ႏိုင္ပါတယ္။ ေဒသအလိုက္ ေနထိုင္သူေတြရဲ႕ ဝင္ေငြ ၊ အေလ့အက်င့္ေတြနဲ႔ ကိုက္ညီေအာင္ ထိန္းညႇိေပးထားတာျဖစ္ပါတယ္။

လိုက္ေလ်ာညီေထြတဲ့ ဒီမိုကေရစီ

ဖက္ဒရယ္ႏိုင္ငံျဖစ္ေပမယ့္ ဆြစ္ဇာလန္ေတြဟာ ဒီမိုကေရစီ အျပည့္အ၀ ရရွိတယ္ လို႔ ဆိုႏိုင္ပါတယ္။ ျပည္သူေတြဟာ ဆႏၵခံယူပြဲက်င္းပဖို႔ လူ ၅ေသာင္းရဲ႕လက္မွတ္သာ လိုသလို ၊ စည္းမ်ဥ္းဥပေဒေတြကို ျပဳျပင္ဖို႔ ဆိုရင္ေတာ့ လူ ၁သိန္းရဲ႕ လက္မွတ္သာ လိုပါတယ္။

၄လ တိုင္းမွာ ဆႏၵခံယူပြဲေတြရွိၿပီး ႏိုင္ငံရဲ႕စနစ္ေတြကို ပိုမိုေကာင္းမြန္ေအာင္ ျပည္သူေတြက ေျပာင္းလဲႏိုင္တာျဖစ္ကာ ဒါဟာလည္း အျခားႏိုင္ငံ အားလုံးနီးပါးနဲ႔ လုံး၀ ကြဲျပားတဲ့အခ်က္ျဖစ္ပါတယ္။

အလုပ္အကိုင္ အခြင့္အလမ္းေပါမ်ားျခင္း

ဆြစ္ဇာလန္ႏိုင္ငံဟာ အခြန္နဲ႔ ပတ္သက္ရင္ အျခားႏိုင္ငံႀကီးေတြထက္ အမ်ားႀကီးသက္သာတာေၾကာင့္ ကမာၻ႔အဖြဲ႕အစည္း အသီးသီး နဲ႔ ကုမၸဏီႀကီးေတြဟာ ဒီႏိုင္ငံမွာ သူတို႔ရဲ႕႐ုံးခ်ဳပ္ေတြ လုပ္ငန္းေတြကို လာေရာက္ဖြင့္လွစ္တတ္ၾကပါတယ္။

ဒီလိုဖြင့္လွစ္ျခင္းေၾကာင့္ ဆြစ္ဇာလန္ႏိုင္ငံသားေတြ အတြက္ အလုပ္အကိုင္ အခြင့္အလမ္း အလြန္ေပါပါတယ္။

အစိုးရအေနနဲ႔လည္း ကိုယ့္ႏိုင္ငံသားေတြကိုပဲ favor ေပးေလ့ရွိပါတယ္။ ဆြစ္ဇာလန္ ႏိုင္ငံသား ဝန္ထမ္းေတြရဲ႕ ပ်မ္းမွ်အနိမ့္ဆုံးဝင္ေငြဟာ တႏွစ္မွာ အေမရိကန္ေဒၚလာ ၃ေသာင္းခြဲခန႔္ ရရွိတာေၾကာင့္ ဒါဟာ အျခားကမာၻ႔ႏိုင္ငံအမ်ားစုထက္စာရင္ အဆမတန္မ်ားေနတဲ့ ႏႈန္းျဖစ္ပါတယ္။

အသုံးအစြဲေခြၽတာျခင္း

ဆြစ္ေတြဟာ ခ်မ္းသာၾကေပမယ့္ သူတို႔ရဲ႕ ေန႔စဥ္ဘဝကိုေတာ့ ႐ိုးရွင္းစြာျဖတ္သန္းေလ့ရွိၾကပါတယ္။ ေန႔စဥ္အသုံးစရိတ္ကို အလြန္စီစဥ္က်သလို အသုံးမလိုတဲ့ ျဖဳန္းတီးမႈေတြကို လုပ္ေလ့မရွိၾကပါဘူး။

ေဒသအမ်ားစုက လူေတြဟာ လြန္ခဲ့တဲ့ ၁၀စုႏွစ္ေပါင္းမ်ားစြာက ေဆာက္လုပ္ထားတဲ့ အိမ္ေတြမွာပဲ ေနထိုင္ေနၾကတုန္းပါ။

ဒါေၾကာင့္လည္း ဆြစ္လူမ်ိဳးေတြဟာ အလုပ္အလြန္လုပ္သေလာက္ ေခြၽတာစုေဆာင္းတတ္ၾကတဲ့ လူမ်ိဳးေတြလို႔ ဆိုၾကျခင္းျဖစ္ပါတယ္။

လူဦးေရနည္းပါးကာ လူမ်ိဳးမတူေပမယ့္ တသားတည္းရွိျခင္း

၂၀၁၉ ခုႏွစ္စာရင္းအရ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ လူဦးေရဟာ ၈,၅၇၀,၁၄၆ ဦးသာ ရွိပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ အဓိကေနထိုင္တဲ့ လူမ်ိဳးေတြက ဂ်ာမန္ ၊ ျပင္သစ္ နဲ႔ အီတလီေတြသာျဖစ္ေပမယ့္ သူတို႔ကိုယ္သူတို႔ ဆြစ္လူမ်ိဳးအျဖစ္သာ ခံယူထားၾကပါတယ္။

႐ုံးသုံးဘာသာအျဖစ္လည္း ဂ်ာမန္ ၊ ျပင္သစ္ နဲ႔ အီတလီ သုံးမ်ိဳးစလုံးကို ထားၿပီး ေဒသအလိုက္ ႏွစ္သက္ရာကို သုံးစြဲႏိုင္ပါတယ္။

ႏိုင္ငံထုတ္ကုန္တန္ဖိုး မ်ားျပားေနေပမယ့္ လူဦးေရက ၈သန္းေက်ာ္သာ ရွိေနတာလည္း ဆြစ္ဇာလန္ႏိုင္ငံကို ပိုမိုခ်မ္းသာေစတဲ့ အခ်က္ေတြထဲက တခ်က္ျဖစ္ပါတယ္။

ဘယ္ေလာက္ေတာင္ ခ်မ္းသာသလဲ ဆို ဆြစ္ဇာလန္ႏိုင္ငံသား ၈သန္းေက်ာ္ မွာ ၄သိန္းေက်ာ္က သန္းႂကြယ္သူေဌးေတြျဖစ္ၾကပါတယ္။

အထက္ပါ အခ်က္ေတြအျပင္ ဆြစ္ဇာလန္ကို ခ်မ္းသာေစတဲ့ အျခားအခ်က္ေတြလည္း ရွိႏိုင္တာေၾကာင့္ လိုအပ္တဲ့အခ်က္မ်ားရွိရင္ ျဖည့္စြက္ေပးသြားၾကပါဦး။

သုတဇုန္

Unicode

ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ ဆွစ်ဇာလန်ဟာ အေးချမ်းပြီး ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဆိုတာ အားလုံးသိကြပြီဖြစ်မှာပါ။

ပညာရေး၊ နည်းပညာ တိုးတက်မှု ၊ ရာဇဝတ်မှုနည်းပါးမှု စတဲ့ကဏ္ဍပေါင်းစုံမှာ ထိပ်တန်းက ရပ်တည်နေတဲ့ ဆွစ်ဇာလန်နိုင်ငံဟာ နှစ်စဉ် ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေ စာရင်းမှာလည်း ၁ ကနေ ၁၀ အတွင်း အမြဲဝင်နေလေ့ရှိပါတယ်။

၂၀၂၀ ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့ စာရင်းအရ ဆွစ်ဇာလန်နိုင်ငံသား တဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၆၇၅၅၈ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ တင်ဖို့ပြောထားတဲ့ သုတဇုန်မိတ်ဆွေတွေအတွက် အချက်အလက်တချို့ကို ရှာဖွေဝေမျှလိုက်ပါတယ်။

လုံခြုံစိတ်ချရမှု နဲ့ စီးပွားရေးတည်ငြိမ်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းရှင်တွေဟာ ငွေကြေးရင်းနှီးမြုပ်နှံမှု အပ်နှံမှုတွေအတွက် ဆွစ်ဇာလန်ကိုပဲ ရွေးချယ်ကြသလို

အေးချမ်းသာယာတာကြောင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကလည်း သူတို့ရဲ့ ရုံးချုပ်တွေကို ဆွစ်ဇာလန်မှာပဲ ထားလေ့ရှိကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဖွံ့ဖြိုးမှုအားနည်းပြီး ဆင်းရဲခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံဟာ ယနေ့အချိန်မှာ ဘာကြောင့် အေးချမ်းပြီး စီးပွားရေးကောင်းမွန် တည်ငြိမ်တဲ့ နိုင်ငံ ဖြစ်နေရပါသလဲ။

ဆွစ်နိုင်ငံဟာ တွင်းထွက်သယံဇာတ အနည်းငယ်သာ ထွက်ပါတယ်။နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ စက်မှုပစ္စည်း ၊ ဓာတုပစ္စည်း ၊ နာရီ ၊ ချည်မျှင်နှင့် အထည် ၊ ဆေးဝါး ၊ ဘဏ် နဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ၊ ခရီးသွားလာရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။

နိုင်ငံရဲ့စီးပွားရေးကဏ္ဍကို ခွဲခြမ်းလိုက်မယ်ဆိုပါက စိုက်ပျိုးရေးက ဝ.၇% ၊ စက်မှုလုပ်ငန်းက ၂၅.၆% နဲ့ ကျန် ၇၃.၇% ကတော့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။

သဘာ၀ သယံဇာတ အနည်းငယ်သာထွက်ပေမယ့် ဆွစ်ဇာလန်ကို ချမ်းသာစေတဲ့ အဓိက အချက်တချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘဏ်လုပ်ငန်း

ငွေဟူသည် ဆွစ်ဇာလန်ဘဏ်တွင် သွင်းမထားမချင်း မည်သည့်အခါမှ စိတ်ချမ်းသာမှုမပေး ဆိုတဲ့ ဂျာမန် စကားပုံပင်ရှိသလို ဆွစ်ဘဏ်တွေဟာ လုံခြုံစိတ်ချရမှုအရှိဆုံးဘဏ်တွေအဖြစ် ကမ္ဘာမှာ နာမည်ကြီးလှပါတယ်။

တကယ်တော့ အခြားဥရောပနိုင်ငံတွေနဲ့ ယှဉ်ရင် ဆွစ်ဘဏ်တွေဟာ အလွန်နောက်ကျပြီးမှ ပေါ်ပေါက်လာခဲ့တာပါ။

ပထမကမ္ဘာစစ်အပြီးမှာတော့ ဆွစ်ဘဏ်တွေဟာ လျှင်မြန်စွာကြီးထွားလာခဲ့ပါတယ်။ အဓိက ကတော့ သူ့ရဲ့တည်နေရာကြောင့်ပါ။

ဆွစ်ဇာလန်ဟာ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ သြစတြီးယား နဲ့ လက်ချင်းစတိန်း နိုင်ငံတွေကြားမှာ တည်ရှိပြီး တနိုင်ငံလုံးကို ဆွစ်ကုန်းပြင်မြင့် ၊ အဲလ်ပ်တောင်တန်း နဲ့ ဂျူရာတောင်တန်းတွေက ဝန်းရံထားပါတယ်။

ဒီလိုဝန်းရံထားပြီး သွားရလာရခက်တာအပြင် ကြားနေနိုင်ငံအဖြစ်နေခဲ့တာကြောင့် ကမ္ဘာစစ်တွေမှာ ကမ္ဘာအနှံ့က နိုင်ငံတွေ အနည်းနဲ့ အများထိခိုက်ခဲ့ပေမယ့် ဆွစ်ဇာလန်ကတော့ လုံးလုံးလျားလျား ထိခိုက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အခြားနိုင်ငံတွေ စီးပွားရေးအကြပ်အတည်းဖြစ်နေချိန်မှာ ထိခိုက်မှုမရှိခဲ့တဲ့ ဆွစ်ဇာလန်ရဲ့ ဘဏ်လုပ်ငန်းဟာ အလျှင်အမြန်တိုးတက်လာခဲ့ပါတယ်။

တခြားနိုင်ငံက ဘဏ်တွေနဲ့ ဆွစ်ဇာလန်ဘဏ်တွေ မတူညီတဲ့အချက်ကတော့ ငွေအပ်သူတွေရဲ့ နာမည်ကို လျို့ဝှက်ပေးထားတာ ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ရှိတဲ့ဘဏ်ကြီးဘဏ်ငယ်အားလုံးဟာ လာအပ်သူတွေရဲ့ နာမည် ငွေစာရင်းတွေကို လျို့ဝှက်ပေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။

ဒါကြောင့်လည်း ကမ္ဘာအနှံ့က ငွေကို နည်းလမ်းမျိုးစုံနဲ့ ရှာထားကြသူပေါင်းစုံဟာ သူတို့ရဲ့ငွေတွေကို ဆွစ်ဇာလန်ဘဏ်တွေမှာပဲ အပ်လေ့ရှိကြပါတယ်။

တချို့ကတော့ ကမ္ဘာစစ်အတွင်းက ဂျာမန်အရာရှိပေါင်း ၁၀၀ကျော်ရဲ့ ငွေသန်းထောင်နဲ့ချီပြီး ဆွစ်ဇာလန်ဘဏ်တွေမှာ အပ်ထားခဲ့ရာကနေ အကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့တယ် လို့ဆိုကြပါတယ်။

လက်ရှိအချိန်ထိလည်း နိုင်ငံတကာက ပုဂ္ဂိုလ်အချို့ဟာ တရားမဝင်နည်းမျိုးစုံနဲ့ ရှာထားတဲ့ငွေတွေကို ဆွစ်ဇာလန်ဘဏ်တွေမှာ အပ်ထားကြဆဲလို့ သိရပါတယ်။

ဆွစ်ဇာလန်ဘဏ်တွေဟာ လာရောက်အပ်နှံတဲ့ငွေတွေကို စတော့များ ၊ စာချုပ်များဝယ်ခြင်း ၊ အလားအလာကောင်းသော

စီးပွားရေးလုပ်ငန်းများတွင် ထည့်ဝင်ခြင်း ၊ ငွေတိုးချေးခြင်း ၊ ကော်ပိုရေးရှင်းကြီးများတွင် အကျိုးအမြတ်များဝယ်ယူခြင်း စသည်တို့ဖြင့် ပိုမိုတိုးပွားအောင် လုပ်လေ့ရှိပါတယ်။

ဆွစ်ရဲ့ငွေကြေးစနစ်ဖြစ်တဲ့ ဆွစ်ဖရန့်ဟာ အခိုင်မာဆုံးသော ငွေကြေးစနစ်တွေထဲမှာ ပါဝင်နေပြီး လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာမှ ယနေ့အချိန်ထိ ဖောင်းပွမှုများ မရှိခဲ့ပါချေ။ (၁ ဆွစ်ဖရန့် ဟာ အမေရိကန်ဒေါ်လာ ၁.၀၉ နဲ့ ညီမျှပါတယ်)

လက်ရှိအချိန်အထိလည်း ဘဏ် နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေဟာ ဆွစ်ဇာလန်စီးပွားရေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတုန်းပါပဲ။

ဒါပေမယ့် ဟိုးတချိန်ကလိုတော့ ဘဏ်လုပ်ငန်းပေါ်မှာချည်း အားထားနေရတာမျိုးမဟုတ်တော့ပဲ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဟာ ဆွစ်ဇာလန် GDP ရဲ့ ၁၀% ကျော်ကျော်ပဲ ပါဝင်ပါတော့တယ်။

ဆွစ်ဇာလန်ရဲ့ အကြီးဆုံး ဘဏ်ကြီး ၃ ခုကတော့ UBS ၊ Credit Suisse နဲ့ Raiffeisen ဘဏ်တွေဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်စာရင်း အရ ဆွစ်ဇာလန်ဟာ ဘဏ်လုပ်ငန်းကနေ စုစုပေါင်း ဆွစ်ဖရန့် ၈၀ ဘီလျံခန့်ရရှိခဲ့ပြီး နိုင်ငံသားပေါင်း ၄သိန်းခန့်ကို လစာကောင်းကောင်းနဲ့ အလုပ်ခန့်ထားနိုင်ခဲ့တယ် လို့ သိရပါတယ်။

တန်ဖိုးကြီး ထုတ်ကုန်များ ထုတ်လုပ်ခြင်း

ဆွစ်ဇာလန်လို့ ဆိုလိုက်တာနဲ့ အများစုသိကြတာက ဆွစ်ဇာလုပ် လုပ်နာရီတွေပါ။ ရိုးလက် ၊ အိုမီဂါ ၊ PATEK PHILIPPE စတဲ့ ဆွစ်ဇာလုပ်တန်ဖိုးကြီး နာရီများစွာဟာ ယနေ့တိုင် နာမည်ကြီးနေဆဲဖြစ်ပါတယ်။

နာရီတွေအပြင် ကျောက်မျက် ၊ လည်သာ နဲ့ လူအသုံးအဆောင်ပစ္စည်း အစရှိတာတွေကို အကြမ်းထည်တွေကနေ တန်ဖိုးကြီးပစ္စည်းတွေအဖြစ် ပုံဖော်ဒီဇိုင်းထုတ်ကာ ရောင်းချလေ့ရှိပါတယ်။

ကြားနေ ဘက်မလိုက်ဝါဒ

ဆွစ်ဇာလန် နိုင်ငံဟာ ပထမ ကမ္ဘာစစ်မှာရော ၊ ဒုတိယ ကမ္ဘာစစ်မှာပါ မပါဝင်ပဲ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။

အခြားဥရောပနိုင်ငံတွေ စစ်ပွဲပြင်ဆင်မှုအတွက် အပြိုင်အဆိုင် ငွေကြေးအမြောက်အများသုံးနေချိန်မှာ ဆွစ်ဇာလန်ကတော့ စီးပွားရေးတခုတည်းကိုသာ လုပ်ခဲ့ပါတယ်။

ပတ်လည်မှာ ဝန်ရိုးတန်းနိုင်ငံတွေဟာ စစ်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ပေမယ့် ဆွစ်ဇာလန်ကတော့ ပကတိအတိုင်းရပ်တည်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း စစ်အတွင်းမှာ တိုးတက်လာတဲ့ ဥရောပရဲ့ တခုတည်းသောနိုင်ငံဖြစ်ခဲ့ပါတယ်။ ယနေ့ ဆွစ်ဇာလန်နိုင်ငံကို ချမ်းသာစေတဲ့ နိုင်ငံအဖြစ် ရပ်တည်နေစေခြင်းတွေထဲမှာ ဒီအချက်ကလည်း အဓိက နေရာက ပါဝင်နေပါတယ်။

နိုင်ငံရေးတည်ငြိမ်မှု

ဆွစ်ဇာလန်ဟာ ကမ္ဘာ့စစ်ပွဲတွေမှာ မပါဝင်သလို ပြည်တွင်းစစ် နောက်ဆုံးဖြစ်ခဲ့တာကလည်း ၁၈၄၇ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်ကတည်းက စလို့ဆွစ်ဇာလန်ဟာ တည်ငြိမ်တဲ့နိုင်ငံရေးကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဘယ်လောက်တောင် တည်ငြိမ်သလဲ ဆိုရင် လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ် နဲ့ စည်းမျဉ်း ဥပဒေတွေကို ၁၈၄၈ ခုနှစ်ကတည်းက စလို့ ချမှတ်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

ဗဟိုထိန်းချုပ်မှုမရှိခြင်း

ဆွစ်ဇာလန်နိုင်ငံဟာ ဖက်ဒရယ်နိုင်ငံဖြစ်ပြီး ပြည်နယ်ပေါင်း ၂၆ ခု နဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံရဲ့အာဏာကို လူတဦး အဖွဲ့အစည်းတဦးတည်းကနေ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။

နိုင်ငံတော် အုပ်ချုပ်ရေးအတွက် ဖက်ဒရယ်ကောင်စီဝင်လူကြီး ၇ ဦးကို ပြည်သူတွေက ရွေးချယ်ရပါတယ်။

တယောက်ကို သမ္မတအဖြစ် ခန့်အပ်ထားပေမယ့် သူဟာ အခြားအဖွဲ့ဝင်လူကြီးတွေထက် အာဏာပိုမရှိပါဘူး။ ဆုံးဖြတ်ချက်တွေကို ညှိနှိုင်းပြီး ဆုံးဖြတ်ချမှတ်ရပါတယ်။

ဒါဟာ အခြားကမ္ဘာ့နိုင်ငံအားလုံးနီးပါးနဲ့ မတူညီတဲ့အချက်ဖြစ်ပါတယ်။

ပြည်နယ်အလိုက် သင့်တော်တဲ့ဥပဒေများရှိခြင်း

ဆွစ်ဇာလန်မှာ canton လို့ခေါ်တဲ့ ပြည်နယ်ပေါင်း ၂၆ ခုပါဝင်ပါတယ်။ ပြည်နယ်တွေအားလုံးကို တပြေးညီ စည်းကမ်း ဥပဒေတွေနဲ့ အုပ်ချုပ်ခြင်း မဟုတ်ပဲ သူ့ဒေသနဲ့သူ ကိုက်ညီမယ့် စည်းမျဉ်းတွေကို ချမှတ်ထားလေ့ရှိပါတယ်။

ဥပမာအားဖြင့် Jura ဒေသမှာ နေမယ်ဆိုရင် ဝင်ငွေရဲ့ အခွန် ၁၄% ကို ဆောင်ရမှာဖြစ်ပေမယ့် Zug ဒေသမှာနေတဲ့သူတွေကတော့ ၄% ပဲဆောင်ရမှာဖြစ်ပါတယ်။

ဂျီနီဗာမှာ ဆိုင်ဖွင့်မယ်ဆိုရင်တော့ ၆နာရီမှာ ပိတ်ရမှာဖြစ်ပြီး ဇူးရစ်မှာဆိုရင်တော့ ပိတ်ချင်တဲ့အချိန်မှ ပိတ်နိုင်ပါတယ်။ ဒေသအလိုက် နေထိုင်သူတွေရဲ့ ဝင်ငွေ ၊ အလေ့အကျင့်တွေနဲ့ ကိုက်ညီအောင် ထိန်းညှိပေးထားတာဖြစ်ပါတယ်။

လိုက်လျောညီထွေတဲ့ ဒီမိုကရေစီ

ဖက်ဒရယ်နိုင်ငံဖြစ်ပေမယ့် ဆွစ်ဇာလန်တွေဟာ ဒီမိုကရေစီ အပြည့်အ၀ ရရှိတယ် လို့ ဆိုနိုင်ပါတယ်။ ပြည်သူတွေဟာ ဆန္ဒခံယူပွဲကျင်းပဖို့ လူ ၅သောင်းရဲ့လက်မှတ်သာ လိုသလို ၊ စည်းမျဉ်းဥပဒေတွေကို ပြုပြင်ဖို့ ဆိုရင်တော့ လူ ၁သိန်းရဲ့ လက်မှတ်သာ လိုပါတယ်။

၄လ တိုင်းမှာ ဆန္ဒခံယူပွဲတွေရှိပြီး နိုင်ငံရဲ့စနစ်တွေကို ပိုမိုကောင်းမွန်အောင် ပြည်သူတွေက ပြောင်းလဲနိုင်တာဖြစ်ကာ ဒါဟာလည်း အခြားနိုင်ငံ အားလုံးနီးပါးနဲ့ လုံး၀ ကွဲပြားတဲ့အချက်ဖြစ်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းပေါများခြင်း

ဆွစ်ဇာလန်နိုင်ငံဟာ အခွန်နဲ့ ပတ်သက်ရင် အခြားနိုင်ငံကြီးတွေထက် အများကြီးသက်သာတာကြောင့် ကမ္ဘာ့အဖွဲ့အစည်း အသီးသီး နဲ့ ကုမ္ပဏီကြီးတွေဟာ ဒီနိုင်ငံမှာ သူတို့ရဲ့ရုံးချုပ်တွေ လုပ်ငန်းတွေကို လာရောက်ဖွင့်လှစ်တတ်ကြပါတယ်။

ဒီလိုဖွင့်လှစ်ခြင်းကြောင့် ဆွစ်ဇာလန်နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း အလွန်ပေါပါတယ်။

အစိုးရအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေကိုပဲ favor ပေးလေ့ရှိပါတယ်။ ဆွစ်ဇာလန် နိုင်ငံသား ဝန်ထမ်းတွေရဲ့ ပျမ်းမျှအနိမ့်ဆုံးဝင်ငွေဟာ တနှစ်မှာ အမေရိကန်ဒေါ်လာ ၃သောင်းခွဲခန့် ရရှိတာကြောင့် ဒါဟာ အခြားကမ္ဘာ့နိုင်ငံအများစုထက်စာရင် အဆမတန်များနေတဲ့ နှုန်းဖြစ်ပါတယ်။

အသုံးအစွဲချွေတာခြင်း

ဆွစ်တွေဟာ ချမ်းသာကြပေမယ့် သူတို့ရဲ့ နေ့စဉ်ဘဝကိုတော့ ရိုးရှင်းစွာဖြတ်သန်းလေ့ရှိကြပါတယ်။ နေ့စဉ်အသုံးစရိတ်ကို အလွန်စီစဉ်ကျသလို အသုံးမလိုတဲ့ ဖြုန်းတီးမှုတွေကို လုပ်လေ့မရှိကြပါဘူး။

ဒေသအများစုက လူတွေဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်ပေါင်းများစွာက ဆောက်လုပ်ထားတဲ့ အိမ်တွေမှာပဲ နေထိုင်နေကြတုန်းပါ။

ဒါကြောင့်လည်း ဆွစ်လူမျိုးတွေဟာ အလုပ်အလွန်လုပ်သလောက် ချွေတာစုဆောင်းတတ်ကြတဲ့ လူမျိုးတွေလို့ ဆိုကြခြင်းဖြစ်ပါတယ်။

လူဦးရေနည်းပါးကာ လူမျိုးမတူပေမယ့် တသားတည်းရှိခြင်း

၂၀၁၉ ခုနှစ်စာရင်းအရ ဆွစ်ဇာလန်နိုင်ငံရဲ့ လူဦးရေဟာ ၈,၅၇၀,၁၄၆ ဦးသာ ရှိပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ အဓိကနေထိုင်တဲ့ လူမျိုးတွေက ဂျာမန် ၊ ပြင်သစ် နဲ့ အီတလီတွေသာဖြစ်ပေမယ့် သူတို့ကိုယ်သူတို့ ဆွစ်လူမျိုးအဖြစ်သာ ခံယူထားကြပါတယ်။

ရုံးသုံးဘာသာအဖြစ်လည်း ဂျာမန် ၊ ပြင်သစ် နဲ့ အီတလီ သုံးမျိုးစလုံးကို ထားပြီး ဒေသအလိုက် နှစ်သက်ရာကို သုံးစွဲနိုင်ပါတယ်။

နိုင်ငံထုတ်ကုန်တန်ဖိုး များပြားနေပေမယ့် လူဦးရေက ၈သန်းကျော်သာ ရှိနေတာလည်း ဆွစ်ဇာလန်နိုင်ငံကို ပိုမိုချမ်းသာစေတဲ့ အချက်တွေထဲက တချက်ဖြစ်ပါတယ်။

ဘယ်လောက်တောင် ချမ်းသာသလဲ ဆို ဆွစ်ဇာလန်နိုင်ငံသား ၈သန်းကျော် မှာ ၄သိန်းကျော်က သန်းကြွယ်သူဌေးတွေဖြစ်ကြပါတယ်။

အထက်ပါ အချက်တွေအပြင် ဆွစ်ဇာလန်ကို ချမ်းသာစေတဲ့ အခြားအချက်တွေလည်း ရှိနိုင်တာကြောင့် လိုအပ်တဲ့အချက်များရှိရင် ဖြည့်စွက်ပေးသွားကြပါဦး။

သုတဇုန်