ႏိုင္ငံျခားသြားတဲ့ ေယာက်ၤားကို ေမွ်ာ္ရင္း ဘဝနစ္မြန္းသြားခဲ့ရတဲ့ စိတ္ေဝဒနာရွင္မေလး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ႏိုင္ငံျခားသြားတဲ့ ေယာက်ၤားကို ေမွ်ာ္ရင္း ဘဝနစ္မြန္းသြားခဲ့ရတဲ့ စိတ္ေဝဒနာရွင္မေလး

(ရင္ထဲမေကာင္းလြန္းလို႔ကူးၿပီးတင္ေပးလိုက္ပါတယ္ ) သူမအေပၚ သံေယာဇဥ္လက္က်န္ရွိေသးသူေတြ ဒီစာေလးကို ျမင္ပါေစလို႔ ေမွ်ာ္လင့္ရင္း သက္ဆိုင္သူေတြ သိေစခ်င္လို႔ သူမနံမည္ေလးပါ ထည့္ေရးေပးလိုက္ပါတယ္.

သူမ အမည္က မစိုးအိမြန္…ဇာတိကေတာ့ ပုံ႔ တို႔ ဟသၤာတနဲ႔ မလွမ္း မကမ္းက ႐ြာေလးတ႐ြာ ကေပါ့…သူမက အသက္က အခုဆို ရွိလွ ၃၉/ ၄၀ ပါ…

သူမဘဝေလးက အစကေတာ့ ယဥ္သကို ဆိုသလိုဘဲ…အစပိုင္းေတာ့ အေတာ္ေလးကို ေပ်ာ္႐ႊင္စရာေကာင္းၿပီး ျပည့္စုံ႔ခဲ့ပါတယ္…

သူမတို႔ မိသားစုေလးမွာ သူမဟာ မိဘႏွစ္ပါးအလယ္မွာ ရႈမၿငီးတဲ့ တစ္ဦးတည္းေသာ သမီးေလးပါ…သူမတို႔ အိမ္က တိုက္အိမ္ေလးနဲ႔ စီးပြားေရကလဲ ဘက္ထရီအိုးေတြ ေရာင္းတယ္ဆိုေတာ့ အတန္အသင့္ ျပည့္စုံတယ္ ဆိုရမေပါ့…

႐ုပ္ရည္ကလဲ ျဖဴျဖဴ ႏုႏု ေခ်ာေခ်ာ လူေကာင္ေသးေသးေလးနဲ႔ မ်က္လုံး မ်က္ခုံး ႏွာတံ အေတာ္ကို လွသူပါ…သူမ အ႐ြယ္ေရာက္ေတာ့ တကၠသိုလ္တက္တယ္…

ဟသၤာတတကၠသိုလ္ကေန ဓာတုလား…သခ်ၤာလား ပုံ႔ သိပ္မမွတ္ေတာ့…ေမဂ်ာတစ္ခုနဲ႔ ဘြဲ႕ရခဲ့တယ္….

ေက်ာင္းၿပီးေတာ့ သမ႐ိုးက်ပါဘဲ…သူမ ခ်စ္သူနဲ႔ လက္ထပ္ခဲ့ပါတယ္…သူတို႔ အိမ္ေထာင္က်ၿပီး မၾကာခင္မွာဘဲ ေယာက္က်ားေလး မိဘမ်ားက ပိုက္ဆံေတြ အမ်ားႀကီး အကုန္အက်ခံၿပီး

သူတို႔သားေလးကို ဂ်ပန္ကို ပို႔လိုက္ၾကတယ္…အဲ့ဒီ ခ်ိန္တုံးကလဲ ဂ်ပန္သြားႏိုင္ဖို႔ဆိုတာ အေတာ္ကို အကုန္ခံႏိုင္မွ ရတာပါ…

တစ္ဦးတည္းေသာ သမီးေတြရဲ႕ စိတ္ပဲေျပာရမလား…ပုံ႔တို႔လို တစ္ဦးတည္းေသာ သားသမီးေတြဆိုတာ ေငြထက္ ကိုယ့္ကို ဂ႐ုစိုက္တာ၊ ၾကင္နာတာ၊ ခ်စ္ခ်င္းေမတၱာေတြေပးတာကို ပိုၿပီး ႏွစ္သက္ၾကပါတယ္…

သူမလဲ ဒီလိုဘဲ ထင္ပါရဲ႕…အမ်ိဳးသား ႏိုင္ငံျခားသြားတာကို မေက်နပ္တဲ့သူမ…အမ်ိဳးသား ပိုၾသမွ်ကို ျဖဳန္းပါေတာ့တယ္…

ရန္ကုန္သြားတယ္…ကလပ္ေတြ ဘာေတြတက္တယ္ေပါ့ေလ…ဒီသတင္းကို ျပန္ၾကားတဲ့လအမ်ိဳးသားက ေငြလဲ မပို႔ေတာ့သလို ေနာက္ပိုင္းအဆက္အသြယ္လဲ မလုပ္ေတာ့ပါဘူး…

ဒီလိုနဲ႔ သူမ စိတ္ေတြ စတင္ပ်ံလြင့္စျပဳၿပီး လုပ္ခ်င္တာေတြ လုပ္ပါေတာ့တယ္…

တခ်ိန္ထဲမွာဘဲ ဘဝရဲ႕ အတြယ္တာရဆုံးျဖစ္တဲ့ ဖခင္က ေနာက္အိမ္ေထာင္ ျပဳပါတယ္…ဖခင္ကို တြယ္တာလြန္းတဲ့ သူမရဲ႕မိခင္ေရာ၊ အခ်ိန္တိုအတြင္းမွာ ဘဝေတြ ေျဗာင္းျပန္ျဖစ္သြားၿပီး

ခ်စ္ရသူေတြရဲ႕ ထားသြားျခင္းကို ခံခဲ့ရတဲ့ သူမကိုယ္တိုင္ေရာ စိတ္က်န္းမာေရး ထိခိုက္ၿပီး သားအမိႏွစ္ေယာက္ အထုတ္တစ္ထုတ္နဲ႔ လမ္းေပၚေရာက္တဲ့ထိ ျဖစ္သြားရွာပါတယ္…

ဒီလိုနဲ႔ စိတ္ေဝဒနာသည္ သားအမိႏွစ္ေယာက္ အထုတ္တစ္ထုတ္နဲ႔ ႐ြာ႐ိုးေလွ်ာက္၊ ေတာင္းရမ္းစားေသာက္ရင္း ျပင္ဦးလြင္ ျပင္စာ႐ြာက သဘာဝရိပ္သာကို ေရာက္သြားရွာတယ္…မိခင္ႀကီးကေတာ့ တရားအရိပ္မွာ ေနႏိုင္ေပမဲ့…

အသက္အ႐ြယ္လဲ ငယ္၊ ပညာေလးလဲတတ္၊ ေကာင္းေကာင္းစား၊ ေကာင္းေကာင္းေနနဲ႔ ဘဝကို ျဖတ္သန္းခဲ့ရတဲ့ သူမကေတာ့ သူမစိတ္မက်န္းမာေတာ့တာ မသိရွာဘဲ…အလုပ္ရွာမယ္ဆိုၿပီး ခဏခဏ ထြက္သြားတတ္တယ္….

ဒီလိုနဲ႔ ရိပ္သာကလဲ သူမကို လက္မခံေတာ့ဘဲ ေနာက္ဆုံး ေတာင္ႀကီးၿမိဳ႕ေပၚ ဟိုဒီေလွ်ာက္ရင္း ပုံ႔နဲ႔ဆက္သြယ္မိၿပီး သြားေခၚခဲ့တယ္ေပါ့…လမ္းမွာေတာ့ တတြတ္တြတ္ေျပာရွာတယ္…သူမ အမ်ိဳးသားႏိုင္ငံျခားမွာ ဆိုတဲ့အေၾကာင္း၊

သူမပါလိုက္သြားမယ္ ဆိုတဲ့အေၾကာင္း၊ အခြင့္အလမ္း ဂ်ာနယ္ အၿမဲဖတ္ၿပီး အလုပ္ရွာေနတယ္ဆိုတဲ့ အေၾကာင္း…သူ ႏႈတ္ခမ္းနီေတြ၊ ေရေမႊးေတြ ဝယ္မယ္ အလွေတြျပင္မယ္ဆိုတဲ့အေၾကာင္း စုံလို႔ေပါ့…မ်က္ႏွာႀကီးတဲ့ သူရဲ႕ သူငယ္ခ်င္းေတြအေၾကာင္းလဲ ပါေသးတယ္ေလ…

သူမကို ဟသၤာတထိေရာက္ေအာင္ေတာ့ ခက္ခက္ခဲခဲ ေခၚခဲ့ရတာပါ…ဘာလို႔ဆိုေတာ့ အထည္ႀကီး ပ်က္ျဖစ္ေလတဲ့ သူမက ပူတဲ့ ေနရာမေနႏိုင္ပါဘူးတဲ့၊

ေတာင္ႀကီးလို ေအးတဲ့ေနရာနဲ႔ဘဲ တည့္ပါသတဲ့ေလ…လမ္းမွာရပ္တာနဲ႔ ထြက္ေျပးမယ္လုပ္လို႔ မနည္းကို ေခ်ာ့ေမာ့ ေစာင့္ၾကပ္ေခၚခဲ့ရတယ္…

ဒီလိုနဲ႔ ရိပ္သာေရာက္လာခဲ့တယ္ေပါ့…ဒီက်ေတာ့ သူက ဝိတ္ခ်ေနတာမို႔ဆိုၿပီး ထမင္းလုံးဝ ေကြၽးမရဘူးရယ္…အခ်ိဳရည္ဘဲ ေသာက္တယ္…မုန႔္ေတြဘဲစားတယ္…

သူမ ဒီလိုေတြ စိတ္ေဝဒနာ ခံစားေနရေပမဲ့လဲ သူမရဲ႕ မေအကိုေတာ့ လုံးဝမေမ့ရွာပါဘူး…ထားခဲ့ရတဲ့ သူမအေမကို ျပန္ေခၚေပးဖို႔ေျပာရွာတယ္…ဘာေကြၽးေကြၽး ဘာစားစား၊ တစ္ခုထဲဆို မယူဘူး မစားဘူး…

အၿမဲ သူမအေမအတြက္ပါ တစ္ခုပိုေတာင္းၿပီး ေမေမနဲ႔ ေတြ႕ရင္ ေကြၽးဖို႔ဆို ပုံးထဲ ထည့္သိမ္းရွာတဲ့….

ဒီလိုနဲ႔ တစ္ရက္ ႏွစ္ရက္ေန ရိပ္သာနဲ႔ အသားက်လာေတာ့ ေဆးစစ္ၿပီး ပုံ႔ စိတ္က်န္းမာေရး ဆရာဝန္ျပတယ္….အိပ္တာကလြဲရင္ သိပ္မသက္သာရွာပါဘူး…

တေန႔ေတာ့ ရိပ္သာက သိပ္က်ပ္မျပည့္ရွာတဲ့ ဖိုးလျပည့္ေလး ေမေမနဲ႔ အေအးလုရင္း ရန္ျဖစ္ၿပီး အခြၽန္နဲ႔ ထိုးမယ္လုပ္တယ္…

အဲ့လိုနဲ႔ တျဖည္းျဖည္း ၾကမ္းလာေတာ့ စိတ္က်န္းမာေရး ေဆး႐ုံ ပုံ႔တို႔ ပို႔ခဲ့ရတယ္…အဲ့ခ်ိန္ထိ သူမမွာ စိတ္မက်န္းမာတာကလြဲရင္ ဘာေရာဂါမွ မရွိေသးပါဘူး….

စိတ္က်န္းမာေရး ေဆး႐ုံပို႔ေတာ့လဲ ပုံ႔အေကာင္းဆုံး လုပ္ေပးခဲ့ပါတယ္…ဒီတိုင္းဆို ထမင္းအလကားေကြၽးပါတယ္…

တေန႔ ၅၀၀ ေပးရင္ အသားဟင္းနဲ႔ ေကြၽးပါတယ္…ပုံ႔ သူေကာင္းေကာင္းစားရပါေစေတာ့ဆိုၿပီး ၃ လစာ ရွင္းေပးခဲ့ပါတယ္…ေနာက္ေတာ့ေကာင္းၿပီဆို ဖုန္းဆက္ေတာ့ သြားေခၚၾကပါတယ္…

အေျခအေနၾကည့္ေတာ့ သိပ္မထူးတာမို႔…ထပ္ထားပါရေစဆိုၿပီး ဟင္းဖိုးထပ္မံေပးခဲ့ၿပီး ထားခဲ့ပါတယ္….

ဒီတခါေတာ့ ၃ လလဲ မဆက္သြယ္၊ ၆ လလဲ မဆက္သြယ္နဲ႔၊ ေတာ္ေတာ္ေလးၾကာေတာ့ ဒုတိယပုံမွာ ျမင္ရတဲ့ ပုံစံအတိုင္း စိတ္ေဝဒနာသည္အမ်ိဳးသမီးတစ္ေယာက္ မိုးကုတ္ေရာက္ေနတယ္ဆိုၿပီး လိုင္းေပၚမွာေတြ႕ပါတယ္…ၾကည့္လိုက္ေတာ့ သူ႔ပုံျဖစ္ေနေတာ့ ပုံ႔တို႔သြားထပ္ျပန္ေခၚလာခဲ့ျပန္ပါတယ္…

ဘယ္အခ်ိန္ ေဆး႐ုံကဆင္းခြင့္ျပဳလိုက္တယ္ ပုံ႔တို႔ မသိပါဘူး…သူ႔ကို ျပန္ေတြ႕ခ်ိန္မွာေတာ့ ဗိုက္မွာလဲ ခ်ဳပ္႐ိုးရာႀကီးေတြ႕သလို လူလဲ ပိန္ခ်ဳံးေနပါၿပီ…

ဘယ္ေတြေရာက္လဲ ေမးေတာ့ သူေဆး႐ုံဆင္းၿပီး ဦးေလးတစ္ေယာက္နဲ႔ ေနတယ္ဆိုတဲ့အေၾကာင္း ဗိုက္ေအာင့္လို႔ ဗိုက္ခြဲရတယ္ ဆိုတဲ့အေၾကာင္းေျပာၿပီး ခ်ဳပ္႐ိုးရာၾကကို ျပပါတယ္…အဲ့ကေန မူဆယ္ကို အလုပ္ရွာသြားပါတယ္တဲ့…

မူဆယ္မွာ အလုပ္လုပ္ၿပီး ပိုက္ဆံစုၿပီး ထားသြားၿပီျဖစ္တဲ့အမ်ိဳးသားေနာက္လိုက္ခ်င္လို႔ပါတဲ့ရွင္….

ဒီလိုနဲ႔ ခိုလႈံရာေလးကို ျပန္ေရာက္လာခဲ့တယ္…အနာေတြေပါက္လာတယ္ ကိုယ္ေတြယားလာတယ္…ဒါနဲ႔ ေဆးစစ္ၾကည့္ေတာ့ HIV+ ပါတဲ့ရွင္…ထင္ေတာ့ ထင္ထားေပမဲ့ သူကူးခံရပုံေလးေၾကာင့္ ရင္နာခဲ့ရပါတယ္…

သူမ သူမအမ်ိဳးသားေနာက္လိုက္ဖို႔ ပိုက္ဆံရွာဖို႔အတြက္ မူဆယ္ကိုတက္တယ္…ဟိုေရာက္ေတာ့ သူမေနဖို႔ ဘုန္းႀကီးေက်ာင္း လိုက္ရွာပါတယ္တဲ့…အဲ့မွာ ဆိုကယ္ကယ္ရီသမားတစ္ေယာက္က ဘုန္းႀကီးေက်ာင္းလိုက္ပို႔ေပးမယ္ဆိုၿပီး ၿခဳံတစ္ခုထဲေခၚ…

မ်က္ႏွာကို ပုဆိုးနဲ႔အုပ္၊ လက္သီးေတြနဲ႔ ထိုးၿပီး အႀကိမ္ႀကိမ္ သားမယားျပဳက်င့္ခဲ့ပါတယ္တဲ့…နာလြန္းလို႔ သူ ထေတာင္ မထႏိုင္ေတာ့ပါဘူးတဲ့…

အဲ့လိုၾကားရေတာ့ စိတ္က်န္းမာေရးေဆး႐ုံမွာ ဒုတိယအႀကိမ္ ထားခဲ့မိတဲ့ ကိုယ့္ကိုယ္ကို အျပစ္တင္လို႔ မဆုံးေတာ့ပါဘူး…ေကာင္းေကာင္းမေကာင္းေကာင္းဘပုံ႔သာျပန္ေခၚခဲ့ရင္ ဒီလို အျဖစ္ဆိုးမ်ိဳး ႀကဳံခ်င္မွ ႀကဳံရမွာပါ….

ဒီလိုနဲ႔ HIV စင္တာနဲ႔ ဆက္သြယ္ ART ေဆးတိုက္ၿပီး ရိပ္သာမွာ ဆက္လက္ေစာင့္ေရွာက္ခဲ့ပါတယ္…ရိပ္သာမွာ ေနစဥ္ မေအရွာေပးဖို႔ တတြတ္တြတ္ေျပာတာနဲ႔

ေနာက္ဆုံး သူ႔အေမ သတင္းစုံစမ္းၿပီး သြားေခၚေပးခဲ့ပါတယ္…စိတ္မက်န္းမာတဲ့ မေအအိုႀကီးကို ေတြ႕တဲ့ေနရာက မႏၲေလးက ဘုရားႀကီးေရွ႕မွာ ေတာင္းရမ္းေနတာပါ….

ဒီလိုနဲ႔ မေအႀကီးပါ ျပန္ေခၚရင္း သားအမိႏွစ္ေယာက္ ရိပ္သာမွာ အတူေနၾကျပန္ပါတယ္…သိပ္မၾကာပါဘူး…ရိပ္သာမွာ နာေရးကိစၥရွိတဲ့ တမနက္ ရိပ္သာကေန သားအမိႏွစ္ေယာက္ လစ္ထြက္သြားပါေတာ့တယ္…

အဲ့ကေန အစရွာမရေတာ့တာ ခုေနာက္ဆုံးျပန္ေတြ႕တဲ့အခ်ိန္ထိပါ…ဒီၾကားထဲ ၿခံစည္း႐ိုးေတြ ျဖဳတ္ၿပီးထြက္လို႔ ရန္ကုန္ထိလိုက္ အဖြဲ႕ဝင္ေတြက ႐ုပ္ဖ်က္ၿပီး ျပန္ေခၚလာရတာေတာ့ ခဏခဏရယ္ပါ…

ခုေနာက္ဆုံးအႀကိမ္ ေတြ႕ေတာ့လဲ သူသိပ္ခ်စ္တဲ့…သူအရမ္းေနခ်င္တဲ့ ေတာင္ႀကီးၿမိဳ႕က ဘုန္းေတာ္ႀကီးေက်ာင္း တခုမွာပါ..သူ႔ေမေမေတာ့ မေတြ႕ေတာ့ျပန္ပါဘူး..ဒီတခါေတာ့ အေျခအေနက အေတာ္ကို ဆိုးေနရွာပါၿပီ…

ဒီေခါက္လဲ ဘယ္သူေစာ္ကားထားျပန္တယ္ေတာ့ မသိပါဘူး…ခါးမွာေတာ့ ပုဆိူးႀကီးနဲ႔ပါ…သူ႔ကို ေစာင့္ေရွာက္ရတာ အရမ္းကို ခက္ခဲေပမဲ့ ေစာင့္ေရွာက္ဖူးတဲ့ သံေယာဇဥ္ ရွိေနေတာ့ ဘယ္မွာေတြ႕ေတြ႕ သြားေခၚျဖစ္ျပန္ပါတယ္….

ART ေဆးျပတ္တာ ၾကာၿပီလဲျဖစ္သလို၊ ထမင္းလဲ လုံးဝမစားေတာ့ပါဘူး…စိတ္က်န္းမာေရး အေျခအေနကလဲ အေတာ္ကို ဆိုးေနရွာပါၿပီ…

ကိုယ္လုံးတီးနဲ႔ ေနၿပီး ေအာ္ဟစ္ဆဲေသာင္းက်န္းေနတာမို႔ အခန္းတစ္ခုထဲ ထည့္ထားရပါေတာ့တယ္…ပုံ႔ကိုေတြ႕ရင္ေတာ့ ဘယ္ေလာက္ေအာ္ေနေန လက္အုပ္ေလး တခ်ီခ်ီနဲ႔ ပုံ႔ပုံ႔ရယ္…

ပုံ႔ပုံ႔ရယ္ ေနာ္ေနာ္နဲ႔ ကေလးေလးလို ပုံ႔ ဝတ္ထားတဲ့ အက်ႌေတြ ပူဆာတယ္…အေအးဝယ္တိုက္ခိုင္းတယ္….သူေခြးၿပိတၱာႀကီးျဖစ္မွာစိူးခို႔ ထမင္းမစားတဲ့အေၾကာင္းေတြ ေျပာရွာပါတယ္….

ဒီလိုနဲ႔ အခုေတာ့ ပိန္ခ်ဳံးလို႔ သူ႔ဘဝေနာက္ဆုံးအေျခအေနကို ေရာက္ေနၿပီလို႔ ေျပာရမယ္ထင္ပါတယ္…ပုံ႔ သြားၾကည့္ၿပီး သူ႔ကို မေသခ်င္ရင္၊ ေဆး႐ုံတက္ရမယ္၊ ေဆး႐ုံတက္ၿပီးေကာင္းသြားရင္ ဂါဝန္ေတြလဲေပးမယ္၊ အခ်ိဳရည္လဲတိုက္မယ္…

အဖြားေတြနဲ႔လဲ ထားေပးမယ္ေနာ္ဆိုေတာ့ မတက္ခ်င္ တက္ခ်င္နဲ႔ ေဆး႐ုံကို လိုက္သြားရွာပါတယ္…

ခုတစ္ခ်ိန္ဟာ သူ႔ရဲ႕ ေနဝင္ခ်ိန္မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေနမိေပမယ့္…အမွန္အတိုင္းေျပာရရင္ေတာ့ ခ်စ္ေသာသူေတြနဲ႔ ေသကြဲ၊ ရွင္ကြဲ အခါခါကြဲရ၊ မခ်စ္မႏွစ္သက္ေသာသူေတြရဲ႕

အႏိုင္အထက္ျပဳျခင္းကိုလဲ ထပ္ခါထပ္ခါခံရ၊ ေပ်ာ္ေသာအရပ္မေနရ၊ မေပ်ာ္တဲ့အရပ္မွာေနရတဲ့အျပင္ စိတ္ေရာဂါအျပင္ ေရာဂါဆိုးႀကီးရဲ႕ ဒဏ္ပါ လွိမ့္ပိမ့္ေနေအာင္ ခံေနရွာတဲ့ သူမကို ဒီဘဝခ်ဳပ္ၿငိမ္းသြားေစခ်င္ပါၿပီ….

ခုလဲ ဝန္ထမ္းကေလးဝတ္ထားတဲ့ ဖိနပ္ေလးကို ေတာင္းၿပီး တစ္၊ ႏွစ္၊ သုံး လို႔ ေရလိုက္ ဖိနပ္ေလး ဟိုခ်လိုက္ ဒီခ်လိုက္လုပ္ရင္း ေဆး႐ုံတက္ဖို႔ ပါသြားေလရဲ႕…လိမ္လိမ္မာမာ ေဆးကုခံပါ့မယ္လို႔ ကတိေတြ အထပ္ထပ္ ေပးရင္း ေဆး႐ုံမွာ ေသာင္းက်န္းေနျပန္ၿပီတဲ့ေလ…

မၾကာခင္ ေဆး႐ုံက အဆင္မေျပလို႔ ဆင္းရမယ္ထင္ပါတယ္…HIV ေစာင့္ေရွာက္တဲ့ ေဂဟာဆိုတာလဲ စိတ္က်န္းမာေရးလက္မခံလို႔ ပို႔မရ၊ ေဆး႐ုံလဲ တင္မရ၊ လူလဲ ပိန္းခ်ဳံးလို႔ အားအင္ကုန္ခန္းေနရွာပါၿပီ….

ပုံ႔ သူ႔အစား တစ္ခုေလာက္ေတာင္းဆိုပါရေစ…သူတတြတ္တြတ္ေျပာေနရွာတဲ့ ဂ်ပန္ျပည္ႀကီးက သူ႔အမ်ိဳးသားဆိုသူ ဒီစာေလးကို ဖတ္မိရင္ ပုံ႔တို႔ ရိပ္သာကို ဆက္သြယ္ၿပီး

သူနဲ႔ Video Call ေလး ေျပာေပးပါရွင္…အကိုဟာ သူ႔ဘဝအတြက္ ေနာက္ဆုံး ေကာက္႐ိုးတမွ်င္ ျဖစ္ခ်င္ျဖစ္ေနမွာမို႔ပါေနာ္….

09 795929849 Credit

Unicode

နိုင်ငံခြားသွားတဲ့ ယောင်္ကျားကို မျှော်ရင်း ဘဝနစ်မွန်းသွားခဲ့ရတဲ့ စိတ်ဝေဒနာရှင်မလေး

(ရင်ထဲမကောင်းလွန်းလို့ကူးပြီးတင်ပေးလိုက်ပါတယ် ) သူမအပေါ် သံယောဇဉ်လက်ကျန်ရှိသေးသူတွေ ဒီစာလေးကို မြင်ပါစေလို့ မျှော်လင့်ရင်း သက်ဆိုင်သူတွေ သိစေချင်လို့ သူမနံမည်လေးပါ ထည့်ရေးပေးလိုက်ပါတယ်.

သူမ အမည်က မစိုးအိမွန်…ဇာတိကတော့ ပုံ့ တို့ ဟင်္သာတနဲ့ မလှမ်း မကမ်းက ရွာလေးတရွာ ကပေါ့…သူမက အသက်က အခုဆို ရှိလှ ၃၉/ ၄၀ ပါ…

သူမဘဝလေးက အစကတော့ ယဉ်သကို ဆိုသလိုဘဲ…အစပိုင်းတော့ အတော်လေးကို ပျော်ရွှင်စရာကောင်းပြီး ပြည့်စုံ့ခဲ့ပါတယ်…

သူမတို့ မိသားစုလေးမှာ သူမဟာ မိဘနှစ်ပါးအလယ်မှာ ရှုမငြီးတဲ့ တစ်ဦးတည်းသော သမီးလေးပါ…သူမတို့ အိမ်က တိုက်အိမ်လေးနဲ့ စီးပွားရေကလဲ ဘက်ထရီအိုးတွေ ရောင်းတယ်ဆိုတော့ အတန်အသင့် ပြည့်စုံတယ် ဆိုရမပေါ့…

ရုပ်ရည်ကလဲ ဖြူဖြူ နုနု ချောချော လူကောင်သေးသေးလေးနဲ့ မျက်လုံး မျက်ခုံး နှာတံ အတော်ကို လှသူပါ…သူမ အရွယ်ရောက်တော့ တက္ကသိုလ်တက်တယ်…

ဟင်္သာတတက္ကသိုလ်ကနေ ဓာတုလား…သင်္ချာလား ပုံ့ သိပ်မမှတ်တော့…မေဂျာတစ်ခုနဲ့ ဘွဲ့ရခဲ့တယ်….

ကျောင်းပြီးတော့ သမရိုးကျပါဘဲ…သူမ ချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်…သူတို့ အိမ်ထောင်ကျပြီး မကြာခင်မှာဘဲ ယောက်ကျားလေး မိဘများက ပိုက်ဆံတွေ အများကြီး အကုန်အကျခံပြီး

သူတို့သားလေးကို ဂျပန်ကို ပို့လိုက်ကြတယ်…အဲ့ဒီ ချိန်တုံးကလဲ ဂျပန်သွားနိုင်ဖို့ဆိုတာ အတော်ကို အကုန်ခံနိုင်မှ ရတာပါ…

တစ်ဦးတည်းသော သမီးတွေရဲ့ စိတ်ပဲပြောရမလား…ပုံ့တို့လို တစ်ဦးတည်းသော သားသမီးတွေဆိုတာ ငွေထက် ကိုယ့်ကို ဂရုစိုက်တာ၊ ကြင်နာတာ၊ ချစ်ချင်းမေတ္တာတွေပေးတာကို ပိုပြီး နှစ်သက်ကြပါတယ်…

သူမလဲ ဒီလိုဘဲ ထင်ပါရဲ့…အမျိုးသား နိုင်ငံခြားသွားတာကို မကျေနပ်တဲ့သူမ…အမျိုးသား ပိုသြမျှကို ဖြုန်းပါတော့တယ်…

ရန်ကုန်သွားတယ်…ကလပ်တွေ ဘာတွေတက်တယ်ပေါ့လေ…ဒီသတင်းကို ပြန်ကြားတဲ့လအမျိုးသားက ငွေလဲ မပို့တော့သလို နောက်ပိုင်းအဆက်အသွယ်လဲ မလုပ်တော့ပါဘူး…

ဒီလိုနဲ့ သူမ စိတ်တွေ စတင်ပျံလွင့်စပြုပြီး လုပ်ချင်တာတွေ လုပ်ပါတော့တယ်…

တချိန်ထဲမှာဘဲ ဘဝရဲ့ အတွယ်တာရဆုံးဖြစ်တဲ့ ဖခင်က နောက်အိမ်ထောင် ပြုပါတယ်…ဖခင်ကို တွယ်တာလွန်းတဲ့ သူမရဲ့မိခင်ရော၊ အချိန်တိုအတွင်းမှာ ဘဝတွေ ဗြောင်းပြန်ဖြစ်သွားပြီး

ချစ်ရသူတွေရဲ့ ထားသွားခြင်းကို ခံခဲ့ရတဲ့ သူမကိုယ်တိုင်ရော စိတ်ကျန်းမာရေး ထိခိုက်ပြီး သားအမိနှစ်ယောက် အထုတ်တစ်ထုတ်နဲ့ လမ်းပေါ်ရောက်တဲ့ထိ ဖြစ်သွားရှာပါတယ်…

ဒီလိုနဲ့ စိတ်ဝေဒနာသည် သားအမိနှစ်ယောက် အထုတ်တစ်ထုတ်နဲ့ ရွာရိုးလျှောက်၊ တောင်းရမ်းစားသောက်ရင်း ပြင်ဦးလွင် ပြင်စာရွာက သဘာဝရိပ်သာကို ရောက်သွားရှာတယ်…မိခင်ကြီးကတော့ တရားအရိပ်မှာ နေနိုင်ပေမဲ့…

အသက်အရွယ်လဲ ငယ်၊ ပညာလေးလဲတတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့ သူမကတော့ သူမစိတ်မကျန်းမာတော့တာ မသိရှာဘဲ…အလုပ်ရှာမယ်ဆိုပြီး ခဏခဏ ထွက်သွားတတ်တယ်….

ဒီလိုနဲ့ ရိပ်သာကလဲ သူမကို လက်မခံတော့ဘဲ နောက်ဆုံး တောင်ကြီးမြို့ပေါ် ဟိုဒီလျှောက်ရင်း ပုံ့နဲ့ဆက်သွယ်မိပြီး သွားခေါ်ခဲ့တယ်ပေါ့…လမ်းမှာတော့ တတွတ်တွတ်ပြောရှာတယ်…သူမ အမျိုးသားနိုင်ငံခြားမှာ ဆိုတဲ့အကြောင်း၊

သူမပါလိုက်သွားမယ် ဆိုတဲ့အကြောင်း၊ အခွင့်အလမ်း ဂျာနယ် အမြဲဖတ်ပြီး အလုပ်ရှာနေတယ်ဆိုတဲ့ အကြောင်း…သူ နှုတ်ခမ်းနီတွေ၊ ရေမွှေးတွေ ဝယ်မယ် အလှတွေပြင်မယ်ဆိုတဲ့အကြောင်း စုံလို့ပေါ့…မျက်နှာကြီးတဲ့ သူရဲ့ သူငယ်ချင်းတွေအကြောင်းလဲ ပါသေးတယ်လေ…

သူမကို ဟင်္သာတထိရောက်အောင်တော့ ခက်ခက်ခဲခဲ ခေါ်ခဲ့ရတာပါ…ဘာလို့ဆိုတော့ အထည်ကြီး ပျက်ဖြစ်လေတဲ့ သူမက ပူတဲ့ နေရာမနေနိုင်ပါဘူးတဲ့၊

တောင်ကြီးလို အေးတဲ့နေရာနဲ့ဘဲ တည့်ပါသတဲ့လေ…လမ်းမှာရပ်တာနဲ့ ထွက်ပြေးမယ်လုပ်လို့ မနည်းကို ချော့မော့ စောင့်ကြပ်ခေါ်ခဲ့ရတယ်…

ဒီလိုနဲ့ ရိပ်သာရောက်လာခဲ့တယ်ပေါ့…ဒီကျတော့ သူက ဝိတ်ချနေတာမို့ဆိုပြီး ထမင်းလုံးဝ ကျွေးမရဘူးရယ်…အချိုရည်ဘဲ သောက်တယ်…မုန့်တွေဘဲစားတယ်…

သူမ ဒီလိုတွေ စိတ်ဝေဒနာ ခံစားနေရပေမဲ့လဲ သူမရဲ့ မအေကိုတော့ လုံးဝမမေ့ရှာပါဘူး…ထားခဲ့ရတဲ့ သူမအမေကို ပြန်ခေါ်ပေးဖို့ပြောရှာတယ်…ဘာကျွေးကျွေး ဘာစားစား၊ တစ်ခုထဲဆို မယူဘူး မစားဘူး…

အမြဲ သူမအမေအတွက်ပါ တစ်ခုပိုတောင်းပြီး မေမေနဲ့ တွေ့ရင် ကျွေးဖို့ဆို ပုံးထဲ ထည့်သိမ်းရှာတဲ့….

ဒီလိုနဲ့ တစ်ရက် နှစ်ရက်နေ ရိပ်သာနဲ့ အသားကျလာတော့ ဆေးစစ်ပြီး ပုံ့ စိတ်ကျန်းမာရေး ဆရာဝန်ပြတယ်….အိပ်တာကလွဲရင် သိပ်မသက်သာရှာပါဘူး…

တနေ့တော့ ရိပ်သာက သိပ်ကျပ်မပြည့်ရှာတဲ့ ဖိုးလပြည့်လေး မေမေနဲ့ အအေးလုရင်း ရန်ဖြစ်ပြီး အချွန်နဲ့ ထိုးမယ်လုပ်တယ်…

အဲ့လိုနဲ့ တဖြည်းဖြည်း ကြမ်းလာတော့ စိတ်ကျန်းမာရေး ဆေးရုံ ပုံ့တို့ ပို့ခဲ့ရတယ်…အဲ့ချိန်ထိ သူမမှာ စိတ်မကျန်းမာတာကလွဲရင် ဘာရောဂါမှ မရှိသေးပါဘူး….

စိတ်ကျန်းမာရေး ဆေးရုံပို့တော့လဲ ပုံ့အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်…ဒီတိုင်းဆို ထမင်းအလကားကျွေးပါတယ်…

တနေ့ ၅၀၀ ပေးရင် အသားဟင်းနဲ့ ကျွေးပါတယ်…ပုံ့ သူကောင်းကောင်းစားရပါစေတော့ဆိုပြီး ၃ လစာ ရှင်းပေးခဲ့ပါတယ်…နောက်တော့ကောင်းပြီဆို ဖုန်းဆက်တော့ သွားခေါ်ကြပါတယ်…

အခြေအနေကြည့်တော့ သိပ်မထူးတာမို့…ထပ်ထားပါရစေဆိုပြီး ဟင်းဖိုးထပ်မံပေးခဲ့ပြီး ထားခဲ့ပါတယ်….

ဒီတခါတော့ ၃ လလဲ မဆက်သွယ်၊ ၆ လလဲ မဆက်သွယ်နဲ့၊ တော်တော်လေးကြာတော့ ဒုတိယပုံမှာ မြင်ရတဲ့ ပုံစံအတိုင်း စိတ်ဝေဒနာသည်အမျိုးသမီးတစ်ယောက် မိုးကုတ်ရောက်နေတယ်ဆိုပြီး လိုင်းပေါ်မှာတွေ့ပါတယ်…ကြည့်လိုက်တော့ သူ့ပုံဖြစ်နေတော့ ပုံ့တို့သွားထပ်ပြန်ခေါ်လာခဲ့ပြန်ပါတယ်…

ဘယ်အချိန် ဆေးရုံကဆင်းခွင့်ပြုလိုက်တယ် ပုံ့တို့ မသိပါဘူး…သူ့ကို ပြန်တွေ့ချိန်မှာတော့ ဗိုက်မှာလဲ ချုပ်ရိုးရာကြီးတွေ့သလို လူလဲ ပိန်ချုံးနေပါပြီ…

ဘယ်တွေရောက်လဲ မေးတော့ သူဆေးရုံဆင်းပြီး ဦးလေးတစ်ယောက်နဲ့ နေတယ်ဆိုတဲ့အကြောင်း ဗိုက်အောင့်လို့ ဗိုက်ခွဲရတယ် ဆိုတဲ့အကြောင်းပြောပြီး ချုပ်ရိုးရာကြကို ပြပါတယ်…အဲ့ကနေ မူဆယ်ကို အလုပ်ရှာသွားပါတယ်တဲ့…

မူဆယ်မှာ အလုပ်လုပ်ပြီး ပိုက်ဆံစုပြီး ထားသွားပြီဖြစ်တဲ့အမျိုးသားနောက်လိုက်ချင်လို့ပါတဲ့ရှင်….

ဒီလိုနဲ့ ခိုလှုံရာလေးကို ပြန်ရောက်လာခဲ့တယ်…အနာတွေပေါက်လာတယ် ကိုယ်တွေယားလာတယ်…ဒါနဲ့ ဆေးစစ်ကြည့်တော့ HIV+ ပါတဲ့ရှင်…ထင်တော့ ထင်ထားပေမဲ့ သူကူးခံရပုံလေးကြောင့် ရင်နာခဲ့ရပါတယ်…

သူမ သူမအမျိုးသားနောက်လိုက်ဖို့ ပိုက်ဆံရှာဖို့အတွက် မူဆယ်ကိုတက်တယ်…ဟိုရောက်တော့ သူမနေဖို့ ဘုန်းကြီးကျောင်း လိုက်ရှာပါတယ်တဲ့…အဲ့မှာ ဆိုကယ်ကယ်ရီသမားတစ်ယောက်က ဘုန်းကြီးကျောင်းလိုက်ပို့ပေးမယ်ဆိုပြီး ခြုံတစ်ခုထဲခေါ်…

မျက်နှာကို ပုဆိုးနဲ့အုပ်၊ လက်သီးတွေနဲ့ ထိုးပြီး အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့ပါတယ်တဲ့…နာလွန်းလို့ သူ ထတောင် မထနိုင်တော့ပါဘူးတဲ့…

အဲ့လိုကြားရတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ဒုတိယအကြိမ် ထားခဲ့မိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မဆုံးတော့ပါဘူး…ကောင်းကောင်းမကောင်းကောင်းဘပုံ့သာပြန်ခေါ်ခဲ့ရင် ဒီလို အဖြစ်ဆိုးမျိုး ကြုံချင်မှ ကြုံရမှာပါ….

ဒီလိုနဲ့ HIV စင်တာနဲ့ ဆက်သွယ် ART ဆေးတိုက်ပြီး ရိပ်သာမှာ ဆက်လက်စောင့်ရှောက်ခဲ့ပါတယ်…ရိပ်သာမှာ နေစဉ် မအေရှာပေးဖို့ တတွတ်တွတ်ပြောတာနဲ့

နောက်ဆုံး သူ့အမေ သတင်းစုံစမ်းပြီး သွားခေါ်ပေးခဲ့ပါတယ်…စိတ်မကျန်းမာတဲ့ မအေအိုကြီးကို တွေ့တဲ့နေရာက မန္တလေးက ဘုရားကြီးရှေ့မှာ တောင်းရမ်းနေတာပါ….

ဒီလိုနဲ့ မအေကြီးပါ ပြန်ခေါ်ရင်း သားအမိနှစ်ယောက် ရိပ်သာမှာ အတူနေကြပြန်ပါတယ်…သိပ်မကြာပါဘူး…ရိပ်သာမှာ နာရေးကိစ္စရှိတဲ့ တမနက် ရိပ်သာကနေ သားအမိနှစ်ယောက် လစ်ထွက်သွားပါတော့တယ်…

အဲ့ကနေ အစရှာမရတော့တာ ခုနောက်ဆုံးပြန်တွေ့တဲ့အချိန်ထိပါ…ဒီကြားထဲ ခြံစည်းရိုးတွေ ဖြုတ်ပြီးထွက်လို့ ရန်ကုန်ထိလိုက် အဖွဲ့ဝင်တွေက ရုပ်ဖျက်ပြီး ပြန်ခေါ်လာရတာတော့ ခဏခဏရယ်ပါ…

ခုနောက်ဆုံးအကြိမ် တွေ့တော့လဲ သူသိပ်ချစ်တဲ့…သူအရမ်းနေချင်တဲ့ တောင်ကြီးမြို့က ဘုန်းတော်ကြီးကျောင်း တခုမှာပါ..သူ့မေမေတော့ မတွေ့တော့ပြန်ပါဘူး..ဒီတခါတော့ အခြေအနေက အတော်ကို ဆိုးနေရှာပါပြီ…

ဒီခေါက်လဲ ဘယ်သူစော်ကားထားပြန်တယ်တော့ မသိပါဘူး…ခါးမှာတော့ ပုဆိူးကြီးနဲ့ပါ…သူ့ကို စောင့်ရှောက်ရတာ အရမ်းကို ခက်ခဲပေမဲ့ စောင့်ရှောက်ဖူးတဲ့ သံယောဇဉ် ရှိနေတော့ ဘယ်မှာတွေ့တွေ့ သွားခေါ်ဖြစ်ပြန်ပါတယ်….

ART ဆေးပြတ်တာ ကြာပြီလဲဖြစ်သလို၊ ထမင်းလဲ လုံးဝမစားတော့ပါဘူး…စိတ်ကျန်းမာရေး အခြေအနေကလဲ အတော်ကို ဆိုးနေရှာပါပြီ…

ကိုယ်လုံးတီးနဲ့ နေပြီး အော်ဟစ်ဆဲသောင်းကျန်းနေတာမို့ အခန်းတစ်ခုထဲ ထည့်ထားရပါတော့တယ်…ပုံ့ကိုတွေ့ရင်တော့ ဘယ်လောက်အော်နေနေ လက်အုပ်လေး တချီချီနဲ့ ပုံ့ပုံ့ရယ်…

ပုံ့ပုံ့ရယ် နော်နော်နဲ့ ကလေးလေးလို ပုံ့ ဝတ်ထားတဲ့ အင်္ကျီတွေ ပူဆာတယ်…အအေးဝယ်တိုက်ခိုင်းတယ်….သူခွေးပြိတ္တာကြီးဖြစ်မှာစိူးခို့ ထမင်းမစားတဲ့အကြောင်းတွေ ပြောရှာပါတယ်….

ဒီလိုနဲ့ အခုတော့ ပိန်ချုံးလို့ သူ့ဘဝနောက်ဆုံးအခြေအနေကို ရောက်နေပြီလို့ ပြောရမယ်ထင်ပါတယ်…ပုံ့ သွားကြည့်ပြီး သူ့ကို မသေချင်ရင်၊ ဆေးရုံတက်ရမယ်၊ ဆေးရုံတက်ပြီးကောင်းသွားရင် ဂါဝန်တွေလဲပေးမယ်၊ အချိုရည်လဲတိုက်မယ်…

အဖွားတွေနဲ့လဲ ထားပေးမယ်နော်ဆိုတော့ မတက်ချင် တက်ချင်နဲ့ ဆေးရုံကို လိုက်သွားရှာပါတယ်…

ခုတစ်ချိန်ဟာ သူ့ရဲ့ နေဝင်ချိန်မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမိပေမယ့်…အမှန်အတိုင်းပြောရရင်တော့ ချစ်သောသူတွေနဲ့ သေကွဲ၊ ရှင်ကွဲ အခါခါကွဲရ၊ မချစ်မနှစ်သက်သောသူတွေရဲ့

အနိုင်အထက်ပြုခြင်းကိုလဲ ထပ်ခါထပ်ခါခံရ၊ ပျော်သောအရပ်မနေရ၊ မပျော်တဲ့အရပ်မှာနေရတဲ့အပြင် စိတ်ရောဂါအပြင် ရောဂါဆိုးကြီးရဲ့ ဒဏ်ပါ လှိမ့်ပိမ့်နေအောင် ခံနေရှာတဲ့ သူမကို ဒီဘဝချုပ်ငြိမ်းသွားစေချင်ပါပြီ….

ခုလဲ ဝန်ထမ်းကလေးဝတ်ထားတဲ့ ဖိနပ်လေးကို တောင်းပြီး တစ်၊ နှစ်၊ သုံး လို့ ရေလိုက် ဖိနပ်လေး ဟိုချလိုက် ဒီချလိုက်လုပ်ရင်း ဆေးရုံတက်ဖို့ ပါသွားလေရဲ့…လိမ်လိမ်မာမာ ဆေးကုခံပါ့မယ်လို့ ကတိတွေ အထပ်ထပ် ပေးရင်း ဆေးရုံမှာ သောင်းကျန်းနေပြန်ပြီတဲ့လေ…

မကြာခင် ဆေးရုံက အဆင်မပြေလို့ ဆင်းရမယ်ထင်ပါတယ်…HIV စောင့်ရှောက်တဲ့ ဂေဟာဆိုတာလဲ စိတ်ကျန်းမာရေးလက်မခံလို့ ပို့မရ၊ ဆေးရုံလဲ တင်မရ၊ လူလဲ ပိန်းချုံးလို့ အားအင်ကုန်ခန်းနေရှာပါပြီ….

ပုံ့ သူ့အစား တစ်ခုလောက်တောင်းဆိုပါရစေ…သူတတွတ်တွတ်ပြောနေရှာတဲ့ ဂျပန်ပြည်ကြီးက သူ့အမျိုးသားဆိုသူ ဒီစာလေးကို ဖတ်မိရင် ပုံ့တို့ ရိပ်သာကို ဆက်သွယ်ပြီး

သူနဲ့ Video Call လေး ပြောပေးပါရှင်…အကိုဟာ သူ့ဘဝအတွက် နောက်ဆုံး ကောက်ရိုးတမျှင် ဖြစ်ချင်ဖြစ်နေမှာမို့ပါနော်….

09 795929849