ေ႐ႊေငြ ရတနာ သိန္း(၇၅၀)ေက်ာ္ ေဖာက္ထြင္း ခိုးယူသြားၿပီးမွ. . သိန္း(၅၀၀)ေက်ာ္ ျပန္လာထားေပးသြားတဲ့ ထူးဆန္းတဲ့ ေဖာက္ထြင္းသူခိုး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ခင္ဦးၿမိဳ႕က အလြန္ထူးဆန္းတဲ့ ေဖာက္ထြင္းမႈ ေ႐ႊေငြရတနာ သိန္း(၅၀၀) ေက်ာ္ဖိုးျပန္ေတြ႕ၿပီ ..

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕နယ္ ပင္တင္းေက်း႐ြာ၌ ေဖာက္ထြင္းခိုးယူခံရေသာ ေ႐ႊ၊ ေငြရတနာ တန္ဖိုးေငြသိန္း(၇၅၀) ေက်ာ္ဖိုးမွ သိန္း(၅၅၀) က်ပ္ဖိုးခန႔္ ျပန္လည္ရရွိေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ႏိုဝင္ဘာ ၄ရက္ေန႔ ည၉နာရီခန႔္က ခင္ဦးၿမိဳ႕နယ္ ပင္တင္းေက်း႐ြာလမ္းေဘးရွိ ဝန္းထရံ၌ ခ်ိတ္ထားေသာ မသကၤာစရာ အထုပ္တစ္ထုပ္ ေတြ႕ရွိရေၾကာင္း..

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမွ ရဲစခန္းသို႔အေၾကာင္းၾကားသျဖင့္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဇာ္ေဆြ၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေက်ာ္လင္းၿဖိဳးတို႔ ဦးေဆာင္ေသာ တပ္ဖြဲ႕ဝင္မ်ားသည္..

၎အိတ္ထဲမွ ေ႐ႊထည္ပစၥည္း ၂၂မ်ိဳးႏွင့္ ေငြစကၠဴငါးေထာင္တန္(၁)႐ြက္၊ ႏွစ္ရာတန္ (၁)႐ြက္၊ တစ္ရာတန္ (၂)႐ြက္၊ ငါးဆယ္တန္(၂)႐ြက္၊ ေ႐ႊေဘာက္ခ်ာ (၇)႐ြက္တို႔အား ေတြ႕ရွိသျဖင့္

ေဖာက္ထြင္းဖိုးယူခံရေသာ ပစၥည္းမ်ား ဟုတ္ မဟုတ္ စစ္ေဆးေနစဥ္ ေဖာက္ထြင္းခိုးယူခံရေသာအိမ္၏ေျမာက္ဘက္ ေကာက္႐ိုးစဥ္ေအာက္ရွိ ႏြားေခ်းပုံေဘးတြင္

ေ႐ႊလက္ေကာက္ (၂)ကြင္းထပ္မံေတြ႕ရွိရေၾကာင္း သိရသည္။ ေဖာက္ထြင္းခိုးယူခံထားရေသာ ေ႐ႊ၊ ေငြ ရတနာ ပစၥည္းမ်ိဳးစုံ ၂၆မ်ိဳး၊ တန္ဖိုးေငြ စုစုေပါင္းသိန္း (၇၅,၅၅၀,၀၀၀)က်ပ္မွ

ေ႐ႊထည္ပစၥည္း (၂၃)မ်ိဳး၊ တန္ဖိုးေငြ စုစုေပါင္း သိန္း (၅၅,၅၀၀,၀၀၀) က်ပ္ ျပန္လည္ရရွိၿပီးျဖစ္ေၾကာင္းႏွင့္ က်န္ရွိေနေသာ ေ႐ႊထည္ပစၥည္း ၃မ်ိဳး၊ ေငြ၈၃သိန္းက်ပ္ႏွင့္အတူ တရားခံအျမန္ဆုံးေဖာ္ထုတ္ ဖမ္းဆီးရမိေရးအတြက္ အပူတျပင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ၁ရက္ေန႔ နံနက္၉နာရီခန႔္က ခင္ဦးၿမိဳ႕နယ္ ပင္တင္းေက်း႐ြာေန ေဒၚညိဳညိဳဦးသည္

ခင္ပြန္းျဖစ္သူ ဦးဝင္းေအာင္ႏွင့္အတူ လယ္ေတာသို႔ သြားေရာက္၍ ေယာကၡမျဖစ္သူဦးဘၾကည္ႏွင့္ မမာမာခိုင္တို႔သည္ ဘုန္းႀကီးေက်ာင္းသို႔ ဥပုသ္ေစာင့္သြားေရာက္ခဲ့ၾကရာ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာၾကၿပီး

အိမ္လုပ္ငန္းမ်ား လုပ္ကိုင္၍ ေနအိမ္ေအာက္ထပ္ရွိ အိပ္ခန္းအတြင္း ရွင္းလင္းရန္ ဝင္ေရာက္ခဲ့ရာ ၎ေဒၚညိဳညိဳဦးတို႔၏အိပ္ခန္းႏွင့္ အိမ္အေပၚထပ္ရွိ မမာမာခိုင္အိပ္သည့္အိပ္ခန္း အခန္းတံခါးေသာ့မ်ားမွာ ပ်က္စီးေနၿပီး

အခန္းအတြင္းရွိ သံေသတၱာအား ခတ္ထားသည့္ ေသာ့ကြင္းမ်ားမွာျဖတ္ထားသည္ကိုေတြ႕ရွိရသျဖင့္ ေသတၱာမ်ားအား ဖြင့္ၾကည့္ရာ..

ေ႐ႊ၊ေငြရတနာ ပစၥည္းမ်ိဳးစုံ၂၆မ်ိဳး တန္ဖိုးေငြ (၆၇,၂၅၀၀,၀၀)က်ပ္ႏွင့္ ေငြစကၠဴေရာရာ(၈,၃၀၀,၀၀၀)က်ပ္၊ စုစုေပါင္းတန္ဖိုးေငြက်ပ္ (၇၅,၅၅၀,၀၀၀)က်ပ္ ေဖာက္ထြင္းခိုးယူခံရသျဖင့္

ေဒၚညိဳညိဳဦး ပင္တင္းေက်း႐ြာ၊ ခင္ဦးၿမိဳ႕နယ္ေနသူက တရားလိုျပဳလုပ္၍ ႏိုဝင္ဘာ ၂ရက္ေန႔ ေန႔ ၂ နာရီခန႔္က ခင္ဦးၿမိဳ႕မရဲစခန္းမွ(ပ)၃၅၆/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၅၄ျဖင့္ အမႈဖြင့္တိုင္ၾကားထားခဲ့ေၾကာင္း သိရသည္။

ခ်စ္စံ(ခင္ဦး)

Unicode

ခင်ဦးမြို့က အလွန်ထူးဆန်းတဲ့ ဖောက်ထွင်းမှု ရွှေငွေရတနာ သိန်း(၅၀၀) ကျော်ဖိုးပြန်တွေ့ပြီ ..

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပင်တင်းကျေးရွာ၌ ဖောက်ထွင်းခိုးယူခံရသော ရွှေ၊ ငွေရတနာ တန်ဖိုးငွေသိန်း(၇၅၀) ကျော်ဖိုးမှ သိန်း(၅၅၀) ကျပ်ဖိုးခန့် ပြန်လည်ရရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

နိုဝင်ဘာ ၄ရက်နေ့ ည၉နာရီခန့်က ခင်ဦးမြို့နယ် ပင်တင်းကျေးရွာလမ်းဘေးရှိ ဝန်းထရံ၌ ချိတ်ထားသော မသင်္ကာစရာ အထုပ်တစ်ထုပ် တွေ့ရှိရကြောင်း..

ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရဲစခန်းသို့အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဆွေ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်လင်းဖြိုးတို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည်..

၎င်းအိတ်ထဲမှ ရွှေထည်ပစ္စည်း ၂၂မျိုးနှင့် ငွေစက္ကူငါးထောင်တန်(၁)ရွက်၊ နှစ်ရာတန် (၁)ရွက်၊ တစ်ရာတန် (၂)ရွက်၊ ငါးဆယ်တန်(၂)ရွက်၊ ရွှေဘောက်ချာ (၇)ရွက်တို့အား တွေ့ရှိသဖြင့်

ဖောက်ထွင်းဖိုးယူခံရသော ပစ္စည်းများ ဟုတ် မဟုတ် စစ်ဆေးနေစဉ် ဖောက်ထွင်းခိုးယူခံရသောအိမ်၏မြောက်ဘက် ကောက်ရိုးစဉ်အောက်ရှိ နွားချေးပုံဘေးတွင်

ရွှေလက်ကောက် (၂)ကွင်းထပ်မံတွေ့ရှိရကြောင်း သိရသည်။ ဖောက်ထွင်းခိုးယူခံထားရသော ရွှေ၊ ငွေ ရတနာ ပစ္စည်းမျိုးစုံ ၂၆မျိုး၊ တန်ဖိုးငွေ စုစုပေါင်းသိန်း (၇၅,၅၅၀,၀၀၀)ကျပ်မှ

ရွှေထည်ပစ္စည်း (၂၃)မျိုး၊ တန်ဖိုးငွေ စုစုပေါင်း သိန်း (၅၅,၅၀၀,၀၀၀) ကျပ် ပြန်လည်ရရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရွှေထည်ပစ္စည်း ၃မျိုး၊ ငွေ၈၃သိန်းကျပ်နှင့်အတူ တရားခံအမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၁ရက်နေ့ နံနက်၉နာရီခန့်က ခင်ဦးမြို့နယ် ပင်တင်းကျေးရွာနေ ဒေါ်ညိုညိုဦးသည်

ခင်ပွန်းဖြစ်သူ ဦးဝင်းအောင်နှင့်အတူ လယ်တောသို့ သွားရောက်၍ ယောက္ခမဖြစ်သူဦးဘကြည်နှင့် မမာမာခိုင်တို့သည် ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်သွားရောက်ခဲ့ကြရာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြပြီး

အိမ်လုပ်ငန်းများ လုပ်ကိုင်၍ နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်း ရှင်းလင်းရန် ဝင်ရောက်ခဲ့ရာ ၎င်းဒေါ်ညိုညိုဦးတို့၏အိပ်ခန်းနှင့် အိမ်အပေါ်ထပ်ရှိ မမာမာခိုင်အိပ်သည့်အိပ်ခန်း အခန်းတံခါးသော့များမှာ ပျက်စီးနေပြီး

အခန်းအတွင်းရှိ သံသေတ္တာအား ခတ်ထားသည့် သော့ကွင်းများမှာဖြတ်ထားသည်ကိုတွေ့ရှိရသဖြင့် သေတ္တာများအား ဖွင့်ကြည့်ရာ..

ရွှေ၊ငွေရတနာ ပစ္စည်းမျိုးစုံ၂၆မျိုး တန်ဖိုးငွေ (၆၇,၂၅၀၀,၀၀)ကျပ်နှင့် ငွေစက္ကူရောရာ(၈,၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅,၅၅၀,၀၀၀)ကျပ် ဖောက်ထွင်းခိုးယူခံရသဖြင့်

ဒေါ်ညိုညိုဦး ပင်တင်းကျေးရွာ၊ ခင်ဦးမြို့နယ်နေသူက တရားလိုပြုလုပ်၍ နိုဝင်ဘာ ၂ရက်နေ့ နေ့ ၂ နာရီခန့်က ခင်ဦးမြို့မရဲစခန်းမှ(ပ)၃၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၅၄ဖြင့် အမှုဖွင့်တိုင်ကြားထားခဲ့ကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)