ဘြဲ႕လာမယူႏိုင္တဲ့ ကင္ဆာေဝဒနာရွင္ ေက်ာင္းသူကို ေဆး႐ုံမွာ ပါေမာကၡကိုယ္တိုင္ ဘြဲ႕လာေပး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

Asama ဆိုတဲ့ အသက္ ၂၄ႏွစ္အ႐ြယ္ ထိုင္းေက်ာင္းသူ တေယာက္ဟာ ခ်ဴလာေလာင္ကြမ္းတကၠသိုလ္မွာ တကၠသိုလ္တက္ေရာက္ ေအာင္ျမင္ၿပီးစီးခဲ့ပါတယ္။

ဒါေပမယ့္ ဘြဲ႕ေပးတဲ့ အခါမွာေတာ့ တက္ေရာက္ယူႏိုင္ျခင္း မရွိပါဘူး။ ခ်ဴလာေလာင္ကြမ္းတကၠသိုလ္မွာ ဘြဲ႕ေပးပြဲအခမ္းအနားကို

ထိုင္းဘုရင့္သမီးေတာ္ ေတာ္ဝင္မင္းသမီး သီရိဒုံ Princess Maha Chakri Sirindhorn ကိုယ္တိုင္ ႀကီးမႉး က်င္းပခဲ့တာျဖစ္ပါတယ္။

Asama ဟာ ဒီပြဲကို တက္ေရာက္ႏိုင္ခဲ့ျခင္း မရွိတာကေတာ့ သူမဟာ ေက်ာက္ကပ္ကင္ဆာကို ခံစားေနရၿပီး ေနာက္ဆုံးအခ်ိန္ေရာက္ရွိေနၿပီျဖစ္ကာ ဆး႐ုံတက္ေနရၿပီျဖစ္လို႔ပါ။

အခမ္းအနားနဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ သူမ အေနနဲ႔ ဘြဲ႕ကို ဘယ္ေတာ့မွ မယူႏိုင္ေတာ့ဘူးလို႔ ထင္မွတ္ကာ ေရာဂါေဝဒနာခံစားရင္း တဖက္က ဝမ္းနည္းေနခဲ့ရပါတယ္။

သမီးျဖစ္သူကို မၾကည့္ရက္တဲ့ မိဘေတြဟာ တကၠသိုလ္ကို စာတေစာင္ေရးပို႔ခဲ့ပါတယ္။

စာထဲမွာေတာ့ သမီးျဖစ္သူဟာ အလြန္နာမက်န္းျဖစ္ေနခဲ့တာေၾကာင့္ ဘြဲ႕ႏွင္းသဘင္အခမ္းအနားနဲ႔ လြဲေခ်ာ္ခဲ့ရတာေၾကာင္း ၊ သူမ အေနနဲ႔ ဒီဘြဲ႕ကို အလြန္ လိုခ်င္ခဲ့ေၾကာင္း တခုခုစဥ္းစားေပးဖို႔ ပါရွိပါတယ္။

မိဘေတြအေနနဲ႔လည္း သမီးျဖစ္သူေၾကာင့္သာ စာေရး ပို႔ခဲ့ရေပမယ့္ သမီးတေယာက္တည္းအတြက္ ဘြဲ႕အခမ္းအနားက်င္းပေပးဖို႔နဲ႔ ကိုဗစ္ကာလအတြင္းျဖစ္ေနတာေၾကာင့္ ျဖစ္လာစရာအေၾကာင္းမရွိဘူးလို႔ ထင္မွတ္ခဲ့ၾကပါတယ္။

ဒီစာဟာ တကၠသိုလ္ကေန တဆင့္ မင္းသမီး သီရိဒုံ ထံေရာက္ရွိသြားခဲ့ပါတယ္။ သေဘာထားႀကီးတဲ့ မင္းသမီးဟာ တကၠသိုလ္ေက်ာင္းအုပ္ႀကီး Bundhit Eua-arporn နဲ႔ ညႇိႏႈိင္းကာ Asama ကို ဘြဲ႕ေပးႏိုင္ဖို႔ စီစဥ္ခဲ့ပါတယ္။

ျပင္ဆင္ျခင္းအခမ္းအနားကို Muang ရပ္ကြက္က သူမအိမ္ေတာ္မွာပဲ က်င္းပစီစဥ္ေစခဲ့ပါတယ္။ အစီအစဥ္ အဆင္သင့္ျဖစ္တဲ့အခါ သူမကိုယ္စား ေက်ာင္းအုပ္ႀကီး နဲ႔ အဖြဲ႕ကို ေဆး႐ုံကို ေစလႊတ္ခဲ့ပါတယ္။

ေက်ာင္းအုပ္ႀကီး နဲ႔ အဖြဲ႕ဟာ ၿပီးခဲ့တဲ့ စေနေန႔မွာ Abhaibhubejhr ေဆး႐ုံကို ေရာက္ရွိခဲ့ၿပီး ဘြဲ႕အခမ္းအနားကို စတင္ခဲ့ပါတယ္။

Asama ရဲ႕ အခန္းထဲကို ဝင္လာခဲ့ခ်ိန္မွာေတာ့ မိဘေတြသာ မက ေဝဒနာရွင္ ေက်ာင္းသူ ကိုယ္တိုင္ အလြန္အံၾသဝမ္းသာခဲ့ပါတယ္။

သူမတို႔ ဘယ္လိုမွ ေမွ်ာ္လင့္မထားတဲ့ အရာဟာ တကယ္ျဖစ္လာခဲ့လို႔ပါ။ ေက်ာင္းသူဟာ ဝမ္းသာ ေရွာ့ခ္ရၿပီး သတိလြတ္သြားကာ ႏွလုံးပါရပ္သြားခဲ့တာေၾကာင့္ CPR နဲ႔ အေရးေပၚ ျပဳစုခဲ့ရပါေသးတယ္။

(CPR ဆိုတာ Cardio-Pulmonary Resuscitation ႏွလုံး-အဆုတ္ျပန္လည္အလုပ္လုပ္ေစရန္ အေရးေပၚျပဳစုေပးနည္း ျဖစ္တယ္။)

အဲဒီေနာက္ေတာ့ တကၠသိုလ္ေက်ာင္းအုပ္ႀကီး နဲ႔အဖြဲ႕ ၊ ဆရာဝန္မ်ား ၊ သူနာျပဳမ်ားဟာ ေက်ာင္းသူ Asama အား ဘြဲ႕ေပးျခင္း အစီအစဥ္ကို ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ၾကပါတယ္။

Asama ကေတာ့ အိပ္ယာထက္မွာ လဲေနရင္းနဲ႔ပဲ သူမရဲ႕ဘြဲ႕ ကို ခက္ခက္ခဲခဲ လက္ခံခဲ့ရပါတယ္။ ေဝဒနာခံစားေနရေပမယ့္ သူမအတြက္ အလြန္ၾကည္ႏူးဝမ္းသာဖို႔ ေကာင္းတဲ့ အခိုက္အတန႔္ျဖစ္ပါတယ္။

“ဒီေန႔မွာ ကြၽန္ေတာ္တို႔ရဲ႕သမီးအတြက္ သီးသန႔္ဘြဲ႕လာေပးခဲ့တယ္ ဆိုတာကို အခုထိေတာင္ မယုံၾကည္ႏိုင္ေသးပါဘူး” လို႔ မိဘေတြက ဆိုပါတယ္။

မိဘေတြဟာ သမီးျဖစ္သူရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးလိုက္ႏိုင္တဲ့အတြက္ အလြန္ဝမ္းသာေနၿပီး ေက်ာင္းအုပ္ႀကီး နဲ႔ အဖြဲ႕ကို အလြန္ေက်းဇူးတင္ေနၾကပါတယ္။

အထူးသျဖင့္ ဒီပြဲကို သီးသန႔္စီစဥ္ေစခဲ့တဲ့ မင္းသမီး သီရိဒုံကိုပါ။ ဒီျဖစ္ရပ္ဟာ ထိုင္း လူမႈကြန္ယက္ေပၚမွာ အလြန္ေရပန္းစားေနတဲ့ သတင္းတခုလည္းျဖစ္ပါတယ္။

သုတဇုန္

Unicode

Asama ဆိုတဲ့ အသက် ၂၄နှစ်အရွယ် ထိုင်းကျောင်းသူ တယောက်ဟာ ချူလာလောင်ကွမ်းတက္ကသိုလ်မှာ တက္ကသိုလ်တက်ရောက် အောင်မြင်ပြီးစီးခဲ့ပါတယ်။

ဒါပေမယ့် ဘွဲ့ပေးတဲ့ အခါမှာတော့ တက်ရောက်ယူနိုင်ခြင်း မရှိပါဘူး။ ချူလာလောင်ကွမ်းတက္ကသိုလ်မှာ ဘွဲ့ပေးပွဲအခမ်းအနားကို

ထိုင်းဘုရင့်သမီးတော် တော်ဝင်မင်းသမီး သီရိဒုံ Princess Maha Chakri Sirindhorn ကိုယ်တိုင် ကြီးမှူး ကျင်းပခဲ့တာဖြစ်ပါတယ်။

Asama ဟာ ဒီပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိတာကတော့ သူမဟာ ကျောက်ကပ်ကင်ဆာကို ခံစားနေရပြီး နောက်ဆုံးအချိန်ရောက်ရှိနေပြီဖြစ်ကာ ဆးရုံတက်နေရပြီဖြစ်လို့ပါ။

အခမ်းအနားနဲ့ လွဲချော်ခဲ့တာကြောင့် သူမ အနေနဲ့ ဘွဲ့ကို ဘယ်တော့မှ မယူနိုင်တော့ဘူးလို့ ထင်မှတ်ကာ ရောဂါဝေဒနာခံစားရင်း တဖက်က ဝမ်းနည်းနေခဲ့ရပါတယ်။

သမီးဖြစ်သူကို မကြည့်ရက်တဲ့ မိဘတွေဟာ တက္ကသိုလ်ကို စာတစောင်ရေးပို့ခဲ့ပါတယ်။

စာထဲမှာတော့ သမီးဖြစ်သူဟာ အလွန်နာမကျန်းဖြစ်နေခဲ့တာကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ လွဲချော်ခဲ့ရတာကြောင်း ၊ သူမ အနေနဲ့ ဒီဘွဲ့ကို အလွန် လိုချင်ခဲ့ကြောင်း တခုခုစဉ်းစားပေးဖို့ ပါရှိပါတယ်။

မိဘတွေအနေနဲ့လည်း သမီးဖြစ်သူကြောင့်သာ စာရေး ပို့ခဲ့ရပေမယ့် သမီးတယောက်တည်းအတွက် ဘွဲ့အခမ်းအနားကျင်းပပေးဖို့နဲ့ ကိုဗစ်ကာလအတွင်းဖြစ်နေတာကြောင့် ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ထင်မှတ်ခဲ့ကြပါတယ်။

ဒီစာဟာ တက္ကသိုလ်ကနေ တဆင့် မင်းသမီး သီရိဒုံ ထံရောက်ရှိသွားခဲ့ပါတယ်။ သဘောထားကြီးတဲ့ မင်းသမီးဟာ တက္ကသိုလ်ကျောင်းအုပ်ကြီး Bundhit Eua-arporn နဲ့ ညှိနှိုင်းကာ Asama ကို ဘွဲ့ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

ပြင်ဆင်ခြင်းအခမ်းအနားကို Muang ရပ်ကွက်က သူမအိမ်တော်မှာပဲ ကျင်းပစီစဉ်စေခဲ့ပါတယ်။ အစီအစဉ် အဆင်သင့်ဖြစ်တဲ့အခါ သူမကိုယ်စား ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ကို ဆေးရုံကို စေလွှတ်ခဲ့ပါတယ်။

ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ Abhaibhubejhr ဆေးရုံကို ရောက်ရှိခဲ့ပြီး ဘွဲ့အခမ်းအနားကို စတင်ခဲ့ပါတယ်။

Asama ရဲ့ အခန်းထဲကို ဝင်လာခဲ့ချိန်မှာတော့ မိဘတွေသာ မက ဝေဒနာရှင် ကျောင်းသူ ကိုယ်တိုင် အလွန်အံသြဝမ်းသာခဲ့ပါတယ်။

သူမတို့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အရာဟာ တကယ်ဖြစ်လာခဲ့လို့ပါ။ ကျောင်းသူဟာ ဝမ်းသာ ရှော့ခ်ရပြီး သတိလွတ်သွားကာ နှလုံးပါရပ်သွားခဲ့တာကြောင့် CPR နဲ့ အရေးပေါ် ပြုစုခဲ့ရပါသေးတယ်။

(CPR ဆိုတာ Cardio-Pulmonary Resuscitation နှလုံး-အဆုတ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးနည်း ဖြစ်တယ်။)

အဲဒီနောက်တော့ တက္ကသိုလ်ကျောင်းအုပ်ကြီး နဲ့အဖွဲ့ ၊ ဆရာဝန်များ ၊ သူနာပြုများဟာ ကျောင်းသူ Asama အား ဘွဲ့ပေးခြင်း အစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။

Asama ကတော့ အိပ်ယာထက်မှာ လဲနေရင်းနဲ့ပဲ သူမရဲ့ဘွဲ့ ကို ခက်ခက်ခဲခဲ လက်ခံခဲ့ရပါတယ်။ ဝေဒနာခံစားနေရပေမယ့် သူမအတွက် အလွန်ကြည်နူးဝမ်းသာဖို့ ကောင်းတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

“ဒီနေ့မှာ ကျွန်တော်တို့ရဲ့သမီးအတွက် သီးသန့်ဘွဲ့လာပေးခဲ့တယ် ဆိုတာကို အခုထိတောင် မယုံကြည်နိုင်သေးပါဘူး” လို့ မိဘတွေက ဆိုပါတယ်။

မိဘတွေဟာ သမီးဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်နိုင်တဲ့အတွက် အလွန်ဝမ်းသာနေပြီး ကျောင်းအုပ်ကြီး နဲ့ အဖွဲ့ကို အလွန်ကျေးဇူးတင်နေကြပါတယ်။

အထူးသဖြင့် ဒီပွဲကို သီးသန့်စီစဉ်စေခဲ့တဲ့ မင်းသမီး သီရိဒုံကိုပါ။ ဒီဖြစ်ရပ်ဟာ ထိုင်း လူမှုကွန်ယက်ပေါ်မှာ အလွန်ရေပန်းစားနေတဲ့ သတင်းတခုလည်းဖြစ်ပါတယ်။

သုတဇုန်