မိဘကိုလုပ္ေကြၽးေနတဲ့ အင္ဒိုနီးရွားႏိုင္ငံက ၉ႏွစ္သားေလး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

#မိဘကိုလုပ္ေကြၽးေနတဲ့၉ႏွစ္သားေလး။
~~~~~~~~~~~~~~~~~~~~~~~~~
အင္ဒိုနီးရွားႏိုင္ငံ Ziuth Kalimantan ရွိ Jalan Gatot Subroto ကိုသြားရင္

မနက္တိုင္း ကာတြန္း႐ုပ္ဝတ္စုံကိုဝတ္ၿပီး ဟိုလႈပ္လႈပ္ဒီလႈပ္လႈပ္လုပ္ျပေနတဲ့ ၉ ႏွစ္သားေလး Rehan ရီဟန္ကိုေတြ႕ရမွာျဖစ္ပါတယ္။

မနက္ဖက္အလုပ္သြားၾကတဲ့သူေတြနဲ႔ လမ္းမွာစည္ကားေနခ်ိန္မွာ ရီဟန္ရဲ႕ ေငြရရာအခ်ိန္ပဲျဖစ္ပါတယ္။

အင္ဒိုနီးရွားဟာ ယာဥ္ေတြလမ္းပိတ္ေလ့ရွိတဲ့အတြက္ ရီဟန္တစ္ေယာက္မနင္အေစာႀကီး မိုးမလင္းခင္ထၿပီး ၁၀ ကီလိုမီတာေဝးတဲ့ေနရာကို လမ္းေလွ်ာက္သြားရတာျဖစ္ပါတယ္။

ေန႔တိုင္းတူညီတဲ့ဝတ္စုံနဲ႔ အျမင္႐ိုးေနလို႔မျဖစ္တဲ့အတြက္ ဝတ္စုံေျပာင္းဝတ္ရသလို ရပ္ေနထိုင္ေနရင္လည္း ပိုက္ဆံမရႏိုင္တာမို႔ jogging ေျပးေနတာမ်ိဳး တစ္ခုခုလုပ္ျပေနရပါတယ္တဲ့။

ႏိုင္ငံျခားမွာ အဲ့လို ဝတ္စုံတစ္ခုခုဝတ္ၿပီး လမ္းေပၚမွာ ေဖ်ာ္ေျဖၾကတဲ့သူကို Street clown လို႔ေခၚပါတယ္။

သူ႔ကို Instagram user တစ္ေယာက္က စတင္သတိထားမိတာျဖစ္ၿပီး သူ႔ကိုအင္တာဗ်ဴးခဲ့တာျဖစ္ပါတယ္။

ရတဲ့ပိုက္ဆံကိုရီဟန္ေလးဟာ မိသားစုအတြက္ #ဆန္လိုမ်ိဳးလိုအပ္တာေတြဝယ္တယ္။ သူ႔အတြက္မနက္စာကို သူဝယ္စားပါတယ္တဲ့။

တစ္ခါတေလ အိမ္ငွားခအျဖစ္ေပးၿပီး #သူ႔ေက်ာင္းစားစရိတ္အျဖစ္ ပိုတဲ့ေငြကို သပ္သပ္သိမ္းထားပါတယ္တဲ့။

သူ႔အေမကအလုပ္လုပ္ေပမယ့္ က်ပမ္းအလုပ္သမားမို႔ အိမ္စားရိတ္အနည္းငယ္နဲ႔ အိမ္လခကို အလ်ဥ္မီေအာင္ မနည္းရွာေနရတာပါတဲ့။

၉ ႏွစ္သား ရီဟန္ကေလးခမ်ာမွာ တစ္ခါတေလ မနက္ေစာေစာ လမ္းေဘးမွာ ပင္ပန္းၿပီးအိပ္ငိုက္သြားတတ္ပါတယ္။

တခ်ိဳ႕ေတြဟာ ေမြးဇာတာေကာင္းၾကၿပီး တန္ဖိုးထားရေကာင္းမွန္းမသိၾကပါဘူး။

တစ္ခ်ိဳ႕ကေလးေတြဆိုရင္ လိုခ်င္တာမရရင္ မိဘကို ျပန္ေအာ္တတ္တဲ့ကေလးေတြ၊ မိဘကိုအသုံးမက်ဘူးလို႔ျမင္တဲ့ ကေလးေတြေတာင္ ရွိပါတယ္။

ကေလးေတြကို ငယ္စဥ္ကတည္းက #ေငြကိုစနစ္တက်တန္ဖိုးထားသုံးစြဲတတ္ေအာင္ မိဘေတြက သင္ေပးဖို႔လိုပါတယ္။

#ႀကီးမွသင္ေပးလို႔မရပါ။ ၁၀ ႏွစ္မတိုင္ခင္မွာ လိုခ်င္တဲ့ပုံစံကို မၾကမ္းတမ္းမေအာ္ေငါက္ပဲ စိတ္ရွည္ရွည္နဲ႔ ပုံသြင္းၾကပါ။

Richard Myo Thant
15-September-2020

Unicode

#မိဘကိုလုပ်ကျွေးနေတဲ့၉နှစ်သားလေး။
~~~~~~~~~~~~~~~~~~~~~~~~~
အင်ဒိုနီးရှားနိုင်ငံ Ziuth Kalimantan ရှိ Jalan Gatot Subroto ကိုသွားရင်

မနက်တိုင်း ကာတွန်းရုပ်ဝတ်စုံကိုဝတ်ပြီး ဟိုလှုပ်လှုပ်ဒီလှုပ်လှုပ်လုပ်ပြနေတဲ့ ၉ နှစ်သားလေး Rehan ရီဟန်ကိုတွေ့ရမှာဖြစ်ပါတယ်။

မနက်ဖက်အလုပ်သွားကြတဲ့သူတွေနဲ့ လမ်းမှာစည်ကားနေချိန်မှာ ရီဟန်ရဲ့ ငွေရရာအချိန်ပဲဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ ယာဉ်တွေလမ်းပိတ်လေ့ရှိတဲ့အတွက် ရီဟန်တစ်ယောက်မနင်အစောကြီး မိုးမလင်းခင်ထပြီး ၁၀ ကီလိုမီတာဝေးတဲ့နေရာကို လမ်းလျှောက်သွားရတာဖြစ်ပါတယ်။

နေ့တိုင်းတူညီတဲ့ဝတ်စုံနဲ့ အမြင်ရိုးနေလို့မဖြစ်တဲ့အတွက် ဝတ်စုံပြောင်းဝတ်ရသလို ရပ်နေထိုင်နေရင်လည်း ပိုက်ဆံမရနိုင်တာမို့ jogging ပြေးနေတာမျိုး တစ်ခုခုလုပ်ပြနေရပါတယ်တဲ့။

နိုင်ငံခြားမှာ အဲ့လို ဝတ်စုံတစ်ခုခုဝတ်ပြီး လမ်းပေါ်မှာ ဖျော်ဖြေကြတဲ့သူကို Street clown လို့ခေါ်ပါတယ်။

သူ့ကို Instagram user တစ်ယောက်က စတင်သတိထားမိတာဖြစ်ပြီး သူ့ကိုအင်တာဗျူးခဲ့တာဖြစ်ပါတယ်။

ရတဲ့ပိုက်ဆံကိုရီဟန်လေးဟာ မိသားစုအတွက် #ဆန်လိုမျိုးလိုအပ်တာတွေဝယ်တယ်။ သူ့အတွက်မနက်စာကို သူဝယ်စားပါတယ်တဲ့။

တစ်ခါတလေ အိမ်ငှားခအဖြစ်ပေးပြီး #သူ့ကျောင်းစားစရိတ်အဖြစ် ပိုတဲ့ငွေကို သပ်သပ်သိမ်းထားပါတယ်တဲ့။

သူ့အမေကအလုပ်လုပ်ပေမယ့် ကျပမ်းအလုပ်သမားမို့ အိမ်စားရိတ်အနည်းငယ်နဲ့ အိမ်လခကို အလျဉ်မီအောင် မနည်းရှာနေရတာပါတဲ့။

၉ နှစ်သား ရီဟန်ကလေးခမျာမှာ တစ်ခါတလေ မနက်စောစော လမ်းဘေးမှာ ပင်ပန်းပြီးအိပ်ငိုက်သွားတတ်ပါတယ်။

တချို့တွေဟာ မွေးဇာတာကောင်းကြပြီး တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူး။

တစ်ချို့ကလေးတွေဆိုရင် လိုချင်တာမရရင် မိဘကို ပြန်အော်တတ်တဲ့ကလေးတွေ၊ မိဘကိုအသုံးမကျဘူးလို့မြင်တဲ့ ကလေးတွေတောင် ရှိပါတယ်။

ကလေးတွေကို ငယ်စဉ်ကတည်းက #ငွေကိုစနစ်တကျတန်ဖိုးထားသုံးစွဲတတ်အောင် မိဘတွေက သင်ပေးဖို့လိုပါတယ်။

#ကြီးမှသင်ပေးလို့မရပါ။ ၁၀ နှစ်မတိုင်ခင်မှာ လိုချင်တဲ့ပုံစံကို မကြမ်းတမ်းမအော်ငေါက်ပဲ စိတ်ရှည်ရှည်နဲ့ ပုံသွင်းကြပါ။

Richard Myo Thant
15-September-2020