ခႏၶာကိုယ္မွာ အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့ေၾကာင္းျပေနတဲ့ လကၡဏာမ်ား
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အိုင္အိုဒင္းဓာတ္က ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဓာတ္တစ္မ်ိဳးျဖစ္ၿပီး သိုင္း႐ြိဳက္ေဟာ္မုန္းမ်ားထုတ္လုပ္ရန္၊
ပ်က္စီးေနေသာဆဲလ္မ်ားကိုျပန္လည္ျပဳျပင္ရန္ႏွင့္ က်န္းမာေသာဇီျဖစ္စဥ္ကိုေထာက္ပံ့ရန္တို႔အတြက္ အေရးပါတဲ့ဓာတ္တမ်ိဳးျဖစ္ပါတယ္။
အိုင္အိုဒင္း ခ်ိဳ႕တဲ့ျခင္းက ျပင္းထန္ေသာေရာဂါလကၡဏာမ်ားကိုျဖစ္ေစႏိုင္တာေၾကာင့္ ခႏၶာကိုယ္အတြက္ လုံေလာက္တဲ့အိုင္အိုဒင္းဓာတ္ျဖည့္တင္းေပးဖို႔လိုပါတယ္။
အကယ္၍သင့္ခႏၶာကိုယ္မွာ အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့ေနရင္ ေအာက္ပါလကၡဏာရပ္မ်ားျပပါလိမ့္မယ္။
(၁) လည္ပင္ေရာင္းရမ္းနာက်င္ျခင္း
Source : 123RF.com
လည္ပင္းရဲ႕ အေရွ႕ဘက္တြင္ေရာင္ရမ္းျခင္းဟာ အိုင္အိုဒင္းခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။
ဒီျဖစ္စဥ္ကို goiter လို႔ေခၚၿပီး သိုင္း႐ြိဳက္ဂလင္းႀကီးထြားလာျခင္းေၾကာင့္ျဖစ္ေပၚလာတာျဖစ္ပါတယ္။ လူတိုင္းၾကားဖူးတဲ့နာမည္နဲ႔ ေျပာရမယ္ဆိုရင္ေတာ့ လည္ပင္ႀကီးေရာဂါျဖစ္ပါတယ္။
(၂) မထင္မွတ္ပဲဝိတ္အရမ္းတက္လာျခင္း
Source : Eat This, Not Tha
သိုင္း႐ြိဳက္ေဟာ္မုန္းမ်ားျပဳလုပ္ရန္ ခႏၶာကိုယ္တြင္အိုင္အိုဒင္းဓာတ္ အလုံအေလာက္မရွိတဲ့အခါ မထင္မွတ္ပဲကိုယ္အေလးခ်ိန္အဆမတန္တက္လာတက္ပါတယ္။
သိုင္း႐ြိဳက္ေဟာ္မုန္းဟာ သင့္ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္ပ်က္မႈႏႈန္းကို ထိန္းခ်ဳပ္ရန္ကူညီေပးၿပီး အိုင္အိုဒင္းဓာတ္အလုံေလာက္မရတဲ့အခါမွာေတာ့ ဇီဝျဖစ္စဥ္ကိုေႏွးေကြးေစကာ ကိုယ္အေလးခ်ိန္တက္လာေစတာျဖစ္ပါတယ္။
(၃) ပင္ပန္းႏြမ္းနယ္ျခင္း
Source : Freepik
ပင္ပန္းႏြမ္းနယ္ျခင္းႏွင့္ အားနည္းျခင္းတို႔ဟာလည္း အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡဏာေတြထဲကတစ္ခုျဖစ္ပါတယ္။
အိုင္အိုဒင္းဓာတ္ခ်ိဳ႕တဲ့ရင္ သိုင္း႐ြိဳက္ေဟာ္မုန္းဓာတ္လည္းနိမ့္က်သြားၿပီး ခႏၶာကိုယ္စြမ္းအင္ေတြေလ်ာ့က်ကာ ပုံမွန္မဟုတ္တဲ့ အားအင္ကုန္ခမ္းျခင္း ေမာပန္းႏြမ္းနယ္ျခင္းေတြကိုခံစားေနရမွာျဖစ္ပါတယ္။
(၄) ဆံပင္ကြၽတ္ျခင္း
Source : scholarlyoa.com
ေလ့လာမႈတစ္ခုအရ သိုင္း႐ြိဳက္ေဟာ္မုန္းနိမ့္သူမ်ားဟာ ဆံပင္ကြၽတ္တဲ့ ျပသနာကို သာမာန္လူေတြထက္ ၃၀ ရာခိုင္ႏႈန္းပိုခံစားၾကရပါတယ္။
အထက္ပါအခ်က္ေတြအတိုင္းပဲ ခႏၶာကိုယ္မွာ အိုင္အိုဒင္းဓာတ္အလုံေလာက္မရတဲ့အခါ သိုင္း႐ြိဳက္ေဟာ္မုန္းဓာတ္လည္းနိမ့္က်သြားၿပီး ဆံပင္ေတြအေျမာက္အမ်ား ပ်က္စီးကာ ဆံပင္ကြၽတ္ျခင္းေဝဒနာကိုခံစားရမွာျဖစ္ပါတယ္။
Unicode
အိုင်အိုဒင်းဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းများထုတ်လုပ်ရန်၊
ပျက်စီးနေသောဆဲလ်များကိုပြန်လည်ပြုပြင်ရန်နှင့် ကျန်းမာသောဇီဖြစ်စဉ်ကိုထောက်ပံ့ရန်တို့အတွက် အရေးပါတဲ့ဓာတ်တမျိုးဖြစ်ပါတယ်။
အိုင်အိုဒင်း ချို့တဲ့ခြင်းက ပြင်းထန်သောရောဂါလက္ခဏာများကိုဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အိုင်အိုဒင်းဓာတ်ဖြည့်တင်းပေးဖို့လိုပါတယ်။
အကယ်၍သင့်ခန္ဓာကိုယ်မှာ အိုင်အိုဒင်းဓာတ်ချို့တဲ့နေရင် အောက်ပါလက္ခဏာရပ်များပြပါလိမ့်မယ်။
(၁) လည်ပင်ရောင်းရမ်းနာကျင်ခြင်း
Source : 123RF.com
လည်ပင်းရဲ့ အရှေ့ဘက်တွင်ရောင်ရမ်းခြင်းဟာ အိုင်အိုဒင်းချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို goiter လို့ခေါ်ပြီး သိုင်းရွိုက်ဂလင်းကြီးထွားလာခြင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လူတိုင်းကြားဖူးတဲ့နာမည်နဲ့ ပြောရမယ်ဆိုရင်တော့ လည်ပင်ကြီးရောဂါဖြစ်ပါတယ်။
(၂) မထင်မှတ်ပဲဝိတ်အရမ်းတက်လာခြင်း
Source : Eat This, Not Tha
သိုင်းရွိုက်ဟော်မုန်းများပြုလုပ်ရန် ခန္ဓာကိုယ်တွင်အိုင်အိုဒင်းဓာတ် အလုံအလောက်မရှိတဲ့အခါ မထင်မှတ်ပဲကိုယ်အလေးချိန်အဆမတန်တက်လာတက်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ထိန်းချုပ်ရန်ကူညီပေးပြီး အိုင်အိုဒင်းဓာတ်အလုံလောက်မရတဲ့အခါမှာတော့ ဇီဝဖြစ်စဉ်ကိုနှေးကွေးစေကာ ကိုယ်အလေးချိန်တက်လာစေတာဖြစ်ပါတယ်။
(၃) ပင်ပန်းနွမ်းနယ်ခြင်း
Source : Freepik
ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်းတို့ဟာလည်း အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေထဲကတစ်ခုဖြစ်ပါတယ်။
အိုင်အိုဒင်းဓာတ်ချို့တဲ့ရင် သိုင်းရွိုက်ဟော်မုန်းဓာတ်လည်းနိမ့်ကျသွားပြီး ခန္ဓာကိုယ်စွမ်းအင်တွေလျော့ကျကာ ပုံမှန်မဟုတ်တဲ့ အားအင်ကုန်ခမ်းခြင်း မောပန်းနွမ်းနယ်ခြင်းတွေကိုခံစားနေရမှာဖြစ်ပါတယ်။
(၄) ဆံပင်ကျွတ်ခြင်း
Source : scholarlyoa.com
လေ့လာမှုတစ်ခုအရ သိုင်းရွိုက်ဟော်မုန်းနိမ့်သူများဟာ ဆံပင်ကျွတ်တဲ့ ပြသနာကို သာမာန်လူတွေထက် ၃၀ ရာခိုင်နှုန်းပိုခံစားကြရပါတယ်။
အထက်ပါအချက်တွေအတိုင်းပဲ ခန္ဓာကိုယ်မှာ အိုင်အိုဒင်းဓာတ်အလုံလောက်မရတဲ့အခါ သိုင်းရွိုက်ဟော်မုန်းဓာတ်လည်းနိမ့်ကျသွားပြီး ဆံပင်တွေအမြောက်အများ ပျက်စီးကာ ဆံပင်ကျွတ်ခြင်းဝေဒနာကိုခံစားရမှာဖြစ်ပါတယ်။