ကိုဗစ္ စတင္ျဖစ္ပြားရာ တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕မွာ ေဟာလိုးဝင္းပါတီက်င္းပ၊ လူေပါင္းေထာင္နဲ႔ခ်ီ ပါဝင္ဆင္ႏႊဲ..

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ကိုဗစ္ စတင္ျဖစ္ပြားရာ တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕မွာ ေဟာလိုးဝင္းပါတီက်င္းပ၊ လူေပါင္းေထာင္နဲ႔ခ်ီ ပါဝင္ဆင္ႏႊဲ..

ကမာၻတစ္ဝန္းကို ကို႐ိုနာဗိုင္းရပ္စ္ကူး စက္ပ်ံ႕ႏွံ႔သြားျခင္းမရွိေသးမီ

တ႐ုတ္ႏိုင္ငံ အတြင္း ကူးစက္ေသဆုံးမႈေတြအစျပဳခဲ့တဲ့

ကိုဗစ္စတင္ရာ ဝူဟန္ၿမိဳ႕မွာ ဗိုင္းရပ္စ္ကူးစက္မႈေတြကို

ထိန္းခ်ဳပ္ခဲ့ၿပီးတဲ့ေနာက္

အခုႏွစ္ရဲ႕ ေဟာ္လိုဝင္းပါတီပြဲကို လူအမ်ားစု႐ုံးဆင္ႏႊဲ သြားခဲ့ၾကတယ္လို႔ သိရပါတယ္။

ဝူဟန္ ၿမိဳ႕မွာ ကူးစက္မႈေတြရွိခဲ့ၿပီး တစ္ႏွစ္ေတာင္ မျပည့္ေသးခင္မွာပဲ

အခုလိုေပ်ာ္ပြဲ႐ႊင္ပြဲ ေတြျပန္လည္က်င္းပလာႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ဝူဟန္ၿမိဳ႕က Happy Valley Wuhan အပန္းေျဖကစားကြင္းမွ

ာ ျပဳလုပ္က်င္းပခဲ့တဲ့ ဒီေဟာလိုးဝင္းပါတီကို

လူေပါင္းေထာင္နဲ႔ခ်ီ ပါဝင္ဆင္ႏႊဲသြားခဲ့ ၾကတာျဖစ္ပါတယ္။

ပြဲေတာ္ဆင္ႏႊဲသူေတြထဲမွာ ေဟာ္လိုဝင္းပြဲေတာ္အတြက္ အထူးဝတ္စုံေတြနဲ႔ ေခ်ာက္ခ်ားဖြယ္ျပင္ဆင္ လာခဲ့ၾကတာကို ေတြ႕ျမင္ရပါတယ္။

အမ်ားစု က ေသြးသံရဲရဲနဲ႔ ေဆးထိုးအပ္ေတြကိုင္ ထားတဲ့ သူနာျပဳပုံစံဆင္ျမန္းျပင္ဆင္ထား

သူေတြကို ျမင္ေတြ႕ရၿပီး လင္းႏို႔ဝတ္စုံဆင္ ျမန္းထားသူေတြ၊

ဖုတ္ေကာင္အျပင္အဆင္ေတြအျပင္ ပင္လယ္ဓားျပပုံစံ၊ စူပါ ဟီး႐ိုးအျပင္အဆင္ေတြနဲ႔လည္း ေရာက္လာၾကတာကို ေတြ႕ရပါတယ္။

မၾကာေသးခင္လပိုင္းကတည္းက ဝူဟန္ၿမိဳ႕မွာ ျပည္တြင္းခရီးသြားေတြလည္ပတ္ဝင္ထြက္မႈကို ျပန္လည္ခြင့္ျပဳထားခဲ့တာပါ။

ကမာၻ႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ကိုဗစ္ ကပ္ေရာဂါအေျခအေနေၾကာင့္ အခက္အခဲအက်ပ္အတည္းေတြၾကား

႐ုန္းကန္ေနၾကရဆဲျဖစ္သလို တ႐ုတ္ျပည္မႀကီးမွာလည္း ၿပီးခဲ့တဲ့ရက္ ေတြထိ ကူးစက္သူေတြရွိေနဆဲျဖစ္ပါတယ္။

ဥေရာပႏိုင္ငံေတြထဲမွာလည္း ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေတြမွာ ကိုဗစ္ ဒုတိယလႈိင္းကို ရင္ဆိုင္ေနရတာေၾကာင့္

ကူးစက္မႈေတြထိန္းခ်ဳပ္ႏိုင္ဖို႔ ေလာ့ခ္ေဒါင္းထပ္ေၾကညာထားခဲ့ရၿပီ ျဖစ္ပါတယ္။

(Photo by Getty Images)

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးကိုလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Crd- Original Post

Unicode

ကိုဗစ် စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့မှာ ဟောလိုးဝင်းပါတီကျင်းပ၊ လူပေါင်းထောင်နဲ့ချီ ပါဝင်ဆင်နွှဲ..

ကမ္ဘာတစ်ဝန်းကို ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့သွားခြင်းမရှိသေးမီ တရုတ်နိုင်ငံ အတွင်း ကူးစက်သေဆုံးမှုတွေအစပြုခဲ့တဲ့

ကိုဗစ်စတင်ရာ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်ခဲ့ပြီးတဲ့နောက် အခုနှစ်ရဲ့ ဟော်လိုဝင်းပါတီပွဲကို လူအများစုရုံးဆင်နွှဲ သွားခဲ့ကြတယ်လို့ သိရပါတယ်။

ဝူဟန် မြို့မှာ ကူးစက်မှုတွေရှိခဲ့ပြီး တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ အခုလိုပျော်ပွဲရွှင်ပွဲ တွေပြန်လည်ကျင်းပလာနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဝူဟန်မြို့က Happy Valley Wuhan အပန်းဖြေကစားကွင်းမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဒီဟောလိုးဝင်းပါတီကို လူပေါင်းထောင်နဲ့ချီ ပါဝင်ဆင်နွှဲသွားခဲ့ ကြတာဖြစ်ပါတယ်။

ပွဲတော်ဆင်နွှဲသူတွေထဲမှာ ဟော်လိုဝင်းပွဲတော်အတွက် အထူးဝတ်စုံတွေနဲ့ ချောက်ချားဖွယ်ပြင်ဆင် လာခဲ့ကြတာကို တွေ့မြင်ရပါတယ်။

အများစု က သွေးသံရဲရဲနဲ့ ဆေးထိုးအပ်တွေကိုင် ထားတဲ့ သူနာပြုပုံစံဆင်မြန်းပြင်ဆင်ထား သူတွေကို မြင်တွေ့ရပြီး လင်းနို့ဝတ်စုံဆင် မြန်းထားသူတွေ၊ ဖုတ်ကောင်အပြင်အဆင်တွေအပြင် ပင်လယ်ဓားပြပုံစံ၊ စူပါ ဟီးရိုးအပြင်အဆင်တွေနဲ့လည်း ရောက်လာကြတာကို တွေ့ရပါတယ်။

မကြာသေးခင်လပိုင်းကတည်းက ဝူဟန်မြို့မှာ ပြည်တွင်းခရီးသွားတွေလည်ပတ်ဝင်ထွက်မှုကို ပြန်လည်ခွင့်ပြုထားခဲ့တာပါ။

ကမ္ဘာ့ နိုင်ငံအတော်များများမှာ ကိုဗစ် ကပ်ရောဂါအခြေအနေကြောင့် အခက်အခဲအကျပ်အတည်းတွေကြား ရုန်းကန်နေကြရဆဲဖြစ်သလို တရုတ်ပြည်မကြီးမှာလည်း ပြီးခဲ့တဲ့ရက် တွေထိ ကူးစက်သူတွေရှိနေဆဲဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေထဲမှာလည်း ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်နေရတာကြောင့် ကူးစက်မှုတွေထိန်းချုပ်နိုင်ဖို့ လော့ခ်ဒေါင်းထပ်ကြေညာထားခဲ့ရပြီ ဖြစ်ပါတယ်။

(Photo by Getty Images)

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးကိုလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd- Original Post