ေဟာင္းေပမဲ့ ေကာင္းေနဆဲ ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ပါ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ေဟာင္းေပမဲ့ ေကာင္းေနဆဲ ျဖစ္ရပ္မွန္ဇာတ္လမ္းတစ္ပုဒ္ပါ(True Stories)
1988 အေရးအခင္းမတိုင္ခင္ ဘားလမ္းတြင္ ဗိုလ္ခ်ဳပ္ေဈးနားတြင္ကုန္သည္ တစ္ဦးကိုေနအိမ္ေလွကားတြင္
လူတစ္ေယာက္ ေသနတ္ျဖင့္ ပစ္ခတ္၍ ေသဆုံးသြားေၾကာင္း သတင္းသည္ရန္ကုန္တိုင္းတြင္ ပြက္ေလာ႐ိုက္သြားေသာသတင္းတစ္ပုဒ္ျဖစ္ခဲ့ဖူးသည္ယေန႔ေခတ္လို
အင္တာနက္ေခတ္မဟုတ္သျဖင့္လူအမ်ားသည္ ဘားလမ္းသို႔ လာေရာက္သျဖင့္ ဘားလမ္းတစ္လမ္းလုံး ျပည့္ၾကပ္ခဲ့ဖူးသည္ထိုသူမည္သူနည္း ? ?
ဘာေၾကာင့္သတ္သြားသနည္း ? ?စသျဖင့္ အေတြးအမ်ိဳးမ်ိဳးေကာလဟာလမ်ိဳးစုံ ထြက္ခဲ့ဖူးသည္. .
CID မွာ ရဲအရာရွိမ်ားလဲ မည္သူသတ္သြားသည္ထက္ ေသသြားသူသည္
ရန္ကုန္တြင္ေနထိုင္သူ မဟုတ္ပဲဘားလမ္းအခန္းကို ဝယ္ၿပီးမေနသည္မွာၾကာၿပီျဖစ္သည္ !
အခင္းမျဖစ္ခင္၂ရက္အလိုကမွထိုအိမ္တြင္လာေရာက္ေနထိုင္ျခင္းျဖစ္ေၾကာင္း သိရသျဖင့္ ပို၍ေခါင္းရႈပ္သြားေစသည္
!သူဘယ္ကလာလို႔ ဘယ္သြားမွန္းမသိ ဘာလုပ္မွန္းမသိတဲ့
လူတစ္ေယာက္အသတ္ခံရျခင္းအပ္ေပါက္ရွာတာထက္ပိုစိုးေနေတာ့သည္ထိုအမႈအတြက္ CIDမွာ အပူတျပင္း လိုက္လံစုံစမ္းဖမ္းဆီးေလေတာ့သည္
ထို႔ေနာက္downtownတစ္ဝိုက္အမည္ေပါက္လူမိုက္အေတာ္မ်ားမ်ားကို အခ်ဳပ္ထဲဖမ္းထည့္လိုက္ေလေတာ့သည္ ! !
ထိုအခ်ိန္တြင္ထင္ေက်ာ္ (ခ) စပ္ႏြံမွာ မိမိ အခေၾကးေငြယူထားေသာလုပ္ငန္းၿပီးစီးသျဖင့္ ေနရပ္သို႔ျပန္ရန္
အျမန္ထြက္ခြာလာေသာ္လဲတည္းခိုခန္းတစ္ခုတြင္တည္းရာမွတစ္ဆင့္ ပိုင္ရွင္မွာမ်က္ႏွာစိမ္းအမ်ိဳးသားကိုမွတ္မိသျဖင့္
ရဲဌာနသို႔သတင္းေပးသျဖင့္ သူပုံၾကမ္းျဖင့္လိုက္လံစုံစမ္းရာမွာတဆင့္ ကားဂိတ္တစ္ခုတြင္အဖမ္းခံထိေလေတာ့သည္
ထိုအမႈေၾကာင့္ သူသည္ အင္းစိန္တြင္ ႏွစ္ရွည္ေထာင္နန္းစံရသည္ !
သူကိုဖမ္းဆီးသူမွာ ရန္ကုန္တိုင္း CIDက ကိုတင္ေအာင္ျဖစ္သည္အဲတုန္းက သူအမည္က စံေ႐ႊေမာင္
!၈၈အေရးအခင္းတြင္ေထာင္ခါသျဖင့္သူလဲ လြတ္လူျဖစ္ၿပီး သူေနထိုင္ရာနယ္စပ္သို႔ လစ္ေလေတာ့သည္
နယ္စပ္ေရာက္ေတာ့သူကြၽမ္းက်င္ရာအလုပ္ျဖစ္ေသာေၾကးစားအလုပ္ျဖင့္ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး ေနထိုင္သည္မွာ
ယခုဆိုလွ်င္အသက္ ၇၀ေက်ာ္ၿပီျဖစ္သည့္ ! သူတြင္ ေျမးမ်ားပင္ရေနၿပီျဖစ္သည္ဘားလမ္းတြင္ေသနတ္ျဖင့္
လူတစ္ေယာက္သတ္ခဲ့ျခင္းအေၾကာင္းကို ျပန္ေျပာင္းေျပာျပသည္မွာ.ေသတဲ့လူက စိန္ပြဲစား သတ္ခိုင္းတဲ့လူက စိန္သူေဌး
အဲ စိန္သူေဌးဆီမွာလူယုံလဲလုပ္ စိန္အေရာင္းအဝယ္လဲလုပ္ရင္း
အဲ့သူေဌးစိန္ေတြ ဘတ္ေျပးလို႔ အဲ့သူေဌးက လိုက္လံသတ္ခိုင္းရန္သူ႔အားငွားရမ္းေစခိုင္းျခင္းျဖစ္ေၾကာင္း သူကဆိုသည္
! !အဲ စိန္ဘက္ေျပးတဲ့ေကာင္ကိုခ်စ္ျခင္း မုန္းျခင္း အလွ်င္းမရွိပဲသူအလုပ္သူလုပ္သြားေၾကာင္းႏွစ္ႀကိမ္ခန႔္ျပတ္ျပတ္သားသားပဲေျပာသည္ !
ဟုတ္တယ္ေလ”ငါအလုပ္က ေၾကးစားလူသတ္သမားေလပိုက္ဆံေပးတဲ့လူက ငါ့အလုပ္ရွင္ပဲ
အမွန္အမွား ငါမသိဘူး” လို႔ဆိုတဲ့သူမ်က္ႏွာမွာ ေနာင္တဆိုသည္ အရိပ္အေယာင္ သည္ လုံးဝမရွိေပ.မင္းေျပာတဲ့ အလုံစိုးျမတ္သိတယ္
လူျခင္းေတာ့မဟုတ္ဘူးသူဓါတ္ပုံ နဲ႔ လူႏွစ္ေယာက္ တစ္ေယာက္က ဝဝပုပု
တစ္ေယာက္က အရပ္ျမင့္ျမင့္ဓါတ္ပုံထဲကလူ သတ္ေပးဖို႔လာေျပာတာ
ဘာနဲ႔သတ္ရမလဲဆိုေတာ့ဓါးနဲ႔ေသေအာင္သတ္လို႔ေျပာတယ္ ငါ မသတ္ႏွိင္ဘူးလို႔ေျပာလိုက္တယ္ငါကေသနတ္ပဲကိုင္တာေနာက္ၿပီးေတာ့
ရန္ကုန္ကိုေနာက္တစ္ႀကိမ္ ျပန္မသြားခ်င္တာလဲပါတယ္လို႔အတိတ္ကို စဥ္းစားေနပုံ နဲ႔ ဦးထင္ေက်ာ္ (ခ) စပ္ႏြံသည္ ျဖည္းျဖည္းျခင္း ေျပာျပေနေတာ့သည္
မ်က္ႏွာျဖဴတစ္ေကာင္ကိုနယ္စပ္မွာ သတ္ေပးဖူးတယ္ !သူ႔ကို ဘယ္သူက သတ္ခိုင္းတာလဲမင္းၾကားရင္အံဩသြားလိမ့္မယ္ !
အဲတုန္းက စစ္ေထာက္လွမ္းေရးက နယ္စပ္ ဂိတ္ကို ႀကီးၾကပ္ေနတယ္အရာရွိတစ္ေယာက္ကသတ္ခိုင္းတာ
အဲမ်က္ႏွာျဖဴ ကိုသတ္ေပးခေၾကးမ်ားမ်ားရခဲ့တယ္လို႔ဆက္ေျပာေပးေနတုန္း. .
သူသမီးဆီက ဖုန္းဝင္လာသျဖင့္စကာဝိုင္း ေခတၱာရပ္နားသြားေလေတာ့သည္”ေၾကးစားဆိုတာသစၥာရွိရတယ္
မင္းတို႔သိေအာင္ေျပာရရင္ကိုယ္အလုပ္ကိုကိုယ္ေလးစားရတယ္..ေငြရရွိေရးတစ္ခုတည္း မၾကည့္ရဘူး
“အဲဒီေငြၾကည့္တဲ့ေကာင္ေတြသက္ဆိုးရွည္ေလ့မရွိဘူး ႏႈတ္လုံရတယ္သစၥာ ထားရမယ္
အလုပ္ရွင္က ေငြေပးသူဆိုေတာ့သူကအသက္သခင္ေက်းဇူးရွင္ဒါကို ေခါင္းထဲထားႏွိင္မွငါ့လိုအသက္70ေက်ာ္ထိအသက္ရွင္သန္ႏွိင္မွာ. .
လီေရွာေအာင္သိန္းတို႔ ေယာဆက္တို႔ဘယ္နားေနမွန္းမသိေသးတဲ့အခ်ိန္က
မိုးကုတ္မွာ ဦးေက်ာ္ေအးဆိုတဲ့ သူေဌမိသားစုကိုေၾကးစားလူသတ္သမား တစ္ေယာက္လာသတ္သြားဖူးတယ္. . ေယာင္ဝမ္ၾကည္တဲ့ ! !
အဲ့ေယာင္ဝမ္ၾကည္ဆိုတာ င့ါနာမည္ေနာက္တစ္မ်ိဳးပဲ. .
အဲ့ဒီအခ်ိန္တုန္းက packing tape ဆိုတာဗမာျပည္မွာ ျမင္မွမျမင္ဖူေသးတာ.
.ဦးေက်ာ္ေအးပါးစပ္ကို တိတ္နဲ႔ ပတ္ၿပီးေတာ့မွသတ္ေတာ့ဘယ္သူမွ ဘာသံမွ မၾကားမိၾကဘူး .
.ဒါေၾကာင့္ ငယ္ငယ္က စကားမ်ားရင္ျဖစ္ျဖစ္. .ငိုရင္ျဖစ္ျဖစ္ လူႀကီးေတြက’အခု ပါးစပ္ပိတ္ မပိတ္ရင္ ဦးေက်ာ္ေအးကို သတ္တဲ့
ပလာစတာနဲ႔ နင့္ပါးစပ္ပိတ္ျပစ္မယ္”လို႔ ေျပာခဲ့ၾကဖူးတယ္..
မင္းတို႔မိဘေတြျပန္ေမးၾကည့္လို႔ေျပာတဲ့ ေယာင္ဝမ္ၾကည္သည္ယခု အသက္႐ြယ္တိုင္ေအာင္ က်န္းမာသန္စြမ္း ဖ်က္လက္ေနဆဲေပါ့. .
ဘာရယ္ ဟုတ္ဖူးကြာ မင္းတို႔နဲ႔ငယ္ငယ္ကအေၾကာင္း တေစ့တေစာင္း ျပန္ေျပာရတာ အရမ္းေကာင္းတယ္ ငါ့ မွတ္ဉာဏ္ေတြ ျပန္အားေကာင္းလာတယ္ေလ. .
ေနာက္တစ္ခုရွိေသးတယ္ကြာ ငါ ဘိန္းမလုပ္ဘူးငါေၾကးစား လူသတ္ျခင္းတစ္မ်ိဴးပဲ လုပ္တယ္က်န္တာ စိတ္မဝင္စားဘူးငါရတဲ့ေၾကးထဲက. .. .
သုံးပုံ ပုံတယ္ တစ္ပုံက မိဘအတြက္တစ္ပုံက သားသမီးေတြေနာင္ေရးအတြက္. .တစ္ပုံက မရွိဆင္းရဲသားေတြအတြက္ ဒါပဲ. . ငါဘယ္ဘုရားမွမကိုးကြယ္ဘူး
ဒါေပ့မယ္. . ငါ လက္ေတြ႕သမား ခုလုပ္ ခုရ ေနာင္ျဖစ္ ေနာင္ရ ဒါဘဲ ငါသီအိုရီက. .
ငါ ယိုးဒယားနယ္ထိလူသြားသတ္တယ္ night club ပိုင္ရွင္ တ႐ုတ္သူကမိန္းကေလးေတြဖမ္းၿပီးမေကာင္းတာလုပ္ခိုင္းတာ
အဲေတာ့ သူ႔ကိုနာက်ည္းတဲ့လူကမ်ားတယ္။တေန႔ အဲ့တ႐ုတ္ကိုသတ္ေပးဖို႔ ငါ့ကိုအလုပ္လာအပ္တယ္ ။
အမ်ိဳးသမီးတစ္ေယာက္ ! ယိုးဒယားသူပဲအေသပဲလိုခ်င္တာတဲ့ ပိုက္ဆံမရွိလို႔ သူအိမ္ေရာင္းျပလာေပးတာ
ငါတဝက္ပဲယူလိုက္တယ္ တ႐ုတ္ကိုဘာေၾကာင့္သတ္လဲ ငါမေမးဘူး အဲဒါ ငါ့စည္းကမ္းပဲ သူအလုပ္သူလုပ္ ငါ့အလုပ္ငါလုပ္တာပဲေလ. .
ဘာမွမဆန္းဘူး
ေနာက္ေတာ့ ငါ့ကို ယိုးဒယားက ရဲအရာရွိတစ္ေယာက္ကိုသတ္ဖို႔အလုပ္လာအပ္တယ္
အဲဒီမွာ ငါစဒုကၡေရာက္ေတာ့တာပဲ ငါသတ္လာသမွ် မေသတာမရွိဘူး
ဒီ ရဲနဲ႔က်မွ ရာဇာဝင္႐ိုင္းတယ္ ငါသူ႔ကိုရေအာင္သြားသတ္တယ္ ။သူမလႈပ္အသကၼရႉတာက်ိန္းေသမွငါ့ျပန္လာတာ
ဒါေပ့မယ္ ဒီလူ အသက္ရွင္သြားတယ္ကြာသူ ငါမ်က္ႏွာေကာင္းေကာင္းမွတ္မိသြားတယ္သူက ရဲဆိုေတာ့နပ္တယ္ကြာ
သူေသၿပီလို႔သတင္းလႊင့္ၿပီးငါကိုပယ္ပယ္နယ္နယ္စုံစမ္းေနေတာ့တာပဲ
ငါလဲမသိဘဲယိုးဒယားသြားၿပီးေလာင္းကစားလုပ္တာ သေဘာႀကီးေပၚမွာ သေဘၤာကထြက္မွ ေလာင္းကစားဝိုင္းေတြစလုပ္တာ
အဲဒီသေဘာေပၤၚမွာပဲ ငါ့ဝိုင္းဖမ္းၾကတာ သေဘာတၤစ္စီးလုံးနီးပါးရဲေတြႀကီးပဲေလ. .
ငါလဲ မခုခံေတာ့ဘူးအဖမ္းခံလိုက္တယ္ ခုခံရင္ေတာ့ ငါ မင္းနဲ႔ဒီလိုေတာင္စကားမေျပာႏိုင္ေတာ့ဘူး ေမာင္. .
ယိုးဒယားေထာင္မွာ၁၄ႏွစ္ေလာက္ေနျပးငါျပန္လြတ္တာ ျပန္လြတ္ၿပီးေတာ့ ငါ စားေသာက္ဆိုင္ဖြင့္ၿပီး ဘဝတအား႐ုန္းရတာ
ေငြလြယ္လြယ္ရခဲ့တဲ့ေကာင္က ခုေတာ့ ေငြ က နဖူးကေခြၽး ေျခမထိက်မွ ရတာ ငါေတာ္ေတာ္ေလး သေဘာေပါက္သြားတယ္. .
ဘာ. . ျမန္မာျပည္ေထာင္ေလာက္ ယိုးဒယားေထာင္ မဆိုးဘူးဟုတ္လား မင္းသြားေနၾကည့္
တကယ္ ဂိုဏ္းစတားေတြ ႀကီးပဲမင္းၾကားဖူးမွာေပါ့ ယိုးဒယားဂိုဏ္း ပီပြန္ဆိုတာ တစ္ဂိုဏ္းလုံးေထာင္ထဲေရာက္ေနတဲ့အခ်ိန္
ငါ ယိုးဒယားေထာင္ေရာက္သြားတာ ေထာင္မွာ အဆိုးဆုံးကာလလို႔ေတာင္ သတ္မွတ္ရတယ္ ဂိုဏ္းေတြ ေထာင္ထဲမွာေနရာလုၾက အျမစ္ျဖဳတ္ၾကတာ
တပတ္ တစ္ေလာင္းဘဲ ငါအဲဒီၾကားထဲမွာ ယိုဒယားအက်ဥ္းေထာင္ဘုရင္ျဖစ္ေအာင္လုပ္ခဲ့ႏိုင္တယ္
ဆက္ေျပာရင္ မင္းလိုလူမိုက္ သနားသည္ေပါ့ကြာ အဲေထာင္က အခ်ိန္မေ႐ြးပစ္မိန႔္ေပးထားတာေခါင္းစဥ္တပ္ၿပီးအေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ သတ္ပစ္လို႔ရတယ္. .
မင္းအခ်ိန္ေတာ့ေပးရမယ္ မင္းသိခ်င္ရင္ေပါ့. .. ေမာင္ လို႔ေျပာလိုက္တဲ့ လူမိုက္ႀကီးရဲ႕
မ်က္လုံးေတြ ၾကည့္လိုကၼိတာ ပိုမိုေတာက္ေျပာင္လာသလိုပဲထင္မိေတာ့တယ္
(ဦးေက်ာ္ေအးသတ္တဲ့ ကိစၥကိုသူအဖမ္းခံထိလားမထိဘူးလာကိုယ္ေတာ့ သူမေျပာ၍ မေမးေတာ့ပါ)
ငါယိုးဒယားေထာင္စေရာက္ေတာ့ ေထာင္ကေကာင္ေတြ ထမင္းစားပန္းကန္းေတြ ခြက္ေတြနဲ႔သံတိုင္ကိုေခါက္ၾကတယ္
သေဘာကေတာ့ ငါ့ကိုမေက်နပ္ဘူးေပါ့ကြာသူတို႔ေတြငါ့အေၾကာင္းသိတယ္
အထူးသျဖင့္ ပီပြန္ဒုေခါင္းေဆာင္ကို တခါကအျပတ္ရွင္းဖူးတဲ့ ရန္ေႂကြးက ရွိခဲ့တာကိုး
ပီပြန္ ဂိုဏ္း အုပ္စီးထားတဲ့ေထာင္ဆိုေတာ့ ငါ စဝင္တာနဲ႔ ေျခာက္လွန႔္ႀကိဳဆိုၾကတာေပါ့
ဒါေပမယ့္ ငါေသြးေအးေအးပဲ ေထာင္ထဲဝင္ခဲ့တယ္ငါ တစ္ေယာက္တည္း
သီးသန႔္အခန္းတစ္ခုမွာထားတယ္ ေထာင္အာဏာပိုင္ေတြက ငါအသက္ေသမွာ အရမ္းေၾကာက္တယ္
ဘာလို႔ေၾကာက္လဲသိလာငါ အလုပ္လုပ္ေပးခဲ့ဖူးတယ္ သူေဌးေတြကပဲ အေနာက္က ေထာက္ပံထားလို႔ေပါ့
အျပင္မွာက်န္ခဲ့တဲ့ မိသားစု လဲသူတို႔ေတြပဲၾကည့္ရႈေစာင့္ေရွာက္ထားၾကတာ ငါ့သမီးတစ္ေယာက္ဆို
အဲဒီေခတ္ကယိုးဒယားလူမ်ိဳး ျမန္မာျပည္ဖြား လူငယ္သူေဌးတစ္ေယာက္နဲ႔ေတာင္ညားသြားတယ္
သူအေဖသူေဌးက ငါ့ အလုပ္ရွင္တစ္ေယာက္ပဲငါသူ႔အတြက္အလုပ္အမ်ားႀကီးလုပ္ေပးခဲ့ဖူးတယ္
ယိုးဒယားေထာင္မွာ ငါသတိႀကီးႀကီးထားၿပီးေနထိုင္အသက္ရွင္တယ္ေရာက္ၿပီးသိပ္မၾကာဘူး
ငါ ေရခ်ိဳးေနတုန္း ငါေနာက္ကအလစ္ သံေခ်ာင္း အခြၽန္နဲ႔ဝင္ထိုးတယ္ ငါ သတိရွိေတာ့ အသာအယာေလးပဲ
သူအခြၽန္နဲ႔သူ သူ႔ဇီဝိန္ကိုေခြၽေပးလိုက္တယ္အဲေကာင္ေသေတာ့ငါျပႆနာထပ္တက္တာေပါ့
အဲ့အမႈနဲ႔ ေထာင္ျပစ္ဒဏ္ ထပ္တိုးသြားတယ္ ေဗဒင္ေမးစမလိုဘူး ငါ့ကိုလုပ္ႀကံတာ ပီပြန္ကေကာင္ေတြပဲ ငါနဲ႔ပီပြန္ေတြ ပို အမ်က္ႀကီးထြားလာၾကတယ္
ပီပြန္ဂိုဏ္းခ်ဳပ္က ေပၚတင္ကိုပါးစပ္ကထုတ္ေျပာတာ
“ပီပြန္ရဲ႕ေသြးအတြက္ မင္းေသြး ေျမက်ေစရမယ္” လို႔ကို အတိအလင္းေျပာခဲ့တာ
ပီပြန္ေတြ နဲ႔ ငါ အေျခအေန အာဏာပိုင္ေတြက မသိျခင္ေယာင္ေဆာင္ထားၾကတာ ဘာလိုလဲသိလား ? ?ငါ့ ျမန္မာလူမ်ိဳး တစ္ေယာက္ျဖစ္ခဲ့လို႔ေပါ့ကြာ. .
ဟားဟား
ငါ အသက္ရွင္ဖို႔ ဉာဏ္ထုတ္ရတာေပါ့ “မင္းၿမဲၿမဲမွတ္ထား
လူမိုက္ေတြဘယ္ေလာက္မိုက္မိုက္ ဉာဏ္ရွိသူ ဆင္ႀကံႀကံတတ္တဲ့ေကာင္ကသာ ဆက္အသက္ရွင္မွာပဲ
ေသနတ္မရွိဘူး ဓါးအလြယ္တကူမရွိဘူး အင္အားနဲတယ္
အဲေတာ့ အသက္ကိုဉာဏ္ေစာင့္ဆိုတဲ့စကားကအလကားစကားမဟုတ္တာ ငါေကာင္းေကာင္းေလးသေဘာေပါက္လာတယ္
ပီပြန္ နဲ႔ ရန္ဘက္ျဖစ္တဲ့ လူေတြ ကို ငါအကုန္လိုက္စုစည္းတယ္ငါအျပင္မွာ အလုပ္လုပ္တုန္းက one man show ပဲ
အထဲေရာက္မွ လိုအပ္ခ်က္အရ ငါလူလိုက္စုရေတာ့တာပဲ
ပီပြန္ကို ႏွိင္မဲ့ နည္းလမ္းမွန္သမွ် သုံးရေတာ့တာေပါ့
ငါကိုယ္တိုင္ လူတစ္ေယာက္ ခ်က္ေကာင္းေသေစႏွိင္တဲ့နည္းေတြ သင္ေပးတယ္ ဘယ္သန္သမား ညာသန္သမား ခြဲထုတ္လိုက္တယ္
ဘယ္သန္သမားကို မိန္းထားတယ္ ညာသန္သမားက်ေတာ့ အရံလူအျဖစ္ထားတယ္
ဘယ္သန္သမားထဲမွာ ပိုလုပ္ရဲတဲ့ေကာင္ေ႐ြးထုတ္တယ္ အဲဒီလူေတြထဲကမွာ ငါ့လူရင္းသုံးေယာက္ကိုအရင္ေ႐ြးထားလိုက္တယ္
ငါတို႔ႀကံေနတာကို ပီပြန္ကေကာင္ေတြလဲ ေထာက္လွမ္းေမးေနၾကတာေပါ့
ပီပြန္နဲ႔ငါတို႔အဲဒီၾကားထဲမွာ ရန္ပြဲအေသးေလးေတြေတာ့ ျဖစ္ခဲ့တယ္ ႀကီးႀကီးမားမားျဖစ္ရင္ ေထာင္ပြင့္မွာစိုးလို႔
အာဏာပိုင္ေတြဘက္ကလဲေတာ္ေတာ္ထိန္းသိမ္းၾကတာေပါ့ ပီပြန္ေတြ ေထာင္ထဲဘိန္းေရာင္းတဲ့အေၾကာင္း
ထိုင္း channel 3 မွာပါလာတယ္ ပီပြန္ဂိုဏ္းခ်ဳပ္က င့ါပဲထင္တာေပါ့
အမွန္ေတာ့ ေထာင္ထဲေရာက္ေနတဲ့ ရွပ္နီ သတင္းေထာက္က အထဲကေန သတင္းအတိအက်ေပးလိုက္တာ
ထိုင္းရဲတပ္ဖြဲ႕အႀကီးအကဲကိုယ္တိုင္ ေထာင္ထဲ အခ်ိန္ကိုက္ ဝင္ဖမ္းတာ ပီပြန္ေတြ ေထာင္ေျပာင္းရပါပါေလေကာတိုက္ထဲပို႔ခံရတဲ့ေကာင္ေတြလဲအမ်ားႀကီးေပါ့
ငါ ကဆင္ႀကံ ႀကံေနတဲ့လူဆိုေတာ့ ဒီအခ်ိန္က ပီပြန္ေတြကို ၿဖိဳခြဲဖို႔အခ်ိန္ေကာင္းပဲေလ
ငါ အခ်က္ေပးလိုက္တယ္ ငါ့လူေတြအားလုံးကိုပီပြန္ေတြကိုၿဖိဳ ဖို႔ သူအပိုင္းနဲ႔သူ တာဝန္ခြဲေဝေပးလိုက္တယ္
ငါတြက္လိုက္တယ္ ပီပြန္ေခါင္းေဆာင္ပိုင္း ၅ေယာက္ရွိတယ္အဲဒီ၅ေယာက္ကို ငါတို႔ၿဖိဳႏိုင္ရင္ ပီပြန္ေတြၿပိဳကြဲၿပီ
မင္းမွတ္ထား “ေနာက္လိုက္ဆိုတာ ေနာက္လိုက္လုပ္ဖို႔ပဲစဥ္းစားေနတာ ေရွ႕တက္ဖို႔သူ႔မွာ သတၱိမရွိဘူး
” ေခါင္းေဆာင္ကို ေနာက္လိုက္က သတ္ဖို႔မဝံဘူး ေခါင္းေဆာင္ကိုၿဖိဳတာ တျခားဘက္ကေခါင္းေဆာင္ကပဲ ၿဖိဳတက္တာ”
ငါ့အစီအစဥ္အတိုင္းလုပ္မဲ့ေန႔ေရာက္လာတယ္
ပီပြန္ေခါင္းေဆာင္ ၅ေယာကၼွာ ၃ေယာက္က တိုက္ထဲမွာ ၂ေယာက္က ေအေဆာင္ထဲမွာပဲ ေဒါက္ခတ္ထားတာအဲဒီေဒါက္ထည့္ထားတဲ့ ၂ေကာင္ကို
ငါနဲ႔ ငါလူႏွစ္ေယာက္အျပတ္ရွင္းလိုက္ႏိုင္တယ္ ငါေလ့က်င့္ေပးထားတဲ့အရန္လူေတြက
က်န္တဲ့ပီပြန္ေတြ မလႈပ္ႏိုင္ေအာင္ ဝိုင္းထားလိုက္တယ္ပီပြန္ႏွစ္ေကာင္ေသေတာ့
အာဏာပိုင္ေတြငါတို႔ကို ေဆာ္တာေပါ့ ငါလူေတြထဲက မထင္မရွား လူေတြ ကသူတို႔သတ္ပါတယ္ဆိုၿပီးဝန္ခံလိုက္တယ္
အေျခအေနက ဝန္ခံတဲ့လူေလာက္ပဲ အျပစ္ဒဏ္ခံလိုက္ရတယ္ငါတို႔ဘာလို႔ဝႏၼခံလဲသိလား ? ?
ရန္သူကို အျမစ္ျပတ္ေခ်မႈန္းဖို႔ရွိေသးတယ္ေလ မင္းမွတ္ထား” ရန္သူကိုသနားၾကင္နာရင္ ကိုယ့္အသက္ေပးလိုက္ရလိမ့္မယ္
ငါက သူေတာ္စင္မဟုတ္ဘူးေလ”
ငါကလက္ေတြ႕သမား ဘဝဆိုတာ လက္ေတြ႕ဆန္တယ္ စိတ္ကူးယဥ္ၿပီး တိုက္ေဆာက္ခ်င္လို႔ေတာ့ရမယ္ !
ဒါေပမဲ့လက္ေတြ႕ဘဝမွာေတာ့ မင္းေနထိုင္မႈက ဇနပုဒ္က တဲအိုပဲျဖစ္လိမ့္မယ္ ငါ့လူ”တိုက္ထဲေရာက္ေနတဲ့ ပီပြန္ဂိုဏ္းခ်ဳပ္ နဲ႔ ၂ေယာက္ ကို
လူမသိတဲ့နည္းနဲ႔ရွင္းပစ္လိုက္တယ့္ အဲ့လိုလုပ္တာ ေကာက္က်စ္တဲ့နည္းေပမယ့္ ငါလူေတြ မထိခိုက္ပဲ ေသြးေအးေအး နဲ႔ ငါစီစဥ္ကြပ္ကဲခဲ့တာ
ပီပြန္ေတြအကုန္လုံး ၿပိဳကြဲသြားၿပီးတဲ့ေနာက္မာKing of the Jail ဆိုတဲ့ ဘြဲ႕ကို ငါမရခ်င္ဘဲရသြားေတာ့တယ္ေလ
ငါကေမြးကတည္းက တစ္ေကာင္ႂကြက္ လူမ်ားမ်ားနဲ႔မေနတတ္ဘူး
ဒါေပမယ့္ ဘဝေပး အေျခအေနက “မားဖီးယားဒြန္ ” ျဖစ္ဖို႔လမ္းေၾကာင္းေပၚေရာက္လာေတာ့တယ္ေလ
ငါ့ေထာင္မွာအႏွစ္၂၀ေလာက္ေနၿပီးထိုင္းဘုရင္ေမြးေန႔အထိမ္းအမွတ္နဲ႔လြတ္လာတယ္
အျပင္ေရာက္ေတာ့ ငါဘဝက ဘာမွမလုပ္ရ မကိုင္ရပဲ ” ေျမာင္မားဖီးယား “ရဲ႕ ေခါင္းကိုင္ဖခင္အႀကီးအကဲျဖစ္လာေတာ့တာပဲ
ၿငီးေငြ႕စရာႀကီးပါကြာ ငါက Action သမားေလ ငါထိုင္ၿပီး အႀကီးအကဲလုပ္ရတာ တစ္ရက္မွေနလို႔ထိုင္လို႔မရပါဘူးကြာ
“ေျမာင္” နဲ႔ပတ္သက္တဲ့အေၾကာင္းေတြေတာ့ မေျပာျပေတာ့ပါဘူး
“ေျမာင္” အဖြဲ႕ကေန ငါအနားယူသြားေပမယ့္ အဖြဲ႕အတြက္ သစၥာရွိရမယ္ေလမင္းတို႔လဲ ” ေျမာင္” နဲ႔ပတ္သက္ၿပီး ဆက္မလိုက္နဲ႔ေတာ့ ! !
ဒီေလာက္သိရရင္ပဲ ေက်နပ္ေတာ့
” ေျမာင္ဂိုဏ္းသားတစ္ေယာက္က အဖြဲ႕ကို သစၥာေဖာက္လိုက္ရင္ေတာ့
မင္း ဘယ္ကမာၻေရာက္ေရာက္အသတ္ခံရလိမ့္မယ္ “ေျမာင္” အေပၚမင္းသစၥာရွိရင္ေတာ့
မင္းကို ေျမာင္ကၾကည့္ရႈ ေစာင့္ေရွာက္သြားပါလိမ့္မယ္ကြာယေန႔မ်က္ေမွာက္ေခတ္တြင္ေတာ့
” ေျမာင္မာဖီးယား ” ၏ Godfather ျဖစ္သူ စပ္ႏြံ သည္ သားသမီးေျမးျမစ္မ်ားႏွင့္သာယာေသာ
Big Family ႀကီးတစ္ခုကို ပိုင္ဆိုင္ၿပီး ဖစ္သည္
(ဤဇာတ္လမ္းတြင္ ပီပြန္ဂိုင္းခ်ဳပ္ႏွင့္ ႏွစ္ေယာက္ကို တိုက္ထဲတြင္လူမသိသူမသိသတ္ခဲ့ပုံကို အတုယူမွားႏိုင္၍ ထိန္ခ်န္လိုက္ပါတယ္
ေနာက္ ေျမာင္အႀကီးအကဲကိုယ္တိုင္က ျမႇဳပ္ကြက္တစ္ခုထားခိုင္းခဲ့ပါတယ္
စပ္ႏြံ နဲ႔ပတ္သတ္တဲ့လူႏွစ္ေယာက္ ျမန္မာျပည္တြင္ အသက္ရွင္ေနထိူင္ဆဲျဖစ္လို႔ပါ) KMT ၂၀၁၆ ခုႏွစ္က မွတ္တမ္းတင္ခဲ့သည္
မူရင္းေရးသူ ကိုေက်ာ္ထက္လင္း
KyawHtetLin
Unicode
ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ(True Stories)
1988 အရေးအခင်းမတိုင်ခင် ဘားလမ်းတွင် ဗိုလ်ချုပ်ဈေးနားတွင်ကုန်သည် တစ်ဦးကိုနေအိမ်လှေကားတွင်
လူတစ်ယောက် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း သတင်းသည်ရန်ကုန်တိုင်းတွင် ပွက်လောရိုက်သွားသောသတင်းတစ်ပုဒ်ဖြစ်ခဲ့ဖူးသည်ယနေ့ခေတ်လို
အင်တာနက်ခေတ်မဟုတ်သဖြင့်လူအများသည် ဘားလမ်းသို့ လာရောက်သဖြင့် ဘားလမ်းတစ်လမ်းလုံး ပြည့်ကြပ်ခဲ့ဖူးသည်ထိုသူမည်သူနည်း ? ?
ဘာကြောင့်သတ်သွားသနည်း ? ?စသဖြင့် အတွေးအမျိုးမျိုးကောလဟာလမျိုးစုံ ထွက်ခဲ့ဖူးသည်. .
CID မှာ ရဲအရာရှိများလဲ မည်သူသတ်သွားသည်ထက် သေသွားသူသည်
ရန်ကုန်တွင်နေထိုင်သူ မဟုတ်ပဲဘားလမ်းအခန်းကို ဝယ်ပြီးမနေသည်မှာကြာပြီဖြစ်သည် !
အခင်းမဖြစ်ခင်၂ရက်အလိုကမှထိုအိမ်တွင်လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ပို၍ခေါင်းရှုပ်သွားစေသည်
!သူဘယ်ကလာလို့ ဘယ်သွားမှန်းမသိ ဘာလုပ်မှန်းမသိတဲ့
လူတစ်ယောက်အသတ်ခံရခြင်းအပ်ပေါက်ရှာတာထက်ပိုစိုးနေတော့သည်ထိုအမှုအတွက် CIDမှာ အပူတပြင်း လိုက်လံစုံစမ်းဖမ်းဆီးလေတော့သည်
ထို့နောက်downtownတစ်ဝိုက်အမည်ပေါက်လူမိုက်အတော်များများကို အချုပ်ထဲဖမ်းထည့်လိုက်လေတော့သည် ! !
ထိုအချိန်တွင်ထင်ကျော် (ခ) စပ်နွံမှာ မိမိ အခကြေးငွေယူထားသောလုပ်ငန်းပြီးစီးသဖြင့် နေရပ်သို့ပြန်ရန်
အမြန်ထွက်ခွာလာသော်လဲတည်းခိုခန်းတစ်ခုတွင်တည်းရာမှတစ်ဆင့် ပိုင်ရှင်မှာမျက်နှာစိမ်းအမျိုးသားကိုမှတ်မိသဖြင့်
ရဲဌာနသို့သတင်းပေးသဖြင့် သူပုံကြမ်းဖြင့်လိုက်လံစုံစမ်းရာမှာတဆင့် ကားဂိတ်တစ်ခုတွင်အဖမ်းခံထိလေတော့သည်
ထိုအမှုကြောင့် သူသည် အင်းစိန်တွင် နှစ်ရှည်ထောင်နန်းစံရသည် !
သူကိုဖမ်းဆီးသူမှာ ရန်ကုန်တိုင်း CIDက ကိုတင်အောင်ဖြစ်သည်အဲတုန်းက သူအမည်က စံရွှေမောင်
!၈၈အရေးအခင်းတွင်ထောင်ခါသဖြင့်သူလဲ လွတ်လူဖြစ်ပြီး သူနေထိုင်ရာနယ်စပ်သို့ လစ်လေတော့သည်
နယ်စပ်ရောက်တော့သူကျွမ်းကျင်ရာအလုပ်ဖြစ်သောကြေးစားအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်သည်မှာ
ယခုဆိုလျှင်အသက် ၇၀ကျော်ပြီဖြစ်သည့် ! သူတွင် မြေးများပင်ရနေပြီဖြစ်သည်ဘားလမ်းတွင်သေနတ်ဖြင့်
လူတစ်ယောက်သတ်ခဲ့ခြင်းအကြောင်းကို ပြန်ပြောင်းပြောပြသည်မှာ.သေတဲ့လူက စိန်ပွဲစား သတ်ခိုင်းတဲ့လူက စိန်သူဌေး
အဲ စိန်သူဌေးဆီမှာလူယုံလဲလုပ် စိန်အရောင်းအဝယ်လဲလုပ်ရင်း
အဲ့သူဌေးစိန်တွေ ဘတ်ပြေးလို့ အဲ့သူဌေးက လိုက်လံသတ်ခိုင်းရန်သူ့အားငှားရမ်းစေခိုင်းခြင်းဖြစ်ကြောင်း သူကဆိုသည်
! !အဲ စိန်ဘက်ပြေးတဲ့ကောင်ကိုချစ်ခြင်း မုန်းခြင်း အလျှင်းမရှိပဲသူအလုပ်သူလုပ်သွားကြောင်းနှစ်ကြိမ်ခန့်ပြတ်ပြတ်သားသားပဲပြောသည် !
ဟုတ်တယ်လေ”ငါအလုပ်က ကြေးစားလူသတ်သမားလေပိုက်ဆံပေးတဲ့လူက ငါ့အလုပ်ရှင်ပဲ
အမှန်အမှား ငါမသိဘူး” လို့ဆိုတဲ့သူမျက်နှာမှာ နောင်တဆိုသည် အရိပ်အယောင် သည် လုံးဝမရှိပေ.မင်းပြောတဲ့ အလုံစိုးမြတ်သိတယ်
လူခြင်းတော့မဟုတ်ဘူးသူဓါတ်ပုံ နဲ့ လူနှစ်ယောက် တစ်ယောက်က ဝဝပုပု
တစ်ယောက်က အရပ်မြင့်မြင့်ဓါတ်ပုံထဲကလူ သတ်ပေးဖို့လာပြောတာ
ဘာနဲ့သတ်ရမလဲဆိုတော့ဓါးနဲ့သေအောင်သတ်လို့ပြောတယ် ငါ မသတ်နှိင်ဘူးလို့ပြောလိုက်တယ်ငါကသေနတ်ပဲကိုင်တာနောက်ပြီးတော့
ရန်ကုန်ကိုနောက်တစ်ကြိမ် ပြန်မသွားချင်တာလဲပါတယ်လို့အတိတ်ကို စဉ်းစားနေပုံ နဲ့ ဦးထင်ကျော် (ခ) စပ်နွံသည် ဖြည်းဖြည်းခြင်း ပြောပြနေတော့သည်
မျက်နှာဖြူတစ်ကောင်ကိုနယ်စပ်မှာ သတ်ပေးဖူးတယ် !သူ့ကို ဘယ်သူက သတ်ခိုင်းတာလဲမင်းကြားရင်အံဩသွားလိမ့်မယ် !
အဲတုန်းက စစ်ထောက်လှမ်းရေးက နယ်စပ် ဂိတ်ကို ကြီးကြပ်နေတယ်အရာရှိတစ်ယောက်ကသတ်ခိုင်းတာ
အဲမျက်နှာဖြူ ကိုသတ်ပေးခကြေးများများရခဲ့တယ်လို့ဆက်ပြောပေးနေတုန်း. .
သူသမီးဆီက ဖုန်းဝင်လာသဖြင့်စကာဝိုင်း ခေတ္တာရပ်နားသွားလေတော့သည်”ကြေးစားဆိုတာသစ္စာရှိရတယ်
မင်းတို့သိအောင်ပြောရရင်ကိုယ်အလုပ်ကိုကိုယ်လေးစားရတယ်..ငွေရရှိရေးတစ်ခုတည်း မကြည့်ရဘူး
“အဲဒီငွေကြည့်တဲ့ကောင်တွေသက်ဆိုးရှည်လေ့မရှိဘူး နှုတ်လုံရတယ်သစ္စာ ထားရမယ်
အလုပ်ရှင်က ငွေပေးသူဆိုတော့သူကအသက်သခင်ကျေးဇူးရှင်ဒါကို ခေါင်းထဲထားနှိင်မှငါ့လိုအသက်70ကျော်ထိအသက်ရှင်သန်နှိင်မှာ. .
လီရှောအောင်သိန်းတို့ ယောဆက်တို့ဘယ်နားနေမှန်းမသိသေးတဲ့အချိန်က
မိုးကုတ်မှာ ဦးကျော်အေးဆိုတဲ့ သူဌေမိသားစုကိုကြေးစားလူသတ်သမား တစ်ယောက်လာသတ်သွားဖူးတယ်. . ယောင်ဝမ်ကြည်တဲ့ ! !
အဲ့ယောင်ဝမ်ကြည်ဆိုတာ င့ါနာမည်နောက်တစ်မျိုးပဲ. .
အဲ့ဒီအချိန်တုန်းက packing tape ဆိုတာဗမာပြည်မှာ မြင်မှမမြင်ဖူသေးတာ.
.ဦးကျော်အေးပါးစပ်ကို တိတ်နဲ့ ပတ်ပြီးတော့မှသတ်တော့ဘယ်သူမှ ဘာသံမှ မကြားမိကြဘူး .
.ဒါကြောင့် ငယ်ငယ်က စကားများရင်ဖြစ်ဖြစ်. .ငိုရင်ဖြစ်ဖြစ် လူကြီးတွေက’အခု ပါးစပ်ပိတ် မပိတ်ရင် ဦးကျော်အေးကို သတ်တဲ့
ပလာစတာနဲ့ နင့်ပါးစပ်ပိတ်ပြစ်မယ်”လို့ ပြောခဲ့ကြဖူးတယ်..
မင်းတို့မိဘတွေပြန်မေးကြည့်လို့ပြောတဲ့ ယောင်ဝမ်ကြည်သည်ယခု အသက်ရွယ်တိုင်အောင် ကျန်းမာသန်စွမ်း ဖျက်လက်နေဆဲပေါ့. .
ဘာရယ် ဟုတ်ဖူးကွာ မင်းတို့နဲ့ငယ်ငယ်ကအကြောင်း တစေ့တစောင်း ပြန်ပြောရတာ အရမ်းကောင်းတယ် ငါ့ မှတ်ဉာဏ်တွေ ပြန်အားကောင်းလာတယ်လေ
နောက်တစ်ခုရှိသေးတယ်ကွာ ငါ ဘိန်းမလုပ်ဘူးငါကြေးစား လူသတ်ခြင်းတစ်မျိူးပဲ လုပ်တယ်ကျန်တာ စိတ်မဝင်စားဘူးငါရတဲ့ကြေးထဲက. .. .
သုံးပုံ ပုံတယ် တစ်ပုံက မိဘအတွက်တစ်ပုံက သားသမီးတွေနောင်ရေးအတွက်. .တစ်ပုံက မရှိဆင်းရဲသားတွေအတွက် ဒါပဲ. . ငါဘယ်ဘုရားမှမကိုးကွယ်ဘူး
ဒါပေ့မယ်. . ငါ လက်တွေ့သမား ခုလုပ် ခုရ နောင်ဖြစ် နောင်ရ ဒါဘဲ ငါသီအိုရီက. .
ငါ ယိုးဒယားနယ်ထိလူသွားသတ်တယ် night club ပိုင်ရှင် တရုတ်သူကမိန်းကလေးတွေဖမ်းပြီးမကောင်းတာလုပ်ခိုင်းတာ
အဲတော့ သူ့ကိုနာကျည်းတဲ့လူကများတယ်။တနေ့ အဲ့တရုတ်ကိုသတ်ပေးဖို့ ငါ့ကိုအလုပ်လာအပ်တယ် ။
အမျိုးသမီးတစ်ယောက် ! ယိုးဒယားသူပဲအသေပဲလိုချင်တာတဲ့ ပိုက်ဆံမရှိလို့ သူအိမ်ရောင်းပြလာပေးတာ
ငါတဝက်ပဲယူလိုက်တယ် တရုတ်ကိုဘာကြောင့်သတ်လဲ ငါမမေးဘူး အဲဒါ ငါ့စည်းကမ်းပဲ သူအလုပ်သူလုပ် ငါ့အလုပ်ငါလုပ်တာပဲလေ. .
ဘာမှမဆန်းဘူး
နောက်တော့ ငါ့ကို ယိုးဒယားက ရဲအရာရှိတစ်ယောက်ကိုသတ်ဖို့အလုပ်လာအပ်တယ်
အဲဒီမှာ ငါစဒုက္ခရောက်တော့တာပဲ ငါသတ်လာသမျှ မသေတာမရှိဘူး
ဒီ ရဲနဲ့ကျမှ ရာဇာဝင်ရိုင်းတယ် ငါသူ့ကိုရအောင်သွားသတ်တယ် ။သူမလှုပ်အသက္မရှူတာကျိန်းသေမှငါ့ပြန်လာတာ
ဒါပေ့မယ် ဒီလူ အသက်ရှင်သွားတယ်ကွာသူ ငါမျက်နှာကောင်းကောင်းမှတ်မိသွားတယ်သူက ရဲဆိုတော့နပ်တယ်ကွာ
သူသေပြီလို့သတင်းလွှင့်ပြီးငါကိုပယ်ပယ်နယ်နယ်စုံစမ်းနေတော့တာပဲ
ငါလဲမသိဘဲယိုးဒယားသွားပြီးလောင်းကစားလုပ်တာ သဘောကြီးပေါ်မှာ သင်္ဘောကထွက်မှ လောင်းကစားဝိုင်းတွေစလုပ်တာ
အဲဒီသဘောင်္ပေါ်မှာပဲ ငါ့ဝိုင်းဖမ်းကြတာ သဘောင်္တစ်စီးလုံးနီးပါးရဲတွေကြီးပဲလေ. .
ငါလဲ မခုခံတော့ဘူးအဖမ်းခံလိုက်တယ် ခုခံရင်တော့ ငါ မင်းနဲ့ဒီလိုတောင်စကားမပြောနိုင်တော့ဘူး မောင်. .
ယိုးဒယားထောင်မှာ၁၄နှစ်လောက်နေပြးငါပြန်လွတ်တာ ပြန်လွတ်ပြီးတော့ ငါ စားသောက်ဆိုင်ဖွင့်ပြီး ဘဝတအားရုန်းရတာ
ငွေလွယ်လွယ်ရခဲ့တဲ့ကောင်က ခုတော့ ငွေ က နဖူးကချွေး ခြေမထိကျမှ ရတာ ငါတော်တော်လေး သဘောပေါက်သွားတယ်. .
ဘာ. . မြန်မာပြည်ထောင်လောက် ယိုးဒယားထောင် မဆိုးဘူးဟုတ်လား မင်းသွားနေကြည့်
တကယ် ဂိုဏ်းစတားတွေ ကြီးပဲမင်းကြားဖူးမှာပေါ့ ယိုးဒယားဂိုဏ်း ပီပွန်ဆိုတာ တစ်ဂိုဏ်းလုံးထောင်ထဲရောက်နေတဲ့အချိန်
ငါ ယိုးဒယားထောင်ရောက်သွားတာ ထောင်မှာ အဆိုးဆုံးကာလလို့တောင် သတ်မှတ်ရတယ် ဂိုဏ်းတွေ ထောင်ထဲမှာနေရာလုကြ အမြစ်ဖြုတ်ကြတာ
တပတ် တစ်လောင်းဘဲ ငါအဲဒီကြားထဲမှာ ယိုဒယားအကျဉ်းထောင်ဘုရင်ဖြစ်အောင်လုပ်ခဲ့နိုင်တယ်
ဆက်ပြောရင် မင်းလိုလူမိုက် သနားသည်ပေါ့ကွာ အဲထောင်က အချိန်မရွေးပစ်မိန့်ပေးထားတာခေါင်းစဉ်တပ်ပြီးအကြောင်းအမျိုးမျိုးနဲ့ သတ်ပစ်လို့ရတယ်. .
မင်းအချိန်တော့ပေးရမယ် မင်းသိချင်ရင်ပေါ့. .. မောင် လို့ပြောလိုက်တဲ့ လူမိုက်ကြီးရဲ့
မျက်လုံးတွေ ကြည့်လိုက္မိတာ ပိုမိုတောက်ပြောင်လာသလိုပဲထင်မိတော့တယ်
(ဦးကျော်အေးသတ်တဲ့ ကိစ္စကိုသူအဖမ်းခံထိလားမထိဘူးလာကိုယ်တော့ သူမပြော၍ မမေးတော့ပါ)
ငါယိုးဒယားထောင်စရောက်တော့ ထောင်ကကောင်တွေ ထမင်းစားပန်းကန်းတွေ ခွက်တွေနဲ့သံတိုင်ကိုခေါက်ကြတယ်
သဘောကတော့ ငါ့ကိုမကျေနပ်ဘူးပေါ့ကွာသူတို့တွေငါ့အကြောင်းသိတယ်
အထူးသဖြင့် ပီပွန်ဒုခေါင်းဆောင်ကို တခါကအပြတ်ရှင်းဖူးတဲ့ ရန်ကြွေးက ရှိခဲ့တာကိုး
ပီပွန် ဂိုဏ်း အုပ်စီးထားတဲ့ထောင်ဆိုတော့ ငါ စဝင်တာနဲ့ ခြောက်လှန့်ကြိုဆိုကြတာပေါ့
ဒါပေမယ့် ငါသွေးအေးအေးပဲ ထောင်ထဲဝင်ခဲ့တယ်ငါ တစ်ယောက်တည်း
သီးသန့်အခန်းတစ်ခုမှာထားတယ် ထောင်အာဏာပိုင်တွေက ငါအသက်သေမှာ အရမ်းကြောက်တယ်
ဘာလို့ကြောက်လဲသိလာငါ အလုပ်လုပ်ပေးခဲ့ဖူးတယ် သူဌေးတွေကပဲ အနောက်က ထောက်ပံထားလို့ပေါ့
အပြင်မှာကျန်ခဲ့တဲ့ မိသားစု လဲသူတို့တွေပဲကြည့်ရှုစောင့်ရှောက်ထားကြတာ ငါ့သမီးတစ်ယောက်ဆို
အဲဒီခေတ်ကယိုးဒယားလူမျိုး မြန်မာပြည်ဖွား လူငယ်သူဌေးတစ်ယောက်နဲ့တောင်ညားသွားတယ်
သူအဖေသူဌေးက ငါ့ အလုပ်ရှင်တစ်ယောက်ပဲငါသူ့အတွက်အလုပ်အများကြီးလုပ်ပေးခဲ့ဖူးတယ်
ယိုးဒယားထောင်မှာ ငါသတိကြီးကြီးထားပြီးနေထိုင်အသက်ရှင်တယ်ရောက်ပြီးသိပ်မကြာဘူး
ငါ ရေချိုးနေတုန်း ငါနောက်ကအလစ် သံချောင်း အချွန်နဲ့ဝင်ထိုးတယ် ငါ သတိရှိတော့ အသာအယာလေးပဲ
သူအချွန်နဲ့သူ သူ့ဇီဝိန်ကိုချွေပေးလိုက်တယ်အဲကောင်သေတော့ငါပြဿနာထပ်တက်တာပေါ့
အဲ့အမှုနဲ့ ထောင်ပြစ်ဒဏ် ထပ်တိုးသွားတယ် ဗေဒင်မေးစမလိုဘူး ငါ့ကိုလုပ်ကြံတာ ပီပွန်ကကောင်တွေပဲ ငါနဲ့ပီပွန်တွေ ပို အမျက်ကြီးထွားလာကြတယ်
ပီပွန်ဂိုဏ်းချုပ်က ပေါ်တင်ကိုပါးစပ်ကထုတ်ပြောတာ
“ပီပွန်ရဲ့သွေးအတွက် မင်းသွေး မြေကျစေရမယ်” လို့ကို အတိအလင်းပြောခဲ့တာ
ပီပွန်တွေ နဲ့ ငါ အခြေအနေ အာဏာပိုင်တွေက မသိခြင်ယောင်ဆောင်ထားကြတာ ဘာလိုလဲသိလား ? ?ငါ့ မြန်မာလူမျိုး တစ်ယောက်ဖြစ်ခဲ့လို့ပေါ့ကွာ. .
ဟားဟား
ငါ အသက်ရှင်ဖို့ ဉာဏ်ထုတ်ရတာပေါ့ “မင်းမြဲမြဲမှတ်ထား
လူမိုက်တွေဘယ်လောက်မိုက်မိုက် ဉာဏ်ရှိသူ ဆင်ကြံကြံတတ်တဲ့ကောင်ကသာ ဆက်အသက်ရှင်မှာပဲ
သေနတ်မရှိဘူး ဓါးအလွယ်တကူမရှိဘူး အင်အားနဲတယ်
အဲတော့ အသက်ကိုဉာဏ်စောင့်ဆိုတဲ့စကားကအလကားစကားမဟုတ်တာ ငါကောင်းကောင်းလေးသဘောပေါက်လာတယ်
ပီပွန် နဲ့ ရန်ဘက်ဖြစ်တဲ့ လူတွေ ကို ငါအကုန်လိုက်စုစည်းတယ်ငါအပြင်မှာ အလုပ်လုပ်တုန်းက one man show ပဲ
အထဲရောက်မှ လိုအပ်ချက်အရ ငါလူလိုက်စုရတော့တာပဲ
ပီပွန်ကို နှိင်မဲ့ နည်းလမ်းမှန်သမျှ သုံးရတော့တာပေါ့
ငါကိုယ်တိုင် လူတစ်ယောက် ချက်ကောင်းသေစေနှိင်တဲ့နည်းတွေ သင်ပေးတယ် ဘယ်သန်သမား ညာသန်သမား ခွဲထုတ်လိုက်တယ်
ဘယ်သန်သမားကို မိန်းထားတယ် ညာသန်သမားကျတော့ အရံလူအဖြစ်ထားတယ်
ဘယ်သန်သမားထဲမှာ ပိုလုပ်ရဲတဲ့ကောင်ရွေးထုတ်တယ် အဲဒီလူတွေထဲကမှာ ငါ့လူရင်းသုံးယောက်ကိုအရင်ရွေးထားလိုက်တယ်
ငါတို့ကြံနေတာကို ပီပွန်ကကောင်တွေလဲ ထောက်လှမ်းမေးနေကြတာပေါ့
ပီပွန်နဲ့ငါတို့အဲဒီကြားထဲမှာ ရန်ပွဲအသေးလေးတွေတော့ ဖြစ်ခဲ့တယ် ကြီးကြီးမားမားဖြစ်ရင် ထောင်ပွင့်မှာစိုးလို့
အာဏာပိုင်တွေဘက်ကလဲတော်တော်ထိန်းသိမ်းကြတာပေါ့ ပီပွန်တွေ ထောင်ထဲဘိန်းရောင်းတဲ့အကြောင်း
ထိုင်း channel 3 မှာပါလာတယ် ပီပွန်ဂိုဏ်းချုပ်က င့ါပဲထင်တာပေါ့
အမှန်တော့ ထောင်ထဲရောက်နေတဲ့ ရှပ်နီ သတင်းထောက်က အထဲကနေ သတင်းအတိအကျပေးလိုက်တာ
ထိုင်းရဲတပ်ဖွဲ့အကြီးအကဲကိုယ်တိုင် ထောင်ထဲ အချိန်ကိုက် ဝင်ဖမ်းတာ ပီပွန်တွေ ထောင်ပြောင်းရပါပါလေကောတိုက်ထဲပို့ခံရတဲ့ကောင်တွေလဲအများကြီးပေါ့
ငါ ကဆင်ကြံ ကြံနေတဲ့လူဆိုတော့ ဒီအချိန်က ပီပွန်တွေကို ဖြိုခွဲဖို့အချိန်ကောင်းပဲလေ
ငါ အချက်ပေးလိုက်တယ် ငါ့လူတွေအားလုံးကိုပီပွန်တွေကိုဖြို ဖို့ သူအပိုင်းနဲ့သူ တာဝန်ခွဲဝေပေးလိုက်တယ်
ငါတွက်လိုက်တယ် ပီပွန်ခေါင်းဆောင်ပိုင်း ၅ယောက်ရှိတယ်အဲဒီ၅ယောက်ကို ငါတို့ဖြိုနိုင်ရင် ပီပွန်တွေပြိုကွဲပြီ
မင်းမှတ်ထား “နောက်လိုက်ဆိုတာ နောက်လိုက်လုပ်ဖို့ပဲစဉ်းစားနေတာ ရှေ့တက်ဖို့သူ့မှာ သတ္တိမရှိဘူး
” ခေါင်းဆောင်ကို နောက်လိုက်က သတ်ဖို့မဝံဘူး ခေါင်းဆောင်ကိုဖြိုတာ တခြားဘက်ကခေါင်းဆောင်ကပဲ ဖြိုတက်တာ”
ငါ့အစီအစဉ်အတိုင်းလုပ်မဲ့နေ့ရောက်လာတယ်
ပီပွန်ခေါင်းဆောင် ၅ယောက္မှာ ၃ယောက်က တိုက်ထဲမှာ ၂ယောက်က အေဆောင်ထဲမှာပဲ ဒေါက်ခတ်ထားတာအဲဒီဒေါက်ထည့်ထားတဲ့ ၂ကောင်ကို
ငါနဲ့ ငါလူနှစ်ယောက်အပြတ်ရှင်းလိုက်နိုင်တယ် ငါလေ့ကျင့်ပေးထားတဲ့အရန်လူတွေက
ကျန်တဲ့ပီပွန်တွေ မလှုပ်နိုင်အောင် ဝိုင်းထားလိုက်တယ်ပီပွန်နှစ်ကောင်သေတော့
အာဏာပိုင်တွေငါတို့ကို ဆော်တာပေါ့ ငါလူတွေထဲက မထင်မရှား လူတွေ ကသူတို့သတ်ပါတယ်ဆိုပြီးဝန်ခံလိုက်တယ်
အခြေအနေက ဝန်ခံတဲ့လူလောက်ပဲ အပြစ်ဒဏ်ခံလိုက်ရတယ်ငါတို့ဘာလို့ဝန္မခံလဲသိလား ? ?
ရန်သူကို အမြစ်ပြတ်ချေမှုန်းဖို့ရှိသေးတယ်လေ မင်းမှတ်ထား” ရန်သူကိုသနားကြင်နာရင် ကိုယ့်အသက်ပေးလိုက်ရလိမ့်မယ်
ငါက သူတော်စင်မဟုတ်ဘူးလေ”
ငါကလက်တွေ့သမား ဘဝဆိုတာ လက်တွေ့ဆန်တယ် စိတ်ကူးယဉ်ပြီး တိုက်ဆောက်ချင်လို့တော့ရမယ် !
ဒါပေမဲ့လက်တွေ့ဘဝမှာတော့ မင်းနေထိုင်မှုက ဇနပုဒ်က တဲအိုပဲဖြစ်လိမ့်မယ် ငါ့လူ”တိုက်ထဲရောက်နေတဲ့ ပီပွန်ဂိုဏ်းချုပ် နဲ့ ၂ယောက် ကို
လူမသိတဲ့နည်းနဲ့ရှင်းပစ်လိုက်တယ့် အဲ့လိုလုပ်တာ ကောက်ကျစ်တဲ့နည်းပေမယ့် ငါလူတွေ မထိခိုက်ပဲ သွေးအေးအေး နဲ့ ငါစီစဉ်ကွပ်ကဲခဲ့တာ
ပီပွန်တွေအကုန်လုံး ပြိုကွဲသွားပြီးတဲ့နောက်မာKing of the Jail ဆိုတဲ့ ဘွဲ့ကို ငါမရချင်ဘဲရသွားတော့တယ်လေ
ငါကမွေးကတည်းက တစ်ကောင်ကြွက် လူများများနဲ့မနေတတ်ဘူး
ဒါပေမယ့် ဘဝပေး အခြေအနေက “မားဖီးယားဒွန် ” ဖြစ်ဖို့လမ်းကြောင်းပေါ်ရောက်လာတော့တယ်လေ
ငါ့ထောင်မှာအနှစ်၂၀လောက်နေပြီးထိုင်းဘုရင်မွေးနေ့အထိမ်းအမှတ်နဲ့လွတ်လာတယ်
အပြင်ရောက်တော့ ငါဘဝက ဘာမှမလုပ်ရ မကိုင်ရပဲ ” မြောင်မားဖီးယား “ရဲ့ ခေါင်းကိုင်ဖခင်အကြီးအကဲဖြစ်လာတော့တာပဲ
ငြီးငွေ့စရာကြီးပါကွာ ငါက Action သမားလေ ငါထိုင်ပြီး အကြီးအကဲလုပ်ရတာ တစ်ရက်မှနေလို့ထိုင်လို့မရပါဘူးကွာ
“မြောင်” နဲ့ပတ်သက်တဲ့အကြောင်းတွေတော့ မပြောပြတော့ပါဘူး
“မြောင်” အဖွဲ့ကနေ ငါအနားယူသွားပေမယ့် အဖွဲ့အတွက် သစ္စာရှိရမယ်လေမင်းတို့လဲ ” မြောင်” နဲ့ပတ်သက်ပြီး ဆက်မလိုက်နဲ့တော့ ! !
ဒီလောက်သိရရင်ပဲ ကျေနပ်တော့
” မြောင်ဂိုဏ်းသားတစ်ယောက်က အဖွဲ့ကို သစ္စာဖောက်လိုက်ရင်တော့
မင်း ဘယ်ကမ္ဘာရောက်ရောက်အသတ်ခံရလိမ့်မယ် “မြောင်” အပေါ်မင်းသစ္စာရှိရင်တော့
မင်းကို မြောင်ကကြည့်ရှု စောင့်ရှောက်သွားပါလိမ့်မယ်ကွာယနေ့မျက်မှောက်ခေတ်တွင်တော့
” မြောင်မာဖီးယား ” ၏ Godfather ဖြစ်သူ စပ်နွံ သည် သားသမီးမြေးမြစ်များနှင့်သာယာသော
Big Family ကြီးတစ်ခုကို ပိုင်ဆိုင်ပြီး ဖစ်သည်
(ဤဇာတ်လမ်းတွင် ပီပွန်ဂိုင်းချုပ်နှင့် နှစ်ယောက်ကို တိုက်ထဲတွင်လူမသိသူမသိသတ်ခဲ့ပုံကို အတုယူမှားနိုင်၍ ထိန်ချန်လိုက်ပါတယ်
နောက် မြောင်အကြီးအကဲကိုယ်တိုင်က မြှုပ်ကွက်တစ်ခုထားခိုင်းခဲ့ပါတယ်
စပ်နွံ နဲ့ပတ်သတ်တဲ့လူနှစ်ယောက် မြန်မာပြည်တွင် အသက်ရှင်နေထိူင်ဆဲဖြစ်လို့ပါ) KMT ၂၀၁၆ ခုနှစ်က မှတ်တမ်းတင်ခဲ့သည်
မူရင်းရေးသူ ကိုကျော်ထက်လင်း
KyawHtetLin