ဆန္ေရကေလး တစ္ပြက္(ဘာပဲျဖစ္ေနေန အေမဟာအေမပါပဲ)
Zaw Gyi
ဆန္ေရကေလး…တစ္ပြက္
နႏၵာမိုးၾကယ္
“လူေလး…အဲ့ဒါ မင္းရဲ႕ အေမပဲ။ သြား…သြားေလ။ အနားကို တိုးသြားလိုက္ေလ လူေလးရဲ႕”
အေဖက တြန္းတြန္းတိုက္တိုက္ စကားဆိုလင့္ကစား ကြၽန္ေတာ္ကမူ အင္းမလုပ္ အဲမလုပ္။
ေရွ႕တူ႐ူတြင္ ျမင္ေတြ႕ေနရေသာ ျမင္ကြင္းကိုပဲ မ်က္ေတာင္ခတ္ရမွာ ေမ့ေလ်ာ့ေနဘိသည့္အလား စူးစူးစိုက္စိုက္ပင္ ေငးၾကည့္ေနမိသည္။
အလင္းေရာင္ အျပည့္အဝမရွိသည့္ အခန္းကေလးတစ္ခန္းအတြင္းရွိ သင္ျဖဴးဖ်ာေဟာင္းကေလး
တစ္ခ်ပ္အေပၚမွာေတာ့ ကြၽန္ေတာ့္အေမဟု ရည္ၫႊန္းျခင္းခံရေသာ ပိန္လွီေဖ်ာ့ေတာ့ကာ အသက္ကို ခပ္မွ်ဥ္းမွ်ဥ္းကေလး ရႉေနရရွာသူတစ္ဦး။
ပတ္ဝန္းက်င္ နံေဘးမွာေတာ့ အေဖ၊ ကြၽန္ေတာ္ႏွင့္ အိပ္ရာထက္၌ ေသေကာင္ေပါင္းလဲျဖစ္ေနေသာ လူမမာ။
ဇာတ္ေဆာင္သုံးဦးကို ညႇိဳးငယ္စြာျဖင့္ ၾကည့္ေနၾကေသာ မ်က္ဝန္းမ်ား။
“ေအးေမ…ေအးေမ၊ ငါ ေျပာေနတာ ၾကားတယ္ မဟုတ္လားဟင္…။
ခု မင္းသိပ္ေတြ႕ခ်င္ေနပါတယ္ဆိုတဲ့ မင္းရဲ႕ သားေလးေရာက္လာၿပီ ေလကြယ္။ မ်က္လုံးဖြင့္ၿပီး အားပါးတရႀကီး ၾကည့္လိုက္စမ္းပါကြယ္။ ၾကည့္လိုက္စမ္းပါ…”
အေဖ့အသံက အေတာ္ကေလးပင္ မခ်ိတင္ကဲ ျဖစ္ေနသည္။
သည္အခ်ိန္၌ ကြၽန္ေတာ္၏ စိတ္ထဲ၌ ဖ်ာေဟာင္းကေလးထက္ ေသေကာင္ေပါင္းလဲ ျဖစ္ေနသူထက္
ေယာက္်ားရင့္မႀကီးျဖစ္ေသာ အေဖ့ကိုပဲ သနားဂ႐ုဏာျဖစ္မႈက ပို၍ လႊမ္းေနခဲ့သည္။
အတိတ္အေၾကာင္းကို သူ ေတြးၾကည့္သည္။
ေပၚလာသည့္ ပုံရိပ္ေတြက ထင္တေရးေရး။ ၿပီးေတာ့…ဝိုးတိုးဝါးတား။
သည္တုန္းက ကြၽန္ေတာ္၏ အသက္မွာ ေလးႏွစ္ခန္႔သာ ရွိေပလိမ့္ဦးမည္။
အဲ့သည္ကာလတစ္ေန႔တာမွာေတာ့ … ဘာေတြ ဘယ္လိုျဖစ္ကုန္ေလသည္ မသိ။ ခါတိုင္း … စည္ေဝညံစာေနခဲ့ေသာ ကြၽန္ေတာ္တို႔၏ အိမ္ေဂဟာသည္ ေသြ႕ေျခာက္လြန္းမက ေသြ႕ေျခာက္ေနေတာ့သည္။
မိုက္လိုက္တဲ့ေအးေမ။ ဒင္းေတာ့လား … ရွာလို႔ ေတြပေစဦး၊ ေတြ႕တာနဲ႔ အေရခြံကို ဆုပ္ပစ္ထည့္လိုက္မယ္…”
“ဟုတ္ပကြယ္ …၊ မိဘေဆြမ်ိဳး အသိုင္းအဝိုင္းကို သင္းမို႔ အိုးမည္းသုတ္သြားရက္တယ္။
မိုက္လိုက္တာကြယ္ … မိုက္လိုက္တာ။
ဟိုေကာင္ ၫြန္႔တင္ကလည္း သားေရေပၚအိပ္ သားေရနား စားတဲ့ေကာင္။ ေက်းဇူးရွင္ကိုမွ ေက်းဆြတ္ရက္တယ္ …။
သင္းတို႔ … ဘယ္အထိ ေျပးၾကမလဲ …၊ ဘယ္ေလာက္ေတာင္ ပုန္းႏိုင္မလဲ…။ ေျပးၾကစမ္း … ပုန္းၾကစမ္း…၊ ေအး … မိလို႔ကေတာ့ …
ေဟ့ေကာင္ ေအာင္ဒင္၊ ၫြန္႔တင္ကို မယားခိုးမႈနဲ႔ ေထာင္ထဲကို တစ္ခါတည္း တန္းသာ ပို႔လိုက္ေပေတာ့ …”
အဘိုးအဘြားတို႔၏ စကားမ်ားကို ၾကားသာၾကား ေနရသည္။ ကြၽန္ေတာ့္အဖို႔ရာေတာ့ လုံးေစ့ ပတ္ေစ့ နားမလည္ခဲ့။
နားလည္တာဆိုလို႔ အဲ့သည့္ေနမွ အစျပဳ၍ အေမ့ကို မေတြ႕ရေတာ့ျခင္းပါတည္း။
“စိတ္ကို ေလွ်ာလိုက္ၾကပါေတာ့ အေဖတို႔၊ အေမတို႔ရယ္။ ေအးေမနဲ႔ ကြၽန္ေတာ့္ဘဝက ဆန္ဆုံတုန္းကလည္း စားခဲ့ၾကၿပီးပါၿပီ။
ခု … ကံကုန္ေတာ့လည္း သြားၾကတာပဲ မဟုတ္လား။ လူဆိုတာ … သူ႔အေၾကာင္းနဲ႔သူမို႔ ေအးေမကို ကြၽန္ေတာ္ အျပစ္မတင္ေတာ့ပါဘူး။
ကြၽန္ေတာ့္ အေပၚ ေမတၱာစိတ္ခန္းလို႔ ဘသူ႔ ေမတၱာလႊမ္းတဲ့ သူရင္းငွါး ၫႊန္႔တင္နဲ႔ လိုက္သြားခဲ့တာ ဘဝ ဘဝ က ပ႒ာန္းဆက္ေတြပါလာလို႔ပဲ သေဘာထား လိုက္ပါတယ္ ခင္ဗ်ာ…”
“မင္းဘက္က အဲလို သေဘာထားႀကီးေလ … ဟိုေကာင္မကို အမႈန္႔ေခ်ခ်င္ေလပဲေဟ့ …”
“ထားလိုက္ပါေတာ့ အေဖရယ္။ ျပဳသူမွာ အသစ္၊ ျဖစ္သူမွာ အေဟာင္းတဲ့။
ကြၽန္ေတာ္ စိတ္မေကာင္းတာက ေရနည္းငါးလို ျဖစ္သြားရရွာတဲ့ … ေဟာဒီက ကြၽန္ေတာ့္ သားကေလးပါပဲ …”
“ဒါေပမယ့္ … ကြၽန္ေတာ့္ သားကေလးကို မ်က္ႏွာမငယ္ေစရဘူး၊
အေဖတို႔ မိခင္ေမတၱာေပ်ာက္ ရွသြားရေပမယ့္ ဖခင္ေမတၱာကို အျပည့္အဝရေစရမယ္ …”
အေဖ့အသံက လႈိက္လႈိက္လွဲလွဲ။
သည္ကတည္းကပင္ အေဖသည္ သူ႔အတြက္ အသက္ရွင္ေနသည္ဟု သေဘာမထားေတာ့။ မိခင္၏ စြန္႔သြားျခင္းခံရသည့္ ကြၽန္ေတာ့္အတြက္ကိုပဲ အေဖ့ဘဝဟု ခံယူလိုက္ဟန္တူသည္။ ေနာက္ထပ္ အိမ္ေထာင္ျပဳဖို႔ ဆိုသည္မွာ ေဝးလာ … ေဝး။
ကြၽန္ေတာ္ ဘာေတြ လိုအပ္ေနပါသနည္း။
အေမ တာဝန္မဲ့ခဲ့သေလာက္ အေဖသည္ တာဝန္ ေက်လြန္းမက ေက်ေနေတာ့သည္။ အေဖ့စိတ္ ထဲမွာ သားကေလး ကြၽန္ေတာ့္အတြက္ ဘာေတြလုပ္ေပးရပါမည္နည္းဟူ၍သာ အေတြး ရွိေနခဲ့သည္။ ကြၽန္ေတာ့္ဘဝ မ်က္ႏွာမငယ္ရေရးသည္ သူ႔တာဝန္ဟူ၍ အေဖ ခံယူထားခဲ့သည္။
သည္ေတာ့လည္း အေဖႏွင့္ ကြၽန္ေတာ္၊ ကြၽန္ေတာ္ႏွင့္ အေဖသည္ ႏွစ္ဦးေပါင္းေတာ့ ဘဝတစ္ခု ျဖစ္လာခဲ့ရသည္။ စာသင္သား ဘဝ၌ “မိခင္ ေမတၱာ” တို႔၊ “မိခင္ ေက်းဇူး”တို႔ကို စာစီမကုံးတတ္ေသာ္ျငား …” ေဖေဖ”တို႔၊ “ဖခင္ ေက်းဇူး”တို႔ဆိုလွ်င္ အေတြးသြက္မွ … သြက္၊ အေရးညက္မွ … ညက္။
ယခုဆိုလွ်င္ အေဖ၏ ေက်းဇူးတရားေၾကာင့္ အတန္းစာေတြ တတ္လ်က္ လူတစ္လုံး သူတစ္လုံး ျဖစ္လာခဲ့ပါၿပီ။ အစိုးရစပါးအဝယ္ဒိုင္တစ္ ခု၌ မန္ေနဂ်ာရာထူးျဖင့္ တင့္ေတာင့္တင့္တယ္ ျဖစ္လာရျခင္းမွာ အေဖ၏ ေက်းဇူးတရားမွ လြဲ၍ အျခားမည္သည့္အရာ ရွိပါလိမ့္မည္နည္း။
ထိုအခါ အေဖ့ကို တစ္ျပန္တစ္လဲ ျပဳစုခြင့္ရေတာ့သည္။
“လူေလး … အိမ္ေထာင္ျပဳဖို႔ အခ်ိန္တန္ၿပီ။ အိမ္ေထာင္ ျပဳပါေတာ့လားကြယ္ …”
တစ္ခါတစ္ရံ အေဖ့ႏႈတ္မွ ဤသို႔ ဆိုတတ္သည္။ ထိုစကားၾကားရလွ်င္ ကြၽန္ေတာ္ တင္းခနဲ ျဖစ္သြားတတ္သည္ကိုလည္း အေဖသတိျပဳမိဟန္တူသည္။
“ဘာလဲ… လူကေလးက မင္းအေမလို မိန္းမမ်ိဳးနဲ႔ ေတြ႕မွာ စိုးလို႔ မဟုတ္လား။ သည္လိုလည္း တရားေသ ေလွနံဓားထစ္ မမွတ္နဲ႔ေလ။
လူတိုင္း လူတိုင္းမွာ သူ႔အေၾကာင္းတရားနဲ႔ … သူ၊ ရွိတတ္ၾကတာခ်ည္းပါပဲကြယ္။ အေဖ့အေၾကာင္းတရားနဲ႔ လူေလးရဲ႕ အေၾကာင္းတရားတို႔ဆိုတာ တျခား စီရယ္ပါကြယ္…”
“ဟင့္အင္း … ကြၽန္ေနာ္ကေတာ့ အေဖ့တစ္သက္ အိမ္ေထာင္ျပဳဖို႔ စဥ္းစားခ်င္စိတ္ မရွိပါဘူး။ အေဖ့ကို ဘယ္လိုျပဳစုရင္ ေကာင္းမလဲလို႔ပဲ အၿမဲ ေတြးေနမိတာပါ …”
“ေၾသာ္ … လူေလးရယ္ …”
အေဖ့ ညည္းတြားသံကေလးကို နားလည္လင့္ကစား တိက်ေသခ်ာေသာ အဓိပၸါယ္ကိုမူ ကြၽန္ေတာ္ မဖြင့္ဆိုတတ္ပါေခ်။
ေႏြကာလ … မ်ားစြာ
မိုးကာလ … မ်ားစြာ
ေဆာင္းကာလ … မ်ားစြာ။
ကာလမ်ားစြာကို ျဖတ္သန္းအၿပီးမွာေတာ့ ဘယ္လိုမွ ေမွ်ာ္လင့္မထားခဲ့ေသာ ကံၾကမၼာက ကြၽန္ေတာ္တို႔ သားအဖ၏ ႏွစ္ဦးသားဘဝကို ႐ိုက္ခတ္လာခဲ့ပါၿပီေကာ။
ေဆြရိပ္မ်ိဳးရိပ္ မကင္းေသာ အိမ္တစ္အိမ္၌ ေဒၚေအးေမ ေရာက္ေနေၾကာင္း၊ ဦးေအာင္ဒင္တို႔ သားအဖထံ မလာရဲပါေၾကာင္း စသည့္သတင္းစကားက လူခ်င္းေဆာင္ရင္း ကြၽန္ေတာ္တို႔ သားအဖထဲ ေရာက္လာခဲ့သည္။
ထိုအခါ ကြၽန္ေတာ္၏ စိတ္အာ႐ုံက အဘိုးအဘြားတို႔ထံ ဖ်တ္ခနဲ ေရာက္ရွိသြားခဲ့သည္။ အကယ္တႏၲဳ အဘိုးအဘြားတို႔သာ သက္ရွိထင္ရွားရွိေနပါက မိဘေဆြမ်ိဳး သားခ်င္းတို႔အား အိုးမည္းသုတ္သြားခဲ့ေလေသာ ေဒၚေအးေမခမ်ာ သက္သာရာ ရလိမ့္မည္ မထင္ေပ။
သို႔ေသာ္ျငား အဘိုးႏွင့္အဘြားသည္ မၾကာမတင္ေသာ ကာလတစ္ခုကပင္ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ကြယ္လြန္တိမ္းပါး သြားခဲ့ၾကၿပီပင္။
“ေဒၚေအးေမ … တစ္ေယာက္ သနားပါတယ္ဟယ္ …၊ ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့တာ။ ျပန္ေပၚမယ့္ ေပၚလာေတာ့လည္း မ်က္ႏွာကို မနည္း ဖမ္းၾကည့္ရတယ္ …။ စုတ္ျပတ္သြားလိုက္တာ …”
“ဒါနဲ႔ … ေနပါဦး၊ သူ႔အေကာင္ သားေရေပၚအိပ္၊ သားေရနားစား – သူရင္းငွါး ၫြန္႔တင္ေရာ…”
“ေလာင္းကစားဝိုင္းတစ္ခုမွာ ဖဲလိမ္႐ိုက္တာ ပက္ပင္းမိလို႔ ဓားထိုးခံရၿပီး ေသရွာပါပေကာ။ ေဒၚေအးေမ ပါလာခဲ့သမွ် အထုပ္အထည္ေတြလည္း သိုက္သမား ၫြန္႔တင္၊ ဖဲသမား ၫြန္႔တင္ေၾကာင့္ ျဖဴကာ ျပာကာ က်ခဲ့ပါေရာလား …”
“ေၾသာ္ … ကံဆိုးလိုက္တဲ့ ေဒၚေအးေမႏွယ္ …၊ တကယ္လို႔သာ သေဘာျဖဴအူစင္း လူေကာင္းသူေကာင္းႀကီး ဦးေအာင္ဒင္နဲ႔သာ ႐ိုးေျမက်ေပါင္းဖက္သြားမယ္ဆိုရင္ အခုဆိုရင္ ဘယ္ေလာက္ေတာင္ ေအးၿငိမ္းလိုက္မလဲ …၊ သားအလိမၼာေလးကလည္း ျပဳစုလိုက္မယ့္ျဖစ္ျခင္း …”
“သည္သတင္းၾကားေတာ့ … ဦးေအာင္ဒင္ႀကီးက သူ႔မိန္းမေဟာင္း ေဒၚေအးေမကို သြားေတြ႕တယ္တဲ့ …”
“သေဘာထား တကယ္ႀကီးတဲ့ ဦးေအာင္ဒင္ပဲေနာ္လ…”
သည္သတင္းစကားေတြက တစ္႐ြာလုံး ပ်ံ႕သြားၿပီးမွသာ ကြၽန္ေတာ့္နားထဲ ေရာက္ေတာ့သည္။ ၾကားသိရသာ သတင္းစကားေတြေၾကာင့္ အေဖ့ကို ေမးၾကည့္ေတာ့ အေထကလည္း… မျငင္း။
“ဟုတ္တယ္ လူေလး။ လူေလးကို အေဖ မညာပါဘူး။ လူေလးရဲ႕ အေမကို အေဖသြားေတြ႕ခဲ့ပါတယ္ …”
“အေဖရယ္ …၊ ဘာျဖစ္လို႔ သြားေတြ႕ရတာတဲ့ တုန္း …”
“ဘာ … ဘာ … ဘာေျပာတယ္ လူေလး ”
ကြၽန္ေတာ့္စကားေၾကာင့္ အေဖ့အမူအရာ တစ္မ်ိဳး ျဖစ္သြားခဲ့သည္။
“အေဖတို႔၊ ကြၽန္ေတာ္တို႔ကို မခင္တြယ္ဘဲ စြန္႔ခြာ ထြက္သြားတဲ့ သူကို ဘာျဖစ္လို႔ အေရးအရာလုပ္ သြားေတြ႕ရသလဲလို႔ ေမးတာ…”
“ေၾသာ္ … လူကေလးရယ္။ ေအးေမဟာ … တျခားသူမွ မဟုတ္ဘဲကြယ္။ အေဖ့ရဲ႕ ဇနီးေဟာင္းဆိုတာကို အေဖ သင္ပုန္းေခ် ေမ့လို႔ ရႏိုင္ေပမယ့္ “ေအးေမဟာ … လူေလးရဲ႕ အေမ၊ ဆိုတဲ့ အသိေၾကာင့္ အေဖ သြားခဲ့မိတာပဲ လူကေလး”
အေဖ့စကားထဲမွ “လူကေလးရဲ႕ … အေမ”ဆိုသည့္ စကားလုံးက ထင္မွတ္မထားပါဘဲႏွင့္ ကြၽန္ေတာ့္ရင္အစုံက္ု တည့္မတ္စြာ ထိခတ္သြားခဲ့သည္။
“အေမ … အေမ…၊ လူကေလးရဲ႕ အေမ၊ အဲ့ဒါ … ငါ့အေမတဲ့ …၊ ငါ့အေမဟာ … ဘယ္လို ပုံပန္းရွိပါလိမ့္။ ငါနဲ႔ေကာ တူေနသလား …”
ဘယ္လို ဘယ္ပုံ ျဖစ္သည္မသိ။ ႏွစ္ေပါင္းမ်ားစြာ တင္းခ်ည္ေနခဲ့ေသာ ႀကိဳးေတြက ေလ်ာခ်င္သလိုလို ျဖစ္သြားခဲ့ရသည္။ အေဖ့အေပၚ အျပစ္တင္စကားမိုးတို႔ သြန္းခ်မည္ဟု ႀကံ႐ြယ္ထားသမွ်သည္ ထစ္ခ်ဳန္းၿပီးမွ မ႐ြာေသာ မိုးျဖစ္သြားခဲ့ေလသည္။
“လူကေလးရယ္ …၊ မင္းရဲ႕အေမက သိပ္ၿပီး ေမွ်ာ္လင့္ခ်င္ မရွိေတာ့ပါဘူး။ သည္အခ်ိန္ဟာ လူေလးအတြက္ေတာ့ အခြင့္အေရးရရွိတဲ့ ေနာက္ဆုံးအခ်ိန္ပဲ။
လူေလးရဲ႕ တစ္သက္တာမွာ ဒီလို အခြင့္အေရးရဖို႔ မလြယ္ေတာ့ဘူး …။ သည္ေတာ့ လူေလးရဲ႕ အေမကို သြားေတြ႕ေစခ်င္တယ္ကြယ္။ ေအးေမကလည္း လူေလးကိုပဲ တမ္းတေနပါတယ္ …”
အေဖ့အသံမွာ တုန္ယင္ လႈိင္းခတ္ေနခဲ့သည္။ ဤတြင္ ကြၽန္ေတာ့္အား ခ်ီပိုးထိန္းေက်ာင္းခဲ့သည့္ ေဒၚေလးကလည္း ေျပာရွာသည္။
“သြားေတြ႕လိုက္ပါ လူေလးရယ္။ မေအးေမလထမ်ာမွာလည္း သူ႔လုပ္ရပ္အမွားကို သူသိေနခဲ့တဲ့အတြက္ ႐ြာထဲကိုေတာင္မွ မလာရဲရွာပါဘူးကြယ္။
လူေလးရဲ႕ အေဖက သေဘာထားႀကီးစြာနဲ႔ ခြင့္လႊတ္စကားဆိုခဲ့တယ္။ အဲဒါ … လူေလးလည္း … လူေလးရဲ႕ အေမကို ခြင့္လြတ္ေစခ်င္တယ္။ လူေလးကိုလည္း ခြင့္လႊတ္ေပးဖို႔ရာ ေတာင္းပန္ေပါ့ကြယ္ …”
“ဗ်ာ … ဘယ္လိုေျပာလိုက္တာလည္း ႀကီးႀကီးရယ္…၊ ကြၽန္ေတာ္က သူ႔ကို ခြင့္လႊတ္ပါလို႔ ေတာင္းပန္ရေအာင္ ဘာအျပစ္ေတြမ်ား သူ႔အေပၚ က်ဴးလြန္မိခဲ့လို႔လဲ…။
တကယ္ဆို သူက သူ႔အေပၚခြင့္လႊတ္ပါလို႔ ေျပာရင္ ဟုတ္ပါတယ္၊ ဟုတ္ပါတယ္လို႔ ဆိုရေအာင္ သူပဲ ကြၽန္ေတာ့္ကို စြန္႔ပစ္ခဲ့တယ္ မဟုတ္ဘူးလား။
ကြၽန္ေတာ္ ခုလိုမ်ိဳး လူတစ္လုံး သူတစ္လုံး ျဖစ္လာရေအာင္ျပဳစုပ်ိဳးေထာင္ခဲ့၊ အနစ္နာခံခဲ့ရတာ အေဖမွ အေဖပါ ႀကီးႀကီးရယ္။
ဒါနဲ႔ေတာင္ ကြၽန္ေတာ္က ေတာင္းပန္ရဦးမွာတဲ့လား။ သူ႔အျပစ္ေတြအတြက္ ခြင့္လႊတ္ပါတယ္ဆိုရင္ ေတာ္ေရာေပါ့ ႀကီးႀကီးရယ္ …”
“မဟုတ္ေသးဘူး လူေလး … မဟုတ္ေသးဘူး။ မေအးေမဟာ ဘာေတြ ဘယ္လိုပဲ ျဖစ္ခဲ့ ျဖစ္ခဲ့ … လူေလးရဲ႕ အေမပါပဲ။
အေမဟာ အေမမပီသခဲ့လို႔ ေတာင္းပန္စရာ မလိုဘူးလို႔ အသိတရားစြဲသြားခဲ့ရင္ မဆုံးႏိုင္တဲ့ သံသရာ ခရီးရွည္ႀကီးကို ဆက္ရလိမ့္ဦးမယ္ လူေလး။ ႀကီးႀကီးေတာ့ သည္ထက္ပိုၿပီး လူေလးကို မေျပာ တတ္ေတာ့ဘူးကြယ္ …”
“လူေလးရယ္ … အေဖေျပာတာကို နားေထာင္ပါဦး။ တကယ္ဆိုရင္ ေအးေမဟာ လူေလးကို အခုအ႐ြယ္ထိ ျပဳစုေစာင့္ေရွာက္မႈ ပ်က္ယြင္းခဲ့ေပမယ့္ ကိုးလလြယ္ … ဆယ္လ ေမြးခဲ့ရတယ္ေလ …။
ကိုယ္ဝန္ရွိကတည္းက ေစာင့္ေရွာက္ခဲ့တာ လူေလး… ေလးႏွစ္သားအ႐ြယ္ထိ မဟုတ္လား။ သည္ေတာ့ ေက်းဇူးမရွိဘူးလို႔ ဆိုႏိုင္မွာတဲ့လား …။
ခုနတုန္းက လူေလးရဲ႕ စကားေတြဟာ အင္မတန္ အျပစ္ႀကီးပါတယ္။ မွားေနတဲ့လူဟာ မွားမွန္းသိလို႔ ဝန္ခ်ေတာင္းပန္ရင္ ေက်ေအးရစၿမဲပါ။ ဒါမွလည္း သံသရာက ကင္းျပတ္ မွာပါ။ ခုဆိုရင္ လူေလးရဲ႕ အေမဟာ ေနာက္ဆုံး အခ်ိန္ေရာက္ေနပါၿပီ။ အေဖ ေျပာခ်င္တာဟာ ဒါပါပဲ သားရယ္ …”
အေဖ့အသံတို႔ တိမ္ဝင္သြားခဲ့ၿပီ။ ႀကီးႀကီးလည္း တရႈံ႕ရႈံ႕ျဖစ္ေနခဲ့ပါၿပီ။
ကြၽန္ေတာ္သည္လည္း …
အလင္းေရာင္ အျပည့္အဝမရွိသည့္ အခန္းကေလးတစ္ခန္းအတြင္းရွိ သင္းျဖဴဖ်ာေဟာင္း ကေလးတစ္ခ်ပ္အေပၚမွာေတာ့ ပိန္လွီေဖ်ာ့ေတာ့ေနသည့္ အေမသည္ အသက္ကို ခပ္မွ်ဥ္းမွ်ဥ္းကေလး ရႉေနရရွာသည္။
“ေအးေမ … ေအးေမ၊ ငါ ေျပာေနတာ ၾကားတယ္ မဟုတ္လား ဟင္။ ခု … မင္းသိပ္ေတြ႕ေနခ်င္ပါတယ္ဆိုတဲ့ မင္းရဲ႕သားကေလး ေရာက္လာၿပီေလကြယ္။ မ်က္လုံးဖြင့္ၿပီး အားပါးတရႀကီး ၾကည့္လိုက္စမ္းပါကြယ္ … ၾကည့္လိုက္စမ္းပါ …”
အေဖ့ အသံက မခ်ိတင္ကဲ …။
ထိုစဥ္ အေမ့မ်က္လုံးအစုံတို႔ ပြင့္လာသည္။
ႏႈတ္ခမ္းအစုံကလည္း ဖြဖြကေလး ပြင့္လာသည္။
“သား … သား … လူကေလး … ”
“အ … ေမ ”
“သား … လူေလး …”
“အေမ …၊ သားေလး အေမ့ကို ခြင့္လႊတ္ပါတယ္။ အေမ့အေပၚ အျပစ္ေတြရွိရင္လည္း သားကို ခြင့္လႊတ္ပါ…”
အေမ့လက္တစ္စုံကို ဆုပ္ကိုင္ရင္း ေျပာဆိုေနမိေသာ ကြၽန္ေတာ့္ လက္အစုံမွာလည္း တုန္တုန္ယင္ယင္။
“ခြင့္ … လႊတ္ … ပါ … တယ္ … လူ … ေလး … ရယ္ …။ အေမ … ဝမ္း … သာလိုက္ … တာ …”
“ဟင္ …”
အေမ့ႏႈတ္ခမ္းအစုံတို႔က ၿပဳံးေယာင္သမ္းလာသည္။
ၿပီးေတာ့ … တိမ္ဝင္သြားခဲ့ၿပီ။
ၿပီးေတာ့ … ။
ကြၽန္ေတာ္ ေဆာက္တည္ရာ မရေတာ့ …။
စီးက်လာေသာ မ်က္ရည္ေတြကိုလည္း မသုတ္အားေတာ့။
အာေခါင္ထဲမွ ျခစ္ထုတ္ထြက္ေပၚလာေသာ အသံတို႔က နဘယံ ခ်ဳန္းသြားေလၿပီလား … မသိတတ္ေတာ့။
“အေမ … အ … ေမ ”
Crd # နႏၵာမိုးၾကယ္
Unicode
ဆန်ရေကလေး…တစ်ပွက်
နန္ဒာမိုးကြယ်
“လူလေး…အဲ့ဒါ မင်းရဲ့ အမေပဲ။ သွား…သွားလေ။ အနားကို တိုးသွားလိုက်လေ လူလေးရဲ့”
အဖေက တွန်းတွန်းတိုက်တိုက် စကားဆိုလင့်ကစား ကျွန်တော်ကမူ အင်းမလုပ် အဲမလုပ်။ ရှေ့တူရူတွင် မြင်တွေ့နေရသော မြင်ကွင်းကိုပဲ မျက်တောင်ခတ်ရမှာ မေ့လျော့နေဘိသည့်အလား စူးစူးစိုက်စိုက်ပင် ငေးကြည့်နေမိသည်။
အလင်းရောင် အပြည့်အဝမရှိသည့် အခန်းကလေးတစ်ခန်းအတွင်းရှိ သင်ဖြူးဖျာဟောင်းကလေး တစ်ချပ်အပေါ်မှာတော့ ကျွန်တော့်အမေဟု ရည်ညွှန်းခြင်းခံရသော ပိန်လှီဖျော့တော့ကာ အသက်ကို ခပ်မျှဉ်းမျှဉ်းကလေး ရှူနေရရှာသူတစ်ဦး။
ပတ်ဝန်းကျင် နံဘေးမှာတော့ အဖေ၊ ကျွန်တော်နှင့် အိပ်ရာထက်၌ သေကောင်ပေါင်းလဲဖြစ်နေသော လူမမာ။ ဇာတ်ဆောင်သုံးဦးကို ညှိုးငယ်စွာဖြင့် ကြည့်နေကြသော မျက်ဝန်းများ။
“အေးမေ…အေးမေ၊ ငါ ပြောနေတာ ကြားတယ် မဟုတ်လားဟင်…။ ခု မင်းသိပ်တွေ့ချင်နေပါတယ်ဆိုတဲ့ မင်းရဲ့ သားလေးရောက်လာပြီ လေကွယ်။ မျက်လုံးဖွင့်ပြီး အားပါးတရကြီး ကြည့်လိုက်စမ်းပါကွယ်။ ကြည့်လိုက်စမ်းပါ…”
အဖေ့အသံက အတော်ကလေးပင် မချိတင်ကဲ ဖြစ်နေသည်။
သည်အချိန်၌ ကျွန်တော်၏ စိတ်ထဲ၌ ဖျာဟောင်းကလေးထက် သေကောင်ပေါင်းလဲ ဖြစ်နေသူထက် ယောက်ျားရင့်မကြီးဖြစ်သော အဖေ့ကိုပဲ သနားဂရုဏာဖြစ်မှုက ပို၍ လွှမ်းနေခဲ့သည်။
အတိတ်အကြောင်းကို သူ တွေးကြည့်သည်။
ပေါ်လာသည့် ပုံရိပ်တွေက ထင်တရေးရေး။ ပြီးတော့…ဝိုးတိုးဝါးတား။
သည်တုန်းက ကျွန်တော်၏ အသက်မှာ လေးနှစ်ခန့်သာ ရှိပေလိမ့်ဦးမည်။
အဲ့သည်ကာလတစ်နေ့တာမှာတော့ … ဘာတွေ ဘယ်လိုဖြစ်ကုန်လေသည် မသိ။ ခါတိုင်း … စည်ဝေညံစာနေခဲ့သော ကျွန်တော်တို့၏ အိမ်ဂေဟာသည် သွေ့ခြောက်လွန်းမက သွေ့ခြောက်နေတော့သည်။
မိုက်လိုက်တဲ့အေးမေ။ ဒင်းတော့လား … ရှာလို့ တွေပစေဦး၊ တွေ့တာနဲ့ အရေခွံကို ဆုပ်ပစ်ထည့်လိုက်မယ်…”
“ဟုတ်ပကွယ် …၊ မိဘဆွေမျိုး အသိုင်းအဝိုင်းကို သင်းမို့ အိုးမည်းသုတ်သွားရက်တယ်။ မိုက်
လိုက်တာကွယ် … မိုက်လိုက်တာ။ ဟိုကောင် ညွန့်တင်ကလည်း သားရေပေါ်အိပ် သားရေနား စားတဲ့ကောင်။ ကျေးဇူးရှင်ကိုမှ ကျေးဆွတ်ရက်တယ် …။
သင်းတို့ … ဘယ်အထိ ပြေးကြမလဲ …၊ ဘယ်လောက်တောင် ပုန်းနိုင်မလဲ…။ ပြေးကြစမ်း … ပုန်းကြစမ်း…၊ အေး … မိလို့ကတော့ … ဟေ့ကောင် အောင်ဒင်၊ ညွန့်တင်ကို မယားခိုးမှုနဲ့ ထောင်ထဲကို တစ်ခါတည်း တန်းသာ ပို့လိုက်ပေတော့ …”
အဘိုးအဘွားတို့၏ စကားများကို ကြားသာကြား နေရသည်။ ကျွန်တော့်အဖို့ရာတော့ လုံးစေ့ ပတ်စေ့ နားမလည်ခဲ့။
နားလည်တာဆိုလို့ အဲ့သည့်နေမှ အစပြု၍ အမေ့ကို မတွေ့ရတော့ခြင်းပါတည်း။
“စိတ်ကို လျှောလိုက်ကြပါတော့ အဖေတို့၊ အမေတို့ရယ်။ အေးမေနဲ့ ကျွန်တော့်ဘဝက ဆန်ဆုံတုန်းကလည်း စားခဲ့ကြပြီးပါပြီ။
ခု … ကံကုန်တော့လည်း သွားကြတာပဲ မဟုတ်လား။ လူဆိုတာ … သူ့အကြောင်းနဲ့သူမို့ အေးမေကို ကျွန်တော် အပြစ်မတင်တော့ပါဘူး။
ကျွန်တော့် အပေါ် မေတ္တာစိတ်ခန်းလို့ ဘသူ့ မေတ္တာလွှမ်းတဲ့ သူရင်းငှါး ညွှန့်တင်နဲ့ လိုက်သွားခဲ့တာ ဘဝ ဘဝ က ပဋ္ဌာန်းဆက်တွေပါလာလို့ပဲ သဘောထား လိုက်ပါတယ် ခင်ဗျာ…”
“မင်းဘက်က အဲလို သဘောထားကြီးလေ … ဟိုကောင်မကို အမှုန့်ချေချင်လေပဲဟေ့ …”
“ထားလိုက်ပါတော့ အဖေရယ်။ ပြုသူမှာ အသစ်၊ ဖြစ်သူမှာ အဟောင်းတဲ့။ ကျွန်တော် စိတ်မကောင်းတာက ရေနည်းငါးလို ဖြစ်သွားရရှာတဲ့ … ဟောဒီက ကျွန်တော့် သားကလေးပါပဲ …”
“ဒါပေမယ့် … ကျွန်တော့် သားကလေးကို မျက်နှာမငယ်စေရဘူး၊ အဖေတို့ မိခင်မေတ္တာပျောက် ရှသွားရပေမယ့် ဖခင်မေတ္တာကို အပြည့်အဝရစေရမယ် …”
အဖေ့အသံက လှိုက်လှိုက်လှဲလှဲ။
သည်ကတည်းကပင် အဖေသည် သူ့အတွက် အသက်ရှင်နေသည်ဟု သဘောမထားတော့။ မိခင်၏ စွန့်သွားခြင်းခံရသည့် ကျွန်တော့်အတွက်ကိုပဲ အဖေ့ဘဝဟု ခံယူလိုက်ဟန်တူသည်။ နောက်ထပ် အိမ်ထောင်ပြုဖို့ ဆိုသည်မှာ ဝေးလာ … ဝေး။
ကျွန်တော် ဘာတွေ လိုအပ်နေပါသနည်း။
အမေ တာဝန်မဲ့ခဲ့သလောက် အဖေသည် တာဝန် ကျေလွန်းမက ကျေနေတော့သည်။ အဖေ့စိတ် ထဲမှာ သားကလေး ကျွန်တော့်အတွက် ဘာတွေလုပ်ပေးရပါမည်နည်းဟူ၍သာ အတွေး ရှိနေခဲ့သည်။ ကျွန်တော့်ဘဝ မျက်နှာမငယ်ရရေးသည် သူ့တာဝန်ဟူ၍ အဖေ ခံယူထားခဲ့သည်။
သည်တော့လည်း အဖေနှင့် ကျွန်တော်၊ ကျွန်တော်နှင့် အဖေသည် နှစ်ဦးပေါင်းတော့ ဘဝတစ်ခု ဖြစ်လာခဲ့ရသည်။ စာသင်သား ဘဝ၌ “မိခင် မေတ္တာ” တို့၊ “မိခင် ကျေးဇူး”တို့ကို စာစီမကုံးတတ်သော်ငြား …” ဖေဖေ”တို့၊ “ဖခင် ကျေးဇူး”တို့ဆိုလျှင် အတွေးသွက်မှ … သွက်၊ အရေးညက်မှ … ညက်။
ယခုဆိုလျှင် အဖေ၏ ကျေးဇူးတရားကြောင့် အတန်းစာတွေ တတ်လျက် လူတစ်လုံး သူတစ်လုံး ဖြစ်လာခဲ့ပါပြီ။ အစိုးရစပါးအဝယ်ဒိုင်တစ် ခု၌ မန်နေဂျာရာထူးဖြင့် တင့်တောင့်တင့်တယ် ဖြစ်လာရခြင်းမှာ အဖေ၏ ကျေးဇူးတရားမှ လွဲ၍ အခြားမည်သည့်အရာ ရှိပါလိမ့်မည်နည်း။
ထိုအခါ အဖေ့ကို တစ်ပြန်တစ်လဲ ပြုစုခွင့်ရတော့သည်။
“လူလေး … အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ။ အိမ်ထောင် ပြုပါတော့လားကွယ် …”
တစ်ခါတစ်ရံ အဖေ့နှုတ်မှ ဤသို့ ဆိုတတ်သည်။ ထိုစကားကြားရလျှင် ကျွန်တော် တင်းခနဲ ဖြစ်သွားတတ်သည်ကိုလည်း အဖေသတိပြုမိဟန်တူသည်။
“ဘာလဲ… လူကလေးက မင်းအမေလို မိန်းမမျိုးနဲ့ တွေ့မှာ စိုးလို့ မဟုတ်လား။ သည်လိုလည်း တရားသေ လှေနံဓားထစ် မမှတ်နဲ့လေ။
လူတိုင်း လူတိုင်းမှာ သူ့အကြောင်းတရားနဲ့ … သူ၊ ရှိတတ်ကြတာချည်းပါပဲကွယ်။ အဖေ့အကြောင်းတရားနဲ့ လူလေးရဲ့ အကြောင်းတရားတို့ဆိုတာ တခြား စီရယ်ပါကွယ်…”
“ဟင့်အင်း … ကျွန်နော်ကတော့ အဖေ့တစ်သက် အိမ်ထောင်ပြုဖို့ စဉ်းစားချင်စိတ် မရှိပါဘူး။ အဖေ့ကို ဘယ်လိုပြုစုရင် ကောင်းမလဲလို့ပဲ အမြဲ တွေးနေမိတာပါ …”
“သြော် … လူလေးရယ် …”
အဖေ့ ညည်းတွားသံကလေးကို နားလည်လင့်ကစား တိကျသေချာသော အဓိပ္ပါယ်ကိုမူ ကျွန်တော် မဖွင့်ဆိုတတ်ပါချေ။
နွေကာလ … များစွာ
မိုးကာလ … များစွာ
ဆောင်းကာလ … များစွာ။
ကာလများစွာကို ဖြတ်သန်းအပြီးမှာတော့ ဘယ်လိုမှ မျှော်လင့်မထားခဲ့သော ကံကြမ္မာက ကျွန်တော်တို့ သားအဖ၏ နှစ်ဦးသားဘဝကို ရိုက်ခတ်လာခဲ့ပါပြီကော။
ဆွေရိပ်မျိုးရိပ် မကင်းသော အိမ်တစ်အိမ်၌ ဒေါ်အေးမေ ရောက်နေကြောင်း၊ ဦးအောင်ဒင်တို့ သားအဖထံ မလာရဲပါကြောင်း စသည့်သတင်းစကားက လူချင်းဆောင်ရင်း ကျွန်တော်တို့ သားအဖထဲ ရောက်လာခဲ့သည်။
ထိုအခါ ကျွန်တော်၏ စိတ်အာရုံက အဘိုးအဘွားတို့ထံ ဖျတ်ခနဲ ရောက်ရှိသွားခဲ့သည်။ အကယ်တန္တု အဘိုးအဘွားတို့သာ သက်ရှိထင်ရှားရှိနေပါက မိဘဆွေမျိုး သားချင်းတို့အား အိုးမည်းသုတ်သွားခဲ့လေသော ဒေါ်အေးမေခမျာ သက်သာရာ ရလိမ့်မည် မထင်ပေ။
သို့သော်ငြား အဘိုးနှင့်အဘွားသည် မကြာမတင်သော ကာလတစ်ခုကပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်တိမ်းပါး သွားခဲ့ကြပြီပင်။
“ဒေါ်အေးမေ … တစ်ယောက် သနားပါတယ်ဟယ် …၊ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ။ ပြန်ပေါ်မယ့် ပေါ်လာတော့လည်း မျက်နှာကို မနည်း ဖမ်းကြည့်ရတယ် …။ စုတ်ပြတ်သွားလိုက်တာ …”
“ဒါနဲ့ … နေပါဦး၊ သူ့အကောင် သားရေပေါ်အိပ်၊ သားရေနားစား – သူရင်းငှါး ညွန့်တင်ရော…”
“လောင်းကစားဝိုင်းတစ်ခုမှာ ဖဲလိမ်ရိုက်တာ ပက်ပင်းမိလို့ ဓားထိုးခံရပြီး သေရှာပါပကော။ ဒေါ်အေးမေ ပါလာခဲ့သမျှ အထုပ်အထည်တွေလည်း သိုက်သမား ညွန့်တင်၊ ဖဲသမား ညွန့်တင်ကြောင့် ဖြူကာ ပြာကာ ကျခဲ့ပါရောလား …”
“သြော် … ကံဆိုးလိုက်တဲ့ ဒေါ်အေးမေနှယ် …၊ တကယ်လို့သာ သဘောဖြူအူစင်း လူကောင်းသူကောင်းကြီး ဦးအောင်ဒင်နဲ့သာ ရိုးမြေကျပေါင်းဖက်သွားမယ်ဆိုရင် အခုဆိုရင် ဘယ်လောက်တောင် အေးငြိမ်းလိုက်မလဲ …၊ သားအလိမ္မာလေးကလည်း ပြုစုလိုက်မယ့်ဖြစ်ခြင်း …”
“သည်သတင်းကြားတော့ … ဦးအောင်ဒင်ကြီးက သူ့မိန်းမဟောင်း ဒေါ်အေးမေကို သွားတွေ့တယ်တဲ့ …”
“သဘောထား တကယ်ကြီးတဲ့ ဦးအောင်ဒင်ပဲနော်လ…”
သည်သတင်းစကားတွေက တစ်ရွာလုံး ပျံ့သွားပြီးမှသာ ကျွန်တော့်နားထဲ ရောက်တော့သည်။ ကြားသိရသာ သတင်းစကားတွေကြောင့် အဖေ့ကို မေးကြည့်တော့ အထေကလည်း… မငြင်း။
“ဟုတ်တယ် လူလေး။ လူလေးကို အဖေ မညာပါဘူး။ လူလေးရဲ့ အမေကို အဖေသွားတွေ့ခဲ့ပါတယ် …”
“အဖေရယ် …၊ ဘာဖြစ်လို့ သွားတွေ့ရတာတဲ့ တုန်း …”
“ဘာ … ဘာ … ဘာပြောတယ် လူလေး ”
ကျွန်တော့်စကားကြောင့် အဖေ့အမူအရာ တစ်မျိုး ဖြစ်သွားခဲ့သည်။
“အဖေတို့၊ ကျွန်တော်တို့ကို မခင်တွယ်ဘဲ စွန့်ခွာ ထွက်သွားတဲ့ သူကို ဘာဖြစ်လို့ အရေးအရာလုပ် သွားတွေ့ရသလဲလို့ မေးတာ…”
“သြော် … လူကလေးရယ်။ အေးမေဟာ … တခြားသူမှ မဟုတ်ဘဲကွယ်။ အဖေ့ရဲ့ ဇနီးဟောင်းဆိုတာကို အဖေ သင်ပုန်းချေ မေ့လို့ ရနိုင်ပေမယ့် “အေးမေဟာ … လူလေးရဲ့ အမေ၊ ဆိုတဲ့ အသိကြောင့် အဖေ သွားခဲ့မိတာပဲ လူကလေး”
အဖေ့စကားထဲမှ “လူကလေးရဲ့ … အမေ”ဆိုသည့် စကားလုံးက ထင်မှတ်မထားပါဘဲနှင့် ကျွန်တော့်ရင်အစုံက်ု တည့်မတ်စွာ ထိခတ်သွားခဲ့သည်။
“အမေ … အမေ…၊ လူကလေးရဲ့ အမေ၊ အဲ့ဒါ … ငါ့အမေတဲ့ …၊ ငါ့အမေဟာ … ဘယ်လို ပုံပန်းရှိပါလိမ့်။ ငါနဲ့ကော တူနေသလား …”
ဘယ်လို ဘယ်ပုံ ဖြစ်သည်မသိ။ နှစ်ပေါင်းများစွာ တင်းချည်နေခဲ့သော ကြိုးတွေက လျောချင်သလိုလို ဖြစ်သွားခဲ့ရသည်။ အဖေ့အပေါ် အပြစ်တင်စကားမိုးတို့ သွန်းချမည်ဟု ကြံရွယ်ထားသမျှသည် ထစ်ချုန်းပြီးမှ မရွာသော မိုးဖြစ်သွားခဲ့လေသည်။
“လူကလေးရယ် …၊ မင်းရဲ့အမေက သိပ်ပြီး မျှော်လင့်ချင် မရှိတော့ပါဘူး။ သည်အချိန်ဟာ လူလေးအတွက်တော့ အခွင့်အရေးရရှိတဲ့ နောက်ဆုံးအချိန်ပဲ။
လူလေးရဲ့ တစ်သက်တာမှာ ဒီလို အခွင့်အရေးရဖို့ မလွယ်တော့ဘူး …။ သည်တော့ လူလေးရဲ့ အမေကို သွားတွေ့စေချင်တယ်ကွယ်။ အေးမေကလည်း လူလေးကိုပဲ တမ်းတနေပါတယ် …”
အဖေ့အသံမှာ တုန်ယင် လှိုင်းခတ်နေခဲ့သည်။ ဤတွင် ကျွန်တော့်အား ချီပိုးထိန်းကျောင်းခဲ့သည့် ဒေါ်လေးကလည်း ပြောရှာသည်။
“သွားတွေ့လိုက်ပါ လူလေးရယ်။ မအေးမေလထမျာမှာလည်း သူ့လုပ်ရပ်အမှားကို သူသိနေခဲ့တဲ့အတွက် ရွာထဲကိုတောင်မှ မလာရဲရှာပါဘူးကွယ်။
လူလေးရဲ့ အဖေက သဘောထားကြီးစွာနဲ့ ခွင့်လွှတ်စကားဆိုခဲ့တယ်။ အဲဒါ … လူလေးလည်း … လူလေးရဲ့ အမေကို ခွင့်လွတ်စေချင်တယ်။ လူလေးကိုလည်း ခွင့်လွှတ်ပေးဖို့ရာ တောင်းပန်ပေါ့ကွယ် …”
“ဗျာ … ဘယ်လိုပြောလိုက်တာလည်း ကြီးကြီးရယ်…၊ ကျွန်တော်က သူ့ကို ခွင့်လွှတ်ပါလို့ တောင်းပန်ရအောင် ဘာအပြစ်တွေများ သူ့အပေါ် ကျူးလွန်မိခဲ့လို့လဲ…။
တကယ်ဆို သူက သူ့အပေါ်ခွင့်လွှတ်ပါလို့ ပြောရင် ဟုတ်ပါတယ်၊ ဟုတ်ပါတယ်လို့ ဆိုရအောင် သူပဲ ကျွန်တော့်ကို စွန့်ပစ်ခဲ့တယ် မဟုတ်ဘူးလား။
ကျွန်တော် ခုလိုမျိုး လူတစ်လုံး သူတစ်လုံး ဖြစ်လာရအောင်ပြုစုပျိုးထောင်ခဲ့၊ အနစ်နာခံခဲ့ရတာ အဖေမှ အဖေပါ ကြီးကြီးရယ်။
ဒါနဲ့တောင် ကျွန်တော်က တောင်းပန်ရဦးမှာတဲ့လား။ သူ့အပြစ်တွေအတွက် ခွင့်လွှတ်ပါတယ်ဆိုရင် တော်ရောပေါ့ ကြီးကြီးရယ် …”
“မဟုတ်သေးဘူး လူလေး … မဟုတ်သေးဘူး။ မအေးမေဟာ ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ … လူလေးရဲ့ အမေပါပဲ။
အမေဟာ အမေမပီသခဲ့လို့ တောင်းပန်စရာ မလိုဘူးလို့ အသိတရားစွဲသွားခဲ့ရင် မဆုံးနိုင်တဲ့ သံသရာ ခရီးရှည်ကြီးကို ဆက်ရလိမ့်ဦးမယ် လူလေး။ ကြီးကြီးတော့ သည်ထက်ပိုပြီး လူလေးကို မပြော တတ်တော့ဘူးကွယ် …”
“လူလေးရယ် … အဖေပြောတာကို နားထောင်ပါဦး။ တကယ်ဆိုရင် အေးမေဟာ လူလေးကို အခုအရွယ်ထိ ပြုစုစောင့်ရှောက်မှု ပျက်ယွင်းခဲ့ပေမယ့် ကိုးလလွယ် … ဆယ်လ မွေးခဲ့ရတယ်လေ …။
ကိုယ်ဝန်ရှိကတည်းက စောင့်ရှောက်ခဲ့တာ လူလေး… လေးနှစ်သားအရွယ်ထိ မဟုတ်လား။ သည်တော့ ကျေးဇူးမရှိဘူးလို့ ဆိုနိုင်မှာတဲ့လား …။
ခုနတုန်းက လူလေးရဲ့ စကားတွေဟာ အင်မတန် အပြစ်ကြီးပါတယ်။ မှားနေတဲ့လူဟာ မှားမှန်းသိလို့ ဝန်ချတောင်းပန်ရင် ကျေအေးရစမြဲပါ။ ဒါမှလည်း သံသရာက ကင်းပြတ် မှာပါ။ ခုဆိုရင် လူလေးရဲ့ အမေဟာ နောက်ဆုံး အချိန်ရောက်နေပါပြီ။ အဖေ ပြောချင်တာဟာ ဒါပါပဲ သားရယ် …”
အဖေ့အသံတို့ တိမ်ဝင်သွားခဲ့ပြီ။ ကြီးကြီးလည်း တရှုံ့ရှုံ့ဖြစ်နေခဲ့ပါပြီ။
ကျွန်တော်သည်လည်း …
အလင်းရောင် အပြည့်အဝမရှိသည့် အခန်းကလေးတစ်ခန်းအတွင်းရှိ သင်းဖြူဖျာဟောင်း ကလေးတစ်ချပ်အပေါ်မှာတော့ ပိန်လှီဖျော့တော့နေသည့် အမေသည် အသက်ကို ခပ်မျှဉ်းမျှဉ်းကလေး ရှူနေရရှာသည်။
“အေးမေ … အေးမေ၊ ငါ ပြောနေတာ ကြားတယ် မဟုတ်လား ဟင်။ ခု … မင်းသိပ်တွေ့နေချင်ပါတယ်ဆိုတဲ့ မင်းရဲ့သားကလေး ရောက်လာပြီလေကွယ်။ မျက်လုံးဖွင့်ပြီး အားပါးတရကြီး ကြည့်လိုက်စမ်းပါကွယ် … ကြည့်လိုက်စမ်းပါ …”
အဖေ့ အသံက မချိတင်ကဲ …။
ထိုစဉ် အမေ့မျက်လုံးအစုံတို့ ပွင့်လာသည်။
နှုတ်ခမ်းအစုံကလည်း ဖွဖွကလေး ပွင့်လာသည်။
“သား … သား … လူကလေး … ”
“အ … မေ ”
“သား … လူလေး …”
“အမေ …၊ သားလေး အမေ့ကို ခွင့်လွှတ်ပါတယ်။ အမေ့အပေါ် အပြစ်တွေရှိရင်လည်း သားကို ခွင့်လွှတ်ပါ…”
အမေ့လက်တစ်စုံကို ဆုပ်ကိုင်ရင်း ပြောဆိုနေမိသော ကျွန်တော့် လက်အစုံမှာလည်း တုန်တုန်ယင်ယင်။
“ခွင့် … လွှတ် … ပါ … တယ် … လူ … လေး … ရယ် …။ အမေ … ဝမ်း … သာလိုက် … တာ …”
“ဟင် …”
အမေ့နှုတ်ခမ်းအစုံတို့က ပြုံးယောင်သမ်းလာသည်။
ပြီးတော့ … တိမ်ဝင်သွားခဲ့ပြီ။
ပြီးတော့ … ။
ကျွန်တော် ဆောက်တည်ရာ မရတော့ …။
စီးကျလာသော မျက်ရည်တွေကိုလည်း မသုတ်အားတော့။
အာခေါင်ထဲမှ ခြစ်ထုတ်ထွက်ပေါ်လာသော အသံတို့က နဘယံ ချုန်းသွားလေပြီလား … မသိတတ်တော့။
“အမေ … အ … မေ ”
Crd # နန္ဒာမိုးကြယ်