ေဆး႐ုံအုပ္ႀကီးႏွင့္ ေစတနာ့ဝန္ထမ္း (၃၀) ဦးတို႔ ကိုဗစ္ ကူးစက္ခံထားရ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေဆး႐ုံအုပ္ႀကီးႏွင့္

ေစတနာ့ဝန္ထမ္း (၃၀) ဦးတို႔ ကိုဗစ္ ကူးစက္ခံထားရ

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ကိုဗစ္ ေရာဂါကုသေရးဌာနမ်ားမွ ေဆး႐ုံအုပ္ႀကီးတစ္ဦးအပါအဝင္ ေစတ နာ့ဝန္ထမ္း ၃၀ ဦး ကိုဗစ္ေရာဂါ ကူးစက္ခံထားရေၾကာင္း

ရန္ကုန္တိုင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီ (Volunteers for COVID-19 Yangon)က ထုတ္ျပန္လိုက္သည္။

ယင္းထုတ္ျပန္ခ်က္တြင္ ေဆး႐ုံအုပ္ႀကီးအပါအဝင္ ေစတနာ့ဝန္ထမ္း (၁၃) ဦးတြင္ ေရာဂါပိုးေတြ႕ရွိခဲ့ရေသာ ေၾကာင့္

လက္ရွိအခ်ိန္ထိ ေစတနာ့ဝန္ထမ္း စုစုေပါင္း (၃၀) ဦး ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး (၁) ဦးမွာ ေဆးကုသမႈခံ ယူၿပီးစီးခဲ့ကာ က်န္ (၂၉) ဦးမွာလည္း က်န္းမာေရးေကာင္းမြန္ေၾကာင္း ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၃ ရက္က ကိုဗစ္ ေရာဂါကုသေရးဌာန (ရန္ကင္းပညာေရး ဒီဂရီေကာလိပ္)ရွိ ေစတနာ့ဝန္ထမ္း(အသစ္)တစ္ဦးက

က်န္းမာေရးအေထာက္အကူျပဳအကာ အကြယ္ပစၥည္းမ်ား ခြၽတ္ၿပီးခ်ိန္တြင္ လမ္းေၾကာင္းမွားယြင္းထြက္မိေသာေၾကာင့္ လူနာမ်ားထားရွိရာ

ေဆး႐ုံဘက္သို႔ အကာအကြယ္မဲ့ဝင္ေရာက္ သြားခဲ့မိသည့္အတြက္ ယင္းကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေစျခင္း(Quarantine) ျပဳလုပ္ေစၿပီး

ႏွာ ေခါင္းတို႔ဖတ္၊အာေခါင္ တို႔ဖတ္ (Swab Test) စစ္ေဆးခဲ့ရာ ကိုဗစ္ ေရာဂါပိုးေတြ႕ရွိေၾကာင္း၊

ယင္းေနာက္ ေအာက္တိုဘာလ ၃၁ ရက္က ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ တာဝန္ထမ္းေဆာင္ ေနေသာ ေစတနာ့ဝန္ထမ္း (၁) ဦးမွာ

သံသယလကၡဏာမ်ားစတင္ေတြ႕ရွိသျဖင့္ ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ (Swab Test) စစ္ေဆး ခဲ့ရာမွ COVID-19 ေရာဂါပိုးရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ယင္းေၾကာင့္ ၎ေစတနာ့ဝန္ထမ္းႏွင့္အတူ တာဝန္ထမ္းေဆာင္ခဲ့ေသာ ေစတနာ့ဝန္ထမ္းမ်ားအား အသြား အလာကန႔္သတ္ေစာင့္ၾကည့္ျခင္း (Quarantine) ျပဳလုပ္ေစၿပီး (Swab Test) ယူ၍ စစ္ေဆးခဲ့ရာ

ပထမအႀကိမ္ Swab Test-Kit မ်ားႏွင့္ စစ္ေဆးခ်ိန္တြင္ အတည္ျပဳလူနာအျဖစ္ (၇) ဦး ထြက္ရွိလာၿပီး ဒုတိယအႀကိမ္အျဖစ္ Department of Medical Research (DMR) တြင္ စစ္ေဆးခဲ့ရာ အတည္ျပဳလူနာအျဖစ္ (၇) ဦး ထပ္မံထြက္ ေပၚလာခဲ့ေၾကာင္း၊

ႏိုဝင္ဘာလ ၃ ရက္တြင္လည္း ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ တာဝန္ထမ္းေဆာင္သည့္ ကာလၿပီးဆုံး၍ ေနရပ္သို႔မျပန္မီ သီးျခားေနထိုင္ေစျခင္း (Isolation) ျပဳလုပ္လ်က္ရွိေသာ

ေစတနာ့ဝန္ထမ္း (၁)ဦးကို ႏွာေခါင္းတို႔ဖတ္၊အာေခါင္တို႔ဖတ္ (Swab Test) ယူ၍ စစ္ေဆးရာ ေရာဂါပိုးေတြ႕ရွိခဲ့ ေၾကာင္း၊

ႏိုဝင္ဘာ လ ၂ ရက္ကလည္း Times City Center ကိုဗစ္ ေရာဂါကုသေရးဌာန (ဗိုလ္တေထာင္)တြင္ တာဝန္ထမ္း ေဆာင္ေနေသာ ေစတနာ့ဝန္ထမ္း (၃) ဦးမွာ သံသယလကၡဏာမ်ား စတင္ေတြ႕ရွိရပါသျဖင့္

စစ္ေဆးရာ ေစ တနာ့န္ထမ္း (၁) ဦး ေရာဂါပိုးေတြ႕ရွိခဲ့၍ အျခားေစတနာ့ဝန္ထမ္းမ်ားအား Quarantine ျပဳလုပ္ၿပီး ႏိုဝင္ဘာလ ၆ ရက္က ဓာတ္ခြဲစစ္ေဆးမႈျပဳလုပ္ခဲ့ရာ

ေဆး႐ုံအုပ္ႀကီးအပါအဝင္ ေစတနာ့ဝန္ထမ္း (၁၃) ဦးတြင္ ေရာဂါပိုး ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Unicode

ဆေးရုံအုပ်ကြီးနှင့် စေတနာ့ဝန်ထမ်း (၃၀) ဦးတို့ ကိုဗစ် ကူးစက်ခံထားရ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ် ရောဂါကုသရေးဌာနများမှ ဆေးရုံအုပ်ကြီးတစ်ဦးအပါအဝင် စေတ နာ့ဝန်ထမ်း ၃၀ ဦး ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ (Volunteers for COVID-19 Yangon)က ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ဆေးရုံအုပ်ကြီးအပါအဝင် စေတနာ့ဝန်ထမ်း (၁၃) ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရသော ကြောင့်

လက်ရှိအချိန်ထိ စေတနာ့ဝန်ထမ်း စုစုပေါင်း (၃၀) ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး (၁) ဦးမှာ ဆေးကုသမှုခံ ယူပြီးစီးခဲ့ကာ ကျန် (၂၉) ဦးမှာလည်း ကျန်းမာရေးကောင်းမွန်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်က ကိုဗစ် ရောဂါကုသရေးဌာန (ရန်ကင်းပညာရေး ဒီဂရီကောလိပ်)ရှိ စေတနာ့ဝန်ထမ်း(အသစ်)တစ်ဦးက

ကျန်းမာရေးအထောက်အကူပြုအကာ အကွယ်ပစ္စည်းများ ချွတ်ပြီးချိန်တွင် လမ်းကြောင်းမှားယွင်းထွက်မိသောကြောင့် လူနာများထားရှိရာ

ဆေးရုံဘက်သို့ အကာအကွယ်မဲ့ဝင်ရောက် သွားခဲ့မိသည့်အတွက် ယင်းကို အသွားအလာကန့်သတ်စောင့်ကြည့်စေခြင်း(Quarantine) ပြုလုပ်စေပြီး

နှာ ခေါင်းတို့ဖတ်၊အာခေါင် တို့ဖတ် (Swab Test) စစ်ဆေးခဲ့ရာ ကိုဗစ် ရောဂါပိုးတွေ့ရှိကြောင်း၊

ယင်းနောက် အောက်တိုဘာလ ၃၁ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသော စေတနာ့ဝန်ထမ်း (၁) ဦးမှာ

သံသယလက္ခဏာများစတင်တွေ့ရှိသဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab Test) စစ်ဆေး ခဲ့ရာမှ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကြောင့် ၎င်းစေတနာ့ဝန်ထမ်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော စေတနာ့ဝန်ထမ်းများအား အသွား အလာကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) ပြုလုပ်စေပြီး (Swab Test) ယူ၍ စစ်ဆေးခဲ့ရာ

ပထမအကြိမ် Swab Test-Kit များနှင့် စစ်ဆေးချိန်တွင် အတည်ပြုလူနာအဖြစ် (၇) ဦး ထွက်ရှိလာပြီး ဒုတိယအကြိမ်အဖြစ် Department of Medical Research (DMR) တွင် စစ်ဆေးခဲ့ရာ အတည်ပြုလူနာအဖြစ် (၇) ဦး ထပ်မံထွက် ပေါ်လာခဲ့ကြောင်း၊

နိုဝင်ဘာလ ၃ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်သည့် ကာလပြီးဆုံး၍ နေရပ်သို့မပြန်မီ သီးခြားနေထိုင်စေခြင်း (Isolation) ပြုလုပ်လျက်ရှိသော

စေတနာ့ဝန်ထမ်း (၁)ဦးကို နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ် (Swab Test) ယူ၍ စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း၊

နိုဝင်ဘာ လ ၂ ရက်ကလည်း Times City Center ကိုဗစ် ရောဂါကုသရေးဌာန (ဗိုလ်တထောင်)တွင် တာဝန်ထမ်း ဆောင်နေသော စေတနာ့ဝန်ထမ်း (၃) ဦးမှာ သံသယလက္ခဏာများ စတင်တွေ့ရှိရပါသဖြင့်

စစ်ဆေးရာ စေ တနာ့န်ထမ်း (၁) ဦး ရောဂါပိုးတွေ့ရှိခဲ့၍ အခြားစေတနာ့ဝန်ထမ်းများအား Quarantine ပြုလုပ်ပြီး နိုဝင်ဘာလ ၆ ရက်က ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ခဲ့ရာ

ဆေးရုံအုပ်ကြီးအပါအဝင် စေတနာ့ဝန်ထမ်း (၁၃) ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။