မကွယ်လွန်ခင်မှာ တစ်သက်လုံးသန့်ရှင်းရေးလုပ်ပြီး ရလာတဲ့ငွေတွေကို ဘုန်းကြီးကျောင်းလှူခဲ့တဲ့ လေးစားဖွယ် ဦးလေးကြီး

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်










Credit Jeeptoolay
Source เกียรติศักดิ์ เสาที

Unicode

“မရှိလို့ မလှူ မလှူလို့မရှိ” တဲ့…ဒါပေမဲ့ ခုပြောပြမဲ့ ဦးလေးကြီးရဲ့ အလှူကတော့ တကယ့်ကို ချီးကျူး သာဓုခေါ်ဖွယ်အလှူတစ်ခုဖြစ်ပါတယ်….

မိမိကိုယ်တိုင်က ဆင်းရဲသူဖြစ်ပြီး နေစရာအိမ်တောင်မရှိတဲ့ သန့်ရှင်းရေးသမားတစ်ဦး ဖြစ်ပေမယ့် သူလှူခဲ့တဲ့ ငွေတွေကတော့ တကယ့်ကို များပြားလှတာပါ…

ဒီလို ချီးကျူးလေးစားရမဲ့ အိမ်ရာမဲ့ ဦးလေးကြီးရဲ့ အလှူကိုတော့ ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပါ။

အဆိုပါဦးလေးကြီးဟာ လမ်းတွေပေါ်မှာ သန့်ရှင်းရေးလုပ် ငွေရှာရသူဖြစ်ပြီး အိပ်တော့လည်း အိမ်မရှိလို့ Lob Puri က Seven Eleven ဆိုင်ရှေ့မှာပဲ အမြဲအိပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

သနားစရာကောင်းတဲ့ ဦးလေးကြီးဟာ သူမကွယ်လွန်ခင်မှာ အမျိုးတွေကို ကိစ္စတစ်ခု လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်…အဲတာကတော့ တစ်သက်လုံး သန့်ရှင်းရေးလုပ်ပြီး စုဆောင်းထားတဲ့ ငွေအကြွေစေ့လေးတွေအကုန်လုံးကို ဘုန်းကြီးကျောင်းမှာ လှူပေးဖို့ တောင်းဆိုခဲ့တာပါ။

အမျိုးတွေကလည်း လှူပေးခဲ့ပြီး ငွေပမာဏဘယ်လောက်ရှိမှန်းမသိရပေမဲ့ အတော့်ကိုများတယ်လို့ ဆိုပါတယ်…

ခုလို လူကိုယ်တိုင် မချမ်းသာပေမဲ့ ဆင်းရဲသူတစ်ယောက်ဖြစ်ပေမဲ့ မသုံးရက်ဘဲ သန့်ရှင်းရေးလုပ်ပြီး တစ်သက်လုံးစုထားတဲ့ ငွေတွေကို လှူဒါန်းခဲ့တဲ့ ဦးလေးကြီးရဲ့ လုပ်ရပ်က ချီးကျူးလေးစားဖွယ်ပါ….

ဒါကြောင့် ပရိသတ်ကြီးတို့လည်း ကွယ်လွန်သွားတဲ့ ဦးလေးကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါအုံးနော်…..

Credit Jeeptoolay
Source เกียรติศักดิ์ เสาที