ဆန်ဆေးရည်တွေ မသွန်ပြစ်နဲ့နာ် ၀က်ခြံ တင်းတိပ် မှဲ့ခြောက် နှင့် အရေးအကြောင်းများကို ပျောက်အောင် လုပ်လို့ရတယ်

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်





















Unicode

ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ သွန်ပစ်လေ့ရှိတဲ့ ဆန်ဆေးရည်မှာ မျက်နှာကို ကောင်းမွန်စေတဲ့ အာနိသင်များစွာ ပါရှိပါတယ်။

ဒါ့ကြောင့် ဆန်ဆေးရည်ရဲ့ မျက်နှာကို ကောင်းမွန်စေတဲ့ အာနိသင်တွေ

အကုန်ရရှိချင်တယ်ဆိုရင်တော့ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးလို့ ရပါတယ်။

ဆန်ဆေးရည်နဲ့ မျက်နှာသစ်မယ်ဆိုရင် ဆားဝက်ခြံတွေကို ဖယ်ရှားလိုက်တဲ့အခါ

ကျန်ရှိနေမယ့် ချွေးပေါက်ကျယ်ခြင်းတွေကို လျော့ချပေးနိုင်ပါတယ်။

ဆန်ဆေးရည်မှာ ပါဝင်တဲ့ အာနိသင်ဓါတ်တွေဟာ

မျက်နှာနီရဲခြင်းနဲ့ မျက်နှာစပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းတွေကို မဖြစ်စေနိုင်ပါဘူး။

မျက်နှာ အသားအရေ ညက်ညောစေဖို့အတွက် အင်ဇိုင်းဓါတ်တွေ လိုအပ်ပါတယ်။

ဒီလို အင်ဇိုင်းဓါတ်တွေကို ဆန်ဆေးရည်မှ ရရှိနိုင်ပါတယ်။

ဆန်ဆေးရည်နဲ့ မျက်နှာသစ်ခြင်းဟာ ဝက်ခြံ၊ တင်းတိပ်တွေကို

သက်သာစေပြီး အရေးအကြောင်းတွေနဲ့ မှဲ့ခြောက်တွေကိုပါ လျော့ပါးစေပါတယ်။

ဆန်ဆေးရည်ဟာ မျက်နှာ ဖြူစင်ကြည်လင်စေဖို့ အကောင်းဆုံး မျက်နှာသစ်ဆေး ဆိုရင်လည်း မမှားပါဘူး။

ဆန်ဆေးရည်နဲ့ မျက်နှာသစ်တဲ့အခါ ဆန်ဆေးရည်ရဲ့ ပထမဆုံးရေကို သွန်ပစ်ရပါမယ်။

ဒုတိယမြောက် ဆန်ဆေးရည်ကိုသာ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

aနာက်ထပ် အရေးကြီးတာကတော့ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပြီးတာနဲ့

မျက်နှာသုတ်ပဝါကို နုနုအိအိလေး အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

မျက်နှာက ရေတွေကို ဖွဖွလေး ဖယ်ရှားပေးပါ။

Credit: ဖြိုးပြည့်သူ(မိုမိုလေး)