Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
ဦးဇော်ဇော်၏ ဧရာဝတီဖောင်ဒေးရှင်းမှ ကိုဗစ်အတွက် စုစုပေါင်း ၉ ဘီလီယံကျော်လှူဒါန်းပြီးပြီတဲ့
အလှူရှင်တို့ရဲ့ စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းမှုနဲ့ ဆရာဝန်၊ ဆရာမ၊
စေတနာ့ဝန်ထမ်း (၇၀၀)ကျော်တို့ရဲ့ စွန့်စားအနစ်နာခံဆောင်ရွက်နေမှုတို့ကို
လေးစားစွာဂုဏ်ပြုအပ်ပါတယ်။
ယနေ့အထိ စေတနာရှင်အားလုံးရဲ့ လှူဒါန်းငွေကျပ် (၁.၄)ဘီလီယံနဲ့ ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းလှူဒါန်းမှု (၁.၁)ဘီလီယံကို လက်ခံရရှိခဲ့ပါတယ်။
အလှူရှင်တို့၏ လှူဒါန်းမှုအစုစုကို အလေအလွင့်မရှိအောင် စနစ်တကျ အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ (၃.၅)ဘီလီယံနဲ့ ဒုတိယလှိုင်းအတွက် (၅.၅)ဘီလီယံ
စုစုပေါင်း (၉)ဘီလီယံလှူဒါန်းခဲ့ပြီး အလှူရှင်တို့ရဲ့
စုပေါင်းလှူဒါန်းမှု (၂.၅)ဘီလီယံကိုလည်း လက်ခံရရှိပြီးဖြစ်ပါတယ်။
အလှူရှင်တို့ရဲ့ လှူဒါန်းမှုအစုစုအတွက် နတ်လူသာဓုခေါ်ဆိုနိုင်ကြပါစေ.