ဒီကနေ့ အမေရိကန်နိုင်ငံတွင်ကျင်းပခဲ့သည့် မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲတွင် ဆိုင်းရပ်စ်ဝါရှင်တန်ကို ဒေ့ဗ်အနိုင်ရ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
အမေရိကန်နိုင်ငံတွင် ကျင်းပတဲ့ မြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲတွင် ဆိုင်းရပ်စ်ဝါရှင်တန်ကို အနိုင်ရပြီး မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ဒေဝ
နိုဝင်ဘာလ(၇)ရက် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၈ ရက်)နေ့တွင် အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့တဲ့ မြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲမှာ
ကနေဒါနိုင်ငံသား ဒေ့ဗ်ကစိန်ခေါ်သူ ဆိုင်းရပ်စ်ဝါရှင်တန် ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ ပါတယ်နော်။
အဆိုပါ မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲကို Lethwei World Title အမည်ဖြင့်
ကျင်းပခဲ့ခြင်းဖြစ်ပြီးတော့ ကနေဒါနိုင်ငံသား ဒေ့ဗ်က စတုတ္ထအချီတွင် ဒိုင်ပွဲရပ်ဖြင့်
အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ယခု စိန်ခေါ်ပွဲကိုတော့ မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီးတော့ ဒေ့ဗ်က ပုံစံကောင်းပြသကာ
တံတောင် ရိုက်ချက်၊ဘယ်၊ညာလက် သီးတွဲလုံးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။
ယခုပွဲဟာ ဒေ့ဗ်အတွက် အမေရိကန်နိုင်ငံ တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပထမဦးဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်နော်။credit