လာမယ့္အပတ္မွာ အေအးလႈိင္းလကၡဏာေတြ စတင္လာေတာ့မယ္ (မိုးေလဝသပညာရွင္ ဦးခ်စ္ေက်ာ္)

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ႏိုဝင္ဘာလ ၉ ရက္မွ ၁၆ ရက္သတၱပတ္အတြင္း မိုးေလဝသအေျခအေန

ဒီလာမယ့္ ရက္သတၱပါတ္က ေဆာင္းလကၡဏါကို ျပသလာမယ့္ ရက္သတၱပါတ္ ျဖစ္ပါတယ္။

ဒါေပမဲ့ ယခင္ေဆာင္းဦးကာလလို မဟုတ္ဘဲ ျမဴထူတၿဖိဳက္ မိုးတၿဖိဳက္ နဲ႔ မိုးမကင္းတဲ့ ေဆာင္းရာသီဦး ကိုခံစားရမွာျဖစ္ပါတယ္။

ဒါက လာနီညာလို႔ေခၚတဲ့ (ေအးၿပီးစိုစြတ္ေသာ အစြန္းေရာက္ ရာသီေဖါက္ျပန္မႈ)ရဲ႕ အာရွတိုက္ေပၚ အက်ိဳးသက္ေရာက္မႈ ျဖစ္ပါတယ္။

ေတာင္သူေတြ ဆားသမားေတြ ေရလုပ္သားေတြ သိေစလိုတာက ဒီလို လာနီညာ သက္ေရာက္မႈရွိတဲ့ ေဆာင္းကာလက

ျမန္မာႏိုင္ငံမွာ ေလေပြလႈိင္းေတြ မုန္တိုင္းငယ္ေတြ မုန္တိုင္းအႂကြင္းအက်န္ တိမ္တိုက္ေတြကေန မိုးေတြ ၁၀ ရက္တခါ ၁၅ ရက္တခါ

ျမန္မာေအာက္ပိုင္း အလယ္ပိုင္းအထက္ပိုင္းေတြကို တလွည့္စီ တျပန္စီ မိုး႐ြာေစတယ္ဆိုတာ သိထားေစလိုတာပါ။

အခုတပါတ္ အစမွာ ေလေပြလႈိင္းမိုး မရႏိုင္ေပမဲ့ ဒီတပါတ္ရဲ႕ ေနာက္ဆုံးရက္မ်ားျဖစ္တဲ့ ႏိုဝင္ဘာလ ၁၂ရက္ေန႔မွ ၁၆ ရက္မွာ

ေနာက္ထပ္ ဖိလစ္ပိုင္ဘက္လာမဲ့ မုန္တိုင္းအႂကြင္းအက်န္ေၾကာင့္ တနသၤာရီ မြန္ ကရင္ျပည္နယ္ ပဲခူးရန္ကုန္ မိုးခပ္က်ဲက်ဲ ျပန္႐ြာလာႏ္ုင္ပါတယ္။

ဒီရက္ေတြမွာ ျမန္မာပင္လယ္ျပင္က ေရလုပ္သားမ်ားလည္း တဖန္ျပန္ၿပီး ပင္လယ္မိုးေလဝသအေျခအေနကို အေလးထားဖို႔ လိုပါေၾကာင္း အသိေပးလိုပါတယ္။

Credit မိုးေလဝသ

Unicode

နိုဝင်ဘာလ ၉ ရက်မှ ၁၆ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ

ဒီလာမယ့် ရက်သတ္တပါတ်က ဆောင်းလက္ခဏါကို ပြသလာမယ့် ရက်သတ္တပါတ် ဖြစ်ပါတယ်။

ဒါပေမဲ့ ယခင်ဆောင်းဦးကာလလို မဟုတ်ဘဲ မြူထူတဖြိုက် မိုးတဖြိုက် နဲ့ မိုးမကင်းတဲ့ ဆောင်းရာသီဦး ကိုခံစားရမှာဖြစ်ပါတယ်။

ဒါက လာနီညာလို့ခေါ်တဲ့ (အေးပြီးစိုစွတ်သော အစွန်းရောက် ရာသီဖေါက်ပြန်မှု)ရဲ့ အာရှတိုက်ပေါ် အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။

တောင်သူတွေ ဆားသမားတွေ ရေလုပ်သားတွေ သိစေလိုတာက ဒီလို လာနီညာ သက်ရောက်မှုရှိတဲ့ ဆောင်းကာလက

မြန်မာနိုင်ငံမှာ လေပွေလှိုင်းတွေ မုန်တိုင်းငယ်တွေ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေကနေ မိုးတွေ ၁၀ ရက်တခါ ၁၅ ရက်တခါ

မြန်မာအောက်ပိုင်း အလယ်ပိုင်းအထက်ပိုင်းတွေကို တလှည့်စီ တပြန်စီ မိုးရွာစေတယ်ဆိုတာ သိထားစေလိုတာပါ။

အခုတပါတ် အစမှာ လေပွေလှိုင်းမိုး မရနိုင်ပေမဲ့ ဒီတပါတ်ရဲ့ နောက်ဆုံးရက်များဖြစ်တဲ့ နိုဝင်ဘာလ ၁၂ရက်နေ့မှ ၁၆ ရက်မှာ

နောက်ထပ် ဖိလစ်ပိုင်ဘက်လာမဲ့ မုန်တိုင်းအကြွင်းအကျန်ကြောင့် တနင်္သာရီ မွန် ကရင်ပြည်နယ် ပဲခူးရန်ကုန် မိုးခပ်ကျဲကျဲ ပြန်ရွာလာန်ုင်ပါတယ်။

ဒီရက်တွေမှာ မြန်မာပင်လယ်ပြင်က ရေလုပ်သားများလည်း တဖန်ပြန်ပြီး ပင်လယ်မိုးလေဝသအခြေအနေကို အလေးထားဖို့ လိုပါကြောင်း အသိပေးလိုပါတယ်။Credit မိုးလေဝသ