အုန္းမႈတ္ခြက္ နင္းျခင္းျဖင့္ ရရွိလာမည့္ အက်ိဳးေက်းဇူးမ်ား
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အုန္းမႈတ္ခြက္ နင္းျခင္းျဖင့္ ရရွိလာမည့္ အက်ိဳးေက်းဇူးမ်ား
သာမန္ေခါင္းကိုက္၊ ေခါင္းမူး၊ ေနာက္ေက်ာတက္၊ ခါးနာ၊ ေျခေထာက္ကို က္ျဖစ္ရာကေန တစ္စတစ္စနဲ႔ေသြးတိုးေရာဂါ၊ ေလငန္းေရာဂါ၊
မ်က္စိမႈန္ ပါဝါတိုး၊ မ်က္႐ိုးကိုက္၊ အေၾကာတက္ စသျဖင့္ ေရာဂါဟာ ႀကီးထြားလာတတ္ၾကပါတယ္။
ဒီလို လူတိုင္းအျဖစ္မ်ားေနတဲ့ေရာဂါမ်ားဟာ ပထဝီဓါ တ္ႏွင့္ ဝါေယာဓါတ္တို႔ မညီမွ်ရာကေနစၿပီး ျဖစ္ေပၚလာတဲ့ ေဝဒနာေတြပါပဲ။
အထက္ပါေရာဂါမ်ား မျဖစ္ရေလေအာင္၊ ျဖစ္ၿပီးသူမ်ားလည္း ေရာဂါ
သက္သာေပ်ာက္ကင္းေအာင္ အုန္းမႈတ္ခြ က္နင္းျခင္းျဖင့္ ကာကြယ္ႏိုင္ၾကပါတယ္။
အုန္းမႈတ္ခြက္နင္းျခင္းဟာ ေရွးျမန္မာေဆးက်မ္းမ်ားႏွင့္ ေရွးအိႏၵယေဆးနည္း၊တ႐ုတ္ေဆးနည္းမ်ားတြင္လည္း ေဖာ္ျပထားၾကပါတယ္။
လက္ေတြ႕ေပ်ာက္ကင္းသူမ်ားလည္း အမ်ားအျပားရွိေနပါတယ္။
လုပ္နည္း
(၁) ေျခအသင့္နင္းႏိုင္မည့္ အုန္းမႈတ္ခြက္ (၂)ခုကို ပရေဆးဆိုင္ သို႔မဟုတ္ အုန္းသီးဆိုင္တို႔မွာ ေမးဝယ္ပါ။
(၂) အုန္းမႈတ္ခြက္ (၂)ခုကို ေမွာက္လွ်က္ထားၿပီး ကိုင္စရာဝါးတန္း သို႔မဟုတ္ ႀကိဳးတန္း လုပ္ထားပါ။
(၃) အုန္းမႈတ္ခြက္ေပၚကို ေျခေထာက္ႏွစ္ေခ်ာင္းက တက္နင္းၿပီး ဘယ္ညာ အႀကိမ္(၁၀၀) တက္နင္းပါ။ ၅ မိနစ္ခန႔္သာ ၾကာပါတယ္။
(၄) အထက္ပါနည္းမ်ားကို မနက္ေရခ်ိဳးၿပီးတစ္ႀကိမ္၊ ညအိပ္ခါနီး ေျခေထာက္ကို ေရေဆးၿပီးတစ္ႀကိမ္ ျပဳလုပ္ၿပီးမွ အိပ္ယာဝင္ပါ။
သတိျပဳရန္
အုန္းမႈတ္ခြက္နင္းၿပီး တစ္ကိုယ္လုံးရွိ ေသြးေၾကာမ်ား လည္ပတ္၍ အပူရွိန္တက္ေနစဥ္ေရလုံး၀ မခ်ိဳးရပါ။
နင္းၿပီး အနည္းဆုံး ၃ နာရီ သို႔မဟုတ္ ၄ နာရီရွိမွသာ ခ်ိဳးပါ။
အထက္ပါနည္းအတိုင္း ပုံမွန္နင္းသြားပါက ၂ လအတြင္း ခႏၶာကိုယ္မွ အပူမ်ား ေလွ်ာ့က်သြားၿပီးအေၾကာမ်ား၊ ႂကြက္သားမ်ား လုပ္ေဆာင္မႈအားေကာင္းလာကာ မ်က္စိမႈန္ျခင္း၊
ဇက္ေၾကာတက္ျခင္း၊ ေသြးတိုး၊ ေလငန္းေရာဂါမ်ား သက္သာေပ်ာက္ကင္းသြားပါမည္။အုန္းမႈတ္ခြက္ နင္း ပုံ နင္းနည္းအုန္းမႈတ္ခြက္နင္းရန္မွာ ကရိကထမမ်ားပါ။
အုန္းမႈတ္ခြက္ ႏွစ္လုံးရွာပါ။ တစ္လက္မခန႔္အထူရွိသည့္ ( အလ်ား ႏွစ္ေပ၊ အနံ ႏွစ္ေပခန႔္ရွိ) ပ်ဥ္ျပားတစ္ခ်ပ္ေပၚတြင္ ဂုန္နီအိတ္ခင္းရပါမည္။
ဂုန္နီအိတ္ေပၚမွာ အုန္းမႈတ္ခြက္ ႏွစ္ခု ေမွာက္ပါ။ တစ္ခြက္ႏွင့္တစ္ခြက္ အကြာအေဝးကိုမိမိေျခေထာက္နင္းေကာင္း႐ုံ ထားရပါမည္။
အနီေမွာက္ထားေသာ အုန္းမႈတ္ခြက္ေပၚသို႔ လူကေျခေထာက္ျဖင့္တက္၍ ဘယ္ညာနင္းရန္ ျဖစ္ပါသည္။
မိမိကိုယ္တိုင္ မတ္တပ္ရပ္၍ မနင္းႏိုင္သူကို ေဘးမွ လူအကူအညီျဖင့္ နင္းရန္ ျဖစ္ပါသည္။
ပထမ ေျခဖဝါးအလယ္ျဖင့္ နင္းပါ။ နင္းရင္းနင္းရင္း သေဘာ သိလာပါလိမ့္မည္။ ထို႔ေနာက္ ေျခဖေနာင့္ျဖင့္လည္းေကာင္း၊ ေျခဖ်ားတို႔ျဖင့္ လည္းေကာင္း၊ထိုသို႔နင္ းရာတြင္ ေျခဖ်ားကို ေထာက္၍
တစ္ဖန္ ေအာက္သို႔ ကုပ္၍ မိမိအေၾကာ မိမိလိုသလို နင္းရန္ ျဖစ္ပါသည္။စာေရးသူထံသို႔ မရွင္းလင္းၾကသူမ်ားက ေမးၾကပါသည္။
ယင္းအေမးမ်ားကို တစ္ခါတည္း ေဖာ္ျပလိုက္ပါသည္။ေမးျမန္းၾကသူမ်ား၏ အမည္၊ ေနရပ္လိပ္စာမ်ားကို အေၾကာင္းမထူး၍ မေဖာ္ျပေတာ့ပါ။
အေမး အေျဖမ်ား
ေမး ။ ။ ပ်ဥ္ျပားမခင္းဘဲ အုန္းမႈတ္ခြက္ခ်ည္း ၾကမ္းျပင္ေပၚမွာ ေမွာက္ၿပီး နင္းရင္းေကာ မျဖစ္ဘူးလား။
ေျဖ ။ ။ ျဖစ္ပါတယ္၊ ပ်ဥ္ျပားခင္းေစခ်င္တာက အုန္းမႈတ္ခြက္အေပၚျမင့္လာပါတယ္။ ျမင့္လာေတာ့ ေျဖဖဝါးရွည္လ်ား သူမ်ား နင္းအား၊ ကုပ္အား ေကာင္းတာေၾကာင့္ ျဖစ္ပါတယ္။ ခပ္ျမင့္ျမင့္ ကေလးဆိုေတာ့ ေျခဖဝါးကို အမ်ိဳးမ်ိဳး လိမ္ဖယ္ၿပီး နင္းလို႔ရတာေပါ့။
ေမး ။ ။ ဂုန္နီအိတ္ နင္းရတာက ဘာေၾကာင့္ပါလဲ။
ေျဖ ။ ။ အုန္းမႈတ္ခြက္က အမာ၊ ၾကမ္းျပင္က အမာဆိုေတာ့ နင္းတဲ့ မေတာ္လို႔ ေျခေခ်ာ္ လက္ေခ်ာ္ မျဖစ္ ေအာင္လို႔ပါ။
ေမး ။ ။ အုန္းမႈတ္ခြက္ကို မ်က္ကြင္း ဘက္က နင္းသင့္ပါသလား။
ေျဖ ။ ။ မနင္းသင့္ပါ။ မ်က္ကြင္း ဘက္က ရွမွာ စိုးရပါတယ္၊ ဖင္ဘက္က နင္းရန္ ျဖစ္ပါတယ္။
ေမး ။ ။ တကယ္လို႔ အုန္းမႈတ္ခြက္နင္းတဲ့အခါ ေျခေထာက္နာရင္ ဘယ္ႏွယ္လုပ္ရမလဲ။
ေျဖ ။ ။ အဝတ္ခုနင္းပါ။
ေမး ။ ။ နင္းတဲ့ ပုဂၢိဳလ္က အင္မတန္ဝၿပီးအေလးခ်ိန္သိပ္မ်ားေနပါတယ္၊ နင္းတဲ့ အခါေျခေထာက္သိပ္နာပါတယ္၊ အဲဒါ ဘယ္လို နင္းသင့္ပါသလဲ။
ေျဖ ။ ။ ဟုတ္ကဲ့၊ အေလးအားနဲ႔ နာမွာပါပဲ၊ နင္းမယ့္ ေနရာ လက္တန္း တစ္ခုလုပ္ၿပီးယီ းေ လးခိုနင္းရန္ ျဖစ္ပါတယ္။ ခံသာေအာင္ ကိုယ္ေဖာ့တန္ ေဖာ့နင္းေပါ့။
ေမး ။ ။ အုန္းမႈတ္ခြက္ဆိုေတာ့ တနဂၤႏြေနံ ျဖစ္ပါတယ္။ တခ်ိဳ႕ တနဂၤေႏြ သား/သမီးေတြကကိုယ္နံကို မနင္းသူေတြ ရွိပါတယ္၊ အဲဒါ အျခားသစ္သားဘု တစ္ခုခု လုပ္နင္းရင္ေကာ မျဖစ္ဘူးလား။
ေျဖ ။ ။ ျဖစ္ေတာ့ ျဖစ္ပါတယ္၊ အုန္းမႈတ္ခြက္ေလာက္ မေကာင္းပါဘူး၊ ဥပမာ လက္သမားဆရာတစ္ေယာက္ဟာ သံ႐ိုက္လိုတယ္ဆိုပါစို႔၊ သံကို နီးရာ ဓားေႏွာင့္နဲ႔လဲ ႐ိုက္လို႔ရပါတယ္။
ေက်ာက္ခဲတစ္လုံးနဲ႔ ေကာက္ထု႐ိုက္ရင္လဲ ျဖစ္တာပါပဲ၊ ဒါေပမယ့္ သံကို ႐ိုက္တဲ့ေနရာမွာ တူနဲ႔ ႐ိုက္တာေလာက္ ေကာင္းမြန္တာ တျခား မရွိပါဘူး။
ေမး ။ ။ အုန္းမႈတ္ခြက္ တစ္ႀကိမ္နင္းရင္ ဘယ္ေလာက္ၾကာၾကာ နင္းသင့္ပါသလဲ။
ေျဖ ။ ။ အနည္းဆုံး မိနစ္ သုံးဆယ္ေလာက္ေတာ့ နင္းသင့္ပါတယ္၊ အေကာင္းဆုံးကေတာ့ေလးဆယ့္ငါးမိနစ္ေလာက္ ထိေပါ့။
နင္းၿပီး ေရမခ်ိဳးရပါ၊ ေျခေထာက္ကိုပင္ ေရမေဆးမိဘို႔အထူးသတိထားရပါမယ္။ဆီခ်ိဳ၊ ေသြးတိုး၊ ေလငန္းေရာဂါမ်ား ဆီးခ်ိဳေရာဂါ
ေမး ။ ။ ဆီးခ်ိဳေရာဂါရွိသူေတြ နင္းရင္ေကာ ေပ်ာက္ပါသလား။
ေျဖ ။ ။ ေပ်ာက္ပါတယ္၊ မွန္မွန္သာ နင္းပါ။ နံနက္တစ္ႀကိမ္၊ ညအိပ္ရာဝင္ တစ္ႀကိမ္နင္းပါ၊ ႏွစ္လ သုံးလအတြင္း ေပ်ာက္ရပါေစ့မယ္။
ေမး ။ ။ အုန္းမႈတ္ခြက္နင္းတဲ့အခါ ေရွာင္ရမယ့္ အစားအစာေတြေျပာပါ၊
ေျဖ။ ။ သမားေတာ္မ်ားက ၫႊန္ၾကားထားတာေတြ ရွိၾကမွာပါပဲ၊ အဲဒီအတိုင္း က်င့္သုံးပါ၊အုန္းမႈတ္ခြက္ နင္းတာေၾကာင့္ေတာ့ ေရွာင္ရမယ့္ အစားအစာ မရွိပါ၊ သတိထားရမွာက အုန္းမႈတ္ခြက္ နင္းၿပီး ေရမခ်ိဳးမိဖို႔ပါပဲ။
ေမး ။ ။ အုန္းမႈတ္ခြက္နင္းၿပီးလို႔ ဘယ္ႏွစ္နာရီၾကာမွ ေရခ်ိဳး သင့္ပါသလဲ။
ေျဖ ။ ။ ငါးနာရီေလာက္ၾကာမွ ေရခ်ိဳးသင့္ပါတယ္။
ေမး ။ ။ ေရခ်ိဳးၿပီးၿပီးျခင္း အုန္းမႈတ္ခြက္ နင္းသင့္ပါသလား ။
ေျဖ ။ ။ နင္းသင့္ပါတယ္၊ အေကာင္းဆုံးပါပဲ၊ ကြၽန္ေတာ္တို႔ အနင္း အႏွိပ္ခံသလိုပဲေပါ့။
ေမး ။ ။ ေရာဂါၾကာ ၾကာသလိုေပါ့။ ေရာဂါႏု ႏုသလို ပါပဲ၊ အုန္းမႈတ္ခြက္ကိုပဲ က်က်နန ယုံယုံၾကည္ၾကည္ေလးေလးစားစား နင္းပါ၊ ေပ်ာက္ရပါေစမယ္၊
ဒီလိုနဲ႔ ေပ်ာက္ကင္းၾကသူေတြ ကိုယ္ေတြ႕ေတြ အမ်ားႀကီးပါ။
ေသြးတိုးေရာဂါ
ေမး ။ ။ ေသြးတိုးေရာဂါကိုေကာ အုန္းမႈတ္ခက္နင္း႐ုံနဲ႔ ေပ်ာက္ပါ့မလား။
ေျဖ ။ ။ ေပ်ာက္ပါတယ္။ လူမွာ အသက္ႀကီးလာရင္ ေလသန္လာပါတယ္။ ေသြးဟာ ေလနဲ႔ သြားလာလည္ပတ္ေနတာမို႔ေလအားနည္းလာရင္ တက္မိရင္ မဆင္းတဲ့ သေဘာပါ။
အုန္းမႈတ္ခြက္နင္းတုန္းမွာကိုေလအားေကာင္းလာၿပီး ေလလည္သည္အထိ ျဖစ္ပါတယ္။ ကိုယ္တိုင္နင္း ၾကည့္ရင္ ကိုယ္ေတြ႕သိမွာပါ။
ေမး ။ ။ ဒူးေရာင္ေနပါတယ္။ ဒူးေရာင္တာေကာ ေပ်ာက္ပါ့မလား။
ေျဖ ။ ။ ေပ်ာက္ပါတယ္။ နင္းပါ။ တစ္ရက္ နင္းတာေလာက္နဲ႔ေတာ့ မဟုတ္ဘူး၊ မွန္မွန္နင္းရပါမယ္။
ေလငန္းေရာဂါ
ေမး ။ ။ ေလငန္းေရာဂါ ေပ်ာက္ပါ့မလား။
ေျဖ ။ ။ ေပ်ာက္ပါတယ္၊ အမွန္ကေတာ့ လူမွာ ပထဝီနဲ႔ဝါေယာ ဓာတ္ေၾကာင့္ ေခါင္းကိုက္၊ ဇက္ေလး၊ဇာတ္ေၾကာတက္၊ ခါးနာ၊ ေျခေထာက္ကိုက္၊ ေပါင္ကိုက္ေလာက္က စၿပီး တစ္စတစ္စ ေရာဂါဟာ ႀကီးထြားလာတာပါ၊
ဆီးခ်ိဳ၊ ေသြးတိုး၊ ေလငန္းဆိုတဲ့ ေရာဂါေတြဟာ ခုနက ေျပာတဲ့ ဇက္ေၾကာတက္၊ ခါးကိုက္၊ ခါးနာတာေတြကစတင္ေပၚေပါက္ႀကီးထြားလာတဲ့ ေရာဂါေတြပါ။ ဒါေတြ ေပ်ာက္ကင္းႏိုင္ေၾကာင္း အာမခံပါတယ္။
ေမး ။ ။ ခုတိုင္းဆိုရင္ ခင္ဗ်ားဟာက လြယ္လြန္းလွခ်ည္လား။
ေျဖ ။ ။ ဟုတ္ကဲ့၊ လြယ္ပါတယ္။ ျဖစ္ေပၚလာတဲ့ အေၾကာင္းရင္းေတြ ၿငိမ္ေအာင္လုပ္တဲ့ ကုသနည္းျဖစ္ပါတယ္။ ခုနင္း မၾကည့္ရေသးလို႔မယုံၾကည္ၾကပါနဲ႔ဦး။နင္းၾကည့္ၿပီးမွ ကိုယ္ေတြ႕ႀကဳံမွ ယုံၾကည္လက္ခံပါ။ ေတာင္းပန္ခ်င္တာက နင္းျဖစ္ေအာင္ေတာ့ နင္းၾကပါဦး
ဆရာ မေကြးဝင္းျမင့္
Unicode
အုန်းမှုတ်ခွက် နင်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ
သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကို က်ဖြစ်ရာကနေ တစ်စတစ်စနဲ့သွေးတိုးရောဂါ၊ လေငန်းရောဂါ၊
မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။
ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါ တ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။
အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ
သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွ က်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။
အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။
လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။
လုပ်နည်း
(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။
(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။
(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။
(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။
သတိပြုရန်
အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ်ရေလုံး၀ မချိုးရပါ။
နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။
အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီးအကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊
ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်။အုန်းမှုတ်ခွက် နင်း ပုံ နင်းနည်းအုန်းမှုတ်ခွက်နင်းရန်မှာ ကရိကထမများပါ။
အုန်းမှုတ်ခွက် နှစ်လုံးရှာပါ။ တစ်လက်မခန့်အထူရှိသည့် ( အလျား နှစ်ပေ၊ အနံ နှစ်ပေခန့်ရှိ) ပျဉ်ပြားတစ်ချပ်ပေါ်တွင် ဂုန်နီအိတ်ခင်းရပါမည်။
ဂုန်နီအိတ်ပေါ်မှာ အုန်းမှုတ်ခွက် နှစ်ခု မှောက်ပါ။ တစ်ခွက်နှင့်တစ်ခွက် အကွာအဝေးကိုမိမိခြေထောက်နင်းကောင်းရုံ ထားရပါမည်။
အနီမှောက်ထားသော အုန်းမှုတ်ခွက်ပေါ်သို့ လူကခြေထောက်ဖြင့်တက်၍ ဘယ်ညာနင်းရန် ဖြစ်ပါသည်။
မိမိကိုယ်တိုင် မတ်တပ်ရပ်၍ မနင်းနိုင်သူကို ဘေးမှ လူအကူအညီဖြင့် နင်းရန် ဖြစ်ပါသည်။
ပထမ ခြေဖဝါးအလယ်ဖြင့် နင်းပါ။ နင်းရင်းနင်းရင်း သဘော သိလာပါလိမ့်မည်။ ထို့နောက် ခြေဖနောင့်ဖြင့်လည်းကောင်း၊ ခြေဖျားတို့ဖြင့် လည်းကောင်း၊ထိုသို့နင် းရာတွင် ခြေဖျားကို ထောက်၍
တစ်ဖန် အောက်သို့ ကုပ်၍ မိမိအကြော မိမိလိုသလို နင်းရန် ဖြစ်ပါသည်။စာရေးသူထံသို့ မရှင်းလင်းကြသူများက မေးကြပါသည်။
ယင်းအမေးများကို တစ်ခါတည်း ဖော်ပြလိုက်ပါသည်။မေးမြန်းကြသူများ၏ အမည်၊ နေရပ်လိပ်စာများကို အကြောင်းမထူး၍ မဖော်ပြတော့ပါ။
အမေး အဖြေများ
မေး ။ ။ ပျဉ်ပြားမခင်းဘဲ အုန်းမှုတ်ခွက်ချည်း ကြမ်းပြင်ပေါ်မှာ မှောက်ပြီး နင်းရင်းကော မဖြစ်ဘူးလား။
ဖြေ ။ ။ ဖြစ်ပါတယ်၊ ပျဉ်ပြားခင်းစေချင်တာက အုန်းမှုတ်ခွက်အပေါ်မြင့်လာပါတယ်။ မြင့်လာတော့ ဖြေဖဝါးရှည်လျား သူများ နင်းအား၊ ကုပ်အား ကောင်းတာကြောင့် ဖြစ်ပါတယ်။ ခပ်မြင့်မြင့် ကလေးဆိုတော့ ခြေဖဝါးကို အမျိုးမျိုး လိမ်ဖယ်ပြီး နင်းလို့ရတာပေါ့။
မေး ။ ။ ဂုန်နီအိတ် နင်းရတာက ဘာကြောင့်ပါလဲ။
ဖြေ ။ ။ အုန်းမှုတ်ခွက်က အမာ၊ ကြမ်းပြင်က အမာဆိုတော့ နင်းတဲ့ မတော်လို့ ခြေချော် လက်ချော် မဖြစ် အောင်လို့ပါ။
မေး ။ ။ အုန်းမှုတ်ခွက်ကို မျက်ကွင်း ဘက်က နင်းသင့်ပါသလား။
ဖြေ ။ ။ မနင်းသင့်ပါ။ မျက်ကွင်း ဘက်က ရှမှာ စိုးရပါတယ်၊ ဖင်ဘက်က နင်းရန် ဖြစ်ပါတယ်။
မေး ။ ။ တကယ်လို့ အုန်းမှုတ်ခွက်နင်းတဲ့အခါ ခြေထောက်နာရင် ဘယ်နှယ်လုပ်ရမလဲ။
ဖြေ ။ ။ အဝတ်ခုနင်းပါ။
မေး ။ ။ နင်းတဲ့ ပုဂ္ဂိုလ်က အင်မတန်ဝပြီးအလေးချိန်သိပ်များနေပါတယ်၊ နင်းတဲ့ အခါခြေထောက်သိပ်နာပါတယ်၊ အဲဒါ ဘယ်လို နင်းသင့်ပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့၊ အလေးအားနဲ့ နာမှာပါပဲ၊ နင်းမယ့် နေရာ လက်တန်း တစ်ခုလုပ်ပြီးယီ းေ လးခိုနင်းရန် ဖြစ်ပါတယ်။ ခံသာအောင် ကိုယ်ဖော့တန် ဖော့နင်းပေါ့။
မေး ။ ။ အုန်းမှုတ်ခွက်ဆိုတော့ တနင်္ဂနွနေံ ဖြစ်ပါတယ်။ တချို့ တနင်္ဂနွေ သား/သမီးတွေကကိုယ်နံကို မနင်းသူတွေ ရှိပါတယ်၊ အဲဒါ အခြားသစ်သားဘု တစ်ခုခု လုပ်နင်းရင်ကော မဖြစ်ဘူးလား။
ဖြေ ။ ။ ဖြစ်တော့ ဖြစ်ပါတယ်၊ အုန်းမှုတ်ခွက်လောက် မကောင်းပါဘူး၊ ဥပမာ လက်သမားဆရာတစ်ယောက်ဟာ သံရိုက်လိုတယ်ဆိုပါစို့၊ သံကို နီးရာ ဓားနှောင့်နဲ့လဲ ရိုက်လို့ရပါတယ်။
ကျောက်ခဲတစ်လုံးနဲ့ ကောက်ထုရိုက်ရင်လဲ ဖြစ်တာပါပဲ၊ ဒါပေမယ့် သံကို ရိုက်တဲ့နေရာမှာ တူနဲ့ ရိုက်တာလောက် ကောင်းမွန်တာ တခြား မရှိပါဘူး။
မေး ။ ။ အုန်းမှုတ်ခွက် တစ်ကြိမ်နင်းရင် ဘယ်လောက်ကြာကြာ နင်းသင့်ပါသလဲ။
ဖြေ ။ ။ အနည်းဆုံး မိနစ် သုံးဆယ်လောက်တော့ နင်းသင့်ပါတယ်၊ အကောင်းဆုံးကတော့လေးဆယ့်ငါးမိနစ်လောက် ထိပေါ့။
နင်းပြီး ရေမချိုးရပါ၊ ခြေထောက်ကိုပင် ရေမဆေးမိဘို့အထူးသတိထားရပါမယ်။ဆီချို၊ သွေးတိုး၊ လေငန်းရောဂါများ ဆီးချိုရောဂါ
မေး ။ ။ ဆီးချိုရောဂါရှိသူတွေ နင်းရင်ကော ပျောက်ပါသလား။
ဖြေ ။ ။ ပျောက်ပါတယ်၊ မှန်မှန်သာ နင်းပါ။ နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ်နင်းပါ၊ နှစ်လ သုံးလအတွင်း ပျောက်ရပါစေ့မယ်။
မေး ။ ။ အုန်းမှုတ်ခွက်နင်းတဲ့အခါ ရှောင်ရမယ့် အစားအစာတွေပြောပါ၊
ဖြေ။ ။ သမားတော်များက ညွှန်ကြားထားတာတွေ ရှိကြမှာပါပဲ၊ အဲဒီအတိုင်း ကျင့်သုံးပါ၊အုန်းမှုတ်ခွက် နင်းတာကြောင့်တော့ ရှောင်ရမယ့် အစားအစာ မရှိပါ၊ သတိထားရမှာက အုန်းမှုတ်ခွက် နင်းပြီး ရေမချိုးမိဖို့ပါပဲ။
မေး ။ ။ အုန်းမှုတ်ခွက်နင်းပြီးလို့ ဘယ်နှစ်နာရီကြာမှ ရေချိုး သင့်ပါသလဲ။
ဖြေ ။ ။ ငါးနာရီလောက်ကြာမှ ရေချိုးသင့်ပါတယ်။
မေး ။ ။ ရေချိုးပြီးပြီးခြင်း အုန်းမှုတ်ခွက် နင်းသင့်ပါသလား ။
ဖြေ ။ ။ နင်းသင့်ပါတယ်၊ အကောင်းဆုံးပါပဲ၊ ကျွန်တော်တို့ အနင်း အနှိပ်ခံသလိုပဲပေါ့။
မေး ။ ။ ရောဂါကြာ ကြာသလိုပေါ့။ ရောဂါနု နုသလို ပါပဲ၊ အုန်းမှုတ်ခွက်ကိုပဲ ကျကျနန ယုံယုံကြည်ကြည်လေးလေးစားစား နင်းပါ၊ ပျောက်ရပါစေမယ်၊
ဒီလိုနဲ့ ပျောက်ကင်းကြသူတွေ ကိုယ်တွေ့တွေ အများကြီးပါ။
သွေးတိုးရောဂါ
မေး ။ ။ သွေးတိုးရောဂါကိုကော အုန်းမှုတ်ခက်နင်းရုံနဲ့ ပျောက်ပါ့မလား။
ဖြေ ။ ။ ပျောက်ပါတယ်။ လူမှာ အသက်ကြီးလာရင် လေသန်လာပါတယ်။ သွေးဟာ လေနဲ့ သွားလာလည်ပတ်နေတာမို့လေအားနည်းလာရင် တက်မိရင် မဆင်းတဲ့ သဘောပါ။
အုန်းမှုတ်ခွက်နင်းတုန်းမှာကိုလေအားကောင်းလာပြီး လေလည်သည်အထိ ဖြစ်ပါတယ်။ ကိုယ်တိုင်နင်း ကြည့်ရင် ကိုယ်တွေ့သိမှာပါ။
မေး ။ ။ ဒူးရောင်နေပါတယ်။ ဒူးရောင်တာကော ပျောက်ပါ့မလား။
ဖြေ ။ ။ ပျောက်ပါတယ်။ နင်းပါ။ တစ်ရက် နင်းတာလောက်နဲ့တော့ မဟုတ်ဘူး၊ မှန်မှန်နင်းရပါမယ်။
လေငန်းရောဂါ
မေး ။ ။ လေငန်းရောဂါ ပျောက်ပါ့မလား။
ဖြေ ။ ။ ပျောက်ပါတယ်၊ အမှန်ကတော့ လူမှာ ပထဝီနဲ့ဝါယော ဓာတ်ကြောင့် ခေါင်းကိုက်၊ ဇက်လေး၊ဇာတ်ကြောတက်၊ ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်လောက်က စပြီး တစ်စတစ်စ ရောဂါဟာ ကြီးထွားလာတာပါ၊
ဆီးချို၊ သွေးတိုး၊ လေငန်းဆိုတဲ့ ရောဂါတွေဟာ ခုနက ပြောတဲ့ ဇက်ကြောတက်၊ ခါးကိုက်၊ ခါးနာတာတွေကစတင်ပေါ်ပေါက်ကြီးထွားလာတဲ့ ရောဂါတွေပါ။ ဒါတွေ ပျောက်ကင်းနိုင်ကြောင်း အာမခံပါတယ်။
မေး ။ ။ ခုတိုင်းဆိုရင် ခင်ဗျားဟာက လွယ်လွန်းလှချည်လား။
ဖြေ ။ ။ ဟုတ်ကဲ့၊ လွယ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းတွေ ငြိမ်အောင်လုပ်တဲ့ ကုသနည်းဖြစ်ပါတယ်။ ခုနင်း မကြည့်ရသေးလို့မယုံကြည်ကြပါနဲ့ဦး။နင်းကြည့်ပြီးမှ ကိုယ်တွေ့ကြုံမှ ယုံကြည်လက်ခံပါ။ တောင်းပန်ချင်တာက နင်းဖြစ်အောင်တော့ နင်းကြပါဦး
ဆရာ မကွေးဝင်းမြင့်