သူရဲေကာင္းဟူသည္ စစ္ေျမျပင္မွာပဲ ေပၚထြက္တာ မဟုတ္ဘူး ဆိုတာ သက္ေသျပလိုက္တဲ့ ျဖစ္ရပ္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

မႏၲေလးပုဂံ အျမန္ရထား စက္ေခါင္းအမွတ္ DD1214 ႏြားထိုးႀကီးၿမိဳ႕မရဲစခန္း၏ အေရွ႕ဘက္ ၅ မိုင္ခန႔္အကြာ

ငွက္ေပ်ာအိုင္ေက်း႐ြာအနီး ေျမာက္ဖက္ တံတားအဝင္မတိုင္မီ မီးရထားမိုင္တိုင္အမွတ္ (၃၉၈/၂၀/၂၂) ၾကားမွာ နံနက္ ၂ နာရီ ၅၅ မိနစ္ အခ်ိန္တြင္ စက္ေခါင္းခန္း လမ္းေခ်ာ္သြားခဲ့ပါသည္။

ျဖစ္ပြားပုံမွာ စက္ေခါင္းမႉး ဦးေအာင္ႏိုင္ ေမာင္းႏွင္လာခ်ိန္တြင္ ရထားဘီးေခ်ာ္သည္ ကိုသိသျဖင့္ အရွိန္သတ္စဥ္ စက္ေခါင္းမွာ သံလမ္းအေရွ႕ဘက္သို႔ ဦးေခါင္းလည္က်ၿပီး တိမ္းေမွာက္သြားျခင္းျဖစ္သည္။

ထိုကဲ့သို မတိမ္းေမွာက္မီ လက္မတင္အခ်ိန္ေလးတြင္ လက္ေထာက္ စက္ေခါင္းေမာင္း ကိုေက်ာ္ေက်ာ္ဦး သည္ ေနာက္တြဲမ်ားလိုက္ပါ တိမ္းေမွာက္မည္ကို စိုးရိမ္သျဖင့္

စက္ေခါင္းေပၚမွ ခုနွ်ဆင်းကာ ေနာက္ဖက္ လူစီးတြဲႏွင့္ စက္ေခါင္းၾကား အဆက္ကို အဆက္ျဖဳတ္ၿပီးခ်ိန္ လဲက်လုဆဲဆဲ ျဖစ္ေနေသာစက္ေခါင္းမွာ သံလမ္းအေရွ႕ဘက္သို႔ ထိုးက် သြားသည္ဟုသိရွိရသည္။

ထိုးက်စဥ္ ေရွ႕တြဲေနာက္တြဲ ၾကား၌ရွိေနေသာ ကိုေက်ာ္ေက်ာ္ဦးမွာ ေရွာင္တိမ္းခ်ိန္ မရေတာ့ပဲ တြဲႏွစ္ခုၾကားညႇပ္မိၿပီး ေနရာ၌ပင္ ေသဆုံးသြားသည္ဟု သိရသည္ ။

ကိုေက်ာ္ေက်ာ္ဦး သာ တြဲဆက္မျဖဳတ္ခဲ့လွ်င္ ေနာက္ပါ လူစီးတြဲမ်ား စက္ေခါင္းႏွင့္အတူ လမ္းအေရွ႕ဖက္ေခ်ာက္ထဲသို႔ ျပဳတ္က်ၿပီး ခရီးသည္မ်ား မရႈမလွ ေသၾကရမည္ျဖစ္ၿပီး

ေနာက္တြဲမ်ားမွခရီးသည္မ်ား ဒုကၢျဖစ္မခံႏိုင္ဟုဆိုကာ စက္ေခါင္းေပၚမွဆင္း၍ တြဲဆက္ ျဖဳတ္ခဲ့ေၾကာင္းသိရသည္ ။

ကိုေက်ာ္ေက်ာ္ဦး ၏စြန႔္စားမႈသည္ မီးရထားဝန္ထမ္း တစ္ေယာက္အေနျဖင့္ လုပ္ႏိုင္ခဲေသာအလုပ္ျဖစ္သည္ ။

စက္ေခါင္းမႉး ဦးေအာင္ႏိုင္ လက္က်ိဳးသြားခဲ့ကာ ကိုေက်ာ္ေက်ာ္ဦးကေတာ့ ခရီးသည္မ်ား အသက္ရွင္ေရး အတြက္သူ၏အသက္ စေတး သြားခဲ့ပါသည္ ။

က်ေနာ္တို႔အားလုံး ခရီးသြားျပည္သူမ်ားအတြက္ အသက္ေပးစြန႔္စားခဲ့ေသာ ကိုေက်ာ္ေက်ာ္ဦး ကို ခရီးသည္မ်ားအသက္(အမ်ားအက်ိဳးအတြက္) ကယ္တင္ရွင္တစ္ေယာက္အေနျဖင့္ အသိအမွတ္ျပဳၾကရမည္ ျဖစ္ပါသည္ ။

ငွက္ေပ်ာအိုင္ ႐ြာသူ႐ြာသားမ်ားကလည္း သံဃာေတာ္မ်ားပင့္ဖိတ္၍ စက္ေခါင္း ေမွာက္သည္ေနရာ၌ အႏၲရာယ္ကင္းပရိတ္ တရားေတာ္မ်ား နာၾကား ၾကၿပီး

ေသဆုံးသူ လက္ေထာက္ စက္ေခါင္းေမာင္း အား အမွ်ေပးေဝၾကေၾကာင္း သတင္းထပ္မံ ရရွိပါသည္။

saw nan dar အညာေက်းလက္

Unicode

ယမန်နေ့ညက မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD1214 နွားထိုးကြီးမြို့မရဲစခန်း၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ

ငှက်ပျောအိုင်ကျေးရွာအနီး မြောက်ဖက် တံတားအဝင်မတိုင်မီ မီးရထားမိုင်တိုင်အမှတ် (၃၉၈/၂၀/၂၂) ကြားမှာ နံနက် ၂ နာရီ ၅၅ မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ စက်ခေါင်းမှူး ဦးအောင်နိုင် မောင်းနှင်လာချိန်တွင် ရထားဘီးချော်သည် ကိုသိသဖြင့် အရှိန်သတ်စဉ် စက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့ ဦးခေါင်းလည်ကျပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်။

ထိုကဲ့သို မတိမ်းမှောက်မီ လက်မတင်အချိန်လေးတွင် လက်ထောက် စက်ခေါင်းမောင်း ကိုကျော်ကျော်ဦး သည် နောက်တွဲများလိုက်ပါ တိမ်းမှောက်မည်ကို စိုးရိမ်သဖြင့်

စက်ခေါင်းပေါ်မှ ခုနျှဆငျးကာ နောက်ဖက် လူစီးတွဲနှင့် စက်ခေါင်းကြား အဆက်ကို အဆက်ဖြုတ်ပြီးချိန် လဲကျလုဆဲဆဲ ဖြစ်နေသောစက်ခေါင်းမှာ သံလမ်းအရှေ့ဘက်သို့ ထိုးကျ သွားသည်ဟုသိရှိရသည်။

ထိုးကျစဉ် ရှေ့တွဲနောက်တွဲ ကြား၌ရှိနေသော ကိုကျော်ကျော်ဦးမှာ ရှောင်တိမ်းချိန် မရတော့ပဲ တွဲနှစ်ခုကြားညှပ်မိပြီး နေရာ၌ပင် သေဆုံးသွားသည်ဟု သိရသည် ။

ကိုကျော်ကျော်ဦး သာ တွဲဆက်မဖြုတ်ခဲ့လျှင် နောက်ပါ လူစီးတွဲများ စက်ခေါင်းနှင့်အတူ လမ်းအရှေ့ဖက်ချောက်ထဲသို့ ပြုတ်ကျပြီး ခရီးသည်များ မရှုမလှ သေကြရမည်ဖြစ်ပြီး

နောက်တွဲများမှခရီးသည်များ ဒုက္ဂဖြစ်မခံနိုင်ဟုဆိုကာ စက်ခေါင်းပေါ်မှဆင်း၍ တွဲဆက် ဖြုတ်ခဲ့ကြောင်းသိရသည် ။

ကိုကျော်ကျော်ဦး ၏စွန့်စားမှုသည် မီးရထားဝန်ထမ်း တစ်ယောက်အနေဖြင့် လုပ်နိုင်ခဲသောအလုပ်ဖြစ်သည် ။

စက်ခေါင်းမှူး ဦးအောင်နိုင် လက်ကျိုးသွားခဲ့ကာ ကိုကျော်ကျော်ဦးကတော့ ခရီးသည်များ အသက်ရှင်ရေး အတွက်သူ၏အသက် စတေး သွားခဲ့ပါသည် ။

ကျနော်တို့အားလုံး ခရီးသွားပြည်သူများအတွက် အသက်ပေးစွန့်စားခဲ့သော ကိုကျော်ကျော်ဦး ကို ခရီးသည်များအသက်(အများအကျိုးအတွက်) ကယ်တင်ရှင်တစ်ယောက်အနေဖြင့် အသိအမှတ်ပြုကြရမည် ဖြစ်ပါသည် ။

ငှက်ပျောအိုင် ရွာသူရွာသားများကလည်း သံဃာတော်များပင့်ဖိတ်၍ စက်ခေါင်း မှောက်သည်နေရာ၌ အန္တရာယ်ကင်းပရိတ် တရားတော်များ နာကြား ကြပြီး

သေဆုံးသူ လက်ထောက် စက်ခေါင်းမောင်း အား အမျှပေးဝေကြကြောင်း သတင်းထပ်မံ ရရှိပါသည်။

saw nan dar အညာကျေးလက်