အသည္းကို သန႔္စင္ေပးဖို႔အတြက္ ဒီအစားအစာေတြ စားသုံးေပးပါ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အသည္းကင္ဆာကလည္း ကမာၻ႔တစ္ဝွမ္းမွာ အျဖစ္မ်ားတဲ့ေရာဂါျဖစ္ပါတယ္။ အသည္းရဲ႕အဓိကလုပ္ေဆာင္ခ်က္ဟာ ခႏၶာကိုယ္က အလဟႆတင္က်န္ေနတဲ့ အရာေတြကို ဖယ္ရွားေပးဖို႔ပါပဲ။
အသည္းဟာ ေသြးအတြင္းက ကာဗြန္ဟိုက္ဒ႐ိုတ္ေတြကို ေကာင္းေကာင္းလည္ပတ္ႏိုင္ဖို႔၊ ေသြးကေန အဆိပ္အေတာက္ေတြ ဖယ္ရွားဖို႔၊ အင္ဇိုင္းဓာတ္ေတြ လႈပ္ရွားလာဖို႔ ကူညီေပးႏိုင္ပါတယ္။
လူ႔ခႏၶာကိုယ္မွာ အေရးႀကီးတဲ့အသည္းကို အဆိပ္အေတာက္ေတြ သန႔္စင္ဖို႔ ေထာက္ပံ့ကူညီေပးႏိုင္တဲ့အစားအစာရွိပါတယ္။
အသည္းကင္ဆာမျဖစ္ေအာင္ အသည္းရဲ႕လုပ္ေဆာင္ခ်က္ေတြေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ဖို႔ ေအာက္မွာေဖာ္ျပေပးထားတဲ့အစားအစာေတြကို စားသုံးေပးသင့္ပါတယ္။
အမွ်င္ဓာတ္မ်ားတဲ့အစားအစာမ်ားသင္ တစ္ေန႔တာစားတဲ့အစားအစာမွာ အမွ်င္ဓာတ္ပိုပါဝင္မယ္ဆိုရင္ သင့္အသည္းက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။
အသည္းထဲမွာတင္က်န္ေနတဲ့ သၾကားပမာဏကို ျဖတ္ေတာက္ေပးတဲ့ေနရာမွာ ကူညီေပးပါတယ္။
ဒါေၾကာင့္ အသည္းက်န္းမာေရးအတြက္ ခႏၶာကိုယ္က အႏၲရာယ္ျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ေနရာမွာကူညီေပးတဲ့ အမွ်င္ဓာတ္မ်ားတဲ့အစားအစာေတြကို စားေပးသင့္ပါတယ္။
လက္ဖက္စိမ္းေရေႏြးၾကမ္း
လက္ဖက္စိမ္းေရေႏြးၾကမ္းေသာက္ေပးတာကလည္း မ်ားစြာေသာ က်န္းမာေရးအက်ိဳးေက်းဇူးေတြရပါတယ္။
အထူးသျဖင့္ ကိုယ္အေလးခ်ိန္က်ခ်င္ေနတဲ့ သူေတြအတြက္ပါ။ ဒါေပမဲ့ လက္ဖက္စိမ္းေရေႏြးၾကမ္းက အသည္းမွာရွိေနတဲ့ အဆီေတြကိုလည္း ဖယ္ထုတ္ေပးႏိုင္ပါတယ္။
အသည္းအဆီဖုံးတာေတြမျဖစ္ေအာင္ လက္ဖက္စိမ္းေရေႏြးၾကမ္းက ကာကြယ္ေပးႏိုင္ပါတယ္။ အသည္းရဲ႕လုပ္ေဆာင္ခ်က္ကိုလည္း တိုးတတ္ေစႏိုင္ပါတယ္။
လက္ဖက္စိမ္းေရေႏြးၾကမ္းရဲ႕အက်ိဳးေက်းဇူးေတြကို ျမင္ေတြ႕ခ်င္ရဖို႔အတြက္ ေန႔တိုင္း လက္ဖက္စိမ္းေရေႏြးႀကိမ္း (၁) ခြက္ ေသာက္ေပးလို႔ရပါတယ္။
အခ်ဥ္ဓာတ္ပါတဲ့သစ္သီးမ်ား
အသည္းကို သဘာဝအေလ်ာက္သန႔္စင္ေပးႏိုင္တဲ့ သစ္သီးမ်ားစြာရွိပါတယ္။ အခ်ဥ္ဓာတ္ပါတဲ့သစ္သီးေတြက အင္ဇိုင္းဓာတ္ကို သန႔္စင္ေပးဖို႔အတြက္ ျမႇင့္တင္ေပးတဲ့ ဗီတာမင္စီပမာဏ ေကာင္းစြာပါဝင္ပါတယ္။
လိေမၼာ္သီးအျပင္ ပန္းသီး၊ ေထာပတ္သီးနဲ႔ စပ်စ္သီးတို႔ကိုလည္း စားေပးႏိုင္ပါတယ္။
သစ္ၾကားသီး
သစ္ၾကားသီးက အိုမီဂါ ၃ အက္ဆစ္နဲ႔ အမီႏိုအက္ဆစ္ဓာတ္ေတြနဲ႔ ျပည့္ဝေနတာပါ။ အဲဒါေတြက အသည္းကို သန႔္စင္ေပးႏိုင္တဲ့ Arginine အက္ဆစ္ပါဝင္ပါတယ္။
အိုမီဂါ ၃ က အသည္းေကာင္းမြန္ဖို႔အတြက္ အဆိပ္အေတာက္ေတြ သန႔္စင္တဲ့ေနရာမွာ အကူအညီျဖစ္ေစပါတယ္။
အ႐ြက္မ်ားတဲ့အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္
အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ကို ေန႔တိုင္းပါေအာင္ စားသုံးေပးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕က်န္းမာေရးအတြက္ ေကာင္းပါတယ္။
အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ေတြဟာ အသည္းက အဆိပ္အေတာက္ေတြကို သန႔္စင္ဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။
နႏြင္းနဲ႔ ၾကက္သြန္ျဖဴ
နႏြင္းနဲ႔ ၾကက္သြန္ျဖဴလို အေမြးအႀကိဳင္ေတြကို ဟင္းလ်ာေၾကာ္ေလွာ္ခ်က္ျပဳတ္တဲ့ေနရာမွာ ေတာ္ေတာ္ေလးသုံးၾကပါတယ္။
ၾကက္သြန္ျဖဴမွာ အသည္းကို ေထာက္ပံ့ေပးတဲ့၊ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ ဆာလဖာျဒပ္ေပါင္း ပါဝင္ပါတယ္။
နႏြင္းကလည္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့ ကာကူမင္ဓာတ္ပါဝင္ပါတယ္။ အဲဒီဓာတ္ကို အသည္းဆဲလ္ေတြကို ျပန္လည္ျပဳျပဳေပးတဲ့၊ က်န္းမာတဲ့အသည္းဆဲလ္ေတြျဖစ္လာေအာင္လုပ္ေပးတဲ့အရာအျဖစ္ သိၾကပါတယ္။
ဒီအစားအစာေတြက က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာရွိပါတယ္။ ဒါေပမဲ့ သင္က က်န္းမာေရးျပႆနာတစ္ခုခုခံစားေနရရင္ (သို႔) ေဆးကုသမႈခံယူေနရတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ၾကည့္သင့္ပါတယ္။
Crd
Unicode
အသည်းကင်ဆာကလည်း ကမ္ဘာ့တစ်ဝှမ်းမှာ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ အသည်းရဲ့အဓိကလုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်က အလဟဿတင်ကျန်နေတဲ့ အရာတွေကို ဖယ်ရှားပေးဖို့ပါပဲ။
အသည်းဟာ သွေးအတွင်းက ကာဗွန်ဟိုက်ဒရိုတ်တွေကို ကောင်းကောင်းလည်ပတ်နိုင်ဖို့၊ သွေးကနေ အဆိပ်အတောက်တွေ ဖယ်ရှားဖို့၊ အင်ဇိုင်းဓာတ်တွေ လှုပ်ရှားလာဖို့ ကူညီပေးနိုင်ပါတယ်။
လူ့ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အသည်းကို အဆိပ်အတောက်တွေ သန့်စင်ဖို့ ထောက်ပံ့ကူညီပေးနိုင်တဲ့အစားအစာရှိပါတယ်။
အသည်းကင်ဆာမဖြစ်အောင် အသည်းရဲ့လုပ်ဆောင်ချက်တွေကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အောက်မှာဖော်ပြပေးထားတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။
အမျှင်ဓာတ်များတဲ့အစားအစာများသင် တစ်နေ့တာစားတဲ့အစားအစာမှာ အမျှင်ဓာတ်ပိုပါဝင်မယ်ဆိုရင် သင့်အသည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
အသည်းထဲမှာတင်ကျန်နေတဲ့ သကြားပမာဏကို ဖြတ်တောက်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။
ဒါကြောင့် အသည်းကျန်းမာရေးအတွက် ခန္ဓာကိုယ်က အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာကူညီပေးတဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။
လက်ဖက်စိမ်းရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးတာကလည်း များစွာသော ကျန်းမာရေးအကျိုးကျေးဇူးတွေရပါတယ်။
အထူးသဖြင့် ကိုယ်အလေးချိန်ကျချင်နေတဲ့ သူတွေအတွက်ပါ။ ဒါပေမဲ့ လက်ဖက်စိမ်းရေနွေးကြမ်းက အသည်းမှာရှိနေတဲ့ အဆီတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပါတယ်။
အသည်းအဆီဖုံးတာတွေမဖြစ်အောင် လက်ဖက်စိမ်းရေနွေးကြမ်းက ကာကွယ်ပေးနိုင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်ကိုလည်း တိုးတတ်စေနိုင်ပါတယ်။
လက်ဖက်စိမ်းရေနွေးကြမ်းရဲ့အကျိုးကျေးဇူးတွေကို မြင်တွေ့ချင်ရဖို့အတွက် နေ့တိုင်း လက်ဖက်စိမ်းရေနွေးကြိမ်း (၁) ခွက် သောက်ပေးလို့ရပါတယ်။
အချဉ်ဓာတ်ပါတဲ့သစ်သီးများ
အသည်းကို သဘာဝအလျောက်သန့်စင်ပေးနိုင်တဲ့ သစ်သီးများစွာရှိပါတယ်။ အချဉ်ဓာတ်ပါတဲ့သစ်သီးတွေက အင်ဇိုင်းဓာတ်ကို သန့်စင်ပေးဖို့အတွက် မြှင့်တင်ပေးတဲ့ ဗီတာမင်စီပမာဏ ကောင်းစွာပါဝင်ပါတယ်။
လိမ္မော်သီးအပြင် ပန်းသီး၊ ထောပတ်သီးနဲ့ စပျစ်သီးတို့ကိုလည်း စားပေးနိုင်ပါတယ်။
သစ်ကြားသီး
သစ်ကြားသီးက အိုမီဂါ ၃ အက်ဆစ်နဲ့ အမီနိုအက်ဆစ်ဓာတ်တွေနဲ့ ပြည့်ဝနေတာပါ။ အဲဒါတွေက အသည်းကို သန့်စင်ပေးနိုင်တဲ့ Arginine အက်ဆစ်ပါဝင်ပါတယ်။
အိုမီဂါ ၃ က အသည်းကောင်းမွန်ဖို့အတွက် အဆိပ်အတောက်တွေ သန့်စင်တဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။
အရွက်များတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်
အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို နေ့တိုင်းပါအောင် စားသုံးပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် ကောင်းပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဟာ အသည်းက အဆိပ်အတောက်တွေကို သန့်စင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။
နနွင်းနဲ့ ကြက်သွန်ဖြူ
နနွင်းနဲ့ ကြက်သွန်ဖြူလို အမွေးအကြိုင်တွေကို ဟင်းလျာကြော်လှော်ချက်ပြုတ်တဲ့နေရာမှာ တော်တော်လေးသုံးကြပါတယ်။
ကြက်သွန်ဖြူမှာ အသည်းကို ထောက်ပံ့ပေးတဲ့၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆာလဖာဒြပ်ပေါင်း ပါဝင်ပါတယ်။
နနွင်းကလည်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကာကူမင်ဓာတ်ပါဝင်ပါတယ်။ အဲဒီဓာတ်ကို အသည်းဆဲလ်တွေကို ပြန်လည်ပြုပြုပေးတဲ့၊ ကျန်းမာတဲ့အသည်းဆဲလ်တွေဖြစ်လာအောင်လုပ်ပေးတဲ့အရာအဖြစ် သိကြပါတယ်။
ဒီအစားအစာတွေက ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ ဒါပေမဲ့ သင်က ကျန်းမာရေးပြဿနာတစ်ခုခုခံစားနေရရင် (သို့) ဆေးကုသမှုခံယူနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။
Crd