က်န္းမာေရးကို အဖက္ဖက္က ေကာင္းေစတဲ့ နာနာတ္သီး Detox ေဖ်ာ္ရည္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

က်န္းမာေရးကို အဖက္ဖက္က ေကာင္းေစတဲ့ နာနာတ္သီး Detox ေဖ်ာ္ရည္

အခုလိုရာသီမ်ိဳးမွာ နာနာတ္သီးခ်ိဳခ်ိဳေလးေတြ ေပါေနၿပီမို႔နည္းလမ္းေကာင္းေလးတစ္ခုေျပာပါရေစေနာ္။ အဲ့ဒါက နာနာတ္သီး Detox ရည္ပါ။

Detox ရည္ဆိုတာ သဘာဝအသီးေတြနဲ႔ျပဳလုပ္ထားၿပီး ခႏၶၶာကိုယ္က အဆိပ္အေတာက္ေတြကို ဖယ္ရွာေပးတဲ့ အရည္တစ္မ်ိဳးပါ။

နာနာတ္သီးမွာပါဝင္တဲ့ Bromelain လို႔ေခၚတဲ့ အင္ဇိုင္းမ္ဓာတ္ဟာ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး ေဖာင္းေရာင္ျခင္းေတြမွကာကြယ္ေပးပါတယ္။

အေရးႀကီးတဲ့အခ်က္ကေတာ့ အဲ့ဒီ့အင္ဇိုင္းဓာတ္က ဇီဝကမၼျဖစ္စဥ္ကို ျမန္ဆန္ေစပါတယ္။

နာနာတ္သီး ၁၀၀ဂရမ္မွာ ၄၀ကယ္လိုရီပဲပါဝင္တာမို႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့အခါမွာလည္းအေထာက္အကူျပဳပါတယ္။

နာနာတ္ေဖ်ာ္ရည္ကို (၃) ရက္ဆက္တိုက္ ေသာက္ေပးရင္ အူထဲမွာရွိတဲ့သန္ေကာင္၊ တုပ္ေကာင္ေတြကိုဖယ္ရွားေပးပါတယ္။

ပင္ပန္းႏြမ္းနယ္မႈကိုလည္းေလွ်ာ့ခ်ေပးပါတယ္။ သူ႔မွာ အင္ဇိုင္းနဲ႔ Antioxidants ေတြပါဝင္လို႔ ခႏၶာကိုယ္အႏွံ႔က အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္စြမ္းရွိပါတယ္။

နာနာတ္ရည္မွာပါဝင္တဲ့ ကယ္လ္စီယမ္နဲ႔ သတၱဳဓာတ္က အ႐ိုးနဲ႔ သြားေတြကိုခိုင္မာေစပါေသးတယ္။

မ်က္လုံးအျမင္အာ႐ုံကိုေကာင္းေစတဲ့အျပင္ ကင္ဆာဆဲလ္တစ္မ်ိဳးကိုလည္းတားဆီးေပးႏိုင္ပါေသးတယ္။

ဒီလိုက်န္းမာေရးေကာင္းက်ိဳးမ်ားစြာေပးတဲ့ နာနာတ္သီး Detox ေဖ်ာ္ရည္လုပ္နည္းေလးကိုေျပာျပပါဦးမယ္။

ပါဝင္ပစၥည္းမ်ား

ေရ တစ္လီတာ

နာနာတ္သီး တစ္လုံး

ပူစီနံ ၆႐ြက္

ျပဳလုပ္နည္း

နာနာတ္သီးကို အခြံႏႊာ၊ အတုံးေသးေသးေလးေတြ ပိုင္းၿပီး ဖန္ပုလင္းတစ္ခုမွာထည့္လိုက္ပါ။ ၿပီးရင္ေရထည့္ပါ။

ၿပီးရင္ ပူစီနံထည့္လိုက္ပါ။ ပုလင္းအဖုံးကိုေသခ်ာလုံေအာင္ပိတ္ၿပီး ေရခဲေသတၱာထဲမွာ တစ္ညထားၿပီး ေသာက္လို႔ရပါၿပီ။Credit

Unicode

ကျန်းမာရေးကို အဖက်ဖက်က ကောင်းစေတဲ့ နာနာတ်သီး Detox ဖျော်ရည်

အခုလိုရာသီမျိုးမှာ နာနာတ်သီးချိုချိုလေးတွေ ပေါနေပြီမို့နည်းလမ်းကောင်းလေးတစ်ခုပြောပါရစေနော်။ အဲ့ဒါက နာနာတ်သီး Detox ရည်ပါ။

Detox ရည်ဆိုတာ သဘာဝအသီးတွေနဲ့ပြုလုပ်ထားပြီး ခန္ဓ္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှာပေးတဲ့ အရည်တစ်မျိုးပါ။

နာနာတ်သီးမှာပါဝင်တဲ့ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းမ်ဓာတ်ဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး ဖောင်းရောင်ခြင်းတွေမှကာကွယ်ပေးပါတယ်။

အရေးကြီးတဲ့အချက်ကတော့ အဲ့ဒီ့အင်ဇိုင်းဓာတ်က ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။

နာနာတ်သီး ၁၀၀ဂရမ်မှာ ၄၀ကယ်လိုရီပဲပါဝင်တာမို့ ကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာလည်းအထောက်အကူပြုပါတယ်။

နာနာတ်ဖျော်ရည်ကို (၃) ရက်ဆက်တိုက် သောက်ပေးရင် အူထဲမှာရှိတဲ့သန်ကောင်၊ တုပ်ကောင်တွေကိုဖယ်ရှားပေးပါတယ်။

ပင်ပန်းနွမ်းနယ်မှုကိုလည်းလျှော့ချပေးပါတယ်။ သူ့မှာ အင်ဇိုင်းနဲ့ Antioxidants တွေပါဝင်လို့ ခန္ဓာကိုယ်အနှံ့က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

နာနာတ်ရည်မှာပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်က အရိုးနဲ့ သွားတွေကိုခိုင်မာစေပါသေးတယ်။

မျက်လုံးအမြင်အာရုံကိုကောင်းစေတဲ့အပြင် ကင်ဆာဆဲလ်တစ်မျိုးကိုလည်းတားဆီးပေးနိုင်ပါသေးတယ်။

ဒီလိုကျန်းမာရေးကောင်းကျိုးများစွာပေးတဲ့ နာနာတ်သီး Detox ဖျော်ရည်လုပ်နည်းလေးကိုပြောပြပါဦးမယ်။

ပါဝင်ပစ္စည်းများ

ရေ တစ်လီတာ

နာနာတ်သီး တစ်လုံး

ပူစီနံ ၆ရွက်

ပြုလုပ်နည်း

နာနာတ်သီးကို အခွံနွှာ၊ အတုံးသေးသေးလေးတွေ ပိုင်းပြီး ဖန်ပုလင်းတစ်ခုမှာထည့်လိုက်ပါ။ ပြီးရင်ရေထည့်ပါ။

ပြီးရင် ပူစီနံထည့်လိုက်ပါ။ ပုလင်းအဖုံးကိုသေချာလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားပြီး သောက်လို့ရပါပြီ။Credit