သံပုရာရည္ရဲ႕ ေကာင္းက်ိဳးဆိုးျပစ္မ်ား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သံပုရာရည္ရဲ႕ ေကာင္းက်ိဳးဆိုးျပစ္မ်ား

သံပုရာရည္ဟာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြျဖစ္တဲ့ ဗီတာမင္ စီနဲ႔ citric acid တို႔ကို ေထာက္ပံ့ေပးႏိုင္တဲ့ ရင္းျမစ္တခု ျဖစ္ၿပီး ပမာဏအမ်ားႀကီး ေသာက္သုံးစရာလည္း မလိုပါဘူး

ခ်ဥ္တဲ့အသီးေတြကေန flavanones ဓာတ္ကိုလည္း ရရွိႏိုင္တဲ့အတြက္ သံပုရာရည္ရဲ႕ ဓာတ္တိုးဆန႔္က်င္အာနိသင္ကို ပိုလာေစပါတယ္

ဘယ္အရာမဆို တန္ေဆးလြန္ေဘးဆိုတဲ့ အတိုင္းပဲ သံပုရာရည္ဟာ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုေပမယ့္

အလြန္အကြၽံေသာက္သုံးရင္ေတာ့ သြားေတြပ်က္စီးတာ၊အစာေခ်လမ္းေၾကာင္း ထိခိုက္တာ အစရွိတဲ့ ျပႆနာေတြကို ျဖစ္ေပၚေစပါလိမ့္မယ္

ဗီတာမင္ စီရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြ

အျခားေသာ ခ်ဥ္တဲ့ အသီးေတြနည္းတူ သံပုရာသီးကေနလည္း ဗီတာမင္ စီ ကို ရရွိႏိုင္ပါတယ္။ဗီတာမင္စီ ၁၉မီလီဂရမ္ေလာက္ကို သံပုရာသီးတလုံးတည္းကေန ရရွိႏိုင္ပါတယ္

ဒီပမာဏက အတိအက်ေတာ့မဟုတ္ဘဲ သင္အသုံးျပဳတဲ့ သံပုရာသီးေပၚမူတည္ၿပီး အနည္းငယ္ တိုးတာေလ်ာ့တာ ရွိေကာင္းရွိႏိုင္ေပမယ့္ သင့္အတြက္ အင္မတန္အက်ိဳးရွိေစမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္

အမ်ိဳးသမီးေတြဟာ တေန႔ကို ဗီတာမင္စီ၇၅မီလီဂရမ္ေလာက္ လိုအပ္ၿပီး အမ်ိဳးသားေတြကေတာ့ ၉၀မီလီဂရမ္ေလာက္ လိုအပ္ပါတယ္။

ခႏၶာကိုယ္တစ္ရႉးေတြကို free radicals လို႔ေခၚတဲ့ ဓာတ္ပစၥည္းေတြက မဖ်က္ဆီးခင္ ဗီတာမင္ စီ က တားဆီးေပးႏိုင္တဲ့အတြက္ သူတို႔ဟာ အလြန္အေရးပါၿပီး ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြလို႔ ေခၚပါတယ္

ဒါ့အျပင္ free radicals ေတြေၾကာင့္ ပ႐ိုတင္း၊အဆီဓာတ္၊ကာဘိုဟိုက္ဒရိတ္ နဲ႔ DNA အစရွိတဲ့ ေမာ္လီက်ဴးေတြ ထိခိုက္မွာကိုလည္း ဗီတာမင္ စီက ကာကြယ္ေပးပါေသးတယ္

ဗီတာမင္ စီကို မ်ားမ်ားစားေပးရင္ ႏွလုံးနဲ႔ ေသြးေၾကာဆိုင္ရာ ျပႆနာေတြ ျဖစ္ပြါးႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ႂကြက္သား၊အ႐ြတ္၊အေရျပား နဲ႔ ကိုယ္တြင္းအဂၤါေတြ သန္စြမ္းဖို႔ အားျဖည့္ေပးႏိုင္တဲ့ တြယ္ဆက္တစ္ရႉးတမ်ိဳးျဖစ္တဲ့ collagen ဓာတ္ကိုလည္း ဗီတာမင္ စီက ေပးစြမ္းႏိုင္ပါေသးတယ္

သံပုရာရည္မွာ ပါဝင္တဲ့ Citric Acid

၂၀၀၉ ခုႏွစ္က ထုတ္ေဝတဲ့ Endourology ဂ်ာနယ္ရဲ႕ အလိုအရ သံပုရာရည္ဟာ အျခားေသာ ခ်ဥ္တဲ့အသီးေတြထက္ citric acid ပါဝင္ႏႈန္းပိုမိုျမင့္မားတယ္လို႔ ဆိုပါတယ္

citric acid ဟာ စြမ္းအင္ထုတ္လုပ္မႈအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရာတခုျဖစ္ေပမယ့္ ပုံမွန္အားျဖင့္ လိုအပ္တဲ့ပမာဏအတိုင္း ခႏၶာကိုယ္က ထုတ္လုပ္ေပးႏိုင္တဲ့အတြက္ ၎ဟာ အေရးႀကီးတဲ့ အာဟာရဓာတ္တခုေတာ့ မဟုတ္ပါဘူး

ဒါေပမယ့္ သံပုရာရည္ကို ေသာက္ျခင္းအားျဖင့္ ရရွိလာတဲ့ citric acid ဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳ ေကာင္းက်ိဳးျဖစ္ေစတာေတာ့ ျငင္းလို႔ မရပါဘူး

သံပုရာရည္ေသာက္လိုက္တဲ့အခါ သင့္ဆီးထဲမွာရွိတဲ့ citric acid ပမာဏဟာ ျမင့္တက္လာၿပီး ဒီလိုျမင့္တက္လာျခင္းဟာ ဆီးေက်ာက္တည္ျခင္းကို ကာကြယ္ေပးတဲ့အျပင္ ရွိၿပီးသား ေက်ာက္အေသးေလးေတြကိုလည္း ေၾကသြားေစႏိုင္ပါတယ္

ဆီးထဲမွာ citric acid ပမာဏနည္းပါးျခင္းဟာ ဆီးေက်ာက္တည္ျခင္းကို အားေပးၿပီး ရွိၿပီးသား ေက်ာက္ေတြကိုလည္း အ႐ြယ္အစားႀကီးလာေစပါတယ္။

ဒါတင္မက flavanones လို႔ေခၚတဲ့ အပင္ကရရွိတဲ့ flavonoids ဓာတ္တမ်ိဳးကိုလည္း သံပုရာရည္က ေပးစြမ္းႏိုင္ပါေသးတယ္

အျခားေသာ သစ္သီးနဲ႔ အသီးအ႐ြက္ေတြမွာ ပါဝင္တဲ့ flavonoids ေတြနည္းတူ flavanonesေတြ (hesperetin, naringenin နဲ႔eriodictyol လို႔ေခၚပါတယ္) ဟာလည္း

ဓာတ္တိုးဆန႔္က်င္ပစၥည္းအျဖစ္ ေဆာင္႐ြက္ေပးၿပီး ဆဲလ္ေတြထိခိုက္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္

Hesperetin ဟာ ကင္ဆာက်ိတ္ႀကီးလာျခင္းကိုေတာင္ တားဆီးေပးႏိုင္တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ flavanones ေတြဟာ ေသြးေပါင္ခ်ိန္ နဲ႔ ေသြးတြင္း အဆီပမာဏကို ေလွ်ာ့ခ်ေပးႏိုင္တာမို႔ ႏွလုံးေရာဂါျဖစ္ပြါးႏႈန္းကို က်ဆင္းေစၿပီး ဆီးခ်ိဳကိုလည္း ကုသေပးႏိုင္ပါတယ္

သံပုရာရည္ အလြန္အကြၽံေသာက္ရင္

သံပုရာရည္မွာ ပါဝင္တဲ့ အက္ဆစ္ေတြဟာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို ဒုကၡေပးႏိုင္ပါတယ္

အက္ဆစ္ဓာတ္ကဲတဲ့ အစားအစာေတြဟာ အစာေခ်ရည္ဆန္တက္တဲ့ ေရာဂါတမ်ိဳးျဖစ္တဲ့ GERD ရဲ႕ လကၡဏာေတြကို ပိုဆိုးေစၿပီး

အခ်ိဳ႕လူေတြဟာ ascorbic acid ပါတဲ့ အစားအေသာက္ေတြကို အလြန္အမင္း စားသုံးၿပီးတဲ့အခါ ဗိုက္နာ၊ဗိုက္ေအာင့္တဲ့ ေဝဒနာေတြ ခံစားလာရတတ္ပါတယ္

Citric acid နဲ႔ ascorbic acid ႏွစ္မ်ိဳးေရာေႏွာထားတဲ့ သံပုရာရည္ဟာ pH တန္ဖိုး ၂ – ၂.၆ ေလာက္ ရွိပါတယ္

(pH တန္ဖိုး သုညဟာ အက္ဆစ္ဓာတ္အျပင္းဆုံး ပမာဏျဖစ္ၿပီး ဘက္ထရီထဲမွာ ထည့္ထားတဲ့ အက္ဆစ္ဟာ pH တန္ဖိုး ၁ ရွိပါတယ္)

pH ပမာဏ ၄ ေလာက္ရွိတဲ့ အစားအစာေတြဟာ သြားေႂကြလႊာကို ဖ်က္ဆီးႏိုင္တယ္လို႔ “မန္နီဆိုးတား သြားဆရာဝန္မ်ား အဖြဲ႕အစည္း” က ဆိုတဲ့အတြက္ သံပုရာရည္ဟာ သင့္သြားေတြကို ထင္ခိုက္ေစမွာ အေသအခ်ာပါပဲ

ဒါေၾကာင့္ သံပုရာရည္ေသာက္ၿပီးတိုင္း အာလုပ္က်င္းေပးျခင္းျဖစ္ သြားေႂကြလႊာေတြ ပ်က္စီးမႈကို ကာကြယ္ရပါလိမ့္မယ္

ဒါ့အျပင္ သံပုရာရည္ေသာက္ၿပီး တနာရီေလာက္အတြင္းမွာ သြားတိုက္တာကိုလည္း ေရွာင္က်ဥ္ရပါမယ္။

ဒီလိုမွမဟုတ္ရင္ သင့္သြားေတြကို အက္ဆစ္နဲ႔ လိုက္ပြတ္တိုက္ေနသလို ျဖစ္မွာစိုးတာေၾကာင့္ပါ Credit

Unicode

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

သံပုရာရည်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် စီနဲ့ citric acid တို့ကို ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ်တခု ဖြစ်ပြီး ပမာဏအများကြီး သောက်သုံးစရာလည်း မလိုပါဘူး

ချဉ်တဲ့အသီးတွေကနေ flavanones ဓာတ်ကိုလည်း ရရှိနိုင်တဲ့အတွက် သံပုရာရည်ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကို ပိုလာစေပါတယ်

ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့်

အလွန်အကျွံသောက်သုံးရင်တော့ သွားတွေပျက်စီးတာ၊အစာချေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်

ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

အခြားသော ချဉ်တဲ့ အသီးတွေနည်းတူ သံပုရာသီးကနေလည်း ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။ဗီတာမင်စီ ၁၉မီလီဂရမ်လောက်ကို သံပုရာသီးတလုံးတည်းကနေ ရရှိနိုင်ပါတယ်

ဒီပမာဏက အတိအကျတော့မဟုတ်ဘဲ သင်အသုံးပြုတဲ့ သံပုရာသီးပေါ်မူတည်ပြီး အနည်းငယ် တိုးတာလျော့တာ ရှိကောင်းရှိနိုင်ပေမယ့် သင့်အတွက် အင်မတန်အကျိုးရှိစေမယ်ဆိုတာကတော့ သေချာပါတယ်

အမျိုးသမီးတွေဟာ တနေ့ကို ဗီတာမင်စီ၇၅မီလီဂရမ်လောက် လိုအပ်ပြီး အမျိုးသားတွေကတော့ ၉၀မီလီဂရမ်လောက် လိုအပ်ပါတယ်။

ခန္ဓာကိုယ်တစ်ရှူးတွေကို free radicals လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေက မဖျက်ဆီးခင် ဗီတာမင် စီ က တားဆီးပေးနိုင်တဲ့အတွက် သူတို့ဟာ အလွန်အရေးပါပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလို့ ခေါ်ပါတယ်

ဒါ့အပြင် free radicals တွေကြောင့် ပရိုတင်း၊အဆီဓာတ်၊ကာဘိုဟိုက်ဒရိတ် နဲ့ DNA အစရှိတဲ့ မော်လီကျူးတွေ ထိခိုက်မှာကိုလည်း ဗီတာမင် စီက ကာကွယ်ပေးပါသေးတယ်

ဗီတာမင် စီကို များများစားပေးရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွါးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

ကြွက်သား၊အရွတ်၊အရေပြား နဲ့ ကိုယ်တွင်းအင်္ဂါတွေ သန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ တွယ်ဆက်တစ်ရှူးတမျိုးဖြစ်တဲ့ collagen ဓာတ်ကိုလည်း ဗီတာမင် စီက ပေးစွမ်းနိုင်ပါသေးတယ်

သံပုရာရည်မှာ ပါဝင်တဲ့ Citric Acid

၂၀၀၉ ခုနှစ်က ထုတ်ဝေတဲ့ Endourology ဂျာနယ်ရဲ့ အလိုအရ သံပုရာရည်ဟာ အခြားသော ချဉ်တဲ့အသီးတွေထက် citric acid ပါဝင်နှုန်းပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်

citric acid ဟာ စွမ်းအင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတခုဖြစ်ပေမယ့် ပုံမှန်အားဖြင့် လိုအပ်တဲ့ပမာဏအတိုင်း ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်တဲ့အတွက် ၎င်းဟာ အရေးကြီးတဲ့ အာဟာရဓာတ်တခုတော့ မဟုတ်ပါဘူး

ဒါပေမယ့် သံပုရာရည်ကို သောက်ခြင်းအားဖြင့် ရရှိလာတဲ့ citric acid ဟာ ကျန်းမာရေးအတွက် အထောက်အကူပြု ကောင်းကျိုးဖြစ်စေတာတော့ ငြင်းလို့ မရပါဘူး

သံပုရာရည်သောက်လိုက်တဲ့အခါ သင့်ဆီးထဲမှာရှိတဲ့ citric acid ပမာဏဟာ မြင့်တက်လာပြီး ဒီလိုမြင့်တက်လာခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ရှိပြီးသား ကျောက်အသေးလေးတွေကိုလည်း ကြေသွားစေနိုင်ပါတယ်

ဆီးထဲမှာ citric acid ပမာဏနည်းပါးခြင်းဟာ ဆီးကျောက်တည်ခြင်းကို အားပေးပြီး ရှိပြီးသား ကျောက်တွေကိုလည်း အရွယ်အစားကြီးလာစေပါတယ်။

ဒါတင်မက flavanones လို့ခေါ်တဲ့ အပင်ကရရှိတဲ့ flavonoids ဓာတ်တမျိုးကိုလည်း သံပုရာရည်က ပေးစွမ်းနိုင်ပါသေးတယ်

အခြားသော သစ်သီးနဲ့ အသီးအရွက်တွေမှာ ပါဝင်တဲ့ flavonoids တွေနည်းတူ flavanonesတွေ (hesperetin, naringenin နဲ့eriodictyol လို့ခေါ်ပါတယ်) ဟာလည်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ဆဲလ်တွေထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

Hesperetin ဟာ ကင်ဆာကျိတ်ကြီးလာခြင်းကိုတောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် flavanones တွေဟာ သွေးပေါင်ချိန် နဲ့ သွေးတွင်း အဆီပမာဏကို လျှော့ချပေးနိုင်တာမို့ နှလုံးရောဂါဖြစ်ပွါးနှုန်းကို ကျဆင်းစေပြီး ဆီးချိုကိုလည်း ကုသပေးနိုင်ပါတယ်

သံပုရာရည် အလွန်အကျွံသောက်ရင်

သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်

အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေဟာ အစာချေရည်ဆန်တက်တဲ့ ရောဂါတမျိုးဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေကို ပိုဆိုးစေပြီး

အချို့လူတွေဟာ ascorbic acid ပါတဲ့ အစားအသောက်တွေကို အလွန်အမင်း စားသုံးပြီးတဲ့အခါ ဗိုက်နာ၊ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်

Citric acid နဲ့ ascorbic acid နှစ်မျိုးရောနှောထားတဲ့ သံပုရာရည်ဟာ pH တန်ဖိုး ၂ – ၂.၆ လောက် ရှိပါတယ်

(pH တန်ဖိုး သုညဟာ အက်ဆစ်ဓာတ်အပြင်းဆုံး ပမာဏဖြစ်ပြီး ဘက်ထရီထဲမှာ ထည့်ထားတဲ့ အက်ဆစ်ဟာ pH တန်ဖိုး ၁ ရှိပါတယ်)

pH ပမာဏ ၄ လောက်ရှိတဲ့ အစားအစာတွေဟာ သွားကြွေလွှာကို ဖျက်ဆီးနိုင်တယ်လို့ “မန်နီဆိုးတား သွားဆရာဝန်များ အဖွဲ့အစည်း” က ဆိုတဲ့အတွက် သံပုရာရည်ဟာ သင့်သွားတွေကို ထင်ခိုက်စေမှာ အသေအချာပါပဲ

ဒါကြောင့် သံပုရာရည်သောက်ပြီးတိုင်း အာလုပ်ကျင်းပေးခြင်းဖြစ် သွားကြွေလွှာတွေ ပျက်စီးမှုကို ကာကွယ်ရပါလိမ့်မယ်

ဒါ့အပြင် သံပုရာရည်သောက်ပြီး တနာရီလောက်အတွင်းမှာ သွားတိုက်တာကိုလည်း ရှောင်ကျဉ်ရပါမယ်။

ဒီလိုမှမဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ Credit