သဲအင္းဆရာေတာ္ဘုရားႀကီး၏ေနာက္ဆုံးအခ်ိန္ ခႏၶာဝန္ မခ်ခင္ အျဖစ္အပ်က္မ်ား (ၾကည္ညိဳဖြယ္ရာ ဗဟုသုတပါ)

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သဲအင္းဆရာေတာ္ဘုရားႀကီး၏​ေနာက္ဆုံးအခ်ိန္ ခႏၶာဝန္ မခ်ခင္ အျဖစ္အပ်က္မ်ား (ၾကည္ညိဳဖြယ္ရာ ဗဟုသုတပါ)

လြန္ခဲ့ေသာ ႏွစ္ေပါင္း (၄၀) ေက်ာ္ႏွစ္မ်ား၌ ရန္ကုန္ၿမိဳ့တြင္ ကိုယ္ပိုင္ကားကို သူေဌးမ်ားသာစီးနိုင္ခဲ့ၾကပါသည္။

ထိုေခတ္ကာလတြင္ နိုင္ငံေက်ာ္႐ုပ္ရွင္မင္းသားႀကီးဦး​ေအး ၾကဴ မွာ သူ​ေဌးမ်ားသာစီးႏိုင္​ေသာ ေအာ္စတင္ (AYO) ကားသစ္ကိုစီးေနသူျဖစ္သည္။

ထိုအခ်ိန္သဲအင္းဆရာေတာ္ႀကီးတြက္ ကိုယ္ပိုင္ကားအလွဴ ႐ွင္မ႐ွိ​ေသးပါ ဆရာေတာ္ႀကီးအတြက္ သူ၏ကားျဖင့္ အပို႔အႀကိဳအျမဲအလွူလုပ္ခဲ့ရေပသည္။မၾကာခဏ နယ္တ ရားပြဲမ်ားသို႔ လိုက္ပါေလ့ရွိခဲ့ပါသည္။

ဆရာေတာ္ႀကီးသည္တရားပြဲမ်ား၊တရားေမးသူမ်ား၊ အလွဴရွင္ေပါင္းမ်ားစြာျဖင့္ အားလပ္ခ်ိန္မရွိေအာင္ ပင္ပန္းလွေပသည္။

အိပ္ခ်ိန္ဟူ၍လည္း သိပ္မရွိ။ထို႔​ေၾကာင့္ အနီးကပ္ အျမဲ႐ွိသူ ေယာဂီဦးေအးၾကဴ မွ အမွတ္တမဲ့ ေလၽွာက္ထားမိလိုက္ေတာ့ေပသည္။

ဦးေအးၾကဴ ။ ။ဆရာေတာ္ႀကီးကိုတပည့္ေတာ္တို႔ကအရမ္း ၾကည္ညိဳက်ပါတယ္​ေန႔ေရာညပါ မနားမေနသာသနာျပဳေနရတာျမင္ရေတာ့ အရမ္းဘဲပိုၿပီး ၾကည္ညိဳရျပန္ပါတယ္။

ဒါေပမယ့္ ဆရာေတာ္ႀကီးက်န္းမာ၊ အသက္ ရွည္ဖို႔လည္း အေရးႀကီးလွပါတယ္။ အသက္ (၆၀)ေလာက္ေရာက္ရင္ အနားယူပါေတာ့အရွင္ဘုရား။

ထိုအခ်ိန္တြင္ ဆရာေတာ္ႀကီး၏ သက္ေတာ္သည္ (၅၇) ႏွစ္ရွိေနၿပီျဖစ္ပါသည္။အမွတ္တမဲ့စိုးရိမ္လြန္းစြာေလၽွာက္ ထားေသာစကားကိုၾကားလိုက္ရေသာသဲအင္းဆရာေတာ္ ႀကီးသည္ဆပ္ကနဲရပ္လိုက္ေတာ့သည္။ျပီးေနာက္ ႐ုတ္တရက္ စကားတစ္ခြန္းကို ပညတ္လိုက္ေတာ့သည္။

သဲအင္း ။ ။​ေအး အသက္(၆၀)ဆိုရင္ အနားယူေတာ့မယ္။ တရားမေဟာေတာ့ဘူး။ ထိုစကားကိုၾကားလိုက္ရေသာဦးေအးၾကဴသည္အရမ္းစိတ္မေကာင္းျဖစ္ၿပီး ဆရာ​ေတာ္ ကိုျပန္၍ေလၽွာက္တင္ရေတာ့သည္။

ဦးေအးၾကဴ ။ ။ဆရာေတာ္ပင္ပန္းလြန္းလို႔ မၾကည့္ရက္နိုင္ လို႔ပါ ဒီစကားကို ႐ုတ္တရက္ေလၽွာက္တင္မိလိုက္တာပါ တပည့္ေတာ္မွားခဲ့ရင္ ရွိခိုးေတာင္းပန္ပါတယ္အရွင္ဘုရား

ဆရာေတာ္ႀကီးအသက္(၆၀)ျပည့္ခဲ့ပါၿပီ။ဦးေအးၾကဴသည္ လည္းေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္သြားခဲ့​ေပသည္။မယ္​ေတာ္ႀကီးခႏၶာ၀န္ခ်ကာနီးအခ်ိန္တြင္ သဲအင္းဆရာေတာ္ႀကီးသည္ သုႆန္ဆရာေတာ္ႀကီး၏ေဒသတရားပြဲအၿပီး၌ ခ်က္ျခင္းကို အမီျပန္လာခဲ့ေတာ့သည္။

မယ္ေတာ္ႀကီးကိုတရားေမးေလသည္

သဲအင္း ။ ။မယ္ေတာ္ႀကီးအသိရွိသလား။ အသိလြတ္ေနသလား။ ေနာက္ဆုံးအခ်ိန္ေရာက္ၿပီ။

မယ္ေတာ္ႀကီး ။ ။ခႏၶာကိုယ္မွာဘဲ အသိကပ္ထားပါတယ္။ ေဝဒနာအေပၚခံစားမွုဘဲရွိေနပါေတာ့တယ္။လြတ္​ေျမာက္​​ပါၿပီ

သဲအင္း ။ ။ ေဝဒနာတလုံးထဲသိ။ ႐ုပ္ေဖာက္ျပန္တဲ့အေပၚ နာမ္ခံစားမွုတစ္ခုဘဲသိ။မၾကာမီနာရီအတြင္းမယ္ေတာ္ႀကီး ခႏၶာခ်ဳပ္သြားေတာ့သည္။

အပယ္ေလးဘုံမွလြတ္ေျမာက္ခဲ့ပါၿပီ။မယ္ေတာ္ႀကီးခႏၶာ၀န္ခ်ၿပီးမၾကာအခ်ိန္အဓိ႒ာန္ပြဲႀကီး ႐ွိ​ေလ​ေတာ့သည္

သၾကၤန္အဓိ႒ာန္ပြဲႀကီးတြင္ ေယာဂီမ်ားစြာ၏ေရွ႕တြင္ မာရ္နတ္ႀကီး၏အသက္အလွူခံျခင္းကို ခြင့္ျပဳလိုက္ေတာ့သည္။ သၤၾကန္အၿပီး​ေနာက္ဆုံးရန္ကင္းတရားပြဲတြင္ သဲအင္းက ပညတ္ေတာ့သည္။

သဲအင္း ။ ။ ဦးပဇင္းက ေနာက္ဆုံးတရားေဟာတာဘဲ ။ ေယာဂီတို့ ၾကဳံတုန္း ၾကဳံခိုက္ လိုက္ၾက။

သၾကၤန္ေက်ာ္သည္ႏွင့္ ဆရာေတာ္ႀကီးသည္ ႐ုတ္တရက္ က်န္းမာေရး​ေဖာက္ျပန္လာေတာ့သည္။

ဆရာေတာ္ႀကီးကို ေဆးကုေပးေသာဆရာ၀န္မွာ​ေဒါက္တာဦးလွေအာင္ ျဖစ္ သည္။ ဆရာေတာ္ႀကီးကိုႏွစ္ေပါင္းမ်ားစြာ ကုသေပးခဲ့သူ ေယာဂီႀကီးျဖစ္ေပသည္။

သဲအင္းဂူတြင္ဇရပ္တလုံးေဆာက္ၿပီးတရားက်င့္ေနသူျဖစ္ ၏။ သူေပးေသာေဆးႏွင့္သာ ဆရာေတာ္အျမဲက်န္းမာလာခဲ့ရေပသည္။

ဆရာ၀န္သည္​ေဆး႐ုံႀကီးသို႔ပို႔ရန္ အႀကံေပးခဲ့သည္။ ​က်န္းမာေရးခ်ဴခ်ာေနစဥ္ဆရာေတာ္ကညီအငယ္ ဖစ္သူ ကိုခ်စ္ဖူးတိုင္းရင္းေဆးဆရာကိုမိန္႔မွာေတာ့သည္။

သဲအင္း ။ ။ မင္းကငါ့ရဲ့ ေရာဂါကိုေပ်ာက္အာင္ကုကြာ၊ ငါက မင္းကိုကားတစီး၀ယ္ ေပးမယ္။

ဆရာေတာ္သည္ ခႏၶာခ်ဳပ္ေတာ့မည္မွန္းသိေနေသာ္လည္း ညီငယ္ျဖစ္သူကုသိုလ္ရေစရန္ ေပးသမၽွေဆးအားလုံးကို ဝါးစားေတာ့သည္။

ေရာဂါသည္ ပို၍ဆိုးလာေတာ့သည္။ ဆရာေတာ္ကို ရန္ကုန္ရွိ​ေဒါက္တာေကၾကည္ေမာင္အိမ္ တြင္ ေခတၱအနားယူေစေတာ့သည္။

ၿပီးရန္ုကုန္ေဆး႐ုံႀကီးသို႔ ပို႔ရန္လုပ္စဥ္ဆရာေတာ္ကိုပို႔မည့္ကားသည္ အေနာက္ဘက္သို့ လိမ့္ဆင္းသြားေလေတာ့သည္။အိမ္၏လက္ရမ္းကို၀င္တိုက္ၿပီး အုတ္နံရံပါ ၿပိဳသြားခဲ့ပါတယ္

ရန္ကုန္ေဆး႐ုံႀကီးတြင္ ဆရာေတာ္သည္လြန္စြာမွ​ေမာေန​သည္ ႏွလုံးခြဲစိတ္ကုသရန္ျပင္ဆင္ေတာ့သည္။

နံရိုးမ်ားခ်ိဳးရန္ ေမ့ေဆးထိုးေပးရေလသည္။ဆရာေတာ္သည္ ေမ့ျခင္းမရွိ။အားလုံးသိေနသည္။သမာဓိ၀င္စားေနေပေတာ့သည္။

ဆရာ၀န္ကအိပ္ေဆးအျပင္းထိုးေသာ္လည္း မအိပ္သျဖင့္ နားမလည္နိုင္ေတာ့ေပ။ ထိုအခါအနားတြင္ရွိေနေသာသံဃာတပါးမွ ဆရာေတာ္ကိုေလၽွာက္ တင္ရေတာ့သည္။

သံဃာ ။ ။ သမာဓိကိုေလၽွာ့လိုက္ပါဆရာေတာ္။ သမာဓိတင္တားရင္ ေမ့ေဆးက အလကားျဖစ္ေနပါတယ္။ ေမ့သြားမွ ခြဲစိတ္၍ရမွာပါ အရွင္ဘုရား။

သဲအင္း ။ ။ ေမ့ေဆးလည္းမထိုးနဲ႔၊ ခြဲလည္းမခြဲနဲ႔၊ဥဴ းဇင္းကခြဲဆိုမွခြဲ

ဆီးမွန္ရန္၀မ္းဗိုက္မွ ေဖာက္ထားေသာ ႁပြန္တစ္ေခ်ာင္း။ လက္ေကာက္၀တ္တြင္ဂလူးကိုးစ္အရည္သြင္းရန္အပ္စိုက္ ထားျခင္း တေတာင္ဆစ္အထက္တြင္ ႏွလုံးအတြက္ ေဆးသြင္းရန္အပ္တစ္ေခ်ာင္းစိုက္ထားျခင္း။

ႏွာေခါင္းေပါက္မွ အစာသြင္းရန္ ပိုက္တစ္ေခ်ာင္း။ ခြဲစိတ္ထားေသာနံရိုးၾကားမွ အရည္ထြက္ရန္ပိုက္တေခ်ာင္း။ ႏွာေခါင္းတဖက္တြင္မူ ေအာက္စီဂ်င္သြင္းရန္ ပိုက္တစ္ေခ်ာင္းျဖင့္ ႐ုပ္ေသး႐ုပ္ကို ႀကိဳးမ်ားျဖင့္ ဆိုင္းထားသကဲ့သို့ ရွိေနသည္။ နံရိုးမ်ားလည္း အခ်ိဳးခံထားရေလသည္။

ႏွလုံးအိမ္ပတ္လည္ကိုခြဲစိတ္ရာတြင္​ေသြးမ်ားစြာထြက္ေနသည္ ထို႔​ေၾကာင့္ ေသြးသြင္းရန္ စီမံၾကရေတာ့ျပန္သည္။ ေသြးအမ်ိဳးအစား တူေသာ​ေျမးျဖစ္သူေမာင္ၾကည္ေအး ၏ေသြးျဖင့္ အစားထည့္ရေတာ့သည္။

ထိုအခါတြင္ထူးဆန္းမွုမ်ားၾကဳံရေတာ့သည္။သြင္း​လိုက္​ေသာ​ေသြးမ်ားအားလုံးသည္ ဆီးပိုက္မွတဆင့္​ေအာက္သို့ ခ်က္ျခင္းက်ဆင္းေနေပေတာ့သည္။

ခႏၶာကိုယ္အတြင္းသို့ ဝင္ခြင့္မရ။ထို႔​ေၾကာင့္သဲအင္းဆရာ​ေတာ္အနီးရွိ သံဃာတပါးက ႐ုတ္တရက္​ေျပာမိ​ေလ​ေတာ့သည္

သံဃာ ။ ။သြင္းလိုက္တဲ့ေသြးေတြအားလုံးဆီးပိုက္ကျပန္ ဆင္း​ေနတယ္ ။ တခုခုေတာ့မွားေနၿပီ။

ထိုအခ်ိန္တြင္ ဆရာေတာ္သည္ မ်က္လုံးကိုပြင့္သည္လည္းမဟုတ္၊ ပိတ္သည္လည္း မဟုတ္၊ သမာဓိအရွုစ်ာန္၀င္ စား​ေနသည္ ခ်က္ျခင္းပင္ ဆရာေတာ္၏ မိန္႔ၾကားသံကိုအားလုံးက ၾကားလိုက္ရေတာ့သည္။

သဲအင္း ။ ။အရိယာတို႔ရဲ႕​ေသြးနဲ႔ ပုထုဇဥ္လူသားရဲ႕​ေသြးဟာ ဘယ္​ေတာ့မွ​ေရာမရဘူး ဘယ္​ေတာ့မွမ​ေရာဘူး

ေသြးသြင္းေနေသာ ဆရာ၀န္ႀကီးမ်ားသည္ တခါဖူးမၽွ မၾကဳံဖူးခဲ့ေသာ​ေသြးသြင္း၍မရသျဖင့္လြန္စြာအံ့ၾသေနၾကသည္။

အမွားကိုရွာၾကလည္းမေတြ႕။ ထို႔​ေၾကာင့္ေသြးသြင္းျခင္းကိုရပ္လိုက္ရေတာ့သည္။ ဆရာေတာ္ႀကီး၏ အာနာပါနာအရွုကိုမူ ေဘးမွ တိုးညႇင္းစြာ၊ ၾကည္ညိဳဘြယ္ၾကားေနရေပသည္။

ထိုအခ်ိန္တြင္ ဦးေအးၾကဴႏွင့္ ဦးဘိုသည္ ဆရာေတာ္၏ အနီးသို့ ေရာက္လာၿပီး အမွတ္မထင္တိုးတိုးေလးေျပာက်​ေတာ့သည္

ဦးဘို ။ ။ ဆရာေတာ္ႀကီးရဲ့ တကိုယ္လုံးမွာအပ္ေတြလည္းစိုက္ထားတယ္။ ပိုက္ေတြ ကလည္းတပ္ထားတယ္။ၾကည့္ရက္ျမင္ရက္စရာေတာင္မရွိပါဘူး။ခရစ္ယန္လက္ဝါးကပ္ တိုင္မွာ အျပစ္ေပးခံေနရသလိုပါဘဲ။

ဆရာေတာ္ႀကီးအိပ္ေပ်ာ္ေနသည္ဟုထင္ၿပီး တီးတိုးေျပာသံကိုဆရာေတာ္က ၾကားေလသည္။

သဲအင္း ။ ။ ဟိုးအဂ အတိတ္ဘ၀တုံးက ဦးပဇင္းဟာ ရာဇ၀တ္သားေတြကို ကားစင္တင္ၿပီး သတ္ခဲ့တယ္။ အခုလည္းတပုံစံတည္း ဦးပဇင္းက ၀ဋ္ေႂကြး ျပန္ဆပ္ေနရတာ။

ဦးေအးၾကဴသည္ ဆရာေတာ္၏အသံကို ၾကားရေသာအခါ ၀မ္းသာစြာျဖင့္ ေလၽွာက္တင္ေလေတာ့သည္။

ဦးေအးၾကဴ ။ ။ အာယုသခၤါရ မလႊတ္ပါနဲ႔ အရွင္ဘုရား။

သဲအင္း ။ ။အသက္(၆၀)ျပည့္ရင္ တရားမေဟာပါနဲ႔ေတာ့၊ အရမ္းပင္ပန္းတာမၾကည့္ရက္ဘူးလို႔ဒကာႀကီးေလၽွာက္ တင္ခဲ့တယ္။ ဦးပဇင္းက ေခါင္းညိတ္ခဲ့တယ္။

ဦးေအးၾကဴ သည္ ခ်က္ျခင္းသေဘာေပါက္သြားေတာ့သည္ ပုထုဇဥ္က်င့္ဆဲပုဂၢိဳလ္တစ္ဦး၏ အမွတ္မထင္ေျပာစကားသည္ အရိယာႀကီးတပါးအတြက္လည္းေကာင္း၊၊ သာသနာအတြက္လည္းေကာင္း၊လြန္စြာ​ေၾကကြဲစရာျဖစ္ခဲ့ရေတာ့သည္။

ဦးေအးၾကဴသည္ စိတ္မထိန္းနိုင္ေတာ့ဘဲ ရွိုက္ခါ ရွိုက္ခါ ငိုေႂကြးေနေတာ့သည္။ ဆရာေတာ္သည္ အနီးရွိသံဃာမ်ားကို ေနာက္ဆုံးအႀကိမ္ တရားျပေတာ့သည္။

သဲအင္း ။ ။ ခႏၶာပ်က္ဘို့ကိစၥဟာလြယ္သလား၊ ေကသရ။ ဦးေကသရက ညိဳးငယ္ေသာအသံျဖင့္မခ်ိတင္ဘဲ ျပန္ေျဖရေတာ့သည္။

​ေကသရ ။ ။ မလြယ္ပါဘူးအရွင္ဘုရား။

သဲအင္း ။ ။ မင္းတို႔လည္း အသင့္ျပင္ထားၾက။

ေနာက္ (၂) ရက္အၾကာ ၁၉၇၃ ခုႏွစ္ ဇူလိုင္ (၈)ရက္တြင္ သဲအင္းဆရာေတာ္ႀကီးခႏၶာ၀န္ခ်ေတာ့သည္။သဲအင္းဆရာ​ေတာ္သည္ မၾကာခဏ သူ၏ေမာင္ႏွမမ်ားကို ေျပာခဲ့ဘူးသည္။ သဲအင္း ။ ။ မယ္ေတာ္ႀကီးရွိလို့ ငါရွိေနတာပါ။

မယ္ေတာ္ႀကီးမရွိေတာ့ရင္ငါလည္းသြားေတာ့မွာပါ။ မယ္ေတာ္ႀကီးေသၿပီး(၃)လအၾကာတြင္ ဆရာေတာ္ႀကီးလည္း ခႏၶာ၀န္ခ်သြားေတာ့သည္။

Unicode

သဲအင်းဆရာတော်ဘုရားကြီး၏နောက်ဆုံးအချိန် ခန္ဓာဝန် မချခင် အဖြစ်အပျက်များ (ကြည်ညိုဖွယ်ရာ ဗဟုသုတပါ)

လွန်ခဲ့သော နှစ်ပေါင်း (၄၀) ကျော်နှစ်များ၌ ရန်ကုန်မြို့တွင် ကိုယ်ပိုင်ကားကို သူဌေးများသာစီးနိုင်ခဲ့ကြပါသည်။

ထိုခေတ်ကာလတွင် နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီးဦးအေး ကြူ မှာ သူဌေးများသာစီးနိုင်သော အော်စတင် (AYO) ကားသစ်ကိုစီးနေသူဖြစ်သည်။

ထိုအချိန်သဲအင်းဆရာတော်ကြီးတွက် ကိုယ်ပိုင်ကားအလှူ ရှင်မရှိသေးပါ ဆရာတော်ကြီးအတွက် သူ၏ကားဖြင့် အပို့အကြိုအမြဲအလှူလုပ်ခဲ့ရပေသည်။မကြာခဏ နယ်တ ရားပွဲများသို့ လိုက်ပါလေ့ရှိခဲ့ပါသည်။

ဆရာတော်ကြီးသည်တရားပွဲများ၊တရားမေးသူများ၊ အလှူရှင်ပေါင်းများစွာဖြင့် အားလပ်ချိန်မရှိအောင် ပင်ပန်းလှပေသည်။

အိပ်ချိန်ဟူ၍လည်း သိပ်မရှိ။ထို့ကြောင့် အနီးကပ် အမြဲရှိသူ ယောဂီဦးအေးကြူ မှ အမှတ်တမဲ့ လျှောက်ထားမိလိုက်တော့ပေသည်။

ဦးအေးကြူ ။ ။ဆရာတော်ကြီးကိုတပည့်တော်တို့ကအရမ်း ကြည်ညိုကျပါတယ်နေ့ရောညပါ မနားမနေသာသနာပြုနေရတာမြင်ရတော့ အရမ်းဘဲပိုပြီး ကြည်ညိုရပြန်ပါတယ်။

ဒါပေမယ့် ဆရာတော်ကြီးကျန်းမာ၊ အသက် ရှည်ဖို့လည်း အရေးကြီးလှပါတယ်။ အသက် (၆၀)လောက်ရောက်ရင် အနားယူပါတော့အရှင်ဘုရား။

ထိုအချိန်တွင် ဆရာတော်ကြီး၏ သက်တော်သည် (၅၇) နှစ်ရှိနေပြီဖြစ်ပါသည်။အမှတ်တမဲ့စိုးရိမ်လွန်းစွာလျှောက် ထားသောစကားကိုကြားလိုက်ရသောသဲအင်းဆရာတော် ကြီးသည်ဆပ်ကနဲရပ်လိုက်တော့သည်။ပြီးနောက် ရုတ်တရက် စကားတစ်ခွန်းကို ပညတ်လိုက်တော့သည်။

သဲအင်း ။ ။အေး အသက်(၆၀)ဆိုရင် အနားယူတော့မယ်။ တရားမဟောတော့ဘူး။ ထိုစကားကိုကြားလိုက်ရသောဦးအေးကြူသည်အရမ်းစိတ်မကောင်းဖြစ်ပြီး ဆရာတော် ကိုပြန်၍လျှောက်တင်ရတော့သည်။

ဦးအေးကြူ ။ ။ဆရာတော်ပင်ပန်းလွန်းလို့ မကြည့်ရက်နိုင် လို့ပါ ဒီစကားကို ရုတ်တရက်လျှောက်တင်မိလိုက်တာပါ တပည့်တော်မှားခဲ့ရင် ရှိခိုးတောင်းပန်ပါတယ်အရှင်ဘုရား

ဆရာတော်ကြီးအသက်(၆၀)ပြည့်ခဲ့ပါပြီ။ဦးအေးကြူသည် လည်းမေ့မေ့လျော့လျော့ဖြစ်သွားခဲ့ပေသည်။မယ်တော်ကြီးခန္ဓာဝန်ချကာနီးအချိန်တွင် သဲအင်းဆရာတော်ကြီးသည် သုဿန်ဆရာတော်ကြီး၏ဒေသတရားပွဲအပြီး၌ ချက်ခြင်းကို အမီပြန်လာခဲ့တော့သည်။

မယ်တော်ကြီးကိုတရားမေးလေသည်

သဲအင်း ။ ။မယ်တော်ကြီးအသိရှိသလား။ အသိလွတ်နေသလား။ နောက်ဆုံးအချိန်ရောက်ပြီ။

မယ်တော်ကြီး ။ ။ခန္ဓာကိုယ်မှာဘဲ အသိကပ်ထားပါတယ်။ ဝေဒနာအပေါ်ခံစားမှုဘဲရှိနေပါတော့တယ်။လွတ်မြောက်ပါပြီ

သဲအင်း ။ ။ ဝေဒနာတလုံးထဲသိ။ ရုပ်ဖောက်ပြန်တဲ့အပေါ် နာမ်ခံစားမှုတစ်ခုဘဲသိ။မကြာမီနာရီအတွင်းမယ်တော်ကြီး ခန္ဓာချုပ်သွားတော့သည်။

အပယ်လေးဘုံမှလွတ်မြောက်ခဲ့ပါပြီ။မယ်တော်ကြီးခန္ဓာဝန်ချပြီးမကြာအချိန်အဓိဋ္ဌာန်ပွဲကြီး ရှိလေတော့သည်

သင်္ကြန်အဓိဋ္ဌာန်ပွဲကြီးတွင် ယောဂီများစွာ၏ရှေ့တွင် မာရ်နတ်ကြီး၏အသက်အလှူခံခြင်းကို ခွင့်ပြုလိုက်တော့သည်။ င်္သကြန်အပြီးနောက်ဆုံးရန်ကင်းတရားပွဲတွင် သဲအင်းက ပညတ်တော့သည်။

သဲအင်း ။ ။ ဦးပဇင်းက နောက်ဆုံးတရားဟောတာဘဲ ။ ယောဂီတို့ ကြုံတုန်း ကြုံခိုက် လိုက်ကြ။

သင်္ကြန်ကျော်သည်နှင့် ဆရာတော်ကြီးသည် ရုတ်တရက် ကျန်းမာရေးဖောက်ပြန်လာတော့သည်။

ဆရာတော်ကြီးကို ဆေးကုပေးသောဆရာဝန်မှာဒေါက်တာဦးလှအောင် ဖြစ် သည်။ ဆရာတော်ကြီးကိုနှစ်ပေါင်းများစွာ ကုသပေးခဲ့သူ ယောဂီကြီးဖြစ်ပေသည်။

သဲအင်းဂူတွင်ဇရပ်တလုံးဆောက်ပြီးတရားကျင့်နေသူဖြစ် ၏။ သူပေးသောဆေးနှင့်သာ ဆရာတော်အမြဲကျန်းမာလာခဲ့ရပေသည်။

ဆရာဝန်သည်ဆေးရုံကြီးသို့ပို့ရန် အကြံပေးခဲ့သည်။ ကျန်းမာရေးချူချာနေစဉ်ဆရာတော်ကညီအငယ် ဖစ်သူ ကိုချစ်ဖူးတိုင်းရင်းဆေးဆရာကိုမိန့်မှာတော့သည်။

သဲအင်း ။ ။ မင်းကငါ့ရဲ့ ရောဂါကိုပျောက်အာင်ကုကွာ၊ ငါက မင်းကိုကားတစီးဝယ် ပေးမယ်။

ဆရာတော်သည် ခန္ဓာချုပ်တော့မည်မှန်းသိနေသော်လည်း ညီငယ်ဖြစ်သူကုသိုလ်ရစေရန် ပေးသမျှဆေးအားလုံးကို ဝါးစားတော့သည်။

ရောဂါသည် ပို၍ဆိုးလာတော့သည်။ ဆရာတော်ကို ရန်ကုန်ရှိဒေါက်တာကေကြည်မောင်အိမ် တွင် ခေတ္တအနားယူစေတော့သည်။

ပြီးရန်ုကုန်ဆေးရုံကြီးသို့ ပို့ရန်လုပ်စဉ်ဆရာတော်ကိုပို့မည့်ကားသည် အနောက်ဘက်သို့ လိမ့်ဆင်းသွားလေတော့သည်။အိမ်၏လက်ရမ်းကိုဝင်တိုက်ပြီး အုတ်နံရံပါ ပြိုသွားခဲ့ပါတယ်

ရန်ကုန်ဆေးရုံကြီးတွင် ဆရာတော်သည်လွန်စွာမှမောနေသည် နှလုံးခွဲစိတ်ကုသရန်ပြင်ဆင်တော့သည်။

နံရိုးများချိုးရန် မေ့ဆေးထိုးပေးရလေသည်။ဆရာတော်သည် မေ့ခြင်းမရှိ။အားလုံးသိနေသည်။သမာဓိဝင်စားနေပေတော့သည်။

ဆရာဝန်ကအိပ်ဆေးအပြင်းထိုးသော်လည်း မအိပ်သဖြင့် နားမလည်နိုင်တော့ပေ။ ထိုအခါအနားတွင်ရှိနေသောသံဃာတပါးမှ ဆရာတော်ကိုလျှောက် တင်ရတော့သည်။

သံဃာ ။ ။ သမာဓိကိုလျှော့လိုက်ပါဆရာတော်။ သမာဓိတင်တားရင် မေ့ဆေးက အလကားဖြစ်နေပါတယ်။ မေ့သွားမှ ခွဲစိတ်၍ရမှာပါ အရှင်ဘုရား။

သဲအင်း ။ ။ မေ့ဆေးလည်းမထိုးနဲ့၊ ခွဲလည်းမခွဲနဲ့၊ဥူ းဇင်းကခွဲဆိုမှခွဲ

ဆီးမှန်ရန်ဝမ်းဗိုက်မှ ဖောက်ထားသော ပြွန်တစ်ချောင်း။ လက်ကောက်ဝတ်တွင်ဂလူးကိုးစ်အရည်သွင်းရန်အပ်စိုက် ထားခြင်း တတောင်ဆစ်အထက်တွင် နှလုံးအတွက် ဆေးသွင်းရန်အပ်တစ်ချောင်းစိုက်ထားခြင်း။

နှာခေါင်းပေါက်မှ အစာသွင်းရန် ပိုက်တစ်ချောင်း။ ခွဲစိတ်ထားသောနံရိုးကြားမှ အရည်ထွက်ရန်ပိုက်တချောင်း။ နှာခေါင်းတဖက်တွင်မူ အောက်စီဂျင်သွင်းရန် ပိုက်တစ်ချောင်းဖြင့် ရုပ်သေးရုပ်ကို ကြိုးများဖြင့် ဆိုင်းထားသကဲ့သို့ ရှိနေသည်။ နံရိုးများလည်း အချိုးခံထားရလေသည်။

နှလုံးအိမ်ပတ်လည်ကိုခွဲစိတ်ရာတွင်သွေးများစွာထွက်နေသည် ထို့ကြောင့် သွေးသွင်းရန် စီမံကြရတော့ပြန်သည်။ သွေးအမျိုးအစား တူသောမြေးဖြစ်သူမောင်ကြည်အေး ၏သွေးဖြင့် အစားထည့်ရတော့သည်။

ထိုအခါတွင်ထူးဆန်းမှုများကြုံရတော့သည်။သွင်းလိုက်သောသွေးများအားလုံးသည် ဆီးပိုက်မှတဆင့်အောက်သို့ ချက်ခြင်းကျဆင်းနေပေတော့သည်။

ခန္ဓာကိုယ်အတွင်းသို့ ဝင်ခွင့်မရ။ထို့ကြောင့်သဲအင်းဆရာတော်အနီးရှိ သံဃာတပါးက ရုတ်တရက်ပြောမိလေတော့သည်

သံဃာ ။ ။သွင်းလိုက်တဲ့သွေးတွေအားလုံးဆီးပိုက်ကပြန် ဆင်းနေတယ် ။ တခုခုတော့မှားနေပြီ။

ထိုအချိန်တွင် ဆရာတော်သည် မျက်လုံးကိုပွင့်သည်လည်းမဟုတ်၊ ပိတ်သည်လည်း မဟုတ်၊ သမာဓိအရှုဈာန်ဝင် စားနေသည် ချက်ခြင်းပင် ဆရာတော်၏ မိန့်ကြားသံကိုအားလုံးက ကြားလိုက်ရတော့သည်။

သဲအင်း ။ ။အရိယာတို့ရဲ့သွေးနဲ့ ပုထုဇဉ်လူသားရဲ့သွေးဟာ ဘယ်တော့မှရောမရဘူး ဘယ်တော့မှမရောဘူး

သွေးသွင်းနေသော ဆရာဝန်ကြီးများသည် တခါဖူးမျှ မကြုံဖူးခဲ့သောသွေးသွင်း၍မရသဖြင့်လွန်စွာအံ့သြနေကြသည်။

အမှားကိုရှာကြလည်းမတွေ့။ ထို့ကြောင့်သွေးသွင်းခြင်းကိုရပ်လိုက်ရတော့သည်။ ဆရာတော်ကြီး၏ အာနာပါနာအရှုကိုမူ ဘေးမှ တိုးညှင်းစွာ၊ ကြည်ညိုဘွယ်ကြားနေရပေသည်။

ထိုအချိန်တွင် ဦးအေးကြူနှင့် ဦးဘိုသည် ဆရာတော်၏ အနီးသို့ ရောက်လာပြီး အမှတ်မထင်တိုးတိုးလေးပြောကျတော့သည်

ဦးဘို ။ ။ ဆရာတော်ကြီးရဲ့ တကိုယ်လုံးမှာအပ်တွေလည်းစိုက်ထားတယ်။ ပိုက်တွေ ကလည်းတပ်ထားတယ်။ကြည့်ရက်မြင်ရက်စရာတောင်မရှိပါဘူး။ခရစ်ယန်လက်ဝါးကပ် တိုင်မှာ အပြစ်ပေးခံနေရသလိုပါဘဲ။

ဆရာတော်ကြီးအိပ်ပျော်နေသည်ဟုထင်ပြီး တီးတိုးပြောသံကိုဆရာတော်က ကြားလေသည်။

သဲအင်း ။ ။ ဟိုးအဂ အတိတ်ဘဝတုံးက ဦးပဇင်းဟာ ရာဇဝတ်သားတွေကို ကားစင်တင်ပြီး သတ်ခဲ့တယ်။ အခုလည်းတပုံစံတည်း ဦးပဇင်းက ဝဋ်ကြွေး ပြန်ဆပ်နေရတာ။

ဦးအေးကြူသည် ဆရာတော်၏အသံကို ကြားရသောအခါ ဝမ်းသာစွာဖြင့် လျှောက်တင်လေတော့သည်။

ဦးအေးကြူ ။ ။ အာယုသင်္ခါရ မလွှတ်ပါနဲ့ အရှင်ဘုရား။

သဲအင်း ။ ။အသက်(၆၀)ပြည့်ရင် တရားမဟောပါနဲ့တော့၊ အရမ်းပင်ပန်းတာမကြည့်ရက်ဘူးလို့ဒကာကြီးလျှောက် တင်ခဲ့တယ်။ ဦးပဇင်းက ခေါင်းညိတ်ခဲ့တယ်။

ဦးအေးကြူ သည် ချက်ခြင်းသဘောပေါက်သွားတော့သည် ပုထုဇဉ်ကျင့်ဆဲပုဂ္ဂိုလ်တစ်ဦး၏ အမှတ်မထင်ပြောစကားသည် အရိယာကြီးတပါးအတွက်လည်းကောင်း၊၊ သာသနာအတွက်လည်းကောင်း၊လွန်စွာကြေကွဲစရာဖြစ်ခဲ့ရတော့သည်။

ဦးအေးကြူသည် စိတ်မထိန်းနိုင်တော့ဘဲ ရှိုက်ခါ ရှိုက်ခါ ငိုကြွေးနေတော့သည်။ ဆရာတော်သည် အနီးရှိသံဃာများကို နောက်ဆုံးအကြိမ် တရားပြတော့သည်။

သဲအင်း ။ ။ ခန္ဓာပျက်ဘို့ကိစ္စဟာလွယ်သလား၊ ကေသရ။ ဦးကေသရက ညိုးငယ်သောအသံဖြင့်မချိတင်ဘဲ ပြန်ဖြေရတော့သည်။

ကေသရ ။ ။ မလွယ်ပါဘူးအရှင်ဘုရား။

သဲအင်း ။ ။ မင်းတို့လည်း အသင့်ပြင်ထားကြ။

နောက် (၂) ရက်အကြာ ၁၉၇၃ ခုနှစ် ဇူလိုင် (၈)ရက်တွင် သဲအင်းဆရာတော်ကြီးခန္ဓာဝန်ချတော့သည်။သဲအင်းဆရာတော်သည် မကြာခဏ သူ၏မောင်နှမများကို ပြောခဲ့ဘူးသည်။ သဲအင်း ။ ။ မယ်တော်ကြီးရှိလို့ ငါရှိနေတာပါ။

မယ်တော်ကြီးမရှိတော့ရင်ငါလည်းသွားတော့မှာပါ။ မယ်တော်ကြီးသေပြီး(၃)လအကြာတွင် ဆရာတော်ကြီးလည်း ခန္ဓာဝန်ချသွားတော့သည်။