စင္ကာပူထက္ (၂)ဆက်ယ္ဝန္းမယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကိုႏိုင္ငံေပါင္း(၉)ႏိုင္ငံစိတ္ဝင္စား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

စင္ကာပူထက္ (၂)ဆက်ယ္ဝန္းမယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကိုႏိုင္ငံေပါင္း(၉)ႏိုင္ငံစိတ္ဝင္စား

ၿမိဳ႕သစ္စီမံကိန္းတြင္ ရင္းႏွီးျမႇပ္ႏွံဖို႔အတြက္ စကၤာပူ ဂ်ပန္ အီတလီႏွင့္ ျပင္သစ္ႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း (၉) ႏိုင္ငံမွအဖြဲ႕အစည္း(၁၆)ဖြဲ႕လ်ာထားလ်က္ရွိေၾကာင္း

ပို႔ေဆာင္ေရး စီမံကိန္းဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္၏ေျပာၾကားခ်က္အရသိရပါတယ္။

၎ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္ကုမၸဏီတစ္ခုျဖစ္သည့္ (CCCC) ကုမၸဏီမွဒီဇိုင္းေရးဆြဲကာ တင္သြင္းခြင့္ရရွိထားၿပီး

ရန္ကုန္ၿမိဳ႕၏အေနာက္ဘက္ကမ္းတြင္စတင္တည္ေဆာက္ မည့္ၿမိဳ႕သစ္အက်ယ္အဝန္းမွာ စကၤာပူႏိုင္ငံထက္ (၂)ဆခန႔္ က်ယ္ဝန္းမည္ဟု ဆိုပါတယ္။

ဆိုပါစီမံကိန္းအတြက္ စိတ္ဝင္စားတဲ့ကုမၸဏီမ်ားအေနျဖင့္ အဆိုျပဳလႊာတင္သြင္းေရးကို ေအာက္တိုဘာ(၁၅)ရက္ေန႔ ကSwiss Challengeတင္ဒါေကာ္မတီမွဖိတ္ေခၚခဲ့ၿပီး October၂၂) ရက္ေန႔တြင္ေလွ်ာက္လႊာပိတ္သိမ္းခဲ့ပါတယ္။

(Swiss Challenge)တင္ဒါေကာ္မတီတြင္ ေကာ္မတီဝင္ (၅)ဦးပါဝင္ၿပီး ဥကၠဌအျဖစ္ပို႔ေဆာင္ဆက္သြယ္ေရးဌာန၊ စီမံကိန္းႏွင့္ ဘ႑ာ‌ေရး ဝန္ႀကီးဌာန၊ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္

ႏိုင္ငံ ျခားးစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕စီမံကိန္းမ်ားႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ တို႔မွ တာဝန္ရွိသူမ်ားကအဖြဲ႕ဝင္အျဖစ္တာဝန္ယူ ေဆာင္႐ြက္ လ်က္ရွိသည္

တင္ဒါေအာင္ျမင္သည့္ကုမၸဏီမ်ားအေနျဖင့္ ၿမိဳ႕သစ္စီမံ ကိန္း၏သုံးပုံတပုံကို လုပ္ကိုင္ခြင့္ရရွိလာမည္ျဖစ္ၿပီးလယ္ ယာေလ်ာ္ေၾကး ေပးျခင္းမ်ား၊ ေရ၊ မီး၊ လမ္းႏွင့္တံတားမ်ားကို စတင္အေကာင္အထည္ေဖာ္ တည္ေဆာက္ေပးႏိုင္မွာ ျဖစ္ပါတယ္

၎စီမံကိန္းတစ္ခုလုံးအတြက္ အေမရိကန္ေဒၚလာငါးဘီလီယံႏွင့္အထက္ကုန္က်မည္ဟုခန႔္မွန္းထားခဲ့ၿပီး

ျမန္မာလုပ္သား (၂) သန္းေက်ာ္ အတြက္လည္း အလုပ္အကိုင္ အခြင့္အလမ္းမ်ားဖန္တီး ေပးႏိုင္လိမ့္မည္ဟု ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္မွ ေျပာၾကားထားပါတယ္။

Unicode

စင်ကာပူထက် (၂)ဆကျယ်ဝန်းမယ့် ရန်ကုန်မြို့သစ်စီမံကိန်းကိုနိုင်ငံပေါင်း(၉)နိုင်ငံစိတ်ဝင်စား

မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှပ်နှံဖို့အတွက် စင်္ကာပူ ဂျပန် အီတလီနှင့် ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံမှအဖွဲ့အစည်း(၁၆)ဖွဲ့လျာထားလျက်ရှိကြောင်း

ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၏ပြောကြားချက်အရသိရပါတယ်။

၎င်းမြို့သစ်စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် (CCCC) ကုမ္ပဏီမှဒီဇိုင်းရေးဆွဲကာ တင်သွင်းခွင့်ရရှိထားပြီး

ရန်ကုန်မြို့၏အနောက်ဘက်ကမ်းတွင်စတင်တည်ဆောက် မည့်မြို့သစ်အကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံထက် (၂)ဆခန့် ကျယ်ဝန်းမည်ဟု ဆိုပါတယ်။

ဆိုပါစီမံကိန်းအတွက် စိတ်ဝင်စားတဲ့ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာတင်သွင်းရေးကို အောက်တိုဘာ(၁၅)ရက်နေ့ ကSwiss Challengeတင်ဒါကော်မတီမှဖိတ်ခေါ်ခဲ့ပြီး October၂၂) ရက်နေ့တွင်လျှောက်လွှာပိတ်သိမ်းခဲ့ပါတယ်။

(Swiss Challenge)တင်ဒါကော်မတီတွင် ကော်မတီဝင် (၅)ဦးပါဝင်ပြီး ဥက္ကဌအဖြစ်ပို့ဆောင်ဆက်သွယ်ရေးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ‌ရေး ဝန်ကြီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်

နိုင်ငံ ခြားးစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့စီမံကိန်းများနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့မှ တာဝန်ရှိသူများကအဖွဲ့ဝင်အဖြစ်တာဝန်ယူ ဆောင်ရွက် လျက်ရှိသည်

တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် မြို့သစ်စီမံ ကိန်း၏သုံးပုံတပုံကို လုပ်ကိုင်ခွင့်ရရှိလာမည်ဖြစ်ပြီးလယ် ယာလျော်ကြေး ပေးခြင်းများ၊ ရေ၊ မီး၊ လမ်းနှင့်တံတားများကို စတင်အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်မှာ ဖြစ်ပါတယ်

၎င်းစီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာငါးဘီလီယံနှင့်အထက်ကုန်ကျမည်ဟုခန့်မှန်းထားခဲ့ပြီး

မြန်မာလုပ်သား (၂) သန်းကျော် အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီး ပေးနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ ပြောကြားထားပါတယ်။