အကြွေးမရတာ ငွေလိုတာ ငွေကြေးကိစ္စအရေးကြီးပြသနာအဆင်ပြေစေမည် မယုံမရှိ အမှန်လုပ်ရမည့်ယတြာ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
crdဆရာသာထက်ဆန်း
Unicode
ငွေကြေးကိစ္စအရေးကြီးသော် အကြွေးကိစ္စအရေးကြီးသော် ငွေအလိမ်ခံရသော် ..ဒီယတြာလုပ်ပါလေ အကြွေးရစရာရှိ တဲ့သူရော ပေးစရာရှိတဲ့သူရောလုပ်လို့ရပါတယ်
လင်ဗန်းတစ်ချပ်မှာ ထုံးဖြင့်ငါးထောင့်ကြယ်ဆွဲ၊ ဖယောင်းတိုင်(၅ )တိုင်စိုက်အလယ်မှာဖန်ခွက်တင်ရေတစ်ဝက်ထည့်
ကွမ်းရွက်နှစ်ရွက်ထည့် ကွမ်းရွက်ထည့်တဲ့အခါမှာ အရိုးကို အောက်ကထားပါ ပြီးရင်မြတ်စွာဘုရားကိုလှူဒါန်းပြီးလျင် ငွေကြေးကိစ္စ အမြန်အဆင်ပြေဖို့ဆုတောင်းပါ ။
မည်သည့် နေ့နံသားသမီးမဆို လုပ်လို့ရပါသည်။ နေ့တိုင်း လုပ်လို့ရပါတယ် အချိန်မလိုပါဘူး အချိန်အတိအကျနဲ့လုပ် ချင်ရင်
မိမိမွေးနေ့မနက်ပိုင်း၉ နာရီနဲ့၄၅မိနစ်အချိန်အခါမှာ စလုပ်ပါ
ဖယောင်းတိုင်ကို နေ့စဉ်ထွန်းသွားလို့ရပါတယ် ( ၇ )ရက်တိတိလုပ်ကြည့်ပါ
ရက်ပြည့်သွားလို့ ထပ်လုပ်ချင်လဲရပါတယ်
ကွမ်းရွက်တွေ ကတော့ နွမ်းသွားရင်လဲပေးပါ တစ်နေ့တစ်ခါ လဲလို့လည်း ရပါတယ်
crdဆရာသာထက်ဆန်း