အစိုးရအသစ္ ဖြဲ႕စည္းေဆာင္႐ြက္ဖို႔ ဂ်ိဳးဘိုင္ဒန္ စတင္ျပင္ဆင္ေနၿပီး ကိုဗစ္တိုက္ဖ်က္ေရး ဦးစားေပးဖို႔ စီစဥ္ေန

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ႏိုဝင္ဘာ ၉

အေမရိကန္သမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ ဂ်ိဳးဘိုင္ဒန္ဟာ ေဒၚနယ္ထရမ့္ကို အႏိုင္ရရွိၿပီးေနာက္ အစိုးရအဖြဲ႕အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကို အဓိကဦးစားေပးအျဖစ္ သတ္မွတ္ၿပီး ကိုင္တြယ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဘိုင္ဒန္အဖြဲ႕က ေျပာပါတယ္။

အစိုးရအဖြဲ႕ အသြင္ကူးေျပာင္းေရး အစီအစဥ္ ပထမအဆင့္ ေၾကညာခဲ့ၿပီးေနာက္ မၾကာခင္ ေရာဂါစမ္းသပ္မႈေတြ ပိုလုပ္ဖို႔နဲ႔ မ်က္ႏွာဖုံးေတြ ဝတ္ဆင္ဖို႔ ေတာင္းဆိုသြားမယ္လို႔လည္း သိရပါတယ္။

ယေန႔ ႏိုဝင္ဘာ ၉ ရက္ေန႔မွာ့ေတာ့ ဘိုင္ဒန္က အဖြဲ႕ဝင္ ၁၂ ေယာက္ပါတဲ့ coronavirus task force ကို ဖြဲ႕စည္းေပးမယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ သမၼတထရမ့္ဟာ ေ႐ြးေကာက္ပြဲရႈံးနိမ့္ေၾကာင္း လက္မခံေသးဘဲ အဓိကျပည္နယ္ႀကီးေတြမွာ မဲေရတြက္ေနဆဲျဖစ္တာေၾကာင့္ ဘိုင္ဒန္အႏိုင္ရရွိေနဆဲျဖစ္ပါတယ္။

စေနေန႔ကေတာ့ အေမရိကန္သတင္းမီဒီယာေတြက ဘိုင္ဒန္အသာရရွိေနေၾကာင္း ေဖာ္ျပထားခဲ့ၿပီးတဲ့ေနာက္ ဒီမိုကရက္တစ္ပါတီက လာမယ့္ ဇန္နဝါရီမွာ အာဏာရယူဖို႔ စီစဥ္ေနပါတယ္။

အာဏာလႊဲေျပာင္းဖို႔ စီစဥ္ေနခ်ိန္မွာပဲ ဘိုင္ဒန္အစိုးရအဖြဲ႕ဟာ ထရမ့္အစိုးရရဲ႕ အျငင္းပြားဖြယ္ မူဝါဒေတြကိုဖယ္ရွားဖို႔လုပ္ေနေၾကာင္း သိရပါတယ္။

အဲဒီအထဲမွာေတာ့ လာမယ့္ ဗုဒၶဟူးေန႔မွာ အေမရိကန္ တရားဝင္ႏုတ္ထြက္ဖြယ္ရွိေနတဲ့ ပဲရစ္ရာသီဥတုေျပာင္းလဲေရးအစီအစဥ္လိုမ်ိဳး သေဘာတူညီခ်က္ေတြ ပါဝင္ေနပါတယ္။

ဒါ့အျပင္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ႏုတ္ထြက္ဖို႔ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲဖို႔၊ မြတ္စ္လင္ႏိုင္ငံအမ်ားအျပားက ခရီးသြားလာမႈ ပိတ္ပင္ထားမႈကို အဆုံးသတ္ေရးနဲ႔

အိုဘားမားလက္ထက္က ေ႐ြ႕ေျပာင္းကေလးေတြကို ႏိုင္ငံသားအျဖစ္ လက္ခံေရးမူဝါဒေတြ ျပန္လည္ ေရးဆြဲဖို႔ ရွိေနတယ္လို႔ အေမရိကန္သတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။

စေနေန႔က သမၼတအျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ပထမဆုံးေျပာခဲ့တဲ့ မိန႔္ခြန္းထဲမွာေတာ့ ဘိုင္ဒန္က အေမရိကန္ျပည္ေထာင္စုကို ျပန္လည္ကုစားဖို႔၊ တိုင္းျပည္ကို မခြဲျခားဘဲ ျပန္လည္ ေပါင္းစည္းဖို႔ ကတိေပးသြားပါတယ္။

ဘိုင္ဒန္နဲ႔ ဒုသမၼတျဖစ္လာတဲ့ ကာမဲလ္လာ ဟဲရစ္တို႔ဟာ အစိုးရအသြင္ကူးေျပာင္းေရး ဝက္ဆိုဒ္တစ္ခု ဖြင့္လိုက္ၿပီး စီးပြားေရးကိုပိုအာ႐ုံစိုက္မယ့္အျပင္

လူမ်ိဳးေရးနဲ႔ ရာသီဥတုေျပာင္းလဲေရးေတြကို ကိုင္တြယ္ေျဖရွင္းမယ္လို႔ သိရပါတယ္။

_ref: B B C

Unicode

နိုဝင်ဘာ ၉

အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့်ကို အနိုင်ရရှိပြီးနောက် အစိုးရအဖွဲ့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ပြီး ကိုင်တွယ်ဖို့ ပြင်ဆင်နေတယ်လို့ ဘိုင်ဒန်အဖွဲ့က ပြောပါတယ်။

အစိုးရအဖွဲ့ အသွင်ကူးပြောင်းရေး အစီအစဉ် ပထမအဆင့် ကြေညာခဲ့ပြီးနောက် မကြာခင် ရောဂါစမ်းသပ်မှုတွေ ပိုလုပ်ဖို့နဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ဖို့ တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။

ယနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ့တော့ ဘိုင်ဒန်က အဖွဲ့ဝင် ၁၂ ယောက်ပါတဲ့ coronavirus task force ကို ဖွဲ့စည်းပေးမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ သမ္မတထရမ့်ဟာ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း လက်မခံသေးဘဲ အဓိကပြည်နယ်ကြီးတွေမှာ မဲရေတွက်နေဆဲဖြစ်တာကြောင့် ဘိုင်ဒန်အနိုင်ရရှိနေဆဲဖြစ်ပါတယ်။

စနေနေ့ကတော့ အမေရိကန်သတင်းမီဒီယာတွေက ဘိုင်ဒန်အသာရရှိနေကြောင်း ဖော်ပြထားခဲ့ပြီးတဲ့နောက် ဒီမိုကရက်တစ်ပါတီက လာမယ့် ဇန်နဝါရီမှာ အာဏာရယူဖို့ စီစဉ်နေပါတယ်။

အာဏာလွှဲပြောင်းဖို့ စီစဉ်နေချိန်မှာပဲ ဘိုင်ဒန်အစိုးရအဖွဲ့ဟာ ထရမ့်အစိုးရရဲ့ အငြင်းပွားဖွယ် မူဝါဒတွေကိုဖယ်ရှားဖို့လုပ်နေကြောင်း သိရပါတယ်။

အဲဒီအထဲမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အမေရိကန် တရားဝင်နုတ်ထွက်ဖွယ်ရှိနေတဲ့ ပဲရစ်ရာသီဥတုပြောင်းလဲရေးအစီအစဉ်လိုမျိုး သဘောတူညီချက်တွေ ပါဝင်နေပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့၊ မွတ်စ်လင်နိုင်ငံအများအပြားက ခရီးသွားလာမှု ပိတ်ပင်ထားမှုကို အဆုံးသတ်ရေးနဲ့

အိုဘားမားလက်ထက်က ရွေ့ပြောင်းကလေးတွေကို နိုင်ငံသားအဖြစ် လက်ခံရေးမူဝါဒတွေ ပြန်လည် ရေးဆွဲဖို့ ရှိနေတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

စနေနေ့က သမ္မတအဖြစ် ရွေးချယ်ခံရပြီး ပထမဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ ဘိုင်ဒန်က အမေရိကန်ပြည်ထောင်စုကို ပြန်လည်ကုစားဖို့၊ တိုင်းပြည်ကို မခွဲခြားဘဲ ပြန်လည် ပေါင်းစည်းဖို့ ကတိပေးသွားပါတယ်။

ဘိုင်ဒန်နဲ့ ဒုသမ္မတဖြစ်လာတဲ့ ကာမဲလ်လာ ဟဲရစ်တို့ဟာ အစိုးရအသွင်ကူးပြောင်းရေး ဝက်ဆိုဒ်တစ်ခု ဖွင့်လိုက်ပြီး စီးပွားရေးကိုပိုအာရုံစိုက်မယ့်အပြင်

လူမျိုးရေးနဲ့ ရာသီဥတုပြောင်းလဲရေးတွေကို ကိုင်တွယ်ဖြေရှင်းမယ်လို့ သိရပါတယ်။

_ref: B B C