ကမာၻ႔ပထမဆုံး ကိုဗစ္ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး ေဒါက္တာခင္ခင္ႀကီး ေျပာၿပီ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

“ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးအတြက္ ပထမဆုံး မွတ္တိုင္ျဖစ္လာႏိုင္သည့္ Pfizer vaccine”

Pfizer ႏွင့္ BioNTech မွ ထုတ္လုပ္မည့္ ကိုဗစ္ကာကြယ္ေဆးသည္ ကိုဗစ္ျဖစ္ျခင္းမွ

၉၀% ႏွင့္အထက္ ကာကြယ္ႏိုင္ေၾကာင္း ကနဦးသတင္းအရ သိရပါသည္..

အဆိုပါကာကြယ္ေဆးကို တိုင္းျပည္ ၆ ခုရွိ လူေပါင္း ၄၃,၅၀၀ တြင္ စမ္းသပ္ထားၿပီး အဆိုပါေဆး၏ အႏၲရာယ္ကင္းႏိုင္မႈႏွင့္ ပတ္သက္၍ ရလဒ္မထြက္ေပၚေသးပါ..

ယခုလအကုန္တြင္ အေရးေပၚသုံးခြင့္ရရန္ emergency approval ေတာင္းခံမည္ဟုသိရသည္..

စိန္ေခၚမႈေပါင္းမ်ားစြာရွိေနေသာ္လည္း ယခုႏွစ္ေဆာင္းတြင္းတြင္ ပုံမွန္လူမႈဘဝကို ေရာက္ရွိေစဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္လည္းျဖစ္ပါသည္..

အဆိုပါေဆးအတြက္ phase 3 clinical trial ေနာက္ဆုံးအဆင့္ေပါင္းမ်ားစြာက်န္ရွိေနပါေသးသည္..

ယခုကာကြယ္ေဆးသည္ ပိုး၏ မ်ိဳး႐ိုးဗီဇကိုျပဳျပင္ထားေသာ အစိတ္အပိုင္းကို ထိုးေပးၿပီးခႏၶာကိုယ္၏ ခုခံအားကို လႈပ္ႏႈိးေပးေစျခင္းျဖင့္ ကာကြယ္မႈရရွိေစႏိုင္ျခင္းျဖစ္ပါသည္..

အဆိုပါေဆးကို ၃ ပတ္ျခားၿပီး ႏွစ္ႀကိမ္ထိုးရမွာျဖစ္ၿပီး အဆိုပါေဆးကို အေမရိက, ဂ်ာမဏီ, ဘရာဇီး, အာဂ်င္တီးနား, ေတာင္အာဖရိကႏွင့္ တူရကီႏိုင္ငံတို႔တြင္ စမ္းသပ္ထားျခင္းျဖစ္ၿပီး

ဒုတိယအႀကိမ္ ကာကြယ္ေဆးထိုးၿပီး တစ္ပတ္အတြင္း လူေပါင္း ၉၀% ေက်ာ္သည္ ကိုယ္ခံအား ရရွိလာျခင္းျဖစ္သည္..

ေဆးကုမၸဏီအေနျဖင့္ ယခုႏွစ္ကုန္တြင္ ကာကြယ္ေဆး သန္း ၅၀ ထုတ္လုပ္မည္ရည္မွန္းထားၿပီး ၂၀၂၁ ကုန္တြင္ ၁.၃ ဘီလီယမ္ (သန္း ၁,၃၀၀) ထုတ္လုပ္ရန္ ရည္မွန္းထားသည္..

UK သည္ ယခုႏွစ္ကုန္တြင္ ကာကြယ္ေဆး ၁၀ သန္း ရရွိရန္ေဆာင္႐ြက္ေနၿပီး ေနာက္ထပ္သန္း ၃၀ မွာၾကားထားၿပီးျဖစ္သည္..

အဆိုပါ ကာကြယ္ေဆးအတြက္ အဓိက စိန္ေခၚမႈမွာ ကာကြယ္ေဆးထိန္းသိမ္းမႈအတြက္ အေအးလမ္းေၾကာင္းကို အႏႈတ္ ၈၀ အေအးခ်ိန္တြင္ ထားရွိရမည္ျဖစ္သည္..

မွတ္ခ်က္ … အဆိုပါကာကြယ္ေဆးႏွင့္ပတ္သက္၍ ယေန႔ထုတ္ (၉/၁၁/၂၀၂၀) ဘီဘီစီ သတင္းဌာနတြင္ ေဖာ္ျပထားသည္ကို အက်ဥ္းခ်ဳပ္တင္ျပထားျခင္းျဖစ္ပါသည္..

Credit – ေဒါက္တာခင္ခင္ႀကီး
Source: ZCCNEWS

Unicode

“ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် ပထမဆုံး မှတ်တိုင်ဖြစ်လာနိုင်သည့် Pfizer vaccine”

Pfizer နှင့် BioNTech မှ ထုတ်လုပ်မည့် ကိုဗစ်ကာကွယ်ဆေးသည် ကိုဗစ်ဖြစ်ခြင်းမှ ၉၀% နှင့်အထက် ကာကွယ်နိုင်ကြောင်း ကနဦးသတင်းအရ သိရပါသည်..

အဆိုပါကာကွယ်ဆေးကို တိုင်းပြည် ၆ ခုရှိ လူပေါင်း ၄၃,၅၀၀ တွင် စမ်းသပ်ထားပြီး အဆိုပါဆေး၏ အန္တရာယ်ကင်းနိုင်မှုနှင့် ပတ်သက်၍ ရလဒ်မထွက်ပေါ်သေးပါ..

ယခုလအကုန်တွင် အရေးပေါ်သုံးခွင့်ရရန် emergency approval တောင်းခံမည်ဟုသိရသည်..

စိန်ခေါ်မှုပေါင်းများစွာရှိနေသော်လည်း ယခုနှစ်ဆောင်းတွင်းတွင် ပုံမှန်လူမှုဘဝကို ရောက်ရှိစေဖို့ မျှော်လင့်ချက်ရောင်ခြည်လည်းဖြစ်ပါသည်..

အဆိုပါဆေးအတွက် phase 3 clinical trial နောက်ဆုံးအဆင့်ပေါင်းများစွာကျန်ရှိနေပါသေးသည်..

ယခုကာကွယ်ဆေးသည် ပိုး၏ မျိုးရိုးဗီဇကိုပြုပြင်ထားသော အစိတ်အပိုင်းကို ထိုးပေးပြီးခန္ဓာကိုယ်၏ ခုခံအားကို လှုပ်နှိုးပေးစေခြင်းဖြင့် ကာကွယ်မှုရရှိစေနိုင်ခြင်းဖြစ်ပါသည်..

အဆိုပါဆေးကို ၃ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာဖြစ်ပြီး အဆိုပါဆေးကို အမေရိက, ဂျာမဏီ, ဘရာဇီး, အာဂျင်တီးနား, တောင်အာဖရိကနှင့် တူရကီနိုင်ငံတို့တွင် စမ်းသပ်ထားခြင်းဖြစ်ပြီး

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး တစ်ပတ်အတွင်း လူပေါင်း ၉၀% ကျော်သည် ကိုယ်ခံအား ရရှိလာခြင်းဖြစ်သည်..

ဆေးကုမ္ပဏီအနေဖြင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေး သန်း ၅၀ ထုတ်လုပ်မည်ရည်မှန်းထားပြီး ၂၀၂၁ ကုန်တွင် ၁.၃ ဘီလီယမ် (သန်း ၁,၃၀၀) ထုတ်လုပ်ရန် ရည်မှန်းထားသည်..

UK သည် ယခုနှစ်ကုန်တွင် ကာကွယ်ဆေး ၁၀ သန်း ရရှိရန်ဆောင်ရွက်နေပြီး နောက်ထပ်သန်း ၃၀ မှာကြားထားပြီးဖြစ်သည်..

အဆိုပါ ကာကွယ်ဆေးအတွက် အဓိက စိန်ခေါ်မှုမှာ ကာကွယ်ဆေးထိန်းသိမ်းမှုအတွက် အအေးလမ်းကြောင်းကို အနှုတ် ၈၀ အအေးချိန်တွင် ထားရှိရမည်ဖြစ်သည်..

မှတ်ချက် … အဆိုပါကာကွယ်ဆေးနှင့်ပတ်သက်၍ ယနေ့ထုတ် (၉/၁၁/၂၀၂၀) ဘီဘီစီ သတင်းဌာနတွင် ဖော်ပြထားသည်ကို အကျဉ်းချုပ်တင်ပြထားခြင်းဖြစ်ပါသည်..

Credit – ဒေါက်တာခင်ခင်ကြီး
Source: ZCCNEWS