ေနျပည္ေတာ္ကေန ထြက္ေျပးသြားတဲ့ ကိုဗစ္လူနာ အခ်ဳပ္သားကို ဖမ္းမိၿပီ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ေနျပည္ေတာ္ကေန ထြက္ေျပးသြားတဲ့ ကိုဗစ္လူနာ အခ်ဳပ္သားကို ဖမ္းမိၿပီ
ေနျပည္ေတာ္ ခုတင္ ၃၀၀ ေဆး႐ုံႀကီးက ထြက္ေျပးသြားတဲ့ ကိုဗစ္လူနာ အခ်ဴပ္သားကို
ရွမ္းျပည္နယ္ ေ႐ႊေညာင္ၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့တယ္ လို႔
ပ်ဥ္းမနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ဦးေအးျမင့္ႏိုင္က ေျပာပါတယ္။
အဆိုပါ ေဆးကုသမႈ ခံယူေနတဲ့အခ်ဳပ္သား ကိုဗစ္အတည္ျပဳ လူနာဟာ
ေဆး႐ုံဆင္းခြင့္ရတဲ့ေန႔ ျဖစ္တဲ့ ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ ရဲနဲ႔ အလႊဲအေျပာင္း လုပ္ေနတဲ့အခ်ိန္ ထြက္ေျပးၿပီး
ေနာက္ ႏိုဝင္ဘာ ၈ ရက္ ေန႔မွာ ရဲတပ္ဖြဲ႕က ျပန္လည္ ဖမ္းဆီးရမိခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။
“ေ႐ႊေညာင္မွာ ၈ ရက္ေန႔က မိတာ။ က်ေနာ္တို႔ဆီက ေ႐ႊေညာင္မွာ ေရာက္ေနတယ္ဆိုတဲ့ အေၾကာင္းကို သတင္း ၾကားလို႔
ေ႐ႊေညာင္ ရဲစခန္းကို အကူညီေတာင္းၿပီး ဖမ္းခိုင္းတာ။ အဲ့ဒီက ဖမ္းသြားတာပါ”လို႔ ဦးေအးျမင့္ႏိုင္ က ေျပာပါတယ္။
ေဆး႐ုံက ထြက္ေျပးသြားတဲ့တရားခံ အရိပ္ေလး ဆိုသူဟာ ပ်ဥ္းမနား ႐ြာေကာက္ ရဲစခန္းက ျပဳက်င့္မႈနဲ႔ အမႈဖြင့္ခံထားရသူျဖစ္ၿပီး ပ်ဥ္းမနားအခ်ဳပ္မွာ
ေအာက္တိုဘာ ၁၄ ရက္ေန႔က အခ်ဴပ္သား ၁ ဦး ပိုးေတြ႕ရွိခဲ့ရာမွ အခ်ဳပ္သား ၃၄ ဦး၊ ရဲဝန္ထမ္း ၃ ဦး စုစုေပါင္း ၃၇ ဦးကို ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရၿပီး
အခုထြက္ေျပးသြားတဲ့ အခ်ဳပ္သားလည္း ပါဝင္ခဲ့တယ္လို႔ ဆိုပါတယ္။
ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဴပ္ ေဒါက္တာ ျမတ္ဝဏၰစိုးက “သူ႔က ကုသမႈၿပီးဆုံးၿပီးေတာ့ အခ်ဴပ္ေထာင္ျပန္ပို႔မယ့္ အခ်ိန္ဆိုေတာ့၊
ေဆး႐ုံ ဆင္းၿပီးသားျဖစ္ေတာ့ ကူးစက္မႈ အႏၲာရာယ္ကေတာ့ နည္းပါတယ္”လို႔ ႏိုဝင္ဘာ ၁ ရက္ေန႔က ေျဖၾကားထားပါတယ္။
လက္ရွိမွာ ေနျပည္ေတာ္ ခုတင္ ၃၀၀ ေဆး႐ုံႀကီးက ထြက္ေျပးသြားတဲ့ အရိပ္ေလး ဆိုသူကို ႐ြာေကာက္ ရဲစခန္း မွာ ေထာင္ေျပးမႈနဲ႔ ထပ္မံ အေရးယူထားေၾကာင္း၊
အဲ့ဒီ ေထာင္ေျပးမႈ က်ဴးလြန္ရင္ အျမင့္ဆုံး ေထာင္ဒဏ္ ၂ ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း သိရပါတယ္။
Source: ZCCNEWS
Unicode
နေပြည်တော်ကနေ ထွက်ပြေးသွားတဲ့ ကိုဗစ်လူနာ အချုပ်သားကို ဖမ်းမိပြီ
နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကြီးက ထွက်ပြေးသွားတဲ့ ကိုဗစ်လူနာ အချူပ်သားကို ရှမ်းပြည်နယ် ရွှေညောင်မြို့မှာ ဖမ်းဆီးရမိခဲ့တယ် လို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူး ဦးအေးမြင့်နိုင်က ပြောပါတယ်။
အဆိုပါ ဆေးကုသမှု ခံယူနေတဲ့အချုပ်သား ကိုဗစ်အတည်ပြု လူနာဟာ ဆေးရုံဆင်းခွင့်ရတဲ့နေ့ ဖြစ်တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရဲနဲ့ အလွှဲအပြောင်း လုပ်နေတဲ့အချိန် ထွက်ပြေးပြီး
နောက် နိုဝင်ဘာ ၈ ရက် နေ့မှာ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရွှေညောင်မှာ ၈ ရက်နေ့က မိတာ။ ကျနော်တို့ဆီက ရွှေညောင်မှာ ရောက်နေတယ်ဆိုတဲ့ အကြောင်းကို သတင်း ကြားလို့
ရွှေညောင် ရဲစခန်းကို အကူညီတောင်းပြီး ဖမ်းခိုင်းတာ။ အဲ့ဒီက ဖမ်းသွားတာပါ”လို့ ဦးအေးမြင့်နိုင် က ပြောပါတယ်။
ဆေးရုံက ထွက်ပြေးသွားတဲ့တရားခံ အရိပ်လေး ဆိုသူဟာ ပျဉ်းမနား ရွာကောက် ရဲစခန်းက ပြုကျင့်မှုနဲ့ အမှုဖွင့်ခံထားရသူဖြစ်ပြီး ပျဉ်းမနားအချုပ်မှာ
အောက်တိုဘာ ၁၄ ရက်နေ့က အချူပ်သား ၁ ဦး ပိုးတွေ့ရှိခဲ့ရာမှ အချုပ်သား ၃၄ ဦး၊ ရဲဝန်ထမ်း ၃ ဦး စုစုပေါင်း ၃၇ ဦးကို ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး
အခုထွက်ပြေးသွားတဲ့ အချုပ်သားလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက “သူ့က ကုသမှုပြီးဆုံးပြီးတော့ အချူပ်ထောင်ပြန်ပို့မယ့် အချိန်ဆိုတော့၊
ဆေးရုံ ဆင်းပြီးသားဖြစ်တော့ ကူးစက်မှု အန္တာရာယ်ကတော့ နည်းပါတယ်”လို့ နိုဝင်ဘာ ၁ ရက်နေ့က ဖြေကြားထားပါတယ်။
လက်ရှိမှာ နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကြီးက ထွက်ပြေးသွားတဲ့ အရိပ်လေး ဆိုသူကို ရွာကောက် ရဲစခန်း မှာ ထောင်ပြေးမှုနဲ့ ထပ်မံ အရေးယူထားကြောင်း၊
အဲ့ဒီ ထောင်ပြေးမှု ကျူးလွန်ရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရပါတယ်။
Source: ZCCNEWS