အဆင္းရဲဆုံးႏိုင္ငံစာရင္းထဲပါေပမယ့္ ကမာၻ႔ အရက္ေရာဆုံးႏိုင္ငံျဖစ္ သတ္မွတ္ခံရတဲ့ ျမန္မာႏိုင္ငံ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အာရွတြင္ ျမန္မာႏိုင္ငံသည္ အလယ္အလတ္ႏွင့္ ဝင္ေငြနည္းပါးေသာ ႏိုင္ငံစာရင္း

(ကမာၻမွာ အဆင္းရဲဆုံးေသာ ႏိုင္ငံစာရင္း) တြင္ ပါဝင္ေပမယ့္

အလႉအတန္းရက္ေရာမႈတြင္ ကမာၻ႔ဒုတိယအဆင့္ေနရာ၌ ရပ္တည္လ်က္ရွိေနေၾကာင္း ၂၀၂၀ ျပည့္ႏွစ္ ကမာၻ႔ လူဦးေရ ေလ့လာဆန္းစစ္ခ်က္အရ သိရွိရျခင္း

ကမာၻမွာ အဆင္းရဲဆုံးေသာ ႏိုင္ငံစာရင္း အာရွတြင္ အလယ္အလတ္ႏွင့္ ဝင္ေငြနည္းပါးေသာ ႏိုင္ငံမ်ားတြင္ ပါဝင္ေနေသာ ျမန္မာႏိုင္ငံသည္

အလႉအတန္းရက္ေရာမႈတြင္ ကမာၻ႔ဒုတိယအဆင့္တြင္ ရပ္တည္ေနေၾကာင္း ထုတ္ျပန္ထားၿပီး အဆိုပါေလ့လာခ်က္တြင္ ေငြသားလႉဒါန္းျခင္း၊ လုပ္အားေပးလႉဒါန္းျခင္းႏွင့္

သူစိမ္းအား လႉဒါန္းျခင္းဟူသည့္ ရႈေထာင့္ ၃ မ်ိဳးျဖင့္ သုံးသပ္ထားျခင္းျဖစ္ကာ ရမွတ္ ၅၈ ရာခိုင္ႏႈန္းရရွိထားေၾကာင္း ၂၀၂၀ ကမာၻ႔လူဦးေရ ေလ့လာဆန္းစစ္ခ်က္အရ သိရွိရသည္။

ႏိုင္ငံအတြင္း သဘာဝေဘးျဖစ္ပြားမႈမ်ားတြင္ တိုင္းႏွင့္ျပည္နယ္ မခြဲျခားဘဲ ဝိုင္းဝန္းကူညီလႉဒါန္းျခင္း ဓေလ့မ်ား ယခင္ကတည္းက ရွိခဲ့ၿပီး

ယခုကမာၻ႔ကပ္ေရာဂါ ကာလအတြင္းမွာလည္း ျပည္တြင္းလႉဒါန္းမႈ ေငြသား စုစုေပါင္း က်ပ္ ၁၁ ဘီလီယံေက်ာ္ရွိေနကာ ျပည္ပမွ ေငြသားေပးပို႔ လႉဒါန္းမႈမွာလည္း

အေမရိကန္ေဒၚလာ ၁၇ သိန္း ေက်ာ္ထိ ရွိေနၿပီျဖစ္ေၾကာင္း ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ (၈) လ တာ စာရင္းအရ သိရွိရပါသည္။

အဆိုပါလႉဒါန္းမႈမ်ားတြင္ အစိုးရမီတာခ ေျဖေလွ်ာ့ေငြ ျပန္လည္လႉဒါန္းျခင္း၊ အထိမ္းအမွတ္ေန႔မ်ားတြင္ စုေပါင္းလႉဒါန္းျခင္းစေသာ

ျပည္သူတစ္ဦးခ်င္းစီ၏ တစ္ႏိုင္တစ္ပိုင္လႉဒါန္းေငြမ်ားလည္း ပါဝင္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေအးျမျမေက်ာ္ထံမွ သိရွိရပါသည္။

Source: ZCCNEWS

Unicode

အာရှတွင် မြန်မာနိုင်ငံသည် အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံစာရင်း (ကမ္ဘာမှာ အဆင်းရဲဆုံးသော နိုင်ငံစာရင်း) တွင် ပါဝင်ပေမယ့်

အလှူအတန်းရက်ရောမှုတွင် ကမ္ဘာ့ဒုတိယအဆင့်နေရာ၌ ရပ်တည်လျက်ရှိနေကြောင်း

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ လူဦးရေ လေ့လာဆန်းစစ်ချက်အရ သိရှိရခြင်း

ကမ္ဘာမှာ အဆင်းရဲဆုံးသော နိုင်ငံစာရင်း အာရှတွင် အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ပါဝင်နေသော မြန်မာနိုင်ငံသည်

အလှူအတန်းရက်ရောမှုတွင် ကမ္ဘာ့ဒုတိယအဆင့်တွင် ရပ်တည်နေကြောင်း ထုတ်ပြန်ထားပြီး အဆိုပါလေ့လာချက်တွင် ငွေသားလှူဒါန်းခြင်း၊ လုပ်အားပေးလှူဒါန်းခြင်းနှင့်

သူစိမ်းအား လှူဒါန်းခြင်းဟူသည့် ရှုထောင့် ၃ မျိုးဖြင့် သုံးသပ်ထားခြင်းဖြစ်ကာ ရမှတ် ၅၈ ရာခိုင်နှုန်းရရှိထားကြောင်း ၂၀၂၀ ကမ္ဘာ့လူဦးရေ လေ့လာဆန်းစစ်ချက်အရ သိရှိရသည်။

နိုင်ငံအတွင်း သဘာဝဘေးဖြစ်ပွားမှုများတွင် တိုင်းနှင့်ပြည်နယ် မခွဲခြားဘဲ ဝိုင်းဝန်းကူညီလှူဒါန်းခြင်း ဓလေ့များ ယခင်ကတည်းက ရှိခဲ့ပြီး

ယခုကမ္ဘာ့ကပ်ရောဂါ ကာလအတွင်းမှာလည်း ပြည်တွင်းလှူဒါန်းမှု ငွေသား စုစုပေါင်း ကျပ် ၁၁ ဘီလီယံကျော်ရှိနေကာ ပြည်ပမှ ငွေသားပေးပို့ လှူဒါန်းမှုမှာလည်း

အမေရိကန်ဒေါ်လာ ၁၇ သိန်း ကျော်ထိ ရှိနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ (၈) လ တာ စာရင်းအရ သိရှိရပါသည်။

အဆိုပါလှူဒါန်းမှုများတွင် အစိုးရမီတာခ ဖြေလျှော့ငွေ ပြန်လည်လှူဒါန်းခြင်း၊ အထိမ်းအမှတ်နေ့များတွင် စုပေါင်းလှူဒါန်းခြင်းစသော

ပြည်သူတစ်ဦးချင်းစီ၏ တစ်နိုင်တစ်ပိုင်လှူဒါန်းငွေများလည်း ပါဝင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမြမြကျော်ထံမှ သိရှိရပါသည်။

Source: ZCCNEWS